Sunday, June 10, 2012

ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ ကို အခြေခံဥပဒေအရ ထုတ်ပြန်ရာမှာ အလွယ်တကူ သဘောပေါက်နိုင်စေမယ့် ရှင်းလင်းချက်


by Lwin Aung Soe on Sunday, June 10, 2012 at 11:43am 

အခြေခံဥပဒေ ပုဒ်မ ၄၀၂ ပုဒ်မခွဲ ဃ အရ ရခိုင်ပြည်နယ်အတွင်း ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီး အရေးပေါ် အခြေအနေ ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မတခုကို အခြေခံဥပဒေအရ ထုတ်ပြန်ရာမှာ အလွယ်တကူ သဘောပေါက်နိုင်စေမယ့် ရှင်းလင်းချက်ကို (မောင်ကျောက်ခဲအဖွဲ့ ဝိုင်းတော်သားများ)က ရေးသား ဖော်ပြထားတာကို တွေ့ရလို့ ပြန်လည် ဝေမျှပေးလိုက်ပါတယ်။

နားလည်လွဲနေသူများ ... ယုန်ထင်ကြောင်ထင် ရေးနေသူများသို့  သိစေရန် ရှင်းလင်းခြင်း ...

သမ္မတကြီး ထုတ်ပြန်တဲ့ ပုဒ်မ ၄၁၃ အပိုဒ်(က) ကို နားလည်ရန်အတွက် ပုဒ်မ ၄၁၂ ကို ပထမဦးစွာ သိရှိရမှာဖြစ်ပါတယ် ။


ပုဒ်မ ၄၁၂ (က)ဟာ ပြည်သူအိုးအိမ်စည်းစိမ်ကို အန္တရာယ် ရှိသည် နှင့် သမ္မတဟာ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ နှင့် ညှိနှိုင်းပြီး ဥပဒေကဲ့သို့ အာဏာတည်တဲ့ အမိန့်ထုတ်ပြန်ကာ အရေးပေါ် အခြေအနေကို ကြေငြာခြင်းဖြစ်ပါတယ် ။

အပိုဒ် (ခ) ကတော့ သမ္မတဟာ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနဲ့ ညှိုနိုင်းရာမှာ အဖွဲ့ဝင်တွေ စုံလင်စွာ တက်ရောက်နိုင်ခြင်း မရှိပါက ကာချူပ် ၊ ဒု-ကာချုပ် ၊ ကာကွယ်ရေးဌာန ဝန်ကြီး နှင့် ပြည်ထဲရေး ဝန်ကြီး တို့ ညှိနှိုင်းပြီး အရေးပေါ် အခြေအနေကို အချိန်မှီ ထုတ်ပြန်ကြေငြာနိုင်ပါတယ်။ အဲဒီ အတည်ပြုဆုံးဖြတ်ချက်ကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သို့ အမြန်ဆုံးတင်ပြ အတည်ပြုချက် ရယူရမှာဖြစ်ပါတယ် ။

အခုထုတ်ပြန်လိုက်တဲ့ ပုဒ်မ ၄၁၃ အပိုဒ်(က) ကတော့ ပုဒ်မ ၄၁၂ အရ အရေးပေါ် အခြေအနေကြေငြာတဲ့ကိစ္စနဲ့ ပတ်သတ်ပါတယ် ။ ကဲ ကြည့်ကြရအောင် ။

************************************************************

ပုဒ်မ ၄၁၃ (က) ။ အရေးပေါ်အခြေအနေ ကြေငြာချက် အကျိုးသက်ရောက်သည့်နယ်မြေ ဒေသအတွင်း မူလ အခြေအနေသို့ ပြန်လည် ရောက်ရှိစေခြင်းငှာ ဒေသဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများနှင့် အဖွဲ့အစည်းဝင်များ ၊ နယ်ဘက်ဆိုင်ရာ ဝန်ထမ်း အဖွဲ့အစည်းများ နှင့် အဖွဲ့ဝင်များက တည်ဆဲဥပဒေများနှင့်အညီ တာဝန်ထမ်းဆောင်ရာတွင် ထိရောက်မှု ရှိစေရန် တပ်မတော်၏ အကူအညီကို ရယူဆောင်ရွက်နိုင်သည် ။

************************************************************

ဆိုလိုတာကတော့ စစ်တပ်က နယ်ဘက်ဝန်ထမ်းတွေ နဲ့ ဒေသအာဏာပိုင်တွေရဲ့ လုပ်ငန်းဆောင်တာ အဝဝကို ဝင်ရောက် ကူညီရမယ် ။ အကယ်၍ ထိုသူများကို နှောင့်ယှက်သူများ အား စစ်တပ်မှ စစ်တပ် အလုပ် လုပ်ပြရပါလိမ့်မယ် ။

ဒါကြောင့်လည်း အခုချိန်မှာ ဒေသအာဏာပိုင်တွေ ပြည်သူ့ရဲတွေနောက်မှာ တပ်မတော်က ဝင်ရောက်အားဖြည့်ကူညီနေခြင်း ဖြစ်ပါတယ်။ ဒေသ ပြန်လည်တည်ဆောက်ရေးမှာလည်း ပါဝင် ကူညီပြီး fatigue လုပ်ပေးရပါလိမ့်မယ် ။

တကယ်လို့သာ ဒီထက်ဆိုးဝါးလာပါက ပုဒ်မ ၄၁၃ အပိုဒ်( ခ) က တော့ တော်တော် ပြင်းထန်ပါတယ် ။
ပုဒ်မ (ခ) မှာတော့ သမ္မတရဲ့ အမိန့်နဲ့ အဆိုပါနယ်မြေကို စစ်အုပ်ချုပ်ရေးနယ်မြေ သတ်မှတ်ပေးပါလိမ့်မယ်။

အဲလိုဆိုရင် သမ္မတရဲ့ အမိန့်နဲ့ အဆိုပါနယ်မြေ ရဲ့ တာဝန်ကိစ္စ အရပ်ရပ်ကို ဦးစီးဆောင်ရွက်ရပါ့မယ် ။ကာချုပ်ကြီးကိုယ်တိုင် မလုပ်လျှင်လည်း အခြား စစ်ဘက် အဆင့်မြင့် အရာရှိတစ်ဦးဦးကို ထပ်ဆင့် လွဲအပ်နိုင်ပါတယ် ။

ဟာ...ဒါဆို စစ်တပ်အာဏာသိမ်းတာလား ...ဆိုကြမယ်။

အဲလိုဆိုရင် မှားပါလိမ့်မယ် ။ ပုဒ်မ (ခ) အရ စစ်တပ်ဟာ အဆိုပါနယ်မြေကို နယ်ဘက်အုပ်ချုပ်ရေးနဲ့ မနိုင်တော့လို့ စစ်ဘက်အုပ်ချုပ်ရေးတာဝန်ကို သမ္မတရဲ့ အမိန့်နဲ့သာ ဆောင်ရွက်ရတာပါ ။ အဲလို အုပ်ချုပ်ခဲ့တာကို တိကျသေချာနိုင်ဖို့ နောက်ထပ် ပုဒ်မ ၄၁၄ အပိုဒ် (က) ကို ဆက်ကြည့်ရအောင် ။

ပုဒ်မ ၄၁၄ မှာတော့ သမ္မတဟာ ဥပဒေကဲ့သို့ အာဏာတည့်တဲ့ အမိန့်ထုတ်ပြန်ပြီး အရေးပေါ် အခြေအနေကြေငြာတဲ့အခါမှာ -
အပိုဒ် (က) - အမိန့်တွင် အရေးပေါ်အခြေအနေ အကျိုးသက်ရောက်သည့်နယ်မြေ ဒေသနှင့် အချိန်ကာလတို့ကို သတ်မှတ်ဖော်ပြရမည် ။
လို့ ဆိုပါတယ်။

ဒါကြောင့်လည်း ဒီနေ့ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာ နံပါတ် (၄) မှာ ဤအမိန့်သည် ယနေ့မှစ၍ နောက်ထပ် အမိန့်တစုံတရာ ထုတ်ပြန်မှူ မရှိမခြင်း အတည်ဖြစ်သည် လို့ပါရှိရခြင်းဖြစ်ပါတယ် ။

အခုဆိုရင် ရခိုင်ဒေသကို ပုဒ်မ ၄၁၃ ပုဒ်မ (က) အရ တပ်မတော်မှ ဝင်ရောက်ကူညီနေတဲ့ အဆင့်သာဖြစ်ပါတယ် ။ပုဒ်မ (က) အရ အုပ်ချုပ်ခြင်းမှ မနိုင်တော့မှသာလျှင် ပုဒ်မ (ခ) အရ ပြည်သူများ ပြောဆိုနေတဲ့ စစ်တပ်က ကုလားများကို စစ်ပွဲအသွင် တိုက်ထုတ်မှာ ဖြစ်ပါတယ် ခင်ဗျား ။

(မောင်ကျောက်ခဲအဖွဲ့ ဝိုင်းတော်သားများ)

https://www.facebook.com/groups/387584204610884/permalink/395119030524068/

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...