ငြိမ်းချမ်းစွာပဲ ဆန္ဒပြပြ ဆူပူစွာပဲ ဆန္ဒပြပြ အခုတစ်ခါ အမှန်အကန်ပြသင့်ပါတယ်ဆိုတဲ့အကြောင်း ခင်ဗျားတို့သိစေရန်
by ဇာ တိ on Friday, June 15, 2012 at 2:51am
ပြသနာတွေ အမြဲတမ်းဘာကြောင့်ရှာရတာလဲလို့ လူတွေက ခဏခဏလာလာမေးကြတယ်၊
တစ်ခါတစ်ရံ ပြသနာကို ကျနော်ကရှာပြီး တစ်ခါတစ်ရံ ပြသနာတွေက မရှာဖွေပဲ ကျနော့်ထံကို
ရောက်ရှိလာပါတယ် ၊ အခု ကျိုင်းတုံကိုရောက်ပြီးဘယ်နှစ်ရက်မှာမကြာသေးဘူး ပြသနာတစ်ခုတွေ့ရပြန်ပါတယ်၊
ဖြစ်ပုံက ဒီလို တိုက်ဆိုင်တယ်ပဲဆိုရမလား အင်း တိုက်ဆိုင်တယ်ပဲဆိုရတော့မှာပေါ့ ဟိုတလောက လျှပ်စီးမီးကိစ္စနဲ့ပက်သက်ပြီး
စာရေးပြီးခဲ့ပြီးပြီ အခုတစ်ခါလဲလျှပ်စစ်မီးကိစ္စနဲ့ပက်သက်ပြီးတော့ပဲဆက်ရေးမှာဖြစ်ပါတယ် ၊
ဆန္ဒပြတဲ့ကိစ္စနဲ့ပက်သက်ပြီးရေးတုန်းက ကျနော့်ကို အစိုးရဘက်တော်သားအဖြစ်အတော်များများက သတ်မှတ်လိုက်ကြတာကိုလဲ
ကြုံရပါတယ် ၊ အခု အဲ့ဒီကိစ္စကို သက်သေပြမှာဖြစ်ပါတော့တယ်၊ ခင်ဗျားတို့ဆန္ဒအတိုင်းလျှပ်စစ်မီးတွေ ရရှိလာပါပြီ ၊
ကျနော်ပြောချင်တာက ဒီကိစ္စက ပြီးသွားပြီလား လိုအင်ဆန္ဒတစ်ခုပြည့်သွားပြီဆိုတော့ ဒီကိစ္စကပြီးသွားပြီလား
မပြီးသေးပါဘူး နောက်ဆက်တွဲအနေနဲ့ အဲ့ဒီအကျိုးကျေးဇူးကိုရရှိခံစားရတာကတော့ ကျိုင်းတုံမြို့ပေါ်က ပြည်သူတွေပဲဖြစ်ပါတယ်
ခုလောလောဆည် ကျိုင်းတုံမှာ ဓါတ်အားခတိုးမြှင့်ကောက်ခံတာနဲ့ပက်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့အစီရင်ခံစာတစ်ခု
ဖတ်ရပါတယ် ၊ အဲ့ဒီဂယက်က ရန်ကုန်မြို့အပါအ၀င် အခြားမြို့တွေကိုပါ ကူးစက်လာနိုင်ပါတယ် ခုချိန်မှာ ကချင်အရေးတွေ
ရခိုင်အရေးတွေနဲ့ ဒီကိစ္စကိုအရေးမကြီးဘူးလို့များထင်ကြမလားမသိ ၊ တကယ့်တကယ် ကိစ္စတိုင်းကအရေးကြီးနေပါတယ်
အကယ်၍ ခုချိန်မှာရခိုင်အရေး ကချင်အရေးတွေကအရေးကြီးဆုံး ဖြစ်နေပေမယ့် အဲ့ဒီကိစ္စပြီးစီးသွားတဲ့အခါ
ခင်ဗျားတို့ရဲ့ မျှားတွေက ဒီဘက်ကိုထပ်မံလှည့်လာမယ်ဆိုတာ ကျနော်သိနေပါတယ်
မီတာခတွေတက်ပြန်ပြီ တစ်မိနစ် 5 ကျပ်ကနေ 10ကျပ်ကနေ 15 ကျပ်ကနေ 20 ကနေ 25 ကျပ်ကနေ တဖြည်းဖြည်းတက်လာတာ
ခုဆို ကျိုင်းတုံမြို့မှာတစ်ယူနစ်ကို120ကျပ်အထိ ဖြစ်လာပါတယ်၊ ပြည်သူတွေသုံးစွဲမှုကို တစ်ယူနစ်120ကောက်ခံပေမယ့် ဌာနဆိုင်ရာများကိုတော့ တစ်ယူနစ်100ကျပ်သာ ကောက်ခံပါတယ် အဲ့ဒီထက်ဆိုးတာက တပ်ပိုင်းဆိုင်ရာကိုတော့ တစ်ယူနစ်35ကျပ်သာကောက်ခံပြီး ဈေးနှူန်းကွာဟမှုအလွန်ပဲ ကွာခြားနေပါတယ်၊
ပြည်သူတွေ မီတာကို ချွေချွေတာတာသုံးစွဲနေတဲ့အချိန်တွင် ကျိုင်းတုံ GEတပ်မှာတော့ ၀က်မွေးမြူရေးခြံများကိုတောင်
တစ်ညလုံး မီးထိန်ထိန်ထွန်းညှိထားတာ တွေ့ခဲ့ရပါတယ် ၀က်ခြံတွေ ငါးကန်တွေကို တစ်ညလုံးထွန်းညှိထားပေမယ့် အခြားအများပြည်သူများမှာတော့ မီးမရရှိခြင်း ရရှိပြန်တော့လဲ တစ်ယူနစ်120ဆိုတဲ့ဖိအားဒဏ်တွေကြောင့်
ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတဲ့အခြေအနေတွေနဲ့ ကြုံတွေ့နေရပါတယ်၊ ရပ်ကွက်တွေထဲမှာ စပယ်ရှယ်လိုင်းတစ်လိုင်းကို ကျပ်ငွေ30000ဖြင့်ယူဆောင်၍လည်းရရှိကြောင်းသိရပါတယ်၊
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့အစီရင်ခံစာကိုလဲ မိတ်ဆွေများဖတ်ရှု့နိုင်အောင် တွဲပို့ပေးလိုက်ပါတယ် ၊ ဒီတော့ ခင်ဗျားတို့ကို ကျနော်ပြောချင်တာက လျှပ်စစ်မီး မလာလို့ ဆန္ဒပြပြီးပြီ
အခုတစ်ခါ မီတာခဈေးကြီးတယ်ဆိုတဲ့အကြောင်း ဆန္ဒထပ်ပြကြပါရန်အတွက်
ငြိမ်းချမ်းစွာပဲ ဆန္ဒပြပြ ဆူပူစွာပဲ ဆန္ဒပြပြ အခုတစ်ခါ အမှန်အကန်ပြသင့်ပါတယ်ဆိုတဲ့အကြောင်း ခင်ဗျားတို့သိစေရန်။
ဇာတိ(ဖျာပုံ)
15.6.2012
4:08 PM
0 comments:
Post a Comment