Monday, June 4, 2012
သစ်ထူးလွင် သတင်းစုစည်းမှု (၄-၆)
သစ်ထူးလွင်
Posted: 04 Jun 2012 03:43 AM PDT
စစ်တွေမှာ ရဲစခန်းရှေ့ဆန္ဒပြနေသောပြည်သူများ - (ဓါတ်ပုံ-ကိုစန်းလွင် - ဖေ့စ်ဘုတ်)
စစ်တွေမြို့၌ ဇွန် ၃ ရက်နေ့ ညပိုင်းနှင့် ၄ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သော အဓိကရုဏ်းမှာ တည်ငြိမ်သွားပြီဖြစ်၍ မာရှယ်လော ထုတ်ရန် မလိုအပ်ကြောင်း ရခိုင်ပြည်နယ်    လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီး ထိန်လင်း ကပြော သည်။
"ညတုန်းက ဖြစ်ခဲ့တာ မနက် ၅ နာရီလောက်မှာ ပြီးသွားတယ် လက်ရှိ အခြေအနေကတော့ ပုံမှန်အတိုင်းပဲ သွားလာနေကြပါတယ် မာရှယ်လော ထုတ်ဖို့ မလိုအပ်ပါဘူး အားလုံးငြိမ်းငြိမ်းချမ်း ပါပဲ ညက ဖြစ်စဉ်မှာပါတဲ့ ၉ ယောက်ကိုတော့ ခေါ်ယူ မေးမြန်းနေပါတယ် သူတို့ကို ဥပဒေကြောင်းအရ လုပ်ရပ်အပေါ်မေးမြန်းတဲ့ သဘောပါပဲ ထိန်းသိမ်းဖို့ မဟုတ်ပါဘူး " ဟု ရခိုင်ပြည်နယ် လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး က ဖလားဝါးနယူး(စ်)ဂျာနယ်မှ တယ်လီဖုန်း ဖြင့် ဆက်သွယ် မေးမြန်း ချက်ကို ဖြေကြားခဲ့သည်။
စစ်တွေမြို့နယ်ရှိ  နာဇီဈေးကို ပုဂ္ဂလိက သို့ လွှဲပြောင်းလုပ်ကိုင်ခွင့်ပေးခဲ့သည်ကို ဒေသခံများကမကျေနပ်၍ ဆန္ဒပြခဲ့ကြောင်း သိရသည်။
 အေးမြမြထွန်း-ရန်ကုန်တိုင်းမ်
Posted: 04 Jun 2012 02:40 AM PDT
၈၈မျိုးဆက်ကျောင်းသားများ၏ မေတ္တာရပ်ခံကြေညာချက်ထုတ်ပြန် (ဇွန်လ၊ ၄ရက်၊ ၂၀၁၂ခုနှစ်)
စာအမှတ် - ၂၅/၂၀၁၂ (၈၈)
ရက်စွဲ - ၄ ၊ ၆ ၊ ၂၀၁၂
၈၈ မျိုးဆက်ကျောင်းသားများ
၂၈၄(က)၊ ၁၆/၃ရပ်ကွက်၊ ဝေဇယန္တာလမ်း၊
သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်၊ မြန်မာ
ဖုန်း - ၀၁ - ၅၇၇ ၆၅၆
Email - 88generation@gmail.com
ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားနေသော ပဋိပက္ခများနှင့် ပတ်သက်၍
၈၈ မျိုးဆက်ကျောင်းသားများ၏ မေတ္တာရပ်ခံ ကြေညာချက်
၁။ ကျွန်ုပ်တို့ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် ရှေးနှစ်ပေါင်းများစွာကပင် ဘာသာစုံ၊ လူမျိုးစုံ၊ ယဉ်ကျေးမှုစုံလင်စွာ ဖြင့် အေးချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ခဲ့သောနိုင်ငံဖြစ်သည်။
၂။ ဘာသာရေးကွဲပြားခြားနားမှုအပေါ် ပဋိပက္ခအနည်းဆုံးနှင့် သည်းခံခြင်းတရားပြည့်ဝသော လူမှုအဖွဲ့အစည်းလည်း ဖြစ်သည်။
၃။ ယခုအခါ ရခိုင်ပြည်နယ်တွင် ဘာသာရေး၊ လူမျိုးရေးကို အကြောင်းပြုသော ပဋိပက္ခများ၊ အဓိကရုဏ်းများ ဖြစ်ပွားနေကြောင်း ကြားသိရပါသည်။
၎။ စင်စစ်အားဖြင့် မတရားပြုကျင့်၍ သတ်ဖြတ်ခြင်း၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း စသည်တို့မှာ ယဉ်ကျေးသော လူ့အသိုင်းအဝိုင်းမှ မည်သို့မျှ လက်ခံနိုင်စရာမရှိသည့်အပြင် မည်သည့် ဘာသာတရားကမှလည်း လက်သင့်ခံနိုင်မည် မဟုတ်ပါ။
၅။ ၄င်းပြင် ထိုအခြေအနေဆိုးများသည် ကျွန်ုပ်တို့နိုင်ငံ၏ ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲမှုများကို အကျိုးမပြုနိုင်ရုံမျှ မက နောက်ကြောင်းပြန်လှည့်သွားနိုင်သော ထောင်ချောက်များသာဖြစ်သည်ကို သတိပြုမိစေချင်ပါသည်။
၆။ သို့ဖြစ်ပါ၍ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်းများကို ရပ်တန့်ပြီး နိုင်ငံသားတိုင်း ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်နိုင်ရန်အတွက် သက်ဆိုင်ရာ ဘာသာအသီးသီးမှ ဆရာတော်ကြီးများ၊ ဘာသာရေး ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီနှင့် လူမှုအဖွဲ့အစည်းခေါင်းဆောင်များ၊ ဋ္ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိ ပုဂ္ဂိုလ်များအားလုံး အနေဖြင့် မေတ္တာကိုအခြေခံ၍ ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ပေးကြပါရန် ကျွန်ုပ်တို့ “ ၈၈ မျိုးဆက်ကျောင်းသားများ ” မှ အလေးအနက် မေတ္တာရပ်ခံအပ်ပါသည်။
၈၈ မျိုးဆက်ကျောင်းသားများ
Posted: 04 Jun 2012 02:34 AM PDT
တောင်ကုတ်မှာ အသတ်ခံရသူများကို သံတွဲ သင်္ချိုင်းမှာ သင်္ဂြိုလ်နေစဉ်
ဇွန် ၄ ရက်၊ ၂၀၁၂ခုနှစ်၊ YPI
ယမန်နေ့မွန်းလွဲပိုင်း တောင်ကုတ်-သံတွဲလမ်းဆုံတွင်လူအုပ်စုမှ ၀ိုင်းဝန်းသတ်ဖြတ်ခြင်းခံရသူ အစ္စလာမ်ဘာသာဝင် ၁၀ ဦးအား ယနေ့နေ့လည် ၂ နာရီတွင် သံတွဲမြို့ အစ္စလာမ် သုဿန်တွင်သဂြိုဟ်မည်ဟု သံတွဲမြို့ခံတဦး ကပြောသည်။
ယမန်နေ့မွန်းလွဲပိုင်း သံတွဲ-ရန်ကုန်သွား ရိုးမသစ္စာ ခရီးသည်တင်ယာဉ်ပေါ်ပါ အစ္စလာမ်ဘာသာဝင် ၁၀ ဦးကို တောင်ကုတ်မြို့ခံလူအုပ်က သံတွဲ တောင်ကုတ်လမ်းဆုံတွင် ရိုက်နှက်ခဲ့ကြသဖြင့် ယင်း ၁၀ ဦး သေဆုံးခဲ့ရခြင်းဖြစ်သည်။ သေဆုံးသူများထဲတွင် တခြမ်းပဲ့ ဗလီ တရားထိုင်အဖွဲ့ဝင် ၈ ဦးအပြင် ရိုးမသစ္စာ မော်တော်ယာဉ်လိုင်း ကိုယ်စားလှယ်တဦးနှင့် သံတွဲမြို့ခံတဦးတို့ဖြစ်သည်ဟုသိရှိရသည်။
၎င်းတို့၏ ရုပ်အလောင်းများကို ယနေ့နံနက် ၁နာရီခွဲကျော်တွင် သံတွဲမြို့သို့ ပြန်လည်သယ်ဆောင်လာပြီး ယနေ့မွန်းလွဲ ၂ နာရီတွင် သဂြိုဟ်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။
ရုပ်အလောင်းများ ထားရှိရာ သုဿာန်သို့ အသိမိတ်ဆွေများ နှင့် ဆွေမျိုးသားချင်းများ လာရောက်ကြည့်ရှုလျှက်ရှိရာ လူပရိသတ် ၂၀၀ ကျော် ၃၀၀ နီးပါးရှိလာသည့်နောက် ရဲလုံခြုံရေးများ ပိုမိုတိုးမြှင့်ချထားခဲ့ရသည်ဟုလည်း သံတွဲမြို့ခံက ပြောသည်။
ယခုကဲ့သို့ သံတွဲ ရန်ကုန်ကားပေါ်ပါ အစ္စလာမ်ဘာသာဝင် ခရီးသည်အချို့အား ရန်ပြုသတ်ဖြတ်သည့်ညတွင် ရခိုင်ပြည်နယ် စစ်တွေမြို့၌ ရခိုင်အမျိုးသားတဦး အသတ်ခံရသည်ဆိုသည့် သတင်းများထွက်ပေါ်ကာ အမှတ် (၁) ရဲစခန်းသို့ လူအုပ်ကြီးက ၀ိုင်းဝန်းတောင်းဆိုသည့် အဖြစ်အပျက်ဖြစ်ပျက်ခဲ့သည်။
ယခုလောလောဆယ်တွင် သံတွဲမြို့ လုံခြုံရေး အခြေအနေမှာ ပုံမှန်အတိုင်းသာရှိသည်ဟုလည်း ယင်းမြို့ခံက ဆိုသည်။ ။
Yangon Press International
Posted: 04 Jun 2012 02:32 AM PDT
တောင်ကုတ်မြို့ မှာအသတ်ခံရသူများ
ပြန်ကြားရေးဝန်ကြီးဌာနက အထူးသတင်းထုတ်ပြန်ချက် တစ်ခုကို ၄င်းအင်တာနက်စာမျက်နှာwww.ministryofinformation.gov.mm မှာ တင်ပြထား
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့်ဖြစ်စဉ်များနှင့်ပတ်သက်သည့် အခြေအနေအပြည့်အစုံနှင့် နိုင်ငံတော်အစိုးရက တရားဥပဒေနှင့် အညီ ဆက်လက်ဆောင်ရွက်သွားမည့်အစီအစဉ်များကို ယနေ့ည မြန်မာ့အသံနှင့် ရုပ်မြင် သံကြား သတင်းအစီအစဉ်တွင်လည်းကောင်း၊ ဇွန်လ ၅ ရက်နေ့ထုတ်နေ့စဉ်သတင်းစာများတွင်လည်းကောင်း၊ ထုတ်ပြန်ကြေညာ ပေးသွားမည်ဖြစ်ပါသည်။ ထို့ကြောင့် ပြည်သူများအနေဖြင့် တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေ စိုးမိုးမှု ကို ထိခိုက် စေမည့် အပြုအမူများကို ရှောင်ရှားကြပါရန်နှင့် ဥပဒေနှင့်အညီ နေထိုင်ဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Posted: 04 Jun 2012 01:59 AM PDT
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ မိတီလာမြို့ နယ်မှ ရွေးကောက် ခံ လွတ်တော် ကိုယ်စားလှယ် ဖြစ်သူ ဦးဝင်းထိန် သည် Belgium နိုင်ငံ၊ Brussels မြို့တွင် ( ၄ ဇွန် မှ ၈ ဇွန် ၂၀၁၂) အထိကျင်းပမဲ့ “The Summit of Alliance of Liberal Democrats for Europe (ALDE) and Council of Asian Liberals and Democrats (CALD)  ကို တက်ရောက်ဘို့အတွက် ၃ -၆-၂၀၁၂ ညနေပိုင်းက ရန်ကုန်မြို့မှ လေကြောင်း ခရီးဖြင့်ထွက်ခွာသွားပြီဖြစ်ပါတယ်။
 ဒီဆွေးနွေးပွဲသည် ဦးဝင်းထိန်  ၂၀၁၁ နိုဝင်ဘာလက အင်ဒိုနီးရှားနိုင်ငံ၊ဘာလီမှာ တက်ရောက် ခဲ့သော ဆွေးနွေးပွဲ နှင့် ဆက်စပ် သော ဆွေးနွေးပွဲ လို့လည်းသိရပါတယ်။ ၄င်းအခမ်းအနားတွင် ဦးဝင်းထိန်မှ ၅ ဇွန် နေ့တွင် မိန့်ခွန်း စကားလည်းပြောကြားမည်ဟုသိရပါတယ်။
Posted: 03 Jun 2012 07:14 PM PDT
By THOMAS FULLER
MAE SOT, Thailand — The first trip abroad in more than two decades by Myanmar’s opposition leader, Daw Aung San Suu Kyi, appears to have strained her crucial relationship with President U Thein Sein, who is leading the country’s transformation from military dictatorship to embryonic democracy.
Soon after Ms. Aung San Suu Kyi returned home on Sunday from Thailand, an adviser to Myanmar’s president criticized her for lacking “transparency” in carrying out her trip and for her comments warning international investors against “reckless optimism” about Myanmar.
“Personally, I really admire her, but I have a doubt,” the adviser, U Nay Zin Latt, said in an e-mail. Public criticism of Ms. Aung San Suu Kyi, even in its mildest forms, is rare, partly because she is such a popular figure in the country.
Mr. Nay Zin Latt’s comments were the first by one of President Thein Sein’s advisers — who serve as spokesmen — since the president canceled a trip to Thailand on Friday. The Thai news media are portraying the cancellation as a reaction to Bangkok’s handling of Ms. Aung San Suu Kyi’s visit.
The fact that Ms. Aung San Suu Kyi was allowed back into the country on Sunday was a milestone on Myanmar’s road to national reconciliation. During the periods when she was not under house arrest in the past two decades, she chose not to travel abroad for fear of being denied re-entry by Myanmar’s military rulers.
Yet the discontent over her six-day visit to neighboring Thailand underlines the fragility of her country’s transition.
The complicated and delicate relationship between the president and Ms. Aung San Suu Kyi, a newly elected lawmaker, is in some ways the bedrock of the current reform process in Myanmar, formerly known as Burma. Their meeting in August accelerated the changes sweeping the country and helped persuade Ms. Aung San Suu Kyi to rejoin the political system.
“Most of the improvements in Burma these days are because of the relationship between Thein Sein and Aung San Suu Kyi,” said Win Min, a senior researcher at the Vahu Development Institute, an organization set up by Harvard-trained Burmese exiles that studies issues related to Myanmar. “I’m a little bit worried about their personal relations,” Mr. Win Min said. “If this relationship is strained, it could hurt national reconciliation.”
The abrupt cancellation on Friday of Mr. Thein Sein’s visit to Thailand appears to have been a message to Bangkok — and other governments across the region — that Myanmar’s leader will not tolerate being overshadowed by Ms. Aung San Suu Kyi’s star power.
Thailand and its neighbors are jockeying to participate in the opening up of Myanmar, an almost virgin market that investors hope will offer good returns amid the global economic slowdown.
Underlying the Thai government’s sensitivities toward Myanmar is a huge project for a seaport and joint economic zone in Myanmar that would connect to Thailand and provide access to the Indian Ocean.
Thai Rath, the largest newspaper in Thailand, reported Sunday that Prime Minister Yingluck Shinawatra said in an interview that she was concerned that Ms. Aung San Suu Kyi’s visit had damaged Thailand’s relationship with Myanmar.
Mr. Thein Sein was “irritated” by Ms. Aung San Suu Kyi’s trip, the newspaper said, adding that Ms. Yingluck had ordered the Thai Foreign Ministry to “clarify” details of the visit to the public.
Myanmar’s government appears to have been most annoyed by Ms. Aung San Suu Kyi’s visit on Saturday to a refugee camp along the Thai-Burmese border, where Myanmar’s government has battled ethnic rebels for decades, and the opposition leader’s remarks at a business conference in Bangkok on Friday at which she urged potential investors in Myanmar to proceed with caution.
Despite the turbulence caused by her trip, it is possible that relations between Ms. Aung San Suu Kyi and the president will remain on an even keel. Many analysts believe that she and Mr. Thein Sein have a rapport, and Ms. Aung San Suu Kyi has said on numerous occasions that she considers the president to be sincere in his desire for political change.
But the potential for discord between them worries people in Myanmar. So far, political change has been a personality-driven process rather than an institutional one, and as Ms. Aung San Suu Kyi told reporters during her visit to Thailand, Mr. Thein Sein does not have an obvious successor. Both she and Mr. Thein Sein are in their late 60s and have health concerns. (Mr. Thein Sein has a heart ailment, and Ms. Aung San Suu Kyi has been forced to rest by her doctors twice in recent weeks.)
The changes in Myanmar have been sudden and with few parallels — military juntas rarely voluntarily yield to civilian control — so analysts hesitate when asked to predict the country’s immediate future. But it seems unlikely that Ms. Aung San Suu Kyi will be placed under house arrest again or forced out of politics, because she retains considerable leverage. Her popularity is overwhelming, and sidelining her would be perilous for any government that tried.
Posted: 03 Jun 2012 07:14 PM PDT
Aung San Suu Kyi addresses a crowd during a visit to the Mae La refugee camp in the western province of Tak, Thailand. Photo: Getty Images
Amid concerns that the visit of Aung San Suu Kyi might damage relations with Burma's government, Thai officials tried to rein her in on Saturday at a refugee camp on the Thai border.
Although the government accepted her last-minute request to visit the camp, which has about 50,000 people living on the border between Thailand and Burma, Thai officials declined her request for a public address system, barred her from meeting ethnic minority leaders and tried, without success, to keep the international media away.
Suriya Prasatbuntitya, the governor of Tak province, where the camp is located, said: ''They didn't want her trip to become news because they don't want this to affect our relationship with Burma.''
Posted: 03 Jun 2012 07:13 PM PDT
The Associated Press
YANGON, Myanmar -- Myanmar's government has invited foreign firms to invest in the country's electric power system for the first time in an effort to solve dire electricity shortages that recently led to a week of protests.
The Electric Power Ministry took out advertisements in state-run newspapers Friday and Saturday that read, "Invitation to private sector for electricity production and distribution." The ads called on local and foreign companies to help the government "distribute electricity in the whole country as quickly as possible."
Myanmar has suffered from power shortages for more than a decade. It has plentiful natural gas supplies, but a poor power distribution infrastructure that has lagged even more as the economy has grown.
Demonstrators in several cities protested the power outages for a week late last month in gatherings that were seen as a test of the tolerance of the reformist government that now rules the country, which is shedding a half-century of military rule.
During the peaceful protests, the government made an uncharacteristic appeal for understanding, saying that rationing was required to cope with greater demand and decreased supply during the hot summer months. It also blamed ethnic Kachin rebels for blowing up several electricity pylons that reduced power supplies in several areas.
Myanmar has signed several joint ventures with other countries for electricity generation.
But "this is the first time the government has invited investment in the country's electric power distribution," Han Win Aung from the Myanmar Investment Commission said Saturday. Until now, the distribution of electricity was under a state monopoly.
Posted: 03 Jun 2012 07:11 PM PDT
Myanmar Defence Minister Hla Min speaks during the third plenary session at the International Institute for Strategic Studies (IISS) 11th Asia Security Summit in Singapore on June 2, 2012. AFP
SINGAPORE (June 2, 2012): Myanmar's government has halted fledgling research on the peaceful use of nuclear power, the country's defence minister said Saturday.
Lieutenant General Hla Min told an Asia security conference in Singapore that the academic research had not progressed much because of what he called practical constraints.
"In this new government, we have already given up all activities of nuclear issues. We have no future plans to extend on this," he said through an interpreter.
Hla Min acknowledged that Myanmar's previous government, dominated by the military, had started academic studies on the peaceful use of nuclear power.
"In the case of the nuclear issue, we have already said very clearly that it is not for defence, it is not for weapons," he said at the summit, the Shangri-La Dialogue, which gathers mostly Asian defence officials.
"It's just research in the past. We have not progressed much due to our constraints," he said.
He added Myanmar had no "practical ways and means" to achieve its objectives, apparently suggesting the previous government lacked the funds to pursue the nuclear project.
A 2010 United Nations report accused Pyongyang of supplying banned nuclear and ballistic equipment to Myanmar, Iran and Syria.
But in an interview with Singapore's Straits Times published in January, Myanmar President Thein Sein denied his country was trying to obtain nuclear weapons from North Korea, and called the allegations "unfounded".
In a landmark visit to Myanmar in December, US Secretary of State Hillary Clinton called on the country to sever "illicit ties" with Pyongyang to foster better relations with Washington.
The defence minister on Saturday said Myanmar's links with North Korea resembled normal ties between any two countries.
But Hla Min pledged that "in the future, we will be open and transparent on this relationship, we will endeavour to do that".
He also dismissed a suggestion from the audience that Myanmar allow inspectors from the UN nuclear watchdog, the International Atomic Energy Agency, into the country.
"We have nothing to check and nothing to see so it is irrelevant," he said.
Over the past year, Thein Sein, an ex-general, has taken steps to address criticism about the country's poor human rights record and suppression of political dissent.
The government has freed hundreds of political prisoners, eased media restrictions and welcomed Nobel laureate Aung San Suu Kyi's opposition back into politics.
Myanmar held historic by-elections on April 1 in which Suu Kyi won a seat in parliament, and has signalled it is ready to accept more foreign investment. – AFP
Posted: 03 Jun 2012 02:10 PM PDT
ရခိုင်ပြည်နယ် စစ်တွေမြို့  ရဲစခန်းရှေ့ဆန္ဒပြနေသောပြည်သူတွေကို ပစ်ခတ်မှုမှာ ဇွန်လ၃ရက်နေ့ ည ၁၀ နာရီအချိန်တွင် စတင်ဖြစ်ပွားပြီး စစ်တွေအမှတ် (၁)ရဲစခန်းမှ လူစုခွဲစေရန် လူအုပ် အတွင်းပစ်ခတ်မှုကြောင့် ဆန္ဒပြပြည်များ ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပါတယ်။
အောက်က ဓါတ်ပုံတွေကတော့  ---
စစ်တွေမှာ ရဲစခန်းရှေ့ဆန္ဒပြနေသောပြည်သူပုံ။ ရဲစခန်းမှသေနပ်ဖြင့်ပစ်လို့ဒဏ်ရာအပြင်းအထန်ရရှိသောပြည်သူများရဲ့ပုံတွေပါ။
စစ်တွေမှာပြည်သူတွေဆန္ဒပြနေတာကိုမြို့နယ်ရဲတပ်ဖွဲ့မှ အကြမ်းဖက်နိမ်နင်းနေပါတယ်။
By: Ko San Lwin
Posted: 03 Jun 2012 01:52 PM PDT
 ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ နယ် တောင်နီစံပြကျေးရွာမှာ
၀၂-၀၆-၂၀၁၂ နံနံက် ၇း၀၀ နာရီမှစပြီး ကျေးရွာသူ၊သားများ၊ဈေးသူ၊သားများ
စုပေါင်းရ်ျဆန္ဒဖော်ထုတ်ပွဲပြုလုပ်ခဲပါတယ်။
ဆန္ဒပြပွဲစစဉ်မှာ လူအင်အား(၂၀၀) ခန့် ပါဝင်ခဲ့ ပီး နောက်ပိုင်းလူအင်အား (၅၀၀)
ခန့် အထိရှိခဲ တယ်။
ဖြစ်ပွားပုံကတော့ ဇွန်(၁)ရက် ၂၀၁၂ နေ့  ညနေ ၅ နာရီ ၄၀ ခန့် အချိန်မှာ
တောင်နီစံပြကျေးရွာဈေးတွင် ကျေးရွာဥက္ကဌဦးလှသော်နှင့် မြိုနယ်စည်ပင်
 မှ ပြည်နယ်ရဲအယောက်(၃၀)ခန့် ခေါ်ပြီးဈေးဆိုင်ခန်းများအားလုံးပိတ်ပစ်ခဲ့ 
ရာက စခဲ့တာဖြစ်ပါတယ်။
အဲဒီနောက်မြို့ နယ်အုပ်ချုပ်ရေးမှူးဦးကျော်ခေါင်မှ ပုဒ်မ(၁၈၈) ထုတ်ပြန်ကာ
ဈေးအားကန်သတ်နယ်မြေအဖြစ်ဆိုင်းဘုတ်များချိတ်ဆွဲခဲ့ ပြီး ဈေးသစ်ကို ပြောင်းရွှေ့ 
ရန်အဓမ္မအမိန့် ပေးစေခိုင်းခဲ့ တယ်။
ဈေးသားတဦးကတော့
"ကျနော်တို့ ကဈေးဟောင်းမှာပဲ ရောင်းချင်တာ၊ မရွေ့ ချင်ဘူး။ အခုတော့ ဖာက်သယ်တွေလဲပျက်ကုန်တယ်။ ဈေးပိတ်ထားတော့ ကျနော်တို့တွေ ဘာလုပ်စားရမှာလဲဗျာ´ဟုဈေးသားတဦးမှ ရင်ဖွင့်ပြောကြာခဲ့ ပါသည်။
နောက်ဈေးသူ တဦးကလည်း `ကျမတို့ ဒီဈေးဟာဘိုးဘွားပိုင်ဈေးပါ။ သူတို့ 
(အာဏာပိုင်)တွေ ဈေးပြန်ဖွင့် မပေးမချင်း ကျမတို့ ကတော့
ဆက်လက်ဆန္ဒဖော်ထုတ်သွားမှာပဲ။ ဈေးသစ်က ဆိုင်ခန်းတွေကိုလဲကျမတို့ 
မ၀ယ်နိင်ဘူးလေ။ ဟု ဈေးသူတဦးမှပြောကြားခဲ့ တယ်"
အမိန်ကြော်ငြာစာအရ ဈေးပိတ်ထားပီး ဈေးသားများဈေးဟောင်းတွင် မရောင်းရဟု
ဆိုသော်လည်းဈေးပတ်ပတ်လည်တွင် စည်ပင်သာယာဈေးဆိုင်ခန်းများမှာမူ ဖွင့် လှစ်ရောင်းချခွင့် ရကြောင်း၊ ဈေးသူဈေးသားအချင်းချင်းတန်းတူညီမျှ အခွင့်
အရေးမရှိဖြစ်နေကြောင်းလည်း ဈေးသူဈေးသားများက ပြောပါတယ်။
ပေးပို့ သူ.... ဝေယံ(တောင်ကြီး)
Posted: 03 Jun 2012 01:12 PM PDT
ဒီနေ့(ဇွန်လ ၃ ရက်) ညနေ ၅ နာရီက ရန်ကုန်မြို့၊ရွှေဂုံတိုင်လမ်း၊တော်ဝင်နှင်းဆီ မှာ
၈၈ မျိုးဆက်ကျောင်းသားတစ်ဦးဖြစ်တဲ့ ကိုကျော်ကျော်ထွေး(မာကီး)နဲ့ မစုစုနွေး
(အလုပ်သမားရေးရာလှုပ်ရှားသူ) တို့ရဲ့ မင်္ဂလာအခန်းအနားကျင်းပခဲ့ပါတယ်။
ဂီတမှူးကိုဝင်းမော်ရဲ့ရွှေသံစဉ်တေးဂီတအဖွဲ့ကတေးသံသာများနဲ့ လက်ဖွဲ့ကြပါတယ်။
NLD က ဦးဝင်းတင်၊ဦးတင်ဦး၊ဦးစိုးဝင်း တို့တက်ရောက်ကြပြီး ၈၈ က ကိုမင်းကိုနိုင်၊ကိုမင်းဇေယျ၊
ကိုကိုကြီး၊ကိုဌေးကြွယ်၊ကိုပြုံးချို၊ကိုမြအေး၊ကိုအံ့ဘွယ်ကျော်၊ကိုဇောက်ထိုး(သက်ဇော်)၊
ဘောင်းဘောင်း(ဇော်မင်း)တို့အပါအ၀င် အားလုံစုံညီစွာတက်ရောက်ကြတာတွေ့ရပါတယ်။
တေးသံရှင်ခိုင်မြဲသာ နဲ့ သံသာဝင်း တို့ကလည်းတေးသီချင်းတွေနဲ့လက်ဖွဲ့ကြပါတယ်။
ကိုဝင်းမော်(ရွှေသံစဉ်)ရဲ့ သားအောင်အောင်ဖြိုးပြည့်(Vocal) နဲ့ ဗိုဗိုသီဟ(Drums) တို့ရဲ့
Violence အဖွဲ့ကလည်းတေးသီချင်းတွေနဲ့မင်္ဂလာလက်ဖွဲ့ပေးကြပါတယ်။
ကိုမင်းကိုနိုင်က သူထောင်ထဲမှာရေးခဲ့တဲ့သီချင်းကို ၈၈ကသူငယ်ချင်းတွေနဲ့အတူသီဆိုပြီ
လက်ဖွဲ့ခဲ့ပါတယ်။
Shwe Thanzin - Facebook
Posted: 03 Jun 2012 02:15 PM PDT
စစ်တွေ မြို့ အမှတ်(၁)ရဲစခန်းရှေ့ မှာ ဆန္ဒပြနေသူများ - ဓါတ်ပုံ (ကိုစန်းလွင်-ဖေ့စ်ဘုတ်)
ရန်ကုန်။ဇွန် ၎
စစ်တွေမြို့အနီး နာဇီကျေးရွာ မှအမျိုးသားတစ်ဦး အသတ်ခံရ သည်ဟုယူဆရသောအမှုအား ဖော်ထုတ်ပေးရန်စစ်တွေမြို့အမှတ်(၁)ရဲစခန်းတွင် မြို့ခံများဝိုင်းဝန်းတောင်း ဆိုရာမှ တဖြည်းဖြည်းလူများလာပြီ လူုစုကွဲစေရန်အတွက် အဆိုပါရဲစခန်းရှိ ရဲများမှသေနတ်ဖြင့် ပစ်ခတ်ခဲ့မှုဖြစ်ပွားခဲ့ ကြောင်း စစ်တွေမြို့ခံတစ်ဦးက The Voice Weekly သို့ပြောကြားသည်။
အဆိုပါ ပစ်ခတ်မှုမှာ ဇွန်လ၃ရက်နေ့ ည ၁၀ နာရီအချိန်တွင် စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၄င်းကဆက်လက်ပြောကြားသည်။
“ပထမတော့မိုးပေါ်ထောင် ပစ်တယ် ။နောက်တော့လူအုပ်ကြီးထဲပစ်တယ် ။အချက်လေးဆယ် လောက်ရှိတယ် ပစ်တာ” ဟု အဆိုပါ The Voice Weekly သတင်းရင်းမြစ်ကဆိုသည်။
ထိုသို့စစ်တွေအမှတ် (၁)ရဲစခန်းမှ လူစုခွဲစေရန် လူအုပ် အတွင်းပစ်ခတ်မှုကြောင့် စစ်တွေ့မြို့ ခံငါးဦးထိ မှန်ကာနှစ်ဦးမှာဦးခေါင်း နှင့် ၀မ်းဗိုက် သို့ထိမှန်ခဲ့ပြီး စစ်တွေဆေးရုံအရေးပေါ် ကုသဆောင် သို့ပို့ဆောင် ထားရပြီး သုံးဦးမှာ ခြေထောက်သို့ထိမှန်ခဲ့ကြောင်း အဆိုပါ ပစ်ခတ်မှုဖြစ်ပွားရာရဲစခန်း အနီးသို့ရောက်ရှိနေသည့် စစ်တွေမြို့ခံတစ်ဦးကပြောကြားသည်။
ယနေု့ညတစ်နာရီခွဲ အချိန်တွင် The Voice Weekly က စစ်တွေမြို့ သို့ဆက်သွယ်မေးမြန်းရာ ပစ်ခတ်မှု များဆက်လက်ဖြစ်ပွားနေပြီး စစ်တွေမြိုခံများမှ ရဲစခန်း သို့ဝိုင်းထားကြောင်း ။ရဲများက မျက်ရည်ယိုဗုံး များ ။သေနတ်များဖြင့်ဆက်တိုက်ပစ်ခတ်လျက်ရှိကြောင်း စစ်တွေမြို့ခံများကဆိုသည်။
“တမြို့လုံးဗြောင်းဆန်နေပြီအိမ်တွေကိုပါ သေနတ်ထိတယ်။အပေါ်ထပ်တွေ ထိတယ်”ဟုစစ်တွေ မြို့တွင်သီတင်းသုံးလျက်ရှိသောရဟန်းတစ်ပါးကမိန့်ကြားသည်။
နောက်ဆုံးဆက်သွယ်မေးမြန်းချက်များအရ ရခိုင်တိုင်းရင်းသားဖွံဖြိုးရေးပါတီ ဥက္ကဌဒေါက် အေးမောင် အပါအ၀င်ပါတီဝင်ငါးဦးနှင့်ရခိုင်ပြည်နယ် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီးထိန်လင်းတို့ အဆိုပါရဲစခန်းသို့ သွားရောက်ညှိနိုင်းမှုများပြုလုပ်လျက်ရှိကြောင်း စစ်တွေမြို့ဒေသခံ များကဆိုသည်။
The Voice Weekly
Posted: 03 Jun 2012 01:05 PM PDT
ဇွန်လ ၃ ရက်၊ ၂၀၁၂ ခုနှစ်၊ YPI
ယနေ့မွန်းလွဲပိုင်းက သံတွဲမှ ရန်ကုန်သို့လာသည့် ရိုးမသစ္စာ အဝေးပြေးယာဉ်တွင် စီးနင်းလိုက်ပါလာသည့် အစ္စလမ်ဘာသာရေး တရားထိုင်အဖွဲ့သား ခရီးသည် အနည်းဆုံး ၈ ဦးကို လူ ၃၀၀ ၀န်းကျင်ရှိ တောင်ကုတ်မြို့ခံ လူအုပ်က သတ်ဖြတ်လိုက်ကြသည်ဟု သံတွဲမြို့ခံတဦးက ပြောသည်။
ကျောက်နီမော်တွင် အဓမ္မပြုကျင့် အသတ်ခံရသည့် အဖြစ်အပျက်နှင့် ပတ်သက်သည့် ဓါတ်ပုံနှင့် စာရွက်များကို ယနေ့နံနက်ပိုင်းကတည်းက တောင်ကုတ်ဈေးတွင် ဖြန့်ဝေခဲ့သဖြင့် တောင်ကုတ်မြို့ခံများက မကျေမနပ်ဖြစ်နေစဉ် သံတွဲမှ ရန်ကုန်မြို့သွား ရိုးမသစ္စာ ခရီးသည်ကားပေါ်တွင် ရန်ကုန် တခြမ်းဗဲ့ ဗလီမှ မြန်မာနိုင်ငံလုံး ဆိုင်ရာ တရားထိုင်အဖွဲ့ဝင် အစ္စလာမ် ဘာသာဝင်များကိုတွေ့ရှိကာ ရန်ပြုကြခြင်းဖြစ်သည်ဟု တောင်ကုတ်မြို့ခံတဦးက ပြောသည်။
ယင်း တရားထိုင်အဖွဲ့ဝင်များထဲတွင် တောင်တွင်းကြီးမှ ၆ ဦးနှင့် မြောင်းမြမှ ၂ဦးပါဝင်သည်ဟုလည်း သိရသည်။
ယင်းအခြေအနေကြောင့် ကားမောင်းသူက ကားကို သံတွဲဘက်သို့ ပြန်လှည့်မောင်းရန်ကြိုးစားသော်လည်း တောင်ကုတ်မြို့ခံလူအုပ်က ကားနှစ်စီးဖြင့် ညှပ်ပိတ်ကာ ပြန်လှည့်ခွင့်မပေးပဲ တောင်ကုတ်၊ သံတွဲ လမ်းဆုံတွင် သတ်ဖြတ်ခဲ့ကြခြင်းဖြစ်သည်ဟု သိရှိရသည်။
“ကားသမားနဲ့ ကျွန်တော် ဖုန်းအဆက်အသွယ်ရချိန်မှာ ကားသမားကိုယ်တိုင်လည်း လူအုပ်က ၀ိုင်းရိုက်တာခံထားရတယ်လို့ပြောတယ်၊ အခင်းဖြစ်ပြီးသူလည်း တနေရာရာမှာ ပုန်းရှောင်နေရပုံပဲ” ဟု ရိုးမသစ္စာ ကားမောင်းသူနှင့် အဆက်အသွယ်ရသူ သံတွဲမြို့ခံက ပြောပြသည်။
ယခုအဖြစ်အပျက်ဖြစ်ပွားပြီးနောက်ပိုင်း ယင်းနေရာတ၀ိုက်ကို တောင်ကုတ်မြို့ ရဲတပ်ဖွဲ့ဝင်များနှင့် စစ်တပ်မှာ လုံခြုံရေး ချထားပြီး ယနေ့ညနေ ၅နာရီတွင် သံတွဲခရိုင် ရဲမှူးနှင့် ရဲတပ်ဖွဲ့ဝင်များ အခင်းဖြစ်ပွားရာ တောင်ကုတ်မြို့သို့ လိုက်သွားကြသည်ဟုလည်း သိရသည်။ ကျောက်နီမော် အရေးကိစ္စကြောင့် သံတွဲမြို့နှင့် တောင်ကုတ်မြို့များတွင် ရဲဝန်ထမ်း ပုံမှန်အရေအတွက်ထက် လျော့နည်းလျက်ရှိသည်ဟုလည်း သံတွဲမြိ့မှ ရဲဝန်ထမ်းတဦးက ပြောသည်။
ယခုအဖြစ်အပျက်ကို နှင့် ပတ်သက်၍ တောင်ကုတ်မြို့ခံတဦးက “ အခုလို အဖြစ်အပျက်ကနေ လူမျိုးရေး အဓိကရုဏ်းတွေဖြစ်လာရင် နိုင်ငံရေး အပြောင်းအလဲဆီ ဦးတည်သွားနေတဲ့ လမ်းလွဲသွားနိုင်တာကို သတိထားသင့်တယ်” ဟု YPI သို့ပြောသည်။
သေဆုံးသွားသူများကို သံတွဲမြို့သို့ ပြန်လည်သယ်ဆောင်ကာ သဂြိုဟ်ရန် သံတွဲမြို့ အုပ်ချုပ်ရေးမှူးနှင့် သံတွဲမြို့ ဗလီ၊ ဂေါပက အဖွဲ့တို့နှင့် ဆွေးနွေးသဘောတူထားသော်လည်း မည်သည့်အချိန်တွင် သယ်ဆောင်လာမည်ဆိုသည် စသည့်အသေးစိတ် အချက်အလက်များ မသိရှိရသေးဟု သံတွဲမြို့ခံ ကပြောသည်။
အခြားရရှိသော သတင်းများအရ သေဆုံးသူမှာ ၁၀ ဦးအထိရှိနိုင်သည်ဟု ဆိုသော်လည်း ယင်းအရေအတွက်ကို သီးခြား အတည်မပြုနိုင်သေးပါ။ ။
ည ၁၁နာရီ ခွဲကျော်အချိန်ထိ နောက်ဆုံး သိရှိရသည့် အချက်အလက်များအရ စစ်တွေမြို့ ရဲစခန်းအနီးရှိ လူအုပ်စုမှာ လူစုမကွဲသေးသဖြင့် သေနတ်ဖေါက်သံများ ကြားနေရဆဲဖြစ်သည်ဟု မြို့ခံများက ပြောသည်။
Yangon Press International
Posted: 03 Jun 2012 01:24 PM PDT
စစ်တွေ အမှတ် (၁) ရဲစခန်းတွင် ထောင်နှင့်ချီသည့်စစ်တွေမြို့ခံ များ ဆန္ဒပြနေစဉ် - ဓါတ်ပုံ(ကိုစန်းလွင်-ဖေ့စ်ဘုတ်)
ည ၉နာရီခွဲ၊ ဇွန်လ ၃၊ ၂၀၁၂၊ YPI
စစ်တွေမြို့အနီး နာဇီရွာတွင် ရခိုင်အမျိုးသားတဦး အသတ်ခံရသည့် သတင်းထွက်ပေါ်သော်လည်း အသတ်ခံရသူ၏ အလောင်းကို ရှာမတွေ့သဖြင့် စစ်တွေ အမှတ် (၁) ရဲစခန်းတွင် ထောင်နှင့်ချီသည့်စစ်တွေမြို့ခံ များက ၀ိုင်းဝန်းတောင်းဆိုလျှက်ရှိသည်ဟု တောင်းဆိုသူ တဦးက ပြောသည်။
နာဇီကျေးရွာမှာ အစ္စလာမ်ဘာသာဝင်များ နေထိုင်သည့်ရွာအဖြစ် သိရှိထားကြသည့်ကျေးရွာလည်းဖြစ်သည်။ ယင်းလူသတ်မှုကို အရေးယူပေးရန် အမှတ် (၁) ရဲစခန်းအား ညနေ ၅နာရီဝန်းကျင်ကတည်း ၀ိုင်းဝန်းတောင်းဆိုလျှက်ရှိကြရာ ယနေ့ည ၉နာရီကျော်ထိ လူစုမကွဲသေးကြောင်းလည်း တောင်းဆိုသူက ဆိုသည်။
ယခုရက်ပိုင်းအတွင်း ရမ်းဗြဲမြို့နယ် ကျောက်နီမော် ကျေးရွာအနီး သပြေချောင်းကျေးရွာမှ မိန်းကလေးငယ်တဦး အဓမ္မပြုကျင့် အသတ်ခံရသည့် အဖြစ်အပျက်ကြောင့် ကျူးလွန်သူများကို သေဒဏ်ပေးရန် တောင်းဆိုမှုများလည်း ယခုရက်ပိုင်းအတွင်း ထွက်ပေါ်လျှက်ရှိစဉ် ယခုဖြစ်ရပ် ထပ်မံ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ။
ည ၁၁နာရီ ခွဲကျော်အချိန်ထိ နောက်ဆုံး သိရှိရသည့် အချက်အလက်များအရ စစ်တွေမြို့ ရဲစခန်းအနီးရှိ လူအုပ်စုမှာ လူစုမကွဲသေးသဖြင့် သေနတ်ဖေါက်သံများ ကြားနေရဆဲဖြစ်သည်ဟု မြို့ခံများက ပြောသည်။
Yangon Press International
Posted: 03 Jun 2012 10:18 AM PDT
မန္တလေးတိုင်း ရမည်းသင်းမြို့၊ မြို့မရဲစခန်းတွင် ရဲတပ်ဖွဲ့ဝင်များ၏
မတရား။ ရိုက်နှက်စစ်ဆေးခြင်းကြောင့် ရမည်းသင်းမြို့၊ ကျောင်းတိုက်စုရပ်နေ
အသက် (၃၈)နှစ်ရှိ (ဘ) ဦးအေး၏သားဖြစ်သူ
ကိုကျော်မိုးနိုင်သေဆုံးမှုဖြစ်ပွားခဲ့ပါသည်။
ရဲချုပ်ဦးကျော်ကျော်ထွန်းတို့အား ပေးပို့ထားသော မူရင်းစာအတိုင်း
ပြည်တွင်းသတင်းစိတ်ဝင်စားသူများနှင့် မတရားမှုပပျောက်ရေးနှင့်
တရားဥပဒေစိုးမိုးရေးကို လိုလားသူများအားလုံး သိရှိစေရန် တင်ပြအပ်ပါသည်။
သေဆုံးသူ၏ဓါတ်ပုံနှင့် သေဆုံးသူမိသားစု၏ဓါတ်ပုံများကိုလည်း
ပူးတွဲတင်ပြအပ်ပါသည်။ သေဆုံးမှုမှာ 1.6.2012 တွင်ဖြစ်ပွားခဲ့သော်လည်း
ယခုအချိန်ထိ စုံစမ်းစစ်ဆေးမှုများလုံးဝမပြုလုပ်ရသေးကြောင်း သိရှိရပါသည်။
Myanmar News Now
Posted: 03 Jun 2012 09:57 AM PDT
...
0 comments:
Post a Comment
စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ
Followers
Total Pageviews
အမှာပါးစရာများရှိနေရင်
Pop up my Cbox
Blog Archive
အက်ဒမင်
အခြားကဏ္ဍများကို လေ့လာရန်
ရှာဖွေလေ တွေ့ရှိလေ
စာပေမြတ်နိုးသူများ
free counters
Related Posts Plugin for WordPress, Blogger...