Tuesday, June 12, 2012

ဘင်္ဂလီအရေး စိတ်မအေးနိုင်စရာ


by Seaman Nayminthu on Tuesday, June 12, 2012 at 2:13am 


ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော ပြဿနာများနဲ့ ပတ်သက်၍ ၄င်းကိစ္စကို အမျိုးသားလုံခြုံရေးကိစ္စအဖြစ် သဘောထားကာ ဘင်္ဂလီကျူးကျော်စော်ကားမှုကို တမျိုးသားလုံး အညီအညွှတ်စုပေါင်း ဆန့်ကျင်ကြပါရန် တိုက်တွန်း ရေးသားနေသူများအား လေးစားပါတယ်။ ကျေးဇူးလည်း အထူးတင်ပါတယ်။

ကျနော်ကတော့ ခုကိစ္စမှာ စာဖတ်သူ သက်သက်ပါ။ ဒီအရေးနဲ့ပတ်သက်ပြီး ကိုယ့်ရဲ့သမိုင်းရေးရာဗဟုသုတ ဆင်းရဲနုံခြာမှုကို ကိုယ်တိုင်သိနေလို့သာ အမုန်းခံ လူစွာဝင်မလုပ်တာ ဖြစ်ပါတယ်။ ကိုယ်နဲ့မဆိုင်သလို ကြားနေသဘောထား မရှိပါ။ လက်လှမ်းမီသမျှ စာအုပ်စာတမ်းများကို လေ့လာဖတ်ရှုနေပါတယ်။နည်းနည်းပိုသိလာလေ စိုးရိမ်စရာကောင်းလေပါပဲ။
သို့သော် ကျနော် ပြတ်ပြတ်သားသား ယုံကြည်လက်ခံထားတာက လက်ရှိအရေးဟာ ဘင်္ဂလီကျူးကျော်မှု ဆန့်ကျင် မောင်းထုတ်ရေး သက်သက်သာ ဖြစ်ပါတယ်။ အစ္စလာမ်ဘာသာ ဆန့်ကျင်ရေး လုံးဝမဟုတ်ပါ။
ယခုကိစ္စနဲ့ ခပ်ဆင်ဆင် တရုတ်ဖြူကျူးကျော်မှုကို ဆက်စပ်တွေးကြည့်မိပါတယ်။ တရုတ်ဖြူတပ်များ ရှမ်းပြည်နယ်အတွင်း ထင်သလိုသောင်းကျန်းပြီး တမြို့ပြီးတမြို့ဝါးမြိုသိမ်းပိုက်လာချိန်မှာ ဗိုလ်ချုပ်ကျော်ဇော ဦးစီးတဲ့ မြန်မာတပ်မတော် သွားရောက်နှိမ်နင်းတိုက်ခိုက်ခဲ့ပါတယ်။ သူ့ရှေ့က ဗိုလ်မှူးကြီးကျော်စိုး ဦးစီးတဲ့ စစ်ဆင်ရေးရှုံးနိမ့်ပြန်ဆုတ်လာချိန်မှာ ဗိုလ်ချုပ်ကျော်ဇော ဦးဆောင်ချီတက်သွားတာပါ။
အဲဒီအချိန်မှာ ပါလီမန်အတွင်း အမတ်တွေကြားမှာ ဗိုလ်ချုပ်ကျော်ဇော ဦးစီးတဲ့ စစ်ဆင်ရေးကို အထင်မကြီးဟန် ပြောဆိုရယ်သွမ်းသွေးနေကြတယ်လို့ ဆိုပါတယ်။ “သံလွင်မြစ် အရှေ့ဘယ်ခြမ်းမှာ ဗိုလ်ကျော်ဇောအလောင်း ဘယ်နေ့လိုက်ကောက်ရမလဲ နားစွင့်နေကြ” တဲ့။ ဒါပေမဲ့ ဗိုလ်ကျော်ဇော ဦးဆောင်တဲ့ တပ်မတော် အောင်ပွဲ အလီလီနဲ့ ပြည်တော်အဝင်လှခဲ့ပါတယ်။
ကုလသမဂ္ဂအစည်းအဝေးတွင် တရုတ်ဖြူကျူးကျော်မှုကို မြန်မာကိုယ်စားလှယ်က တိုင်ကြားရာမှာ “တရုတ်ဖြူ ကျူးကျော်မှု”လို့ တိုက်ရိုက်မသုံးနှုန်းဘဲ “နိုင်ငံခြားတပ်များကျူးကျော်မှု” ဆိုပြီး တိုင်တန်းခဲ့ရတဲ့အချိန်ပါ။
ခုလည်း ကျူးကျော်စော်ကားမှုရင်ဆိုင်နေရဆဲ ဒေသခံ ရခိုင်တိုင်းရင်းသားတွေရဲ့ အတိဒုက္ခရောက်မှုကို အနီးကပ်ကူညီဖြေရှင်းပေးနေသူတွေ ရှိသလို ကျူးကျော်စော်ကားသူတွေကို “ဘင်္ဂလီ( ရိုဟင်ဂျာ)” ဟု မသုံးနှုန်းရဲဘဲ “တရားမဝင်ကျူးကျောနေထိုင်သူများ” ဟု ဗလုံးဗထွေး ပြောဆိုနေသံများကိုလည်း ကြားသိ နေရပါတယ်။
တရုတ်တော်လှန်ရေးတပ်တွေနဲ့ တိုက်ခိုက်ရာမှာ ရှုံးလို့ မြန်မာပြည်ထဲ ကျူးကျော်ဝင်ရောက်လာတာဖြစ်ပြီး ထင်သာမြင်သာရှိတဲ့ တရုတ်ဖြူကျူးကျော်မှုမှာတုန်းက ကွဲလွဲတဲ့ ရပ်တည်ချက်တွေ ရှိလင့်ကစား မြန်မာ့ တပ်မတော်သားတွေရဲ့ ရဲစွမ်းသတ္တိရှိမှု၊  လူထုအလွှာပေါင်းစုံ ဝိုင်းဝန်း ဆန့်ကျင်ရှုတ်ချမှုကြောင့် နောက်ဆုံးမှာ ထိုင်ဝမ်ကျွန်း အရောက် မောင်းထုတ်ပစ်နိုင်ခဲ့ပါတယ်။
ယခု ဘင်္ဂလီကျူးကျော်စော်ကားမှုမှာတော့ ရှည်ကြာလှတဲ့ သမိုင်းရေးဆိုင်ရာ မရှင်းလင်းမှုတွေရှိနေတဲ့အထဲ ကမ္ဘာ့အနှံ့က အဖွဲ့ကြီးတချို့ ကမ္ဘာ့နိုင်ငံကြီးတချို့နဲ့ ချိတ်ဆက်မှုတွေ ရှိနေတာမို့ ဖြေရှင်းရသိပ်မလွယ်ကူနိုင်ပါ။ မြန်မာဘုရင်တွေလက်ထက်ကတည်းက ဘင်္ဂလီတွေ ဒွေးရောယှက်တင် အဝင်အထွက်ရှိခဲ့ပါတယ်။ သို့ပေမဲ့ ဘယ်သောအခါကမှ အမြဲတမ်းနေထိုင်တဲ့ နိုင်ငံသားအဖြစ် သတ်မှတ်မခံခဲ့ရပါဘူး။ သတ်မှတ်ပေးလို့လည်း မဖြစ်ပါ။  
သူတို့ရဲ့ ဂျစ်ပစီဆန်ဆန် လက်ရဲဇက်ရဲနိုင်မှု၊ နိမ့်ကျရမ်းကားတဲ့စရိုက်တွေနဲ့ ဖော်ရွေပျူငှာတဲ့ မြန်မာ့လူနေမှု စရိုက် ဘယ်တော့မှ သဟဇာတ မဖြစ်နိုင်ပါ။ လက်ရှိကာလမှာပဲ စော်ကားမော်ကားပြုမှု၊ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေကို ခါးစည်း ခံစားနေရဆဲ ရခိုင်တိုင်းရင်းသားတွေရဲ့ အဖြစ်က မြေဇာပင်ဘဝကို ရောက်ရှိနေ ပါတယ်။
တရုတ်ဖြူ နဲ့ ဘင်္ဂလီ နောက်ခံအရောင်ချင်း အတူတူလို့ သမိုင်းရေး အသိအမြင်များသူတချို့ ရေးသားတာ ဖတ်ရပါတယ်။ ဒါပေမဲ့ တရုတ်ဖြူတွေကို မောင်းထုတ်ခဲ့သလို ဘင်္ဂလီတွေကို စိန့်မာတင် ကျွန်းပေါ်အရောက် မောင်းတင်ပစ်ဖို့ မလွယ်နိုင်ဘူးလို့ တွေးမိပါတယ်။   
လက်ရှိဘင်္ဂလီအရေးမှာ မြန်မာတမျိုးသားလုံး ညီညွှတ်တဲ့အပြင် မြန်မာပြည်တွင်း ငြိမ်းချမ်းစွာမှီတင်းနေထိုင် နေကြသော အစ္စလာမ်ဘာသာဝင်များ ပူးပေါင်း ပါဝင်ဆောင်ရွက်ပါမှ နေရာတခုမှာ ကန့်ထားနိုင်မယ့် အနေ အထားမျိုး ရှိနိုင်တာမို့ အမျိုးသားလုံခြုံရေး အလေးထားသူတိုင်း ဘယ်လိုလုပ်သင့်သလဲ အထူးစဉ်းစားဆင်ခြင် သုံးသပ်သင့်ပါပြီ..။
ကျနော်တို့ အမျိုးသားချင်း သူ့ကြောင့်ဖြစ်ရတာ ငါနဲ့ဘာဆိုင်လို့လဲဆိုပြီး သဘောထားကွဲလွဲနေရင်တော့ တောကြက်နှစ်ကောင် ခွပ်နေတာကို ခြုံကွယ်ကအသာစောင့်ကြည့်နေတဲ့ ယာသမားမုဆိုးရဲ့ ထောင်ချောက် တွင်းကို သက်ဆင်းရမယ့် အဖြစ်ပါ။
ညောင်မြစ်ဆိုတာ တွယ်မိတဲ့သစ်ပင်ရဲ့ အစိတ်အပိုင်းတခုထဲမှာ ရပ်တန့်မနေဘဲ သစ်ပင်တခုလုံးကို ဝါးမြို ဖျက်ဆီးပစ်တဲ့ သဘာဝကို အားလုံးအသိပါ။ အခုလည်း မြန်မာပြည်မြေပုံအနှံ ညောင်မြစ်ပွားလေးတွေ ရောက်ရှိတွယ်ကပ် နေပါပြီ။
မြန်မာနိုင်ငံသားအားလုံး တသံတည်းညီညွှတ်စေချင်ပါတယ်....
လေးစားစွာဖြင့်.....
နေမင်းသူ
၁၂-၆-၂၀၁၂

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...