Friday, June 8, 2012

“ယင်တစ်ချောင်းငင် င၀ကင် ”


by Nyo Nyo Mar on Saturday, September 11, 2010 at 3:36am

(မေမေပြောပြတဲ့ ဟာသလေးပါ)
ကျွန်မရဲ့အဖိုးက အလယ်တန်းကျောင်းအုပ်ဆရာကြီးပါ … ကျွန်မအထင် ၁၉၇၀-၁၉၈၀ နှစ်ဝန်းကျင်လောက်ဖြစ်မယ်ထင်ပါတယ်… အဖိုးက ချင်းတွင်းမြစ် အထက်ပိုင်းက ဟုမ္မလင်းမြို့မှာ တာဝန်ကျပါတယ် … တနယ်တကျေးက လာရောက်တဲ့ ကျောင်းအုပ်ဆရာကြီးကို အားလုံးကလည်း လေးစားချစ်ခင်ကြတယ်ဆိုပါတော့ …

တနေ့မှာ အဖိုးက လမ်းလျှောက်ထွက်လာတုန်း ကျောင်းစောင့်ကြီး ဦးဖိုးကွန့် နဲ့ တွေ့ပါလေရောတဲ့ …. ကျောင်းစောင့်ကြီးရဲ့ လက်ထဲမှာလည်းစာရွက်ကလေးတစ်ရွက်နဲ့ အဖိုးရဲ့အနားကို တွန့်ဆုတ်ဆုတ်ပုံစံနဲ့ ရောက်လာပါတယ် ….

“ဟ …. ကိုဖိုးကွန့် … စာရွက်တစ်ရွက်နဲ့ ဘာတွေအလုပ်ရှုပ်နေတာလဲဗျ”


“ဒီလိုပါဆရာကြီးရယ် … ဒီစာလုံးလေးတွေရဲ့ အဓိပ္ပာယ်ကိုမေးချင်လို့ပါဗျာ”

“ပြစမ်းပါဦးဗျ … ဘာများလဲ”

ဦးဖိုးကွန့်လည်း သူ့လက်ထဲက စာရွက်လေးကိုထိုးပေးပါတယ် … သူရေးထားတာက “WELCOME” လို့ရေးထားတာပါ …

ဒါနဲ့ပဲ အဖိုးက “သြော် … ဒါ ၀ဲလ်ကမ်းခ် လို့ထွက်တယ်ဗျ … မြန်မာလိုကတော့ဗျာ ကြိုဆိုပါတယ် ဆိုတဲ့အဓိပ္ပာယ်ပေါ့… ဒါနဲ့ ကိုဖိုးကွန့် ကဘယ်ဆိုးလို့လဲဗျ … အင်္ဂလိပ်လို ရေးတတ်သားပဲ”

ဦးဖိုးကွန့်လည်း ရှက်ကိုးရှက်ကန်းနဲ့ ကမန်းကတမ်း ဖြေရှင်းရှာပါတယ် …“မရေးတတ်ပါဘူး ဆရာကြီးရယ် … ဒါကျုပ်နည်း ကျုပ်ဟန်နဲ့မှတ်ထားတာပါ …”

“ဘယ်လိုများမှတ်ထားလို့လဲ ကိုဖိုးကွန့်ရဲ့ … လုပ်စမ်းပါဦး”

“ဒီလိုပါဗျာ … ရှေ့ဆုံးနှစ်လုံးက “ယင်” ... နောက်တစ်လုံးက “တစ်ချောင်းငင်” … နောက်ထပ် နှစ်လုံးကတော့ “င၀” ပေါ့ဗျာ … နောက်ဆုံးနှစ်လုံးကတော့ “ကင်” ဗျိုး … ကျုပ်က အဲဒီလိုမှတ်ထားတာ ဆရာကြီးရဲ့ ”

“ဟား ဟား… ကိုဖိုးကွန့်ရယ် … ခင်ဗျားရဲ့ “ယင်တစ်ချောင်းငင် င၀ကင် ” ကတော့ တကယ်မှတ်သားလောက်ပါရဲ့ဗျာ … မှတ်သားလောက်ပါရဲ့”

“ယင် = WE”
“တစ်ချောင်းငင် = L”
“င၀ = CO”
“ကင် = ME” 

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...