Friday, June 1, 2012

စစ်ပြေးဒုက္ခသည် ကယ်ဆယ်ရေးစခန်းများတွင်မွေးဖွားသော ကလေးငယ် ၁၀၀၄ ဦးရှိ


by 7Day News Journal on Friday, June 1, 2012 at 4:28am 


တိုက်ပွဲကာလ တစ်နှစ်နီးပါးကြာမြင့်ချိန်တွင် တိုက်ပွဲပေါင်း ၁၄၀၀ ကျော်ဖြစ်ပွားခဲ့

လိုင်ဇာ၊ မေ-၂၃
အစိုးရတပ်မတော်နှင့် ကချင် လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ)တို့အကြား တိုက်ပွဲများ ဖြစ်
ပွားပြီး တစ်နှစ်နီးပါးရှိလာသောအခါတွင် စစ်ပြေးဒုက္ခသည် ကယ်ဆယ်ရေးစခန်းများမှာပင် မွေးဖွား
လာသော ကလေးငယ် ၁၀၀၄ ဦးရှိလာပြီးဖြစ်ကြောင်းသတင်းရရှိသည်။


အစိုးရနှင့် ကေအိုင်အေအကြား တိုက်ပွဲများမှာ ၂၀၁၁ ဇွန် ၉ ရက်တွင် စတင်ခဲ့ပြီး ၂၀၁၂ မေ ၂၂ ရက်အထိ တစ်နှစ်နီးပါးကာ လအတွင်း ကယ်ဆယ်ရေးစခန်းများမှာပင် မွေးဖွားလာသော ကလေးငယ်မှာ ယောက်ျားလေး ၅၅၃ဦး၊ မိန်းကလေး ၄၅၁ဦး၊ စုစုပေါင်း ၁၀၀၄ ဦးရှိပြီဖြစ်ကြောင်း ကချင်လွတ်လပ်သောအဖွဲ့(ကေအိုင်အို) က ဖွဲ့စည်းထားသော စစ်ဘေးဒုက္ခသည်များ ကယ်ဆယ်ရေးကော်မတီဥက္ကဋ္ဌ ဦးဒွဲပီဆက ပြောသည်။ ကလေးငယ်အများစုမှာ မိဘများက ကိုယ်ဝန်ဆောင် နှင့် စစ်ဘေးတိမ်းရှောင်လာရင်း စခန်းရောက်မှ မွေးဖွားခြင်းဖြစ်ပြီး၊ အချို့ကလေးငယ်များမှာ မိဘက စခန်းရောက်မှ ကိုယ်ဝန်ရကာ မွေးဖွားလာခြင်းဖြစ်သည်။ အဆို ပါကလေးငယ်များအတွက် ကျန်း မာရေးဆိုင်ရာ အကူအညီများစွာလိုအပ်နေဆဲ ဖြစ်သည်ကို တွေ့ရ သည်။

စစ်ပွဲကာလ ၁၁ လကျော် ၂၀၁၁ ဇွန် ၉ မှ မေ ၂၁ ရက်အ ထိ အစိုးရနှင့် ကေအိုင်အေကြား ဖြစ်ပွားခဲ့သော တိုက်ပွဲအကြိမ်ရေ မှာ ၁၄၀၈ ပွဲရှိပြီး သမ္မတဦးသိန်းစိန်က ထိုးစစ်များကို ရပ်တန့်ရန် ညွှန်ကြားသော    ဒီဇင်ဘာလ နောက်ပိုင်းဖြစ်ပွားသော တိုက် ပွဲ ၆၁၆ ပွဲရှိကာပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟို ကော်မတီနှင့် လုပ်ငန်းကော်မတီတို့ ဖွဲ့စည်းခဲ့သော မေ ၁ ရက် နောက်ပိုင်း ၂၁ ရက်အတွင်း တိုက်ပွဲ ၁၄၅ ကြိမ် ဖြစ်ပွားခဲ့ကြောင်း ကေအိုင်အို၏ ပြောခွင့်ဆိုခွင့်ရှိသူ ဦးလနန်းကပြောသည်။

စစ်ပွဲများကို ရှောင်တိမ်းရန် နေရပ်ဇာတိမှ ထွက်ပြေးလာရသော စစ်ဘေးဒုက္ခမှာ ကေအိုင်အို ထိန်းချုပ်ထားသော နယ်မြေ များရှိ ကယ်ဆယ်ရေးစခန်း ၅၀ မှာပင် ဒုက္ခသည် ၅၂၀၀၀ ၀န်းကျင်ရှိပြီး အစိုးရထိန်းချုပ်ထားသော ကယ်ဆယ်ရေးစခန်းများ တွင် ဒုက္ခသည် ၂၀၀၀၀ ကျော် ရှိကာ စုစုပေါင်း အနည်းဆုံး  ၈၀၀၀၀ ကျော်ရှိကြောင်းလည်း ၎င်းင်းကပြောသည်။ သို့သော် ကယ် ဆယ်ရေးစခန်းများသို့ ရောက်မလာဘဲ မိမိနေရပ်မှာပင် ပုန်းခိုနေသူ၊ တရုတ်နိုင်ငံဘက်သို့ ထွက် ပြေးရှောင်တိမ်းသွားသူ၊ အခြား ပြည်တွင်းဒေသများရှိ ဆွေမျိုးများထံသို့ သွားရောက်တိမ်းရှောင် နေသူများစွာ ရှိနေကြောင်း ၎င်းက ပြောသည်။

တရုတ်နိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်သော စစ်ဘေးဒုက္ခသည်အရေအတွက်မှာ ၇၀၀၀
ဝန်းကျင်ရှိကြောင်း ၎င်းက ဆိုသည်။ စစ်ဘေးဒုက္ခသည်များ အတွက် အဓိကလိုအပ်ချက်ကို “စား
ရေး၊ သောက်ရေးပေါ့။ အဓိကကတော့ ရိက္ခာပေါ့။ နောက် ကျန်းမာရေး ဆေးဝါးပေါ့”ဟု ဦးဒွဲပီဆ က ပြောသည်။

စစ်ပြေးဒုက္ခသည်များအ တွက် ကေအိုင်အိုက အသုံးပြု သော စရိတ်မှာ မေ ၂၂ ရက်အ
ထိ ကျပ်ငွေ ၄၆၈၄ သိန်း၊ တရုတ်ယွမ်ငွေ ၅၁ သိန်းကျော်ရှိသည်ဟု ၎င်းကပြောသည်။ ထို့ကြောင့်
ကေအိုင်အိုက စစ်ရေးအသုံးစရိတ်ထက် စစ်ဘေးဒုက္ခသည်များအတွက် အသုံးစရိတ်ကို အကြမ်းဖျင်း
သုံးဆကျော်    ပိုမိုသုံးစွဲထားကြောင်း  ၎င်းကဆက်ပြောသည်။    

ရေးသားသူ- အားမာန်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...