သစ်ထူးလွင် သတင်းစုစည်းမှု (၂၁-၆)
သစ်ထူးလွင်
|
- ဒေါ်အောင်ဆန်းစုကြည် ဗြိတိသျှ ပါလီမန်မှာ မိန့်ခွန်း ပြောမယ်
- အနောက်နိုင်ငံများ ရင်းနှီးမြှုပ်နှံမှု ထိပ်တန်းရောက်လာမည်
- လက်ျာစွန်း အစ္စလာမ်ဝါဒီများက မူဆလင်သေဆုံးမှုများကို ရှုတ်ချ
- ဇာတ်ကား ရိုက်ကူးမှု ကျဲသွား ရခြင်း အကြောင်း ပုလဲဝင်း ရှင်းပြ
- တစ်နေ့ ကျပ်နှစ်ရာဖြင့် အသုံးပြုနိုင်တော့မည့် မိုဘိုင်းမေးလ်ဝန်ဆောင်မှု
- ယုဇနပိာုတယ်တွင် ကိုရီးယားအမျိုးသမီးသေဆုံး
- တောင်ကုတ်တွင် လူပေါင်း ၄၀ ကျော် ခေါ်ယူ စစ်ဆေးခံရပြီ
- ရသေ့တောင်တွင် အသတ်ခံရသူ အလောင်း ၁၀ လောင်း ယနေ့ ရှာဖွေ ရရှိ
- မောင်တောမြို့နယ် အကြမ်းဖက် ဆူပူမူ ဦးဆောင်သူများကို လိုက်လံ ဖမ်းဆီးနေ
- ပုဏ္ဍားကျွန်းတွင် အစိုးရကျောင်းများ ပြန်ဖွင့်သော်လည်း ကျောင်းသားများ စာသင်ခန်းထဲ မရောက်နိုင်သေး
- ကချင်ပြည်နယ်က ပုဒ်မ-၁၇(၁)အမှုများအား ပြန်လွှတ်ပေးမည်
- ရသေ့တောင်မှာ မီးရှို့ တဲ့ ဘင်္ဂလီ ၁၀၀ ခန့် အနက် ၂၂ ဦးအား ဖမ်းဆီးရမိထား
- မသန့်ရှင်းသောရေကြောင့် ကူးစက်လွယ်ဝဲရောဂါ မိုးတွင်းတွင် အဖြစ်များ
- နိုင်ငံတာကာပညာရေးပြပွဲ နှင့် ဟောပြောပွဲ
- ကိုယ့်ကြောင့် သူများထမင်းလုတ် ပြုတ်ကျ သွားမဲ့ အလုပ်ကို ဘယ်တော့မှ မလုပ်ဘူး ချောရတနာ
- ကျောင်းဆရာမကြီးလည်း ဖြစ်ချင်တာပဲ အဆိုတော်လည်း ဖြစ်ချင်ခဲ့တာ စန္ဒီမြင့်လွင်
- ချစ်သူတွေအဖြစ် ကြေညာလိုက်တဲ့ မြတ်သူအောင်နဲ့ ခင်ရူပ
- ဇွန်လ ၂၁ ရက်နေ့ ထုတ် 7Day News
- ကမ္ဘာပေါ်မှာ လက်ခုတ်သံ အကြာဆုံး ဒေါ်အောင်ဆန်း စုကြည် ၏ Oxford မိန့် ခွန်း (ရုပ်/သံ)
- ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ချီးမြှင့် (ဓာတ်ပုံ)
- ခင်ပွန်းသည်၏ အုတ်ဂူသို့ ပထမဆုံး ဒေါ်စု ဂါရဝပြု
- သျှမ်းပြည် တပ်မတော် နှစ်ခုလုံး နှင့် အစိုးရတပ် အကြား တိုက်ပွားများ ဆက်ဖြစ်နေ
- ပလက်ဝတွင် ရခိုင် ဒုက္ခသည်များ အတွက် အလှူငွေ ကောက်ခံမူ တားမြစ်ခံရ
- ပန်ဆိုင်းရှိ အစိုးရရဲစခန်းတခုကို ကေအိုင်အေ တိုက်ခိုက်ဖျက်ဆီး
- UNHCR ရခိုင်မှာ လုပ်ငန်းပြန်စ
Posted: 21 Jun 2012 04:18 AM PDT
နိုင်ငံခြားရေး ဝန်ကြီး ဝီလီယံ ဟိခ် က ဒေါ်အောင်ဆန်းစုကြည် အခုလို ပါလီမန် မှာ မိန့်ခွန်းပြောမှာ နဲ့ ပတ်သက်ပြီး နှစ်ထောင်းအားရ ဖြစ်မိကြောင်း ဝမ်းပန်းတသာ ကြိုဆိုကြောင်း အတိုက်အခံ လေဘာပါတီ ဒုတိယခေါင်းဆောင် ဟဲရီယက် ဟာမင် ရဲ့ မေးခွန်းကို ဖြေကြား သွားပါတယ်။ မြန်မာနိုင်ငံ ရဲ့ အခြေအနေ ကို ပြောရရင် မြန်မာပြည်သူတွေ ဟာ သူတို့ နဲ့ ထိုက်တန်တဲ့ ဒီမိုကရေစီ နဲ့ အလှမ်းဝေးနေသေး တဲ့ အကြောင်း နဲ့ ဒါကို အမျိုးသမီး တဉီးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် က နှစ် ၂၀ ကျော် ကြာအောင် နေအိမ်မှာ အကျယ်ချုပ် ကျခံပြီး အနစ်နာခံ လှုပ်ရှား ရုန်းကန်ခဲ့ ရတာကို အသိအမှတ်ပြု ကြောင်း နိုင်ငံခြားရေး ဝန်ကြီး ဝီလီယံ ဟိခ် က ပြောပါတယ်။ မြန်မာ့ ဒီမိုကရေစီရေး ကို လည်း ဆက်လက် အားပေးတဲ့ နေရာမှာ ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန် ကိုယ်စား ပြောလိုတာက၊ အခုနှစ်စပိုင်း မှာ သူကိုယ်တိုင် မြန်မာနိုင်ငံကို သွားပြီး ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပုံ၊ ဥရောပ နိုင်ငံတွေ ထဲမှာ ဗြိတိန် က နိုင်ငံခြားရေး ဝန်ကြီး တဉီး အနေနဲ့ သူ က ပထမဆုံး သွားရောက်ပြီး ဗြိတိန် ကို လာလည် ဖို့ ဖိတ်ကြားခဲ့ပုံ တွေ ပါလီမန် မှာ ရှင်းပြပါတယ်။ ဘီဘီစီ မြန်မာပိုင်း မြန်မာနိုင်ငံ မှာရှိတဲ့ တိုင်းရင်းသား လူမျိုးစု ဒေသ တွေမှာ တည်ငြိမ် ငြိမ်းချမ်းရေး၊ အကျဉ်းထောင် တွေထဲ ကျန်ရစ်ဆဲ နိုင်ငံရေး အကျဉ်းသား တွေ လွှတ်ပေးရေး လည်း ဆက်လက် ဆောင်ရွက်မယ့် အကြောင်း ရှင်းပြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ လေးစားဂုဏ်ယူဖွယ် ကောင်းတဲ့ အမျိုးသမီးခေါင်းဆောင် တဉီး၊ အခုလို ဗြိတိသျှ ပါလီမန် မှာ မိန့်ခွန်း ပြောမှာ ကိုလည်း ချီးကျူး အသိအမှတ်ပြုပုံ ကို နိုင်ငံခြားရေး ဝန်ကြီး ဝီလီယံ ဟိခ် က ပြောပါတယ်။ |
Posted: 21 Jun 2012 04:10 AM PDT
ရန်ကုန် (မဇ္ဈိမ) ။ ။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ် ပေါ်ထွက်လာပြီး နောက်ပိုင်းတွင် အနောက် နိုင်ငံများ သည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု အများဆုံး ထိပ်တန်းနိုင်ငံများ ဖြစ်လာလိမ့်မည်ဟု စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီးများက ပြောသည်။
ဇွန်လ ၂ဝ ရက်နေ့က ရန်ကုန်မြို့၊ ပတ်ခ်ရွိုင်ရယ် ဟိုတယ်တွင် စတင်ကျင်းပသော ‘မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ထိပ်သီးအစည် အဝေး’ တွင် ပြောကြားလိုက်ခြင်း ဖြစ်သည်။ “မကြာမီ နှစ်တွေ အတွင်းမှာပဲ အနောက်နိုင်ငံတွေက ရင်းနှီးမြှုပ်နှံမှုတွေဟာ လက်ရှိ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု ထိပ်တန်းစာရင်းဝင်နိုင်ငံတွေ နေရာမှာ အစားထိုး ဝင်ရောက်လာပါလိမ့်မယ်” ဟု စီမံ/စီးပွား ဖွံ့ဖြိုးတက်မှု ဝန်ကြီးဌာနမှ ဒုဝန်ကြီး ဒေါက်တာ ကံဇော် က ဆိုသည်။ ဥရောပ၊ သြစတြေးလျ၊ ကနေဒါနှင့် အမေရိကန် ပြည်ထောင်စုတို့မှ စီးပွားရေး ပိတ်ဆို့မှုများကို ရုတ်သိမ်းလိုက် ပြီးနောက် အမေရိကန်အစိုးရအနေဖြင့် အမေရိကန် ကုမ္ပဏီများအား မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် တိုက်တွန်း ပြောကြားထားသဖြင့် မြန်မာနိုင်ငံတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွင် အနောက်နိုင်ငံများက အများဆုံး ရင်းနှီးမြှုပ်နှံမည့် နိုင်ငံများ ဖြစ်လာမည်ဟု ၎င်းက ဆိုသည်။ ထိုသို့ အနောက်နိုင်ငံများက နေရာယူလာဖွယ် ရှိသော်လည်း မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသော တရုတ်နှင့် ထိုင်းနိုင်ငံတို့၏ ရင်းနှီးမြှုပ်နှံမှုသည် အဓိကကျသော နေရာများတွင်သာ ဆက်လက်ရပ်တည်နေဖွယ် ရှိသည်။ “အနောက်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာဖို့ ရှိပေမယ့် အစောပိုင်းကတည်းက ရင်းနှီးမြှုပ်နှံလုပ်ကိုင်လာတဲ နှစ်ရက်ကြာ ကျင်းပသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ညီလာခံသို့ အနောက်နိုင်ငံများ ဖြစ်ကြသော အမေရိကန်၊ ဂျာမဏီ၊ ပြင်သစ်၊ ကနေဒါ၊ ဗြိတိန်၊ အီတလီ၊ နော်ဝေ၊ သြစတြေးလျတို့ အပြင် အာရှနိုင်ငံများ ဖြစ်သော အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး)၊ တရုတ်၊ ဂျပန်၊ စင်္ကာပူ။ ထိုင်းနိုင်ငံ၊ ကိုရီးယား၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ မွန်ဂိုလီးယား၊ လာအို၊ သီရိလင်္ကာနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့မှ ကုမ္ပဏီကိုယ်စားလှယ်များ တက်ရောက်လာကြသည်။ ၂ဝ၁၂ ခုနှစ်အထိ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှု ပြုလုပ်သော နိုင်ငံများတွင် တရုတ်နိုင်ငံသည် ထိပ်ဆုံးမှ ရပ်တည် နေပြီး ၎င်းနောက်တွင် ထိုင်း၊ ဟောင်ကောင်နှင့် ကိုရီးယားနိုင်ငံတို့မှာ ရင်းနှီးမြှုပ်နှံမှု အများဆုံး နိုင်ငံများ ဖြစ်နေသည်။ ထိုသို့ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှု ပြုလုပ်သော စုစုပေါင်း ၃၁ နိုင်ငံတွင် တရုတ်နိုင်ငံသည် အမေရိကန် ဒေါ်လာ ၁၃ ဒဿမ ၉၄၇ ဘီလီယံဖြင့် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၃၄ ဒဿမ ၅ ရာခိုင်နှုန်းရှိပြီး ထိုင်းနိုင်ငံက ၉ ဒဿမ ၅၆၈ ဘီလီယံဖြင့် ဒုတိယလိုက်သည်။ ဟောင်ကောင်မှ ၆ ဒဿမ ၃ဝ၈ ဘီလီယံ၊ တောင်ကိုရီးယားမှ ၂ ဒဿမ ၉၃၈ ဘီလီယံ၊ ဗြိတိန်နိုင်ငံမှ ၂ ဒဿမ ၆၅၉ ဘီယံယံနှင့် စင်္ကာပူနိုင်ငံမှ ၁ ဒဿမ ၈၁၈ ဘီလီယံ အသီးသီး ရင်းနှီးမြှုပ်နှံ ထားကြသည်။ ၂ဝ၁၂ ခုနှစ် မတ်လ အထိ မြန်မာနိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏသည် စုစုပေါင်း အမေရိကန် ဒေါ်လာ ၄ဝ ဒဿမ ၆၉၉ ဘီလီယံ ရှိသည်။ ယခု အသစ်ရေးဆွဲထားသော ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေသစ်အရ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီများနှင့် ဖက်စပ်ကုမ္ပဏီများသည် အခွန်ကင်းလွတ်ခွင့် ၅ နှစ်နှင့် ကုမ္ပဏီ တည်ထောင်လုပ်ကိုင်ခွင့် နှစ် ၇ဝ အထိ ခွင့်ပြုပေးမည် ဖြစ်သည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေသစ်ကို မေလ ၂ ရက်နေ့တွင် ကျင်းပသွားသော လွှတ်တော် အစည်းအဝေးတွင် အတည်ပြုရန် စီစဉ်ထားသော်လည်း အချို့ လွှတ်တော် ကိုယ်စားလှယ်များက ဥပဒေပါ အသေးစိတ် အချက်အလက် ကို ထပ်မံ ဆွေးနွေးလိုသောကြောင့် ဇွန်လိုင်လ ၄ ရက်နေ့တွင် ပြန်လည် စတင်မည့် လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးအတည်ပြုနိုင်ဖွယ် ရှိသည်။ အောင်ဝင်း-မဇ္ဈိမသတင်းဌာန |
Posted: 21 Jun 2012 04:07 AM PDT
နယူးဒေလီ (မဇ္ဈိမ) ။ ။ ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ အစွန်းရောက် အစ္စလာမ်ဝါဒ ပါတီများက မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း မူဆလင်ဘာသာဝင်များ သတ်ဖြတ်ခံရမှုအပေါ် ပြင်းထန်စွာ ရှုတ်ချလိုက်သည်။ ရခိုင်ပြည်နယ်တွင်း မူဆလင် သွေးထွက်သံယိုမှုများ ရပ်တန့်စေရေးအတွက် ကမ္ဘာ့အသိုင်းအဝိုင်းအနေဖြင့် ဝိုင်းဝန်း ဖိအားပေးကြရန် ပါကစ္စတန်မှ Jamaat-e Islami (JI) ပါတီခေါင်းဆောင် Ameer Syed Munawwar Hasan က တောင်းဆိုလိုက်သည်။ “သူတို့ (မူဆလင်)တွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေဟာ နှစ်ပေါင်းများစွာကတည်းက ရှိနေတာပါ။ ဒါပေမယ့် ကမ္ဘာကြီးနဲ့ မီဒီယာတွေဟာ နှုတ်ဆိတ်နေကြပြီး မျက်လုံးတွေ မှိတ်နေကြတယ်” ဟု JI ပါတီ အထွေထွေအတွင်းရေးမှူး က ပြောသည်။ ပါကစ္စတန်မှ Jamaat-e Islami (JI) ပါတီခေါင်းဆောင် Ameer Syed Munawwar Hasan (Photo : www.nation.com.pk) ထိုမူဆလင်များအား ထိရောက်သော ကာကွယ်မှုများ ပေးရန်အတွက် နိုင်ငံပေါင်း ၆ဝ ခန့် ပါဝင်သည့် အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC နှင့် ကုလသမဂ္ဂထံသို့ ပေးပို့သည့် Munawar ၏ ကြေညာချက်တွင် မြန်မာနိုင်ငံ အတွင်း သန်းနှင့်ချီသော လူများမှာ မူဆလင်ဘာသာဝင် ဖြစ်နေခြင်း တခုတည်းကြောင့်သာ ယခုကဲ့သို့ ဒဏ်ခံနေကြရခြင်း ဖြစ်ကြောင်း ပါရှိသည်။ “မြန်မာပြည်တွင်းမှာရှိတဲ့ မူဆလင်ညီအကိုတွေအတွက် ပါကစ္စတန်သားတွေရဲ့အသံကို ကျယ်ကျယ်မြှင့်ကြရမယ်။ အစိုးရ အနေနဲ့လည်း သံတမန်ဖိအားသုံးပြီး မူဆလင်တွေ သတ်ဖြတ်ခံနေရမှုကို တားဆီးရမယ်” ဟု အသက် ၆၈ နှစ် အရွယ်ရှိ JI ခေါင်းဆောင် Munawar ၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် ရေးသားထားသည်။ အလားအတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ မူဆလင်အစွန်းရောက် Jamaat-e-Islami ကလည်း OIC နှင့် ကုလသမဂ္ဂသို့ စာရေးသားကာ ရခိုင်ပြည်နယ်အတွင်းရှိ ရိုဟင်ဂျာ မူဆလင်များအား သတ်ဖြတ်မှု၊ ညှဉ်းပမ်းနှိပ်စက်မှုများကို ကန့်ကွက် ရှုတ်ချလိုက်ပြီး ၎င်းတို့နိုင်ငံသို့ ထွက်ပြေးလာသူများအား အိမ်နီးချင်းနိုင်ငံ၏ နိုင်ငံသားများအဖြစ် ခိုလှုံရန်နေရာ ပေးရန် ဘင်္ဂလားအစိုးရအား ဇွန်လ ၁၄ ရက်နေ့က တောင်းဆိုထားသည်။ ဒုက္ခသည်အဖြစ် ခိုလှုံခွင့်တောင်းခံလာသော အဆိုပါ ရိုဟင်ဂျာများကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်နှင့် ရေတပ်တို့က ဖမ်းဆီးပြီး ပြန်လည်နှင်ပို့နေလျက်ရှိသည်ကို ကုလသမဂ္ဂနှင့် ကမ္ဘာ့နိုင်ငံအချို့က ကန့်ကွက်ပြောဆို နေကြသည်။ သို့သော် Bangladesh Jamaat-e-Islami ပါတီမှာ ရိုဟင်ဂျာများအား ချုပ်ကိုင် လွှမ်းမိုးထားကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Dipu Moni က ဇွန်လ ၁၄ ရက်နေ့ ပါလီမန်တွင် စွပ်စွဲ ပြောဆိုလိုက်သည်။ ထို့ပြင် လူမျိုးရေး ပဋိပက္ခများ ဖြစ်ပေါ်လာစေရန် Jamaat-e-Islami က ရိုဟင်ဂျာများအား လှုံ့ဆော်နေသည်ဟု မြန်မာအစိုးရက ရန်ကုန်ရှိ ဘင်္ဂလားဒေ့ရှ် မဟာမင်းကြီးအား ပြောဆိုထားကြောင်း ဝန်ကြီးက ပြန်လည်ပြောပြသည်။ “ဒီကိစ္စကို ကျမတို့ သေသေချာချာ စုံစမ်းစစ်ဆေးနေပါတယ်။ ရိုဟင်ဂျာတွေအတွက် နယ်စပ်ကို ဘယ်တော့မှ ဖွင့်ပေးမှာ မဟုတ်ပါဘူး” ဟု Dipu Moni က ယတိပြတ် ပြောဆိုလိုက်သည်။ ရခိုင်ပြည်နယ်တွင်း အကြမ်းဖက် သတ်ဖြတ်မှုများမှာ တောင်ကုတ်၊ မောင်တော၊ စစ်တွေနှင့် ရသေ့တောင်မြို့နယ် များတွင် အဆိုးရွားဆုံး ဖြစ်ခဲ့သည်။ တရားဝင် သတင်းထုတ်ပြန်ချက်များအရ မေလ ၂၈ ရက်မှ ဇွန်လ ၁၄ ရက်အတွင်း လူစုလူဝေး ဖြစ်ပေါ်မှ ၇၂ ကြိမ်တွင် လူပေါင်း ၅၀ သေဆုံးခဲ့ရပြီး မီးရှို့ဖျက်ဆီးခံရသည့် အဆောက်အအုံပေါင်း ၂,၂၃၀ လုံး ရှိခဲ့သည်ဟု ဆိုသည်။ ဇွန်လ ၁၅ ရက်နေ့ထုတ် အဆိုပါစာရင်းထဲတွင် သေဆုံးသူ ဘင်္ဂါလီ ရိုဟင်ဂျာ အရေအတွက်မှာ များသော်လည်း ဇွန်လ ၁၉ ရက်နေ့တွင် ရသေ့တောင်မြို့နယ်၌ ရခိုင်ကျေးရွာတရွာအား ရိုဟင်ဂျာများ ဝင်ရောက်ဖျက်ဆီးခဲ့၍ ၁၀ ဦးခန့် သေဆုံးခဲ့ရပြန်သည်။ ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက် မီးရှို့ဖျက်ဆီးမှုများကြောင့် အိုးအိမ်မဲ့ ဖြစ်ကြကုန်သော ဒုက္ခသည်အပေါင်းမှာ ၉၀,၀၀၀ ခန့် ရှိနေသည်။ မဇ္ဈိမသတင်းဌာန |
Posted: 21 Jun 2012 04:03 AM PDT
လတ်တလောမှာ ပုလဲဝင်းက ဒါရိုက်တာ ညီညီထွန်းလွင် ရိုက်ကူးတဲ့ 'သွားလူဆိုး ဒါမျိုးတော့ တတ်တယ်' ဆိုတဲ့ ရုပ်ရှင်ကားကြီး မှာ ကျော်ရဲအောင် ၊ပြေတီဦး၊နေမင်း၊ အိန္ဒြာကျော်ဇင်၊ စိုးမြတ်သူဇာ တို့နဲ့အတူ ပါဝင်ထားပြီး မကြာခင်ရုံတင်ပြသတော့ မှာ ဖြစ်ကြောင်း ပြောပါတယ်။ ရုပ်ရှင်ကားကြီးမှာ မြန်မာ့ကျေးရွာ ဓလေ့ ပွဲတော်များ ကို ဖော်ကျူးထားတဲ့ ကားလည်းဖြစ်ကြောင်း ပြောပါတယ်။ ဒီဇာတ်ကားကြီးမှာ နေမင်းကို တစ်ဖက်သတ် ကြိုက်တဲ့ ရွာက ခပ်ကြောင်ကြောင် ကောင်မလေး နေရာကနေ သရုပ်ဆောင်ထားကြောင်း လည်း ပုလဲဝင်း ကပြောပါတယ်။ ဇာတ်လမ်းကိုလည်း ရွေးချယ်ပြီး ရိုက်ကူးဖြစ်နေတဲ့ အတွက် ဇာတ်ကား ရိုက်ကူးမှုတွေ ကျဲသွားရခြင်း အကြောင်း ကို ပုလဲဝင်းက''တစ်လမှ ၁ကား၊၂ကား လောက်ပဲ ပုံမှန် ရိုက်ဖြစ် ပါတယ်။ အဲဒါကြောင့် ဇာတ်ကား ရိုက်ကူးမှုတွေ ကျဲသွားတာပါ။ ကိုယ့်ကို လာငှားတဲ့ ကားတွေ ကို လက်ခံဖြစ်ပါတယ်။ အဓိက ကတော့ ဒီလပိုင်းမှာ အမေရိက ခရီးသွားဖို့ရှိတယ် ဆိုတော့ ကြိုပြီး လက်မခံထားဘူး။ အဲဒါကြောင့် ဒီကြားထဲမှာ လက်မခံထားရဲဘူး။ ကိုယ်ထွက်သွားရင် ကိုယ့်ဘက် က ပျက်ကွက် သွားမယ်လေ။ ဒီကြားထဲမှာလည်း ကိုယ့်ဘာသာ လုပ်လို့ ရတဲ့ စီးရီးကိုလုပ်ဖြစ်နေတယ်။ ရိုက်ထားတဲ့ ကားတွေကလည်း မထွက်သေးတဲ့ ကားတွေရှိတယ်။ ငှားတဲ့ကားတွေကိုတော့ ရိုက်ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ထိုက်သင့်သလောက်တော့ ရွေးချယ် ပါတယ် ။ ရွေးချယ်တယ် ဆိုတာ ကိုယ့်အတိုင်းအတာ ကိုယ့်အနေအထား နဲ့ပေါ့။ လုပ်ခွင့်ရတဲ့ သရုပ်ဆောင်မှုမျိုး၊ ကိုယ်ပါဝင်ရတဲ့ ဇာတ်ကားက အကျိုး သက်ရောက်မှု ရှိတာမျိုး၊ ဇာတ်ကားမှာ ဘယ်လောက်ပံ့ပိုးပေးနိုင်လဲ အဲဒါကို ကြည့်ပြီး ရိုက်ဖြစ်တယ်။ ကိုယ်ပါဝင်ရတဲ့ အခန်းက ဇာတ်ကားကို ပံ့ပိုးပေးနိုင်မှု မရှိဘူး၊ သိပ်ပြီး လုပ်ကွက် မရှိတာမျိုးဆိုရင် သရုပ်ဆောင် တစ်ယောက် ဆိုတာမျိုး မလုပ်ချင်ဘူး။ ကိုယ်လုပ်ရတဲ့ နေရာလေးက လုပ်ကွက် ရှိလား၊ ဇာတ်လမ်းကို ပံ့ပိုးပေးနိုင်လားဆိုတာကို ကြည့်ပြီးရွေးချယ် ပါတယ်'' လို့လည်း ပြောပါတယ်။ ပုလဲဝင်းက သရုပ်ဆောင်အပြင်တစ်ကိုယ်တော် စီးရီး လည်း ပြင်ဆင်နေ ပါတယ်။ တစ်ကိုယ်တော် စီးရီးမှာ ဇဝါ၊ဖိုးကာ၊ ရဲလေး၊ ဆိုတေး၊ နေရောင် တို့ကသီချင်း များ ရေးစပ်ပေးထားကြောင်းသိရပါတယ်။ ကိုယ်တိုင်ရေးထားတဲ့ သီချင်းလည်း တစ်ပုဒ်ပါဝင် မှာ ဖြစ်ကြောင်း လည်းပြောပါတယ်။ နယ်တွေမှာ သွားဖျော်ဖြေတဲ့အခါမှာ လည်း ကိုယ်ပိုင်သီချင်းတွေနဲ့ ဖျော်ဖြေချင်ပါ စီးရီးထုတ်ရတာ ဖြစ်ကြောင်း လည်း ပြောပါတယ်။ စီးရီးမှာ အချစ်သီချင်းပုံစံလေးတွေ အများဆုံး ပါဝင် မှာဖြစ်ပြီး အချစ်ရေး ကတော့ ထွေထွေထူးထူး မရှိသေးကြောင်း လည်း ပြောပါတယ်။ BY POPULAR NEWS |
Posted: 21 Jun 2012 03:33 AM PDT
မြန်မာနိုင်ငံတွင် တစ်နေ့လျှင် ကျပ်နှစ်ရာဖြင့် အင်တာနက်အသုံးပြုခွင့်ရရှိစေမည်
အဆိုပါဝန်ဆောင်မှုမှာ လက်ရှိတွင် အင်တာနက်လျှောက်ထားပြီးဖြစ်သော CDMA, GSM Mobile ဖုန်းများတွင်သာ အသုံးပြုနိုင်သေးကြောင်းနှင့် စမ်းသပ်ဆဲကာလတွင် ငွေပေးသွင်းစရာမလိုပဲ အသုံးပြုနိုင်ကြောင်းကိုလည်း သိရှိသည်။ စမ်းသပ်ကာလကျော်လွန်ပြီး နောက်ပိုင်းအသုံးပြုခမှာ တစ်ရက်လျှင်ကျပ် ၂၀၀ ကျပ်နှုန်းဖြင့် ၂၄ နာရီ အသုံး ပြုနိုင်မည်ဖြစ်ကြောင်း ရတနာပုံ Call Center က ဆိုသည်။ “အသုံးပြုလို သူတွေအနေနဲ့ Call Centerကို အသုံးပြုလိုကြောင်း Message ပေးပို့ ရမှာ ဖြစ်ပါတယ်။” ဟု Call Center မှ ၀န်ထမ်း တစ်ဦးက ပြောသည်။ပေးပို့ရာတွင် Call Center ၏ ကုတ်နံပါတ်တစ်ခုဖြစ်သည့် (၁၈၈၃) သို့ GET MAIL ဆိုသော စကားလုံး အား အင်္ဂလိပ်အက္ခရာ စာလုံးကြီးများ အသုံးပြုကာ သုံးစွဲလိုသူများ၏ အင်တာနက် Account နှင့် Password များအား ပေးပို့ရမည် ဖြစ်သည်။ Mobile E-mail Service တွင် E-mail တစ်ခုတည်းကိုသာ အသုံးပြုနိုင်မည်ဖြစ်ပြီး အခြားသော web-site များအသုံးပြုပါက မူလအတိုင်း ၁ မိနစ်လျှင် ၂ ကျပ်မှ ၄ ကျပ် အထိ ကျသင့်ကာ အသုံးပြုခများအား မိုဘိုင်းဖုန်းဘေလ်ထဲမှ ဖြတ်သွားမည်ဖြစ်သည်။ အဆိုပါ မေးလ် ၀န်ဆောင်မှု သုံးစွဲသူများအတွက် တစ်လစာ (၆၀၀၀)ကျပ်အဖြစ် သတ်မှတ်ထားပြီး အသုံးမပြု လိုပါက Call Center သို့ ထပ်မံအကြောင်းကြား၍ Server ပိတ်ထားရမည်ဖြစ်ကြောင်းကိုလည်း သိရသည်။ ဆက်လက်ဝန်ဆောင်မှုမပြုလိုကြောင်း အကြောင်းကြားစာ မပို့ပါက တစ်လလျှင် ကျပ်(၆၀၀၀) စီ မိမိဖုန်း ဘေလ်ထဲမှ ဖြတ်တောက်ခြင်းခံနေရမည်ဖြစ်ကြော အဆိုပါ ၀န်ဆောင်မှုကို ယခု ဇွန်လကုန်အထိ အခမဲ့ အသုံးပြုနိုင်မည်ဖြစ်ပြီး အသုံးပြုခကောက်ခံမှုအား ဇူလိုင်လ (၁)ရက်နေ့မှ စတင်ကောက်ခံတော့မည်ဖြစ်သည်။ ဥာဏ်ဥာဏ် (မြစ်မခ) by Myit Makha Mediagroup |
Posted: 21 Jun 2012 03:30 AM PDT
ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ ယုဇနပိာုတယ်၌ ဇွန်လ(၂၀)ရက်နေ့ နံနက်၃နာရီခွဲအချိန်တွင် ကိုရီးယား လင်မယားနှစ်ဦးတည်းခိုနေရာမှ ကိုရီိးယားအမျိုးသား၏ ဓားချက်ကြောင့် ကိုရီးယားအမျိုးသမီး အသက် ဆုံးရှုံးမှုဖြစ်ပွားခဲ့ကြောင်း စုံစမ်း သိရသည်။
ဖြစ်စဉ်မှာ ယုဇနပိာုတယ် အခန်(၈၀၅)တွင် ဧည့်ဗီဇာဖြင့်နေထိုင်လျှက်ရှိေ “ကိုရီးယားအမျိုးသားကိုတော့ ဗပာန်းရဲစခန်းမှာပဲ ချုပ်ထားပါတယ်။ အမှုနဲ့ ပတ်သက်တာကိုတော့ဘာမှ မပြောနိုင်သေးပါဘူး။ ”ပာု ဗပာန်းမြို့နယ်က ရဲအရာရှိတစ်ဦးက ဆိုသည်။ အဆိုပါ အမှုနှင့်ပတ်သက်၍ ဗပာန်းရဲစခန်းမှ မှတ်ချက်တစ်စုံတစ်ရာမှ ပေးလိုခြင်းမရှိကြောင်း ရဲစခန်းမှတာဝန်ရှိသူတစ်ဦးက ပြောသည်။ ၄င်းတို့နှစ်ဦးသည် မြန်မာနိုင်ငံသို့ ဘုရားဖူးရောက်ရှိလာခဲ့ခြင်ြး “သူတို့က ကိုရီးယားအဖွဲ့အစည်းတွေ ဘုရားတွေ ဘာတွေ သွားဖူးပြီးသွားပြီ။ ဘုရားက ၀ယ်လာတဲ့ဓားနဲ့ စိတ်ဖောက်ပြန်ပြီး သတ်လိုက်တာ။ ”ပာု ယုဇနပိာုတယ် အနီးတွင် ထမင်းဆိုင်ဖွင့်ထားသော အမျိုးသမီး တစ်ဦးက ဆိုသည်။ ထိုကိစ္စနှင့်ပတ်သတ်၍ မြန်မာပြည်အခြေစိုက် ကိုရီးယားသံရုံးအားမေးမြန်းရာ သတင်းထုတ်ပြန်မည့်သူမရှိ၍ မေးမြန်း၍ မရခဲ့ပေ။ အဆိုပါ မစ္စတာကင်ညောင်တိတ်(၅၈နှစ်)သည် လူသတ်မှုကျူးလွန်စဉ် ၄င်း၏မိန်းမအား ဗိုက်ကိုခွဲ၍ အူများကို ဆွဲထုတ်ထားကြောင်း သိရသည်။ စောဇင်ညီ(မြစ်မခ) by Myit Makha Mediagroup |
Posted: 21 Jun 2012 03:21 AM PDT
ဇွန်လ ၂ ရက်နေ့က ဖြစ်ပွားခဲ့သော မူဆလင် ဘာသာဝင် ၁၀ ဦး သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ တောင်ကုတ်မြို့တွင် လူပေါင်း ၄၀ ကျော်ကို သက်ဆိုင်ရာမှ ခေါ်ယူ စစ်ဆေး မေးမြန်း ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
စစ်ဆေးမူအား စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ) အမှတ် ၅ ဌာနချုပ်တွင် စစ်ဆေးခြင်း ဖြစ်သည်။ “ ဒီလ ၁၆ ရက်နေ့က ပထမဆုံး အနေနဲ့ ဦးကျောက်တောင်ရဲ့ လမ်းအထူးအဖွဲ့ (မောင်းတံ ဂိတ်အဖွဲ့) ကို ခေါ်ယူ စစ်ဆေးပါတယ်။ ၁၇ ရက်နေ့မှာ ကျွန်တော်တို့ကို ခေါ်ယူ စစ်ဆေးပါတယ်။ အခင်းဖြစ်ပွားတဲ့ အနေအထားကို မေးတယ်။ ကျွန်တော်တို့ကလည်း တွေ့မြင်ခဲ့ရတဲ့ အခြေအနေတွေကို မှတ်မိသလောက် ပြန်ပြောပြလိုက်ပါတယ် ” ဟု ခေါ်ယူ စစ်ဆေးခံရရာတွင် ပါဝင်သူ တောင်ကုတ်မြို့ NLD အဖွဲ့ဝင် လူငယ်တစ်ဦးက နိရဉ္စရာသို့ ပြောသည်။ ခေါ်ယူ စစ်ဆေးရာတွင် ရိုက်နှက် ခြိမ်းခြောက်ခြင်းမျိုး မပြုလုပ်ဘဲ ပုံမှန်အတိုင်း မေးမြန်းခြင်း ဖြစ် သည်ဟု သူက ပြောသည်။ “လူတွေကို ဟိုတုန်းကလို ရိုက်နှက် စစ်ဆေးတာတွေတော့ မပြုလုပ်ပါဘူး။ မြို့နယ်အုပ်ချုပ်ရေးမှူး ကိုယ်တိုင် က ရှိနေတော့ သူတို့ သိချင်တာတွေကို ချော့မော့ပြီး မေးတယ်။ ကျွန်တော်တို့ကလည်း ကိုယ်မြင်တွေ့တာ တွေကို အမှန်အတိုင်း ပြောလိုက်တယ်။ စစ်ဆေးခံရတဲ့ သူတွေအားလုံးကိုလည်း လေးလေးစားစား ပြောဆို ဆက်ဆံပါတယ်” ဟု ဆိုသည်။ ယခု အချိန်ထိ မေးမြန်း စစ်ဆေးခံရသူမှာ လူပေါင်း ၄၀ ကျော် ရှိသွားပြီ ဖြစ်ပြီး တစ်ဦးချင်းစီ ထွက်ဆိုချက်များကို အသံဖိုင်၊ လက်ရေးစာများဖြင့် မှတ်တမ်းတင်ထားကြောင်း သိရသည်။ “ ခေါ်ယူ စစ်ဆေး မေးမြန်းတာလောက်ဘဲ လုပ်တာပါ။ သူတို့တော့ အကုန် လိုက်မှတ်တမ်းတင်ထားပါတယ်။ အခုလို စစ်ဆေးတာတွေ ရှိနေပေမယ့် ဖမ်းဆီးတာတော့ အခုအချိန်ထိ မရှိသေးပါဘူး။ နောက်တော့ မပြောနိုင်ပါ” ဟု သူက ပြောသည်။ ခေါ်ယူ စစ်ဆေး မေးမြန်းရာတွင် အခင်းဖြစ်ပွားနေချိန်တွင် တောင်ကုတ်-သံတွဲ လမ်းခွဆုံရှိ လမ်းညွှန်ဆိုင်းဘုတ် ပေါ်မှ ဖုန်း၊ MP 4 များဖြင့် ဓာတ်ပုံရိုက်နေသူများနှင့် ရုပ်ချင်း ဆင်သူများကို ရဲတပ်ဖွဲ့မှ လိုက်လံ စုံစမ်းပြီး ခေါ်ယူကာ စုံစမ်းစစ်ဆေးရေး အဖွဲ့သို့ ပေးပို့ခဲ့မူများလည်း ရှိနေကြောင်း အဆိုပါ ဖြစ်စဉ်ကို လေ့လာသူ တောင်ကုတ် ဒေသခံ တစ်ဦးက ပြောသည်။ တောင်ကုတ်မြို့တွင် ဖြစ်ပွားခဲ့သည့် အမှုအခင်းနှင့် ပတ်သက်ပြီး အမြန်ဆုံး ဖေါ်ထုတ်နိုင်ရန် အတွက် ပြည်ထဲ ရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့် ဦးဆောင်သော အပါအ၀င် အဖွဲ့ဝင် ၁၆ ဦးပါဝင်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဇွန်လ ၆ရက် တွင် စတင်ဖွဲ့စည်းခဲ့သည်။ စုံစမ်းစစ်ဆေးရေး အဖွဲ့သည် စုံစမ်း စစ်ဆေး တွေ့ရှိချက်များကို ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံး ထား၍ နိုင်ငံတော်သမ္မတထံ တိုက်ရိုက် အစီရင်ခံရမည် ဖြစ်ကြောင်း သိရသည်။ မောင်ရမ္မာ- နိရဉ္စရာ သတင်းဌာန |
Posted: 21 Jun 2012 03:18 AM PDT
ရသေ့တောင်မြို့နယ် ကူတောင် ကျေးရွာမှ ဇွန်လ ၁၉ ရက်နေ့က အသတ်ခံခဲ့ရသော အလောင်း (၁၀) လောင်းကို ယနေ့တွင် အနောက်ပြင်ရွာမှ ရှာဖွေ့ တွေ့ရှိကြောင်း သတင်း ရရှိသည်။
“ ရရှိတဲ့ အလောင်းက ၁၀ လောင်း ဖြစ်ပါတယ်။ တစ်လောင်း မီးရှို့ သတ်ထားတဲ့ အတွက် အရိုးဘဲ ရပါတယ်။ ကျန်ခုနှစ်လောင်းကလည်း ရုပ်ပျက် ဆင်းပျက် ဖြစ်နေတဲ့ အတွက် မှတ်မရတော့ဘူး။ နှစ်လောင်းကိုဘဲ မှတ်ရပါတယ်” ဟု ဒေသခံ တစ်ဦးက နိရဉ္စရာသို့ ပြောသည်။ ယခုအခါ အလောင်းများကို အနောက်ပြင် မွတ်ဆလင်ရွာမှ ကူတောင်သို့ သယ်ယူလာကြပြီ ဖြစ်ကြောင်း သူက ဆိုသည်။ “ အလောင်းတွေကိုတော့ ကူတောင်ကို အခုဘဲ သယ်ယူလာပါပြီ။ ဒီနေ့ဘဲ သဂြိုလ်မှာ ဖြစ်ပါတယ်” ဟု ပြောသည်။ သေဆုံးသူများ သန္တာအောင်၊ မောင် အောင်အောင်ထွန်း ၊ ဦးတင်လှိုင် (စစ်မှုထမ်းဟောင်း)၊ ဦးစိုးသန်း (အလယ်တန်းပြ ကျောင်းဆရာ)၊ ဦးပြူးချေ (အရပ်သား)၊ မောင် ကျော်မင်းထွန်း (ဗွီဒီယို မင်းသား)လောင်းချောင်းကျေးရွာ၊၊ ဦးသောင်းရွှေထွန်း (အရပ်သား)၊ ဦးသန်းရွှေ (အရပ်သား)၊ ဦးသန်းဝင်း (အရပ်သား) နှင့် ဦးထွန်းဘော် (အရပ်သား) တို့ ဖြစ်ကြသည်။ ဦးသိန်းဟန် (ကျောင်းဆရာ (ငြိမ်း)၏ အလောင်းအား အခင်း ဖြစ်ပွားသည့် ဇွန်လ ၁၉ ရက်နေ့ ရရှိခဲ့သည်။ ဒဏ်ရာ ရရှိသူများမှာ ဦးကျော်ဝင်း (ဒဏ်ရာပြင်းထန်-စစ်တွေဆေးရုံသို နိရဉ္စရာ သတင်းဌာန |
Posted: 21 Jun 2012 03:16 AM PDT
မောင်တောမြို့နယ်တွင် ပေါ်ပေါက်ခဲ့သော ဆူပူ အကြမ်းဖက်မူများကို ဦးဆောင် သူများနှင့် နောက်ကွယ်မှ သွေးထိုးလုံဆော်သူများကို လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုက်လံ ဖမ်းဆီးနေကြောင်း သတင်း ရရှိသည်။
ဇွန်လ ၁၅ ရက်နေ့က မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကယ်ဆယ်ရေးစခန်း သို့ ရောက်ရှိလာစဉ် အကြောင်းမဲ့၊ အပြစ်မဲ့၊ ဥပဒေမဲ့ လုပ်ဆောင်ခဲ့ကြသည့် ကျူးလွန်သူများအား ခွင့်မလွှတ်နိုင်ကြောင်း၊ ဦးစီး ဦးဆောင် လုပ်သူများကို ဥပဒေနှင့်အညီ ပြစ်မူ ကြီးငယ် အလိုက် အပြစ် ရှိသူများကို အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ နယ်စပ်ရေးရာ ၀န်ကြီးနှင့် မြန်မာ့စက်မူ ဖွံ့ဖြိုရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးက ပြောကြားခဲ့သည်။ ၎င်းနောက်ပိုင်းတွင် ဖမ်းဆီး အရေးယူမူများ ရှိလာခဲ့ခြင်း ဖြစ်သည်။ “ အခုကတော့ တော်တော်များများကို လိုက်ဖမ်းဆီးနေပါတယ်။ ကျွန်တော်တို့ သိရသလောက် ဆူပူ မူကို ဦးဆောင် ဦးရွက်ပြုခဲ့တဲ့ သူတွေနဲ့ နောက်ကွယ်က ကြိုးကိုင်ခဲ့သူတွေကို အဓိကဖမ်းဆီးနေ တာ ဖြစ်ပါတယ်။ သိရသလောက် လူပေါင်း ၁၀၀ ကျော် အဖမ်းခံရပြီလို့ သိရပါတယ်” ဟု အမည် မဖေါ်လိုသူ အာဏာပိုင်များနှင့် နီးစပ်သူ တစ်ဦးက နိရဉ္စရာကို ပြောသည်။ ယခုကဲ့သို့ ဖမ်းဆီးနေမူများကြောင့် ဆူပူ အကြမ်းဖက်မူကို ဦးဆောင်ခဲ့သူ အများအပြား မှာ နေအိမ် များမှ ထွက်ပြေးနေကြသည်ဟု သူက ဆက်ပြောသည်။ သို့သော် မောင်တောခရိုင် ထိပ်ပိုင်း အာဏာ ပိုင်များနှင့် အပေးအယူ ရှိသူ တစ်ချို့မှာ ဦးဆောင်မူ နေရာမှ ပါဝင်ခဲ့သော်လည်း ယခုအချိန်ထိ ဖမ်း ဆီး အရေးယူ ခံရခြင်း မရှိသေးကြောင်းလည်း သူက ပြောသည်။ ဇွန်လ ၈ ရက်နေ့က အကြမ်းဖက်သူများ လက်ချက်ကြောင့် မောင်တောမြို့နယ် တောင်ပိုင်းမှ သရေ ကုန်ဘောင်၊ ဝေသာလီ၊ ကန်သာယာ၊ ခရေမြိုင်၊ ရွှေရင်အေး၊ ကိုင်းကြီးရွာနှင့် မောရ၀တီတို့ မီးရှို့ ခံခဲ့ရပြီး လူအများအပြားလည်း အိုးမဲ့ အိမ်မဲ့ ဖြစ်ကာ ဘေးလွှတ်ရာကို ထွက်ပြေးခဲ့ရသည်။ “ အစိုးရ စာရင်းအရ မောင်တော တောင်ပိုင်းမှာ ရွာပေါင်း (၇) ရွာက အိမ်ခြေ ၃၆၇ လုံး မီးရှို့ခံရတဲ့ အတွက် လုံးဝ ပျက်စီးသွားတယ်လို့ ဖေါ်ပြပါတယ်။ ကျွန်တော်တို့ လိုက်လံ စုဆောင်းရသလောက် ဆိုရင် ပျက်စီးသွားတဲ့ အိမ်က ဒီထက်ပိုပါတယ်။ မောင်တောမြို့ပေါ်နဲ့ပါ ဆိုရင် အိမ်ခြေ ၁၀၀၀ ခန့်ရှိ ပါတယ်” ဟု သူက ဆက်ပြောသည်။ မောင်တောမြို့နယ်တွင် ပေါ်ပေါက်ခဲ့သော ဆူပူ အကြမ်းဖက် ဖြစ်စဉ်တွင် ရခိုင် လူမျိုး ၇ ဦး သေဆုံး ခဲ့ပြီး လူပေါင်း ၅၀ ခန့် ဒဏ်ရာ ရရှိခဲ့သည်။ လုံခြုံရေး တပ်ဖွဲ့ဝင်များမှ အကြမ်းဖက် ဆူပူမူများ ကို ဖြိုခွင်းစဉ် အတွင်း မွတ်ဆလင် လူမျိုး တစ်ချို့လည်း သေဆုံးခဲ့ကြောင်း၊ သို့သော်လည်း အရေအတွက် အတိအကျကို မသိရှိရကြောင် သူက ပြောသည်။ မောင်တောတွင် ဆူပူ အကြမ်းဖက်မူများ ဖြစ်ပေါ်ပြီးနောက် အဆိုပါ ဆူပူမူမှာ စစ်တွေမြို့ထိ ကူးစက် သွားခဲ့ကြောင်း၊ ၎င်းနောက်ပိုင်း မောင်တောတွင် ဖြစ်ပျက်ခဲ့မူများအား လူအများ မေ့ပျောက် သွားခဲ့ကြကြောင်း၊ မိမိတို့ အနေဖြင့် မောင်တောမြို့နယ်တွင် ဖြစ်ပျက်ခဲ့သော ဆူပူမူကို တိတိကျကျ မှန်မှန်ကန်ကန် ဖေါ်ထုတ် အရေးယူရန် လိုလားနေကြောင်း သူက ပြောကြားသည်။ နိရဉ္စရာ သတင်းဌာန |
Posted: 21 Jun 2012 03:07 AM PDT
ရခိုင်ပြည်နယ် စစ်တွေမြို့နယ်၊ ပုဏ္ဍားကျွန်းကျေးရွာတွင်အခြေခံ
"ကျောင်းတွေကိုမေလ(၅)ရက်နေ့က စပိတ်ထားတာမေ(၁၈)ရက်နေ့ကြတော့ဗိ ကျောင်းများပြန်လည်ဖွင့်နိုင်ေ ရခိုင်ပြည်နယ်တွင်စစ်တွေမြို့ "ကျောင်းပြန်ဖွင့်ထားပေမဲ့ ကျောင်းသားမိဘတွေကစားဝတ်နေရေး (၈၈)မျိုးဆက်ကျောင်းသားများက ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းများကိုပစ္စည်းများ သွားရောက်လှူဒါန်းရင်း ယခုကဲ့သို့ သိရှိခဲ့ခြင်းဖြစ်သည်။“ကျွန်မတု ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းများသို့ ပစ္စည်းများလှူနိုင်ရန်(၈၈)မျိုး ဝေယံမိုးဦး(မြစ်မခ) by Myit Makha Mediagroup |
Posted: 21 Jun 2012 03:04 AM PDT
ကချင်ပြည်နယ်တွင် မတရားအသင်းနှင့်ပတ်သက်ဆက်နွယ်ေ
ပုဒ်မ-၁၇(၁) အမှုအား နောက်ထပ်ဖမ်းဆီးမှုမပြုရန်လည်း ဝန်ကြီးဦးအောင်မင်းက ပြောကြာခဲ့သေးသည်။ ဇွန်လ (၂၀)ရက်နေ့တွင်ပြည်ထောင်စုမီး “အထောက်အထား အတိအကျ မရှိသေးတဲ့ဟာတွေကို အကုန်ဖြုတ်ပေးရမယ်။ အထောက်အထားအတိအကျရှိတဲ့ လူတွေကိုတော့ နောင်အလျင်းသင့်တဲ့အချိန် အကုန်ပြန်လွှတ်ပေးရမယ်။ တရားရုံးကိုတင်ထား တဲ့အမှုတွေတော့ နည်းနည်းစောင့်ရမယ်။ ရဲစခန်းမှာ ရှိတဲ့သူတွေက အားလုံးလွတ်စေရမယ်။”ဟု တွေ့ဆုံပွဲတက်ရောက်ခဲ့သည့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအကျိုးဆောင် ဦးအင်ရှန်ဆန်အောင်က ပြောသည်။ ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို)နှင့် ပတ်သက်ဆက်နွယ်နေသည်ဟု ယူဆရသူများအား ပုဒ်မ ၁၇(၁) အမှုဖြင့် မသင်္ကာသူ များအား စစ်တပ်ကဖဖ်းဆီး၍ သက်ဆိုင်ရာရဲစခန်းသို့ ဖမ်းဆီးပို့ဆောင်ထားခြင်း ဖြစ်သည်။ ကချင်ပြည်နယ် တရားရုံးတွင်စွဲချက်တင်ထားသည့် ပုဒ်မ ၁၇(၁) အမှု စုစုပေါင်း(၂၉ )မှုတိတိ ရှိနေပြီး စွဲချက် မတင်သေးသော(ရမန်) အမှုမှာ (၂၀) ကျော်ရှိနေကြောင်း မြစ်ကြီးနား တရားရုံးမှ သိရသည်။ ကေအိုင်အိုနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးကို ဦးဆောင်သူ ဦးအောင်မင်းနှင့် တွေ့ဆုံရာတွင် ကေအိုင်အိုဘက်က အစိုးရတပ်ပေါင်း (၆၁) တပ်အား ရုတ်သိမ်းပေးရန် တောင်းဆိုထားချက်များကို ကာကွယ်ရေးဦးစီးချုပ်မှ အချို့အား သဘောတူပြီး အချို့ကို ပြန်လည်ညှိနှိုင်းကာ အပေးအယူလုပ်ဆောင် သွားမည်ဖြစ်ကြောင်း အစည်းအဝေးတက်ရောက်သူများထံက သိရသည်။ နောက်တစ်ကြိမ် တွေ့ဆုံချိန်တွင်မူ အစိုးရဘက်က ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချ ဂျာတော့(ပ်) (မြစ်မခ) by Myit Makha Mediagroup |
Posted: 21 Jun 2012 02:47 AM PDT
ရသေ့တောင်မြို့နယ်ရှိ ဂူတောင် ချေကျေးရွာသို့ ၀င်ရောက်မီးရှို့ခဲ့သည့် အနောက်ပြင်ကျေးရွာမှ ဘင်္ဂါလီ ၁၀၀
ခန့်အနက် ၂၂ ဦးအား လုံခြုံရေးအဖွဲ့များက ဖမ်း ဆီးရမိထားပြီးဖြစ်ပြီး ကျန်သူများ ကိုလည်း ဆက်လက်ဖမ်းဆီးလျက်ရှိကြောင်း ရသေ့တောင်မြို့ရောက် 7 Day သတင်းထောက်က ပေးပို့သည်။ ဖြစ်ပွားပုံမှာ ဇွန်လ ၁၉ ရက်က ဂူတောင်ချေကျေးရွာသို့ ဘင်္ဂါလီ ၁၀၀ ခန့်မှ အိမ်များကိုလာရောက်မီးရှို့ခဲ့ လယ်ကွင်းများအတွင်း ပုလင်းကွဲများ၊ တွင်းများတူးထားပြီး ထောင်ချောက်များ ဆင် ထားသည့်အတွက် ရခိုင်လူမျိုးများ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရရှိသူများကို ဘင်္ဂါလီကျေးရွာများအတွင်းသို့ ခေါ်ဆောင်သွားကာ သတ်ပစ်ကြောင်း ယင်းဖြစ်စဉ်တွင် ပါဝင်ခဲ့သူတစ်ဦးဖြစ်သူ ဂူတောင်ချေကျေးရွာမှ ကိုဝင်းချေကပြောသည်။ ဖြစ်စဉ်တွင် ဘင်္ဂါလီများဘက်မှ တူးမီးသေနတ်များကိုပါ အသုံးပြုသည်ဟုသိရပြီး တူးမီးသေနတ် ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဒဏ်ရာရသူများမှ ရသေ့တောင်ဆေးရုံတွင် ကုသမှုခံယူနေရကြောင်း သတင်းရရှိသည်။ ဇွန်လ ၂၀ ရက်တွင် မြို့နယ် သံဃာ့နာယကအဖွဲ့ဆရာတော် ၄၃ ပါး၊ လုံခြုံရေးအဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ မြို့မိ၊ မြို့ဖများ ဂူတောင်မြောက်ကျောင်းတွင် စည်းဝေးခဲ့ကြပြီး အလောင်းများကို ပြန်လည်တောင်းခံရာ ည ၁၀ နာရီခန့်တွင် အလောင်းသုံးလောင်းကို ဘင်္ဂါလီများက ထုတ်ပေးခဲ့ပြီး ညလုံးပေါက် တောင်းဆိုရာမှ စုစုပေါင်းအလောင်း ၁၀ လောင်းကို ရရှိခဲ့သည်။ လက်ရှိ ၁၀ လောင်းသာ ရရှိခဲ့သည့်အတွက် ယနေ့ သင်္ဂြိုဟ်ရန်စီစဉ်ထားသော်လည်း ကျန်သည့် ၁ လောင်းရမှ သင်္ဂြိုဟ်ရန် |
0 comments:
Post a Comment