Friday, June 8, 2012

အမြန် ဖော်ဆောင်ပေးဖို့ လိုအပ်နေသည်


ယထာဘူတကျရေး
ရခိုင်မှာ ဖြစ်တဲ့ကိစ္စဟာ မုဒိန်းမှု၊ လူသတ်မှုတစ်ခု ဖြစ်ပါတယ်။
ဒါပေမယ့် သေသေချာချာ ကြည့်တတ်ရင်၊ အမှန်အတိုင်းလည်း မကြောက်မရွံ့ ၀န်ခံပြောဆိုရင်
လုမျိုးရေး ကိစ္စလည်းပါဝင်နေတာ အသေအချာပါပဲ။ ငြင်းမရပါဘူး။
မုဒိန်းကျင့်ရုံ မဟုတ်ဘဲ ဘာဖြစ်လို့ လူသတ်ရတာလည်း။ ရက်ရက်စက်စက် လုပ်ရတာလဲ။
အဲဒါကိုရော ဘာဖြစ်လို့ မဆင်မခြင် လက်စားချေရတာလဲ။
အရှိကိုအရှိအတိုင်း မြင်မှ ယထာဘူတကျတဲ့ အမြင်ကိုရမယ်။
တစ်စုံတစ်ခုကိုကြောက်ပြီး ရှောင်ဖယ်ရှောင်ဖယ် ပြောဆိုနေကြရင် လိုရင်းမရောက်နိုင်ပါဘူး။
ယထာဘူတကျတဲ့ အမြင်နဲ့ မသုံးသပ်ဘဲ ရှောင်ဖယ်ရှောင်ဖယ်နဲ့ "အစွဲ" တစ်ခုထား ပြောနေကြတာ
မှန်ကန်တဲ့ အဖြေဆီကို မရောက်ခဲ့ရင် ပြဿနာဖြေရှင်းဖို့ နည်းလမ်းလွဲနိုင်ပါတယ်။
နည်းလွဲလမ်းလွဲတွေကြောင့် ပြဿနာပေါင်းစုံ မီးခိုးကြွက်လျှောက် ပြီးနိုင်မယ် မထင်ဘူး။


အတူတူပါပဲ
နည်းလွဲလမ်းလွဲ "အကြောက်အစွဲ" တွေနဲ့ဖြေရှင်းလို့  အမှောင်ချခဲ့တဲ့ ခေတ်တွေကို မမေ့သင့်ဘူး။
"ဇွတ်ပိတ်ခံ" တာနဲ့" ယောင်ကြောက်" နေတာပဲ ကွာနေဦးမယ်။
"မျက်စိပိတ်၊နားပိတ်ခံ"နဲ့ "မျှော်လင့်ချက်ပေး နားချခံ" ရတာပဲ ကွာမယ်။
"အာဏာရှင်အောက် ငြိမ်" နေခဲ့ရတာနဲ့" နောက်ပြန်လှည့်မှာစိုး" လို့ မျိုသိပ်ရတာဟာ
ကြောက်နေရတာချင်း အတူတူပဲ။
တစ်ခါလာ နောက်ပြန်လှည့်မှာစိုး ဆိုတဲ့စကားလုံးကို သုံးသုံးပြီး ကြောက်နေကြတာ ဘယ်သူတွေလည်း
ဆိုတာလည်း စိတ်ဝင်စားဖို့ ကောင်းတဲ့မေးခွန်းတစ်ခုတော့ ဖြစ်လို့လာနေပါပြီ။
ဒါကို "အထူးကြောက်" တဲ့ လူတန်းစား တစ်ရပ်နှစ်ရပ်တော့ဖြင့်  ရှိနေပြီ။

ကြောက်ရမှာက
ကြောက်စရာဆိုရင်ဖြင့် ကြောက်ရမှာဖြစ်ပေမယ့် ဒီကိစ္စကတော့ဖြင့် ကြောက်စရာလို့ မထင်ဘူးဗျာ။
ကြောက်လည်းမနေနိုင်ဘဲနဲ့ အယင်စောစောပိုင်းကာလတွေလိုပဲ ရဲရဲဆက်ချီလေဗျာ။
နည်းနည်းပြောပြောဆိုဆိုလုပ်ရင် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ထိခိုက်တော့မှာပဲဆိုပြီး
ဝိုင်းပြောကြဆိုကြလို့ ဘယ်သူမှ ဘာမှ မပြောရဲဘဲ ငြိမ်စောင့်နေကြတာ ကြာပြီ။
ဒါနဲ့ပဲ အချိန်ကြာခံနေကြတော့မှာလား။
ခင်ဗျားတို့ ပါရလို့၊ ပါချင်လို့ ငြိမ်နေကြသလောက် ပြည်သူတွေမှာ ခါးစည်းခံနေရတာ သိပ်မနိပ်တော့ဘူး။
ပြည်သူတွေကို ထိခိုက်လာနေတဲ့ အမှုအပေါက်တွေဟာ အများကြီး ဖြစ်နေပြန်ပြီဆိုတာ သတိရကြဦး။
မြုံထား၊ မျိုသိပ်ထားရလို့ ဆို့နေတဲ့အလုံး ကြီးလာရင် ပေါက်ထွက်တတ်တယ်လေ။

အမြန် ဖော်ဆောင်ပေး
အခု ရခိုင်ကိစ္စဟာ ဥပမာကောင်းတစ်ခုပဲ။
တရားဥပဒေ စိုးမိုးမှုဆိုတာကို ပြည်သူတွေ အယုံအကြည်မရှိတာရဲ့ သက်သေပဲ။
အဲဒီ တရားဥပဒေ စိုးမိုးရေးကို အမြန်အကောင်အထည်ဖော်ရမှာဆိုတာ ပြနေပြီ။
တရားဥပဒေ စိုးမိုးရေးကို အမြန်အကောင်အထည်ဖော်ရမှာဆိုတာ ပြနေသလို ကျန်တဲ့ကိစ္စတွေလည်း
တကယ်အမှန် ဖော်ဆောင်ပေးဖို့ အချိန်သင့်နေပြီဆိုတာ ပြတာပဲ။
လုပ်ပါဗျာ ... ဘာဖြစ်လို့ နှေးတုံ့နေရတာလည်းလို့ "အင်အားစု" အားလုံးကို မေးချင်တာပဲ။
ခင်ဗျားတို့ လုပ်နေတာတွေက ခုထိ ပြည်သူလူထုပေါ် ကောင်းကောင်းမသက်ရောက်သေးဘူး။
ပြည်သူလူထုက အကျိုးမခံစားရသေးဘူး။
ပြည်သူဆိုတာကလည်း သဘောတရားအားဖြင့် အင်အားရှိတယ်ဆိုပေမယ်လို့
လက်တွေ့လုပ်ဖို့အင်အားက ဟိုဘက်ဒီဘက်အင်အားစုတွေထံမှာ အပ်ထားတာ မဟုတ်ဘူးလား ...
အခုတော့ နှစ်ဘက်စလုံးက စင်ပေါ်တက်ကရလို့ ကျေနပ်ပျော်မြူးနေကြသလောက်၊
ပြည်သူကတော့ စင်အောက်ကနေ "ဆင့်ဟိုဒင်း ခွေးမျှော်" ဖြစ်နေတယ်...

.................................
တောင်းဆိုပါတယ်
ဥပဒေ စိုးမိုးရေး အမြန်ဖော်ဆောင်ပေး
...................................
                                                                                      တောင်သူကြီး
(ကျွန်တော် နိုင်ငံရေးသမား မဟုတ်သလို လှုံ့ဆော်သူလည်း မဟုတ်ပါဘူး၊
နိုင်ငံရေး၊ နိုင်ငံ့အရေး စကားလုံးတွေ မှားချင်မှားမှာ ဖြစ်ပေမယ့်
ပြည်သူအားလုံးအတွက် အရေးပေါ် လိုနေတာကို တောင်းဆိုတာတော့ မမှားဘူး)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...