Tuesday, June 5, 2012

ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ ဆုံမေးမြန်ခြင်း


by Kyaw Aye on Tuesday, June 5, 2012 at 5:42am 

by နဒီ ဧရာ on Friday, October 14, 2011 at 6:55pm

ယခုဆောင်းပါးသည် ပြည်သူ့ ခေတ်ဂျာနယ် ၂၉  စက်တင်ဘာ၊၂၀၁၁ ၊  ကြာသပတေးနေ့ ၊အတွဲ ၂၊ အမှတ် ၆၂ မှကူးယူဖေါ်ပြပါသည်။ယင်း   တွေ့ ဆုံမေးမြန်းခြင်းတွင် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးသဘောထား၊လုပ်ဆောင်ချက်များပေါ်လွင်ထင်ရှားသည်ဟုယူဆပါသဖြင့် ယခုလို အွန်လိုင်းရှိ မြန်မာနိုင်ငံရေးကိုစိတ်ဝင်စားသူများ ဖတ်ရှုလေ့လာ ဝေဖန်ဆွေးနွေးနိုင်ရန် ရည်ရွယ်၍ ဖြန့်် ဝေပါသည်။စားလုံးပေါင်းအမှားများတွေ့ ရှိပါက ရိုက်ကူးသူ ကျွန်တော် “နဒီဧရာ”ရဲ့ အမှားသာဖြစ်ပါသည်။
ဤတွေ့ ဆုံမေးမြန်းခြင်းကိုကြိုတင်ခွင့်မတောင်းပဲ ဖြန့်ဝေခြင်းအတွက် အံတီဒေါ်အောင်ဆန်းစုကြည် နှင့် ပြည်သူ့ ခေတ်ဂျာနယ် ကို အနူးအညွတ်တောင်းပန်ပါသည်။
ကျန်ရှိသောဆောင်းပါးကို နေ့ စဉ်ရိုက်ပြီးသမျှတင်ဆက်ပေးသွားပါမည်။ မိတ်ဆွေများကိုလေးစားတဲ့      နဒီဧရာ   ၁၄ အောက်တိုဘာ ၂၀၁၁


မေး-ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းအစ်မပြောလိုက်တာရှိပါတယ်။မြန်မာပြည်မှာအပြောင်းအလဲတွေဖြစ်နိုင်တဲ့အခြေအနေရှိနေပြီဆိုတာ၊အဲဒါဟာ အစ်မ အစိုးရပိုင်းကပုဂ္ဂိုလ်တွေနဲ့  ထိတွေ့ ပြောဆိုတာကမြင်လာတာလား၊ကျွန်တော်တို့ အများပြည်သူတွေပါ မြင်နေရတဲ့အနေအထားတွေ၊ဥပမာ-သမ္မတမိန့် ခွန်းတို့၊လွှတ်တော်ဥက္ကဋ္ဌမိန်ခွန်းတို့ ၊လွှတ်တော်မှာဆွေးနွေးတာတို့၊စီးပွားရေးအပါအဝင် ကဏ္ဍတွေမှာဆွေးနွေးတာတို့ စတာတွေအရပြောတာလား။

ဖြေ-ဆွေးနွေးပွဲတွေ ဘာတွေထက် တကယ်ထိထိရောက်ရောက်ဖြစ်နိုင်တဲ့လုပ်ငန်းတွေကိုပဲပိုပြီးတော့အလေးထားပါတယ်။ဥပမာဆိုရင် အလုပ်သမားသမဂ္ဂတွေနဲ့ ပတ်သက်တဲ့ထွက်လာတဲ့ဥပဒေတွေ၊အဲဒီဟာက ကျွန်မ နားလည်သလောက်ကတော့ ILO ကတင်ပြတဲ့အတိုင်း ဒီစည်းမျဉ်းစည်းကမ်းတွေက ကိုက်ညီတယ်လို့ နားလည်ပါတယ်။အဲဒါဆိုလို့ ရှိရင်တော့ ဒါကတော့တကယ့်တိုးတက်မှုလို့ ပြောနိုင်တယ်။လွှတ်တော်ထဲမှာဆွေးနွေးတာတွေကတော့အခုထက်ထိ ဥပဒေရယ်လို့ ဖြစ်လာတယ်ရယ်လို့ မကြားရသေးဘူး။ဆွေးနွေးတာတော့ဆွေးနွေးတာပေါ့။အဲဒါထက်ပိုပြီးတော့ အရေးကြီးတာက တကယ့်ဖြစ်ပေါ်လာတဲ့အခြေအနေ။
       ဘာပဲပြောပြော မီဒီယာတွေက နည်းနည်းပါးပါး အတိုင်းအတာတစ်ခုထိ ပိုပြီးတော့ လွတ်လပ်မှုရလာတယ်။
       နောက်တစ်ခုက ဧရာဝတီကိစ္စမှာဆိုလို့ ရှိရင် လွှတ်တော်မှာဆွေးနွေးရတဲ့အထိရောက်လာတယ်ဆိုတာ ပြည်သူရဲ့ အသံကြောင့်၊ပြည်သူရဲ့ အသံက ဘာပဲပြောပြော လျစ်လျူရှုလို့ မရတော့ဘူးဆိုတဲ့အသိက ဝင်လာတယ်လို့ ကျွန်မထင်တယ်။အဲဒါကြောင့်မို့ လို့ ပြည်သူရဲ့ အသံကိုလူတွေက နားထောင်ရပြီဆိုလို့ ရှိရင်ပြောင်းလဲမှုဖြစ်နိုင်တဲ့အခြေအနေရောက်လာပြီ။ပြောင်းလဲမှုဖြစ်သွားပြီလို့တော့ မပြောနိုင်သေးဘူးပေါ့။

  စတင်နေပြီလို့ ဆိုရလောက်အောင်

မေး-ပြောင်းလဲမှု ဖြစ်ဖို့ အနေအထားတော့ မြင်နေရပြီလို့ ဆိုတာပေါ့နော်။သို့သော် ပြောင်းလဲမှု  တကယ်စတင်နေပြီလို့ ဆိုရလောက်အောင်ဆိုရင် နောက်ထပ် ဘယ်လိုဟာမျိုးတွေ မြင်ရဖို့ လိုပါသလဲ။

ဖြေ-အလုပ်သမားသမဂ္ဂ နဲ့ ပတ်သက်လို့တော့စတင်နေပြီလို့ ပြောနိုင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ ဒါကဥပဒေဖြစ်သွားပြီ။ဒီဟာကိုဘယ်လောက်အထိ ထိထိရောက်ရောက် အကောင်အထည်ဖေါ်မှာလည်းဆိုတာကိုတော့ ကြည့်ရမှာပေါ့။တခြားပြောင်းလဲမှုတွေက အများပြောနေတဲ့ ကိစ္စကတော့ အကျဉ်းသားတွေလွှတ်ပေးဖို့ ကိစ္စ၊ဒါကအင်မတန်မှအရေးကြီးပါတယ်။အရေးကြီးတယ်ဆိုတာ ဘာဖြစ်လို့လဲဆိုတော့ အခုဆိုလို့ ရှိရင်အကျဉ်းသားတွေအစား ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများလို့ ပြောတာကို ဒါကို ကျွန်မလက်ခံပါတယ်။ဘာဖြစ်လို့ လည်းဆိုတော့ ဒီဟာကလည်း ဒီအပေါ်မှာအခြေခံပြီးတော့ ပြောရတာ ပိုပြီးတော့လည်းလွယ်တယ်။ဒီမိုကရေစီစနစ်မှာဆိုရင် မတူညိတဲ့ သဘောထားတွေ။မတူညီတဲ့ယုံကြည်ချက်တွေကိုလက်ခံနိုင်ရမယ်။အဲဒါတွေကိုခွင့်ပြုနိုင်ရမယ်။အဲဒါကြောင့်မို့ လို့ ယုံကြည်ချက်ကြောင့်အကျဉ်းကျခံနေရတဲ့သူတွေကို လွှတ်ပေးဖို့ ဆိုတာ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ တကယ်ပဲသွားနေပြီလားဆိုတာ
ဆုံးဖြတ်ဖို့ အတွက်သိပ်အရေးကြီးတာဖြစ်တယ်။

တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး

မေး-ပြောင်းလဲမှုဆိုတဲ့ ကိစ္စနဲ့ ဆက်စပ်ပြီး ပြောဆိုကြတဲ့အထဲမှာ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးဆိုတဲ့ အကြောင်းတစ်ခုလည်းပါပါတယ်။အဲဒါနဲ့ ပတ်သက်ပြီး ဘယ်လိုမြင်ပါလဲ။

ဖြေ-တိုင်းရင်းသားနဲ့  ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ လူတိုင်းကစိုးရိမ်ကြတယ်။ဒါလည်းဖြစ်သင့်ဖြစ်ထိုက်တာပဲ။ဒီနိုင်ငံကပြည်ထောင်စု၊တိုင်း
      ရင်းသားလူမ်ျိုးစုတွေနဲ့  တည်ဆောက်ထားတဲ့ပြည်ထောင်စု၊ဒီပြည်ထောင်စုကနေတိုးတက်ဖို့ ဆိုတာငြိမ်ချမ်းရေးရှိမှ၊ငြိမ်းချမ်းရေးမရှိပဲ
     နဲ့ ဘယ်တိုင်းပြည်မှ တကယ့်တိုးတက်မှုကိုမရနိုင်ဘူး။အဲဒီဟာကိုလည်း အားလုံးကဝိုင်းပြီးပြောကြဆိုကြတာကို ကျွန်မ သဘောကျ
      တယ်။စပြီးတော့ပြောတာ၊ဒီအသံတွေထွက်လာတာ။ဒါကြောင့်မို့ လို့  အပြောင်းအလဲ ဖြစ်နိုင်တဲ့အခြေအနေ မြင်နေရပြီ ဆိုတာဒါတွေ
    ပေါ့။အသံတွေပေါ့။အသံတွေကြားနေရတာ၊အသံကြားရုံနဲ့ တော့မပြီးသေးဘူး။အသံတွေကြားပြီးတဲ့အခါကျတော့ ဒီအသံတွေ နား
    ထောင်ပြီးတော့ နောက်တစ်ခါ ဘာဆက်လုပ်ဦးမလဲဆိုတာကတော့ အဲဒါတွေက စောင့်ပြီးတော့ကြည့်ရမယ်။

ပြည်သူကိုအသိပေးနိုင်မယ့်အချိန်

မေး-အစိုးရပိုင်း ပုဂ္ဂိုလ်တွေနဲ့  ဆွေးနွေးတဲ့အကြောင်းအရာတွေကို လောလောဆယ် မပြောနိုင်သေးတဲ့ အကြောင်း အမ ဖြေလေ့ရှိတာတွေ့
      ရပါတယ်။အဲဒါတွေနဲ့ ပတ်သက်လို့ ဘယ်အချိန်လောက် ရောက်ရင် အများပြည်သူကို အသိပေးနိုင်မှာလဲခင်ဗျာ။

ဖြေ-တိတိကျကျတော့ မပြောနိုင်ဘူး။သိပ်ပြိးတော့ အချိန်ဆွဲရင်တော့ မကောင်းဘူးဆိုတာ ကျွန်မတို့ နားလည်ပါတယ်။ဘာဖြစ်လို့ လဲဆို
      တော့ ဒီလိုကိစ္စတွေက သိပ်ပြီးတော့ အချိန်ဆွဲတာနဲ့ အမျှ ပြည်သူလူထုကလည်း ယုံကြည်မှုတွေ နည်းသွားတတ်တယ်။အဲဒါကြောင့်
      မို့ လို့  ဒီလို ကိစ္စတွေဖြစ်ဖို့ ဆိုတာက အချိန်အကန့် အသတ် တစ်ခုအတွင်းမှာလုပ်ဖို့ လိုတယ်လို့ တော့ ကျွန်မတို့ ထင်တယ်။ကျွန်မ
      တို့ အနေနဲ့ လည်း အမြန်ဆုံးဖြစ်အောင်လို့ တော့ ကျွန်မတို့  ကြိုးစားမှာပါ။ပြည်သူကနေပြီးတော့ လက်ဆုပ်လက်ကိုင် ဪ ဒါက
     တော့ တိုးတက်မှုတစ်ခုပဲ ဆိုပြီးတော့ မြင်နိုင်တဲ့ အခြေအနေဟာ အမြန်ဆုံးရောက်ဖို့ လိုတယ်ဆိုတာ ကျွန်မ လက်ခံပါတယ်။

မေး-အမတို့ ပုံမှန်တွေ့ ဖို့ ညှိနှိုင်းထားတာများ ရှိသလားခင်ဗျ။
ဖြေ-ဒီလိုသဘောမျိုးရှိပါတယ်။တိတိကျကျတော့ ဘယ်အချိန်၊ဘယ်အချိန်၊ဘယ်အချိန်လို့ တော့ မရှိပါဘူး။

                       တူညိတဲ့ကိစ္စတွေ

မေး-အစိုးရနဲ့ မတူတာတွေ ဘေးဖယ်ထားပြီး တူတာတွေမှာ တွဲလုပ်မယ်လို့ ကြားရပါတယ်။တူတယ်ဆိုတာဘယ်ကိစ္စတွေပါလဲ။တချို့ က
       တော့ တူတာကော ရှိရဲ့ လားလို့  ဝေဖန်ပြောဆိုကြတာတွေလည်းရှိပါတယ်။
ဖြေ-တူတယ်ဆိုတာကတော့ တိုင်းပြည်အကျိုးနဲ့ သက်ဆိုင်တဲ့ ကိစ္စတွေပေါ့။အစိုးရကလည်းဘာပဲပြောပြော ငြိမ်းချမ်းရေး လိုချင်တယ်ဆို
      တာ ကျွန်မတို့ သိတယ်။နောက် စီးပွားရေး တိုးတက်စေချင်တယ်။ပြည်သူတွေရဲ့ အခြေအနေ ပိုပြီးတော့ကောင်းစေချင်တယ်။ကျန်းမာ
      ရေး၊ပညာရေး အခြေအနေတွေပေါ့နော်။အဲဒါတွေကတော့ တူညီတဲ့ ကိစ္စတွေပဲ။အဲဒီဟာတွေနဲ့ ပတ်သက်လို့လည်း ကျွန်မ ပြောပြီးပါပြီ
      တချို့ ကတူညီတာတွေများရှိလို့ လားဆိုတာ။တူညီတာတွေမရှိရင် ပိုပြီးတော့ စကားပြောဖို့ လိုတယ်။တူညိတာတွေမရှိရင် ပိုပြီးဆွေး
      နွေးဖို့လိုတယ်။အဲသလို နည်းနဲ့ ပဲ တူညီတဲ့ဟာတွေ ရှိအောင် ဆောက်တည်ရမှာပေါ့။ဒီတိုင်းပြည်မှာ နေတဲ့သူတွေ အားလုံးဟာ လုံးဝ
     တူညီတာမဟုတ်ဘူးဆိုတာတော့ မဖြစ်နိုင်ဘူး။ဘာပဲပြောပြော လျှပ်စစ်မီးမလုံလောက်ဖူးဆိုတာလောက်တော့ အားလုံးသိကြတာပဲ။
    ဥပမာအားဖြင့်ပြောတာပါ။ဒီတိုင်းပြည်မှာ နေတဲ့ လူတွေ ကြားထဲမှာ တူညီမှုလုံးဝ မရှိဘူးဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။နိုင်ငံခြားသားတွေ
    တောင်မှ ဒီတိုင်းပြည်မှာ ခဏလာနေတဲ့ အချိန်မှာ ပြည်သူနဲ့ အတူတူ ခံစားရတဲ့ဟာတွေ ရှိတာပဲ။ဥပမာ လမ်းမကောင်းဆိုရင် သူတို့
     ကားတွေလည်း ခုန်တာပဲ။ဗမာတွေရဲ့ ကားတွေမှ ခုန်တာမှမဟုတ်တာ။

                                အစိုးရပေါ်ယုံကြည်မှု

မေး-အခု အစ်မ ပြောတဲ့ စကားတွေအရဆိုရင် အစ်မ အနေနဲ့ အစိုးရနဲ့ ပတ်သက်တဲ့ အမြင်၊အစိုးရနဲ့ ပတ်သက်လို့ ယုံကြည်မှုပိုရှိလာတယ်
       လို့ မြင်ရပါတယ်။အဲဒါဟုတ်ပါသလား။

ဖြေ-ကျွန်မ ပြောပြီးပါပြီ။ကျွန်မအနေနဲ့ တော့ သမ္မတ ဦးသိန်းစိန်က ကောင်းတဲ့ ဖက်ကိုသွားချင်တယ်ဆိုတာတော့ ကျွန်မ ယုံကြည်တယ်။
       ပြုပြင်ပြောင်းလဲမှုကို တကယ်လိုလားတယ်ဆိုတာ ကျွန်မယုံကြည်တယ်။

                                      လူထုအုံကြွမှုသဘောထား

မေး-အခြေအနေတွေက ပြောင်းလဲနိုင်တဲ့ အခြေအနေ ရောက်နေပြီလို့ အစ်မ ယုံကြည်တယ်။တစ်ဖက်ကလည်း ဆွေနွေးမှုတွေလုပ်နေ
       တယ်ပေါ့။ဒါပေမဲ့ တချို့ အင်အားစုတွေက တပ်မတော်အခြေခံတဲ့ အစိုးရတစ်ရပ်အနေနဲ့ ပြောင်းလဲမှုတွေကို လွယ်လွယ်ကူကူနဲ့
       ပြုလုပ်မှာမဟုတ်ဘူး။ဒါမျိုးက လူထုအုံကြွမှုတွေနဲ့ တိုက်မှ ပြောင်းလဲမှာလို့ တစ်စွန်းတစ်စ ပြောနေတာတွေ ကြားရတယ်။အစ်မ
       သဘောထား သိချင်ပါတယ်။

ဖြေ-အဲဒါတော့ကျွန်မတို့ အနေနဲ့ က ဒါကိုပညာပေးပြီးတော့ စည်းရုံးဖို့ လိုတာပေါ့။ဘာဖြစ်လို့လဲဆိုတော့ လွတ်လပ်ရေး ကာလကိုသွား
      မယ်(ပြန်ကြည့်မယ်)ဆိုရင် လွတ်လပ်ရေး ရပြီးတာတောင်မှ ကြေညာပြီးတာတောင်မှ ဒါရွှေရည်စိမ်လွတ်လပ်ရေးပါဆိုပြီးတော့ ပြော
      တာ ရှိတယ်။ဒါမျိုးကတော့ ရှိတာပေါ့။ဒါမျိုးကတော့မတူတဲ့သဘောထားပေါ့။ကျွန်မတို့ က ဒီမိုကရေစီကိုယုံကြည်တာမို့ လို့  မတူတဲ့
      သဘောထားရှိတယ်ဆိုတာ လက်ခံတယ်။မတူတဲ့ သဘောထားတွေကို ညှိမယ်။တိုင်းပြည်အတွက် ကောင်းတဲ့ကိစ္စတွေကို သဘောမ
      တူတဲ့သူ ရှိလို့ ရပ်ရမယ် မဟုတ်ဘူး။သဘောမတူတဲ့သူတော့ရှိမှာပဲ။ဒါလူ့ သဘာဝပဲ။သဘောမတူတဲ့သူတွေ ရှိပေမယ့်လည်း တကယ်
      တမ်း တိုင်းပြည်ကို ကောင်းကျိုးပြုမယ်ဆိုတဲ့ ကိစ္စတွေ ယုံကြည်လို့ ရှိရင် ဖြစ်လာမှာပဲ။
      သဘောမတူတဲ့သူတွေကို သဘောတူအောင်လုပ်နိုင်ရင်တော့ ကောင်းတာပေါ့။ဒါပေမယ့် တစ်ရာ ရာခိုင်နှုန်းက သဘောတူလက်ခံတဲ့
      ကိစ္စဆိုတာ မရှိခဲ့ဘူး။ဥပမာ- ထမင်းဆိုင်မှာ သွားစားရင်တောင် တစ်ယောက် တစ်မျိုးစားကြတာပဲ။အားလုံး ဒါပဲစားဆိုရင် ဘယ်ဖြစ်
      နိုင်မလဲ။ဒါပေမယ့် ကိုယ်က တကယ်  စေတနာနဲ့  ဒါလေး စားကြည့်ပါလားလို့  ပြောလို့ စားကြည့်လို့ အားလုံးကြိုက်သွားတာတော့
      ရှိမှာပေါ့


                                                             ဥပဒေစိုးမိုးရေးလက်တွေ့ ကျဖို့

မေး-ကျွန်တော်တို့တိုင်းပြည်မှာ ဒီမိုကရေစီဖြစ်ထွန်းဖို့ နဲ့ ပတ်သက်လို့  ဒီမိုကရက်တစ်အင်စတီကျူးရှင်းတွေရှိလာဖို့ လိုတယ်။အမြစ်တွယ်ဖို့ လိုတယ်။ခိုင်ခိုင်မာမာ ဖြစ်လာဖို့လိုတယ်စသဖြင့်ပြောကြတာရှိပါတယ်။တိုင်းပြည်မှာ အဲဒီအင်စတီကျူးတွေရဲ့ အခြေအနေက ဘယ်လို ဘယ်ပုံ ရှိနေပါသလဲ။အဲဒါတွေ ရှိနေပြီလို့ကော ယူဆပါသလား

ဖြေ-ကျွန်မတို့ကတော့ ပထမဦးဆုံး စရမှာတော့ ဥပဒေရေးရာ။ကျွန်မတို့ အနေနဲ့ ဒီတိုင်းပြည်မှာ ဥပဒေစိုးမိုးရေး ရှိပြီလားဆိုရင်မမြင်ရသေးဘူးလို့ ဆိုရမှာပေါ့။ဥပဒေစိုးမိုးရေးကို ဦးတည်တယ်ဆိုတာကတော့ သမ္မတကိုယ်တိုင်က မိန့်ခွန်းထဲ
မှာပြောခဲ့ပြီးပြီ။ဒါပေမဲ့ ဦးတည်တယ်ဆိုရုံနဲ့ တော့ မပြီးသေးဘူး။လက်တွေ့ကျကျ ပြနိုင်ဖို့ လိုမယ်။အဲဒီတော့ ဒီမိုကရေစီစနစ်ထူထောင်မယ်ဆို
လို့ ရှိရင် ဥပဒေစိုးမိုးရေးက အင်မတန်မှ အရေးကြီးပါတယ်။နောက်တစ်ခုအရေးကြိးတာက စောစောကပြောတဲ့ဟာတွေနဲ့ ဆက်နွယ်နေပါ
တယ်။မတူတဲ့သဘောထားတွေ ရှိတယ်ဆိုတာလက်ခံတာ။အဲဒါက ဒီမိုကရေစီရဲ့ အခြေခံတန်ဖိုးတစ်ခုပဲ။လက်မခံနိုင်ဘူး ငါတို့ နဲ့ သဘော
ထားခြင်း အားလုံးက တူရမယ်ဆိုရင် အဲဒါ ဒီမိုကရေစိမဟုတ်တော့ဘူး။ဒါကတော့အပြန်အလှန်ပေါ့။ကျွန်မတို့ အနေနဲ့ လည်း လက်ခံရ
မယ်။ကျွန်မတို့ နဲ့ သဘောထားခြင်းမတူတဲ့ဟာတွေ ရှိတယ်ဆိုတာလက်ခံရမယ်။အဲဒိအတိုင်းပဲ တစ်ဖက်နဲ့ တစ်ဖက်လက်ခံရမယ်။ဒါပေမယ့်
ဒီမိုကရေစီရဲ့ လုပ်ပုံလုပ်နည်းအရဆိုရင် မတူတဲ့သဘောထားတွေကို ဘယ်သူကညှိလဲဆိုရင် ပြည်သူကညျိတာပဲ။ပြည်သူရဲ့သဘောထားက
လွှမ်းမိုးရမယ်။အဲဒါကတော့ ပြည်သူ့ဆန္ဒလွှမ်းမိုးပြိဆိုရင် မတူညီတဲ့အဖွဲ့ အစည်းတွေ ပုဂ္ဂိုလ်တွေကြားထဲမှာ ညှိနိုင်တာ မညှိနိုင်တာထက်
ပြည်သူက ညှိသွားမယ်။ပြည်သူက ဆုံးဖြတ်သွားမယ့်သဘောရှိတယ်။အဲဒီတော့ ပြည်သူကိုစည်းရုံးရမှာပေါ့။ကိုယ်ရဲ့ အမြင်ကိုလက်ခံစေချင်
ရင်။အဲဒီတော့ ကျွန်မတို့ က ဒီမိုကရေစိ ဘာဖြစ်လို့ ယုံကြည်သလဲဆိုတာကို ပြည်သူက လက်ခံအောင်လုပ်နိုင်မှ ပြည်သူကလည်း ဒီစနစ်
ကို အင်တိုက်အားတိုက် အားပေး ထောက်ခံမှာ။ပြိးတော့ ဒီလိုအဆောက်အအုံတွေရှိလာဖို့ ဆိုတာဟာ ဥပဒေစိုးမိုးရေးက အရေးကြီးတယ်။
မတူညီတဲ့သဘောထားတွေကိုလက်ခံနိုင်ဖို့ ကအရေးကြိးတယ်။ဥပမာ-လွှတ်တော်ထဲမှာ၊လွှတ်တော်ထဲမှာဘယ်လောက်ထိ ပြောနိုင်ဆိုနိုင်
လဲ။အာဏာရနေတဲ့ ပါတီနဲ့ ဆန့် ကျင်တဲ့ သဘောထားတွေကိုဘယ်လောက်ထိ ပြောနိုင်ဆိုနိုင်လဲ၊ဘယ်လောက်ထိ ထိရောက်အောင်လို့
သယ်ဆောင်နိုင်သလဲဆိုတာ ဒါတွေက အများကြီးစကားပြောတယ်။

                                                             လွှတ်တော်ထဲမှာပြောဆိုနေတာတွေ

မေး-ဒီကနေ့ လွှတ်တော်ထဲမှာ ပြောဆိုနေတာတွေအရကော အဲဒီအနေအထားတွေ မတူတဲ့အယူအဆတွေ တင်ပြနိုင်တဲ့အနေအထားတွေ
       တော်တော်တန်တန် ရှိနေပြီလို့ ဆိုနိုင်ပါသလား။

ဖြေ-အဲဒီဟာကတော့ ရှင်းရှင်းလင်းလင်း ပြောလို့ မရသေးဘူး။ဘာဖြစ်လို့ လဲဆိုတော့ ကျွန်မက လွှတ်တော်မှာ တင်လိုက်တဲ့ အဆိုတွေမှာ
      မတူညီတဲ့ သဘောထားတွေ ဘယ်လောက်ပါလဲဆိုတာ နည်းနည်း စဉ်းစားစရာဖြစ်တာပေါ့။ဘာဖြစ်လို့ လဲဆိုတော့ အခု တင်တဲ့ထဲမှာ
      ဆိုလို့ ရှိရင် ကျွန်မ မှတ်မိသလောက်တော့ လုံးဝ လက်မခံတာတွေထဲမှာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးကိစ္စ လက်မခံဘူး။နောက်
      ဆွေးနွေးမယ် ဆိုတဲ့ဟာတွေ ရှိတယ်။အဲဒီ ဆွေးနွေးမယ်ဆိုတဲ့ ဟာတွေထဲမှာ ဆိုရင် မြစ်ဆုံကိစ္စပါတယ်။ဆွေးနွေးမယ် ဆိုတဲ့ဟာတွေ
      ကတော့ ကျွန်မတို့ က သဘောကျတယ်။ဘာပဲပြောပြော ဆွေးနွေးမယ်ဆိုတဲ့ဟာက ပထမအဆင့်ပဲ။ဆွေးနွေးပြီးဆုံးဖြတ်တာကျတော့
      အင်အားရှိတဲ့ပါတီက ဆုံးဖြတ်မှာပဲဆိုပြီးတော့ ပြောတဲ့သူကလည်းပြောတယ်ပေါ့။ဒါလည်းမှန်ပါတယ်။ဘာပဲပြောပြော ပြည်သူရဲ့ အသံ
      ကိုနားထောင်ပါတယ်ဆိုတာကတော့ ဒါတိုးတက်မှုလို့ ဆိုရမယ်။တခြားကိစ္စ တွေမှာဆိုလို့ ရှိရင် အကျဉ်းသားမျာွးတ်မြောက်ရေးနဲ့ 
      ပတ်သက်တဲ့ တင်တဲ့ အဆိုကိုဆိုရင်လည်း ဆွေးနွေးမယ်ဆိုတဲ့သဘော၊စဉ်းစားမယ်ဆိုတဲ့သဘောရှိတယ်။ဒီဟာကို တိုးတက်မှုလို့
      ကျွန်မတို့ လက်ခံတယ်။ဒါပေမဲ့ ဒါတွေကတော့ ကျွန်မတို့ သိတဲ့ကိစ္စတွေပေါ့။တင်ခွင့်ကိုမရှိတဲ့ အဆိုတွေ ရှိတာ၊မရှိတာတွေတော့၊ကြို
     ပြိးတင်ထားရတာဆိုတော့ ကျတာမကျတာတွေ ဘာတွေလဲဆိုတာတော့ ကျွန်မတို့ ပြောရခက်တယ်။


                                          တရားရုံးတွေ စီမံခန့်ခွဲရေး

မေး-ဥပဒေစိုးမိုးရေး ရရှိဖို့ အတွက်ကိုကော ဘယ်သူတွေက ဘယ်လို လုပ်နိုင်မလဲ။

ဖြေ-ဥပဒေစိုးမိုးရရှိဖို့ အတွက်က အလုပ်နိုင်ဆုံးကတော့အစိုးရပဲ။ဘာဖြစ်လို့ လဲဆိုတော့ တရားရုံးတွေကနေ စမှာမဟုတ်လား။တရားရုံးတွေကို
      ဘယ်သူတွေစီမံခန့်ခွဲလဲ။တရားရုံးတွေကို ပြည်သူကနေ သွားပြီးတော့ စီမံခန့်ခွဲလို့ မရဘူး။နိုင်ငံရေးပါတီတွေကလည်း သွားပြီး စီမံခန့်ခွဲလို့
      မရဘူး။အစိုးရက စီမံခန့်ခွဲရမှာ။တရားရုံးတွေကနေ စရမှာ။တရားရုံးတွေက ဆုံးဖြတ်ချက်တွေဟာ တရားဥပဒေနဲ့ ညီရဲ့ လား။အဲဒီဟာက
      နေ စပြီးတော့ ကြည့်ရမှာပေါ့။လူတွေကိုဖမ်တယ်မဟုတ်လား။တရားဥပဒေနဲ့ အညီဖမ်းတာ မဟုတ်ရင် တရားရုံးက တရားဥပဒေနဲ့အညီ
      ဆုံးဖြတ်ချက်ချရင် အဲဒီလူတွေလွတ်ရမယ်လေ။အဲဒီတော့ အဓိကကတော့ တရားရုံးတွေရဲ့ စီမံခန့် ခွဲမှုပဲ။ဒါက ဥပဒေ၊ ဒါက အစိုးရက
      ကိုင်ရမယ့်ကိစ္စ။

မေး-ပြည်သူအနေနဲ့ က ဘာတွေတတ်နိုင်မလဲ။

ဖြေ-ပြည်သူအနေနဲ့ ကအသံတွေထွက်ရမှာပေါ့။ဒီလိုမတရားမှုတွေ ဖြစ်နေတယ်ဆိုရင် ဒီကိစ္စတွေဖေါ်ထုတ်ရမယ်။ဒါလည်း ကျွန်မတို့ လုပ်
      နေတာကြာပါပြီ။ဘယ်သူကိုဖြင့် မတရားသဖြင့်ဖမ်းဆီးပါတယ်။ဘာကြောင့်မို့ လို့ ဥပဒေနဲ့ မကိုက်ညီပါဘူးဆိုတာ ကွန်မတို့ အတန်တန်
      ပြောနေတဲ့ ကိစ္စပဲ။

                                                   ပြည်သူလား အစိုးရလား

မေး-ဒီမိုကရက်တစ် အင်စတီကျူးရှင်းတွေ ပြန်လာဖို့ ဆိုတာ ပြည်သူလူထုပေါ်မှာ အဓိကမူတည်သလား၊အစိုးရပေါ်မှာ အဓိက မူတည်သ
      လား။

ဖြေ-အစိုးရပေါ်မှာမူတည်ပါတယ်။ကျွန်မတို့ နိုင်ငံမှာဆိုရင် ဒီမိုကရေစီစနစ်ဆိုတာ ရှိတာကြာပါပြီ။ အဲဒီတော့ အစိုးရကပဲ အာဏာအရပ်
      ရပ်ကို ချုပ်ကိုင်ထားတဲ့ စနစ်က လွှမ်းမိုးခဲ့တာ ဆယ်စုနှစ်တွေ ချီလာပြီ။အဲဒီတော့ အခုအစိုးရပေါ်မှာ အများကြီး တာဝန်ရှိပါတယ်။ပြည်
      သူတွေက လုပ်နိုင်ကိုင်နိုင်၊လုပ်ရဲကိုင်ရဲတဲ့ အလေ့အကျင့်က မရှိသေးဘူး။ဒီအလေ့အကျင့်ရအောင်လို့ ၊ပြည်သူတွေကကိုယ်တိုင်က
      လည်း လုပ်ယူရမယ်။နောက်ဆုံးကျတော့ ဥစ္စာရင်လို ဥစ္စာရင်ခဲပေါ့။ဒါပေမယ့် တကယ် ဒီမိုကရေစီစနစ်ကို ထူထောင်ချင်တဲ့ အစိုးရ
      ဆိုလို့ရှိရင် ကိုယ့်မှာဘယ်လောက် တာဝန်ရှိသလဲဆိုတာ မြင်ပြီးတော့ တတ်နိုင်သမျှ လုပ်ပေးရမယ်။

                                               ပြည်သူနှင့်ယုံကြည်မှု

မေး-ကျွန်တော်တို့ တိုင်းပြည်မှာ ဖြစ်ပျက်သမျှတွေကို ခြုံငုံ သုံးသပ်ရင် တိုင်းပြည်ရဲ့ အဓိကပြဿနာတွေက ဘာတွေ့လို့ ဆိုမလဲ ခင်ဗျာ။

ဖြေ-ဘယ်ကစရမလဲ။အဓိက ပြဿနာလို့ ပြောလို့ မရပေမယ့်  ကျွန်မ အနေနဲ့အင်မတန်မှအရေးကြီးတဲ့ဟာတစ်ခုပြောရမယ်ဆိုရင် ပြည်
      သူတွေရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိတဲ့ကိစ္စ၊ပြည်သူတွေရဲ့ ကိုယ့်အင်အားကို ကိုယ်မယုံကြည်တဲ့ကိစ္စပဲ။ပြည်သူတွေက ကိုယ့်
      ကိုယ်ကိုယ် ယုံကြည်ရမယ်။ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားရမယ်။ငါတို့ ပြည်သူတွေဟာ ငါတို့ တိုင်းပြည်ရဲ့ ကံကြမ္မာကိုဖန်တီးနိုင်တဲ့ဆို
      တဲ့ ယုံကြည်မှုရှိရမယ်။ဒီယုံကြည်မှုရှိပြီးမှ ငါတို့ ဒီဟာကိုဘယ်လို လုပ်မလဲဆိုတာကိုတွေးမှာကိုး။ယုံကြည်မှု မရှိရင် မတွေးဘူးပေါ့။
      ဥပမာဆိုလို့ ရှိရင် ပန်းချီမဆွဲတတ်ဘူးလို့  ကိုယ်ကိုယ်ကိုယ် ထင်နေတဲ့သူ ဘယ်တော့မှ ပန်းချီ စပြီး ဆွဲတော့မှာ မဟုတ်ဘူး။ဒါပေမဲ့
      သူ့စိတ်ထဲမှာ ငါ့မှာတော့ အနုပညာ ပါရမီပါတယ်။ငါတော့ ပန်းချီဆွဲလို့ ရှိရင် ရမှာပဲလို့  ယုံကြည်တဲ့သူက စပြီးတော့ စုတ်တံ ဒါမှမ
      ဟုတ် ခဲတံလေးကိုင်ပြိး စက္ကူပေါ်မှာခြစ်ကြည့်မှာပဲ။အဲဒီလိုမှပဲ စပြီးတော့ လုပ်နိုင်မှာပေါ့။အစကတည်းက မလုပ်နိုင်ပါဘူးဆိုတဲ့စိတ်နဲ့
      တော့ ဘယ်တော့မှ ဖြစ်မြောက်မှာမဟုတ်ဘူး။

                                             ဒီတိုင်းပြည်ပြဿနာက ဘာတွေလဲ

မေး-ပြင်ပကနေ ကြည့်မယ်ဆိုရင်ကော ဒီတိုင်းပြည်ရဲ့ ပြဿနာတွေက ဘာတွေလို့ ထင်မြင်စရာရှိမလဲ။

ဖြေ-ဒါတွေကတော့ အမျိုးမျိုး မြင်ကြတာပေါ့။တချို့ ကျတော့ မြန်မာတွေရဲ့ ယဉ်ကျေးမှု၊သမိုင်းထုံတမ်းစဉ်လာ အရကို မြန်မာနိုင်ငံကလူတွေ
      ဟာ ဒီမိုကရေစီနဲ့  မထိုက်တန်ဘူးဆိုပြီး ပြောတဲ့သူတွေလည်းရှိတာ ကြားရမှာပေါ့။အဲဒီလိုလူတွေလည်း ရှိတာပဲ။ဒါပေမဲ့ပညာရှင်တော်
      တော်များများက ပြောတာပဲ။နိုင်ငံတွေဟာ သမိုင်းရဲ့ အကျဉ်းသားတွေမဟုတ်ဘူး။သမိုင်းကဘယ်လိုပဲဖြစ်ဖြစ် သမိုင်းအစဉ်အလာက
      နေ ရုန်းထွက်နိုင်တဲ့ အရည်အချင်းရှိဖို့၊ ဒါက ကိုယ့်ရဲ့ ဆန္ဒ၊ကိုယ်ရဲ့ ဇွဲပေါ်မှာတည်တော့ အရင်ဖြစ်ခဲ့တဲ့ အတိတ်ကိုပဲ အပြစ်ပုံချတာကို
      ကျွန်မ အယုံအကြည်မရှိဘူး။ပစ္စုပ္ဗန်ကိုပဲတည့်တည့်ကြည့်၊ပစ္စုပ္ဗန်ကိုပဲ ကိုယ်လုပ်နိုင်တာကိုလုပ်သွား။ဘာဖြစ်လို့ လဲဆိုတော့ အပြောင်း
      အလဲတွေကလည်းအများကြီးပဲ။ဥပမာဆိုရင် ထုံးတမ်းအစဉ်အလာအရ ဗမာတွေက ဒီမိုကရေစီစနစ်ကို မသုံးနိုင်ပါဘူးလို့  ပြောနေသူ
      တွေက ၊ဒီထုံးတမ်းစဉ်လာ မဖြစ်တဲ့ကိစ္စ၊အခု ဗမာတွေ အများကြီးလုပ်နေတာတွေ့ရတယ်။ဥပမာဆိုရင် အစားအသောက်ပဲ ကြည့်၊
      ကျွန်မတို့ ငယ်ငယ်တုန်းကဆိုရင် ဒီမောပြည်မှာဘာအစားအစာရလဲ။ဗမာ အစားအစာ၊နောက်  အိန္ဒိယ အစားအစာနည်းနည်းရတယ်။
      တရုတ်အစားအစာနည်းနည်းရတယ်။ဒါပဲ။ဗမာအများစုက ဗမာအစားအစာပဲ စားတတ်ကြတာပဲ။အခုကျတော့ ကျွန်မတို့ မတွေ့ ဖူးတဲ့
      အစာတွေ အမျိုးမျိုးပဲ စားကြတယ်။စားရုံတင်မကဘူး။အရသာတွေ့ သွားတယ်။အဲဒီလိုပေါ့၊မပြောင်းလဲနိုင်ဘူးဆိုတာမဟုတ်ဘူး။အဲဒီ
      တော့ ဘယ်နိုင်ငံ ဘယ်လူမျိုးမှ သမိုင်းရဲ့ အကျဉ်သားတွေမဟုတ်ဘူးဆိုတဲ့အမြင်ကို ကျွန်မအများကြီးထောက်ခံတယ်။ကိုယ့်ဘာသာ
      ကိုယ်လုပ်ယူနိုင်ရမယ်။မအောင်မြင်တဲ့ တိုင်းပြည်တောင်မှ အောင်မြင်အောင် လုပ်နိုင်တဲ့ နည်းတွေ ရှိပါတယ် ဆိုပြီးတော့ နိုင်ငံရေး၊
      စီးပွားရေး၊ပညာရှင်တွေကပြောလာပြီ။ပြောလာပြီဆိုရင် အခုနက ကျွန်မ ပြောလိုက်တဲ့အပေါ်မှာ အခြေခံတာပေါ့နော်။ကျွန်မတို့ အား
      လုံးက အတိတ်ရဲ့ အကျဉ်းသားတွေမဟုတ်ဘူး။အတိတ်ကနေ ရုန်းထွက်ပြီးတော့  ပစ္စုပ္ဗန်ကိုသုံးပြီးတော့ အနာဂတ်ကို တည်ဆောက်
      နေတယ်။တချို့ ကတော့ ဒါက ဘာမှ မလုပ်နိုင်ပါဘူးလို့ မြင်တဲ့သူတွေလည်း ရှိမှာပေါ့နော်။တစ်ခုပြောရမယ်ဆိုရင် ကျွန်မ “ရဝမ်ဒါ” ကို
      ဥပမာထားပြီး ပြောချင်တယ်။ရဝမ်ဒါဆိုရင် တခါတည်း တော်တော်ကိုဆိုးဆိုးရွားရွား ဖြစ်ခဲ့တဲ့ နိုင်ငံတစ်ခုပဲ။ဒါပေမဲ့ သူတို့ နိုင်ငံ
      ခေါင်းဆောင်ရဲ့ စွမ်းဆောင်မှုကြောင့်မို့ လို့  ရဝမ်ဒါကို တချို့ ကဆိုရင် ဘယ်လိုတိုးတက် ပြောင်းလဲနိုင်တယ်ဆိုတဲ့ စံပြနိုင်ငံ တစ်ခု
      အနေနဲ့ တောင်မှထောက်ပြနေကြတယ်။ဒီတော့ အပြောင်းအလဲ ဆိုတာ မဖြစ်နိုင်ဘူးဆိုတာ မဟုတ်ဘူး။နံပါတ်တစ်က ဆန္ဒပေါ့။ကွန်မ
      ထပ်တလဲလဲ ပြောတဲ့ အောင်မြင်ခြင်းတရားလေးပါးဆိုတာ ဆန္ဒနဲ့ စရမယ်။တကယ်ပဲ ကိုယ်လုပ်ချင်တဲ့ ဆန္ဒရှိပြီဆိုရင် ဆန္ဒရှိက လမ်း
      စရ၊လမ်စကိုရှာရမှာပေါ့။

                                                 ဖွံ့ ဖြိုးမှုနဲ့ ဒီမိုကရေစီ

မေး-တိုင်းပြည်ဖွံ့ ဖြိုးတိုးတက်မှုနဲ့ ၊တိုင်းပြည်မှာ ဒီမိုကရေစီ ထွန်းကားမှုနဲ့  ဘယ်ဟာက အရင်ကျသလဲ ဆိုတာ ပြောကြတာတွေရှိတယ်။
       အစ်မအနေနဲ့ ဘယ်လို မြင်ပါသလဲ။

ဖြေ-လက်တွဲသွားရမှာပေါ့၊ဒီလိုဖွံ့ ဖြိုးတိုးတက်မှုနဲ့ ဒီမိုကရေစီကို ခွဲပြီးလုပ်တယ်ဆိုတာ ဒါဟာ သဘာဝမကျတဲ့ ခွဲခြားမှုပါ။ဒါက ခွဲခြားမယ်ဆို
      ပြိး ဆုံးဖြတ်ထားတဲ့ခွဲခြားမှုပဲ။တကယ်တော့ ခွဲခြားလို့ မရပါဘူး။တိုင်းပြည်တစ်ပြည်ရဲ့ ဖွံ့ ဖြိုးတိုးတက်မှုဆိုတာ ဒီတိုင်းပြည်ရဲ့ နိုင်ငံရေး
      စနစ်နဲ့ အများကြီးနဲ့ ဆိုင်တယ်။ဒီနိုင်ငံရေး စနစ်ဆိုတာ ဒီမိုကရေစီ ဟုတ်လား မဟုတ်လားဆိုတဲ့ စကားတွေက ပြောလာတာပေါ့။ကျွန်
      မ တို့ က ဒီမိုကရေစီစနစ်က ဖွံ့ ဖြိုးတိုးတက်မှုကိုအားပေးတယ်လို့ ဘာလို့ ယုံသလဲဆိုတော့ ဒီမိုကရေစီစနစ်မှာဆိုရင် အရေးကြီးဆုံး   
      ကိစ္စတစ်ခုက တာဝန်ယူမှု (accountability) ပေါ့။ မြင်သာမှု (transparency) ပေါ့။အဲဒါတွေ ရှိရမယ်။အဲဒီဟာတွေက ဖွံ့ ဖြိုးမှု
      အတွက် အရမ်း အရေးတယ်။ကြားဖူးလား မသိဘူး။ နိုင်ငံရေး ဟာသကွက်တစ်ကွက်ရှိတယ်လေ။

                                               တံတားကြီး ဆောက်လိုက်လို့

      နိုင်ငံခေါင်းဆောင်တစ်ယောက်က တခြားနိုင်ငံကိုသွားတဲ့အခါကျတော့ အာဏာရှင် အချင်းချင်း တခြားနိုင်ငံက အာဏာရှင်က
      တော်တော် ချမ်းချမ်းသာသာ ခံ့ခံ့ညားညား ဆိုတော့ ဟိုတစ်ယောက်က အားကျလို့ ဘယ်လို့ ကြောင့်လဲမေးတော့၊ ဟိုမှာကြည့် ဟို
      တံတားကြိး ဆောက်လိုက်လို့ ဒီလိုဖြစ်လာတယ်လို့ ပြောတယ်တဲ့။နောက်တော့ ဧည့်သည်အာဏာရှင်က သင်ခန်းစာယူပြီး ပြန်သွားပြီး
      နောက် နည်းနည်းကြာတော့  သူ့ မိတ်ဆွေအာဏာရှင်ကြီးကိုပြန်ဖိတ်လို့ သွားတဲ့ အခါကျတော့ သူကပိုတောင် ခမ်းနားသေးတာပေါ့။
      နေပုံထိုင်ပုံက။ဟိုတစ်ယောက်ကမေးတယ်တဲ့၊ခင်ဗျား ဘယ်နှယ့်ကြောင့်ဒီလောက်ချမ်းသာသွားတာလဲဆိုတော့ သူက ပြတင်းပေါက်
      ကနေ ဟိုတံတားကြီးကြည့် ဆိုပြီး ပြတယ်။ဘယ်မှာလဲ တံတားလည်းမမြင်ဘူးပေါ့။(တံတားက မရှိဘူး)အဲဒါကြောင့် ချမ်းသာတာပေါ့။
      အဲဒါမျိုးတွေဆိုတာက ဒီမိုကရေစီစနစ်မှာ မဖြစ်နိုင်ဘူး။ဘာဖြစ်လို့ လဲဆို ဒါတွေက မေးတာမြန်းတာတွေဖြစ်မယ်။ဘယ်မှာလဲတံတား
      ဆိုတဲ့ မေးနိုင်တဲ့ အခွင့်အရေးတွေ ရှိရမယ်။ဒါကြောင့်မို့  ဖွံ့ ဖြိုးမှုနဲ့ ဒီမိုကရေစီဆိုတာ ဒွန်တွဲပြီးတော့ မြင်ရမယ်လို့ ကျွန်မကတော့ ယုံ
      ကြည်တယ်။

မေး-ဒီမိုကရေစီနိုင်ငံ ဖြစ်ပေါ် ဖို့  institution တွေအကြောင်း စောစောက နည်းနည်းပြောခဲ့ပါတယ်။ civil society ဆိုတဲ့ လူမှုအဖွဲ့ အ
       စည်းတွေ ထွန်းကားမှုကရော ဒီမိုကရေစီအတွက် ဘယ်လောက်အထိ အထောက်အထူပြုပါသလဲ။

                                            ပြည်သူတွေ တာဝန်ယူနိုင်ပြီဆိုရင်

ဖြေ-ဒါကလည်း အရေးကြီးပါတယ်။ဘာဖြစ်လို့လဲဆိုတော့ ဒါက ပြည်သူနဲ့ ဆိုင်တယ်။ပြည်သူရဲ့ ကဏ္ဍက သိပ်ပြီးအရေးကြီးတယ်။တကယ်
      စစ်မှန်တဲ့ civil society ဆိုတာ ပြည်သူကိုအခြေခံပြီး ပြည်သူထဲကပေါက်ဖွားလာတာ။အဲဒီတော့ တစ်နည်းအားးဖြင့် civil society
      အင်အားကြီးလာတယ်ဆိုတာ ပြည်သူတွေက တာဝန်ယူလာတယ် ဆိုတဲ့သဘောပဲ။ပြည်သူတွေကတာဝန်ယူနိုင်ပြီဆိုရင်တော့ ဒီနိုင်ငံ
      တစ်ခုရဲ့ တိုးတက်မှုဟာ အင်မတန်အားရစရာဖြစ်လာမယ်။civil society ဆိုတာ အစိုးရနဲ့ မဆိုင်တဲ့အဖွဲ့ အစည်းတွေ၊အစိုးရမဟုတ်ပဲ
      ပြည်သူတွေက မိမိတို့ရဲ့ လိုအပ်ချက်အရ လုပ်တာပေါ့။ကျွန်မတို့  ဒီမိုကရေစီ  ကွန်ရက်ထဲမှာဆိုရင် ဒီလိုဟာမျိုးတွေအများမြင်ရ
      တယ်။အဲဒီရပ်ကွက်မှာ ကျောင်းသူတွေ ကိုယ့်ဟာကိုယ် စုပြီး စာသင်ကျောင်းလေး တစ်ခု ထူထောင်လိုက်တယ်။ဘုန်းတော်ကြီး
      ကျောင်းတော်တော်များများမှာလည်း ကလေးတွေကို စာသင်ပေးနေတာရှိတယ်။ဒီ့အပြင် တခြားနည်းတွေနဲ့  ဆေးကုသတဲ့နည်တွေနဲ့
      ကူညီနေတာတွေရှိတယ်။အဲဒီလိုပေါ့ ပြည်သူတွေက ငါတို့ ဟာ ငါတို့ ကူညီနိုင်တယ်။ကိုယ့်ကိုယ်ကိုယ် ကူညီနိုင်တယ်။ကိုယ်အတွက်
      ကိုယ်လုပ်နိုင်တယ်။ဘယ်သူကိုမှ အားမကိုးရဘူး။စောစောက ကျွန်မပြောတဲ့ ယုံကြည်ချက်ပေါ့။ငါတို့ လုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်
      ချက်က စလာပြီဆိုရင် ဒီမိုကရေစီကို အများကြီး အထောက်အကူပေးပါတယ်။

                                    Civil Society များရဲ့ အနေအထား

မေး-အခု မြန်မာပြည်မှာရှိနေတဲ့ civil society တွေ အဖွဲ့ အစည်းတွေရဲ့ အနေအထားက ဘယ်လောက်အားကောင်းနေပြီလဲလို့ မြင်လဲ။

ဖြေ-စနေဆဲလို့ ပြောရမှာပေါ့။အားကောင်းလာပြီလို့ မပြောနိုင်ဘူး။ဒါပေမဲ့ အားယူလာပြီလို့ တော့ ပြောနိုင်တယ်လို့ ထင်တယ်။

မေး-သူတို့  အားကောင်းဖို့  ဘာတွေ လုပ်သင့်တယ်လို့  အကြံပေးချင်တာရှိတယ်။

ဖြေ-ဟိုဘက် ဒီဘက်ပေါ့။အားကောင်းလာဖို့ ဆိုတာမှာ လုပ်ပိုင်ခွင့်တွေလည်း ရှိရမယ်။ဒါကတော့ နိုင်ငံစနစ်တွေ ဥပဒေတွေနဲ့ လည်း
      ဆိုင်တယ်။ဥပဒေတွေ နိုင်ငံရေးစနစ်တွေ ပြောင်းဖို့ ဆိုတာ တစ်ဖက်ကလည်း လုပ်ယူရတယ်။စပြီးတော့ ကြိုးစားရမှာပဲ။ အခု   
      ဒီအင်တာဗျူး ထည့်ချင်လို့ ရှိရင် ထည့်တော့ကြည့်ရမှာပေါ့။ထည့်မကြည့်ပဲနဲ့ တော့ ထည့်လို့  ရ မရ ဘယ်သိမလဲ။ထည့်ကြည့်လို့
      ရှိရင် ရရင်လည်း ရမှာပေါ့။အဲဒီတော့ လုပ်ကြည့်ရင်းနဲ့ ဒီတစ်ခါမရရင် နောက်တစ်ခေါက် ကြိုးစားရမှာပေါ့။လုပ်ကြည့်ရင်းနဲ့ လည်းရ
      သွားမှာပေါ့။

                                          အစိုးရကူညီရင်ပိုမြန်မယ်

မေး-civil society တွေအားကောင်းဖို့ အတွက် အစိုးရဘက်ကနေ ခွင့်ပြုတဲ့ အားပေးကူညီတဲ့ အစိတ်အပိုင်းလည်းလိုတယ်လို့ ပြောချင်
       တာလား။

ဖြေ-အစိုးရဘက်က ကူညီရင်တော့ ပိုပြီးမြန်မြန်ဆန်ဆန် အားကောင်းလာမှာပေါ့။အစိုးရဘက်ကလည်းကူညီသင့်တာပေါ့။ဒါပေမဲ့ တစ်ခု
      တော့ရှိပါတယ်။ဒီမိုကရေစီနိုင်ငံတွေမှာတောင်မှ အစိုးရဘက်ကဒီလို civil society တွေကို ကူညီတယ်ဆိုတာထက် civil society
      တွေ ဖြစ်ပေါ်နိုင်တဲ့ အခြေအနေကို ဖန်တီးတယ်လို့ ပဲ ပြောရမှာပေါ့။civil society ဆိုကတည်းက government မဟုတ်တော့ဘူး
      လေ။အစိုးရက ဝင်ပြီးပါနေတယ်ဆိုရင်တော့ ဒါအစိုးရကိစ္စဖြစ်သွားပြီ။ဒါပေမဲ့ နိုင်ငံရေး အခင်းအကျင်းက civil society တွေ
      ရှင်သန်အားကောင်းနိုင်တဲ့ အခင်းအကျင်းဖြစ်ဖို့ ဆိုတာ အစိုးရနဲ့ အများကြီးဆိုင်တာပေါ့။ဒါပေမဲ့လည်း ပြည်သူတွေကိုယ်တိုင်က လုပ်
      ယူရမယ်။အစိုးရလုပ်ဖို့ ပဲထိုင်ပြီးစောင့်နေလို့ မဖြစ်ဘူး

                                   ပြည်သူတွေလည်းပါရမယ်

မေး-civil society ရဲ့ သဘာဝက အစိုးရနဲ့ အပြိုင်သဘောမျိုးရှိတယ်လို့ ကော ဆိုနိုင်လား။

ဖြေ-ကျွန်မကတော့အဲလိုရှိတယ်လို့ မပြောချင်ဘူး။မကြာခင်ကတောင်မှ ကျွန်မ ဆောင်းပါးတစ်ခုရေးထားတယ်။ဒါပေမဲ့ ဒါက တော်တော်နဲ့
      ထွက်မှာ မဟုတ်သေးဘူး။ အဲဒီမှာ ကျွန်မ ပြောထားတာရှိတယ်။အခုဆိုရင် civil society တွေက civil responsibility ပြည်သူတွေရဲ့
      ကိုယ့်ရဲ့ တာဝန်သိစိတ်နဲ့ အစိုးရရဲ့ အလုပ်တွေကိုဖြည့်ဆည်းပေးတယ်ဆိုတဲ့ သဘောနဲ့ ကျွန်မကမြင်ချင်တယ်။အစိုးရနဲ့ ပဲ မလုံလောက်ဘူး
      ဆိုတဲ့ အသိအမြင်ပေါ်လာမှာပေါ့။အစိုးရတစ်ခုနဲ့ မလုံလောက်ဘူး။တိုင်းပြည်တစ်ပြည် တိုးတက်ဖို့  တိုင်းပြည်တစ်ပြည်ဖွံ့ ဖြိုးဖို့ ဆိုတာ
      ပြည်သူတွေလည်းပါရမယ်။အစိုးရကိုပြိုင်တာ၊အစိုးရကို မကျေနပ်တာ ဆိုတာထက် အစိုးရရဲ့ ကန့်သတ်ချက်တွေကို အသိအမှတ်ပြုတယ်
      ဆိုတဲ့ သဘောပေါ့။အစိုးရဆိုတာလည်း အကန့်အသတ်နဲ့ ပဲ လုပ်နိုင်တာ။အစိုးရ မလုပ်နိုင်တဲ့ ကိစ္စတွေရှိတယ်။အဲဒါတွေ ငါတို့ ပြည�

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...