Sunday, June 10, 2012

မြန်မာများ .. အမှားကမ္ဘာ


by
 Maung Thura on Tuesday, June 5, 2012 at 2:49am ·




သူ့အပြစ်ကို ကိုယ့်အပြစ်ဖြစ်အောင်လုပ်တဲ့ မြန်မာ
ခင်ဗျားတို့အရမ်းမှားတယ် ...

ရိုင်းရိုင်းပဲပြောမယ်ဗျာ
ရမ်းဗြဲကိစ္စမှာ ကုလားတွေမှားတယ်
သူများသားသမီးကို အဓ္ဓမ လူမဆန်စွာသတ်ဖြတ်စော်ကားသွားတာ
ကုလားတွေတော်တော်မှားတယ်

အခု တရားခံတွေကိုမိသွားပြီ
သူတို့ဘ၀ချုပ်ငြိမ်းသွားပြီ
အနာဂတ်မရှိနိုင်တော့ဘူး
သူတို့အပြစ်သူတို့ခံရတော့မယ်

ရိုင်းရိုင်းပဲပြောမယ်ဗျာ
ကုလား ၁၀ ယောက်အသတ်ခံရတဲ့ကိစ္စမှာ
မြန်မာတွေမှားတယ်

ဘာအပြစ်မှမရှိတဲ့ အဓိပ္ပါယ်မရှိပဲ ရက်ရက်စက်စက်သတ်ဖြတ်လိုက်တာ
မြန်မာတွေစောက်ရမ်းမှားတယ်

အပြစ်ရှိတဲ့တရားခံကိုသိသွားပြီ
အပြစ်ရှိတဲ့ တရားခံကိုမိသွားပြီ
မြန်မာပြည်က ကုလားတွေ သိမ်ငယ်ကုန်ပြီ
သူတို့လူမျိုးကြောင့် သူတို့ဂုဏ်သိက္ခာကျကုန်ပြီ
ဦးရာဇတ်မျက်နှာ ပျက်ရပြီ
ရဲဘော်ကိုထွေး မျက်နှာငယ်ရပြီ
သူတို့လူမျိုးတွေအတွက် တမလွန်ကနေ ရတတ်မအေးဖြစ်အောင်လုပ်ခဲ့တဲ့
ကုလားတွေ အပြစ်အကြီးကြီးရှိကုန်ပြီ

အဲ့ဒါထက်အပြစ်ကြီးတာက
သူ့အပြစ်ကို ကိုယ့်အပြစ်ဖြစ်အောင်လုပ်တဲ့ မြန်မာ
ခင်ဗျားတို့က ပိုမှားတယ် 

အခုဆို ဆူပူကုန်ပြီ
အုံကြွကြကုန်ပြီ
ဘာသာရေးတွေ ကသိုက်ကရက်ဖြစ်ကုန်ပြီ
ဘယ်သူကဘာလုပ်နိုင်မှာလဲ

ကုလားလဲလူပဲ
မြန်မာလဲလူပဲ
မဟုတ်တာလုပ်ရင်တော့ ဘယ်သူမှငြိမ်ခံနေမှာမဟုတ်ဘူး
လူ ၁၀ ယောက်ကို လူအယောက်၃၀၀ က ၀ိုင်းသတ်တယ်ဆိုတာ
ရဲရင့်တာမဟုတ်ဘူး
သတ္တိရှိတာမဟုတ်ဘူး
အောက်တန်းကျတာ
အနိုင်ကျင့်တာဖြစ်သွားပြီ
မြန်မာတွေအရမ်းမှားကြပြီ

သူ့အပြစ်ကို ကိုယ့်အပြစ်ဖြစ်အောင်လုပ်တဲ့ မြန်မာ
ခင်ဗျားတို့ပိုမှားတယ်.. 

၈၈ တွေက အသွေးကိုရင်း
အသားကိုပေးဆပ်
အရိုးနဲ့အားပြုပြီး
ဒီမိုကရေစီ ကို ဆွဲထူနေချိန်မှာ
ဒီကိစ္စကြီးက
ဖင့်နှေးကြန့်ကြာအောင်
လုပ်လိုက်သလိုပဲ..........

ကုလားတွေရဲ့ လုပ်ရပ်ကို အရေးပြုပြီး
မြန်မာတွေလိုက်မိုက်နေမယ်ဆိုရင်
ခင်ဗျားတို့လိုချင်တဲ့ ဒီမိုကရေစီဆိုတာ
နှေးနေတာထက် ပိုနှေးနေဦးမှာ 

ဖြစ်ချင်တာကိုခဏထားပြီး
ဖြစ်သင့်တာကိုပဲ ဦးစားပေးကြရအောင်ဗျာ
၈၈ တွေကို အားနာကြပါဦး
သူတို့မှာ သူတို့အတွက်မငဲ့ပဲ
လူမှုရေး ၊ ဘာသာရေး ၊ စီးပွားရေး အတွက် တိုက်ပွဲဝင်ပေးဆပ်လာတာ
ပန်းတိုင်ရောက်ခါနီးမှ
ရင်ဝ ဖနောင့်နဲ့ဆောင့်ကန်သလိုမဖြစ်ပါရစေနဲ့

အပ်နဲ့ထွင်းရမယ့်နေရာမှာ ပုဆိန်ကိုအသုံးမပြုစေချင်တာတော့..........

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...