Sunday, June 17, 2012

ရှိနှင့်ပြီးသား တံခါးဝများ


by Zay Ya on Sunday, June 17, 2012 at 6:11pm 

Osho: အသိ ဉာဏ် အလင်း ဘယ် အချိန် မှာ ဖြစ်ပါ သလဲ ဆိုရင် - ဆရာသခင် ရော တပည့် ဖြစ်သူ ပါ ဘာမှ မလုပ်တော့ တဲ့ အချိန် မှာ ဖြစ်ပါတယ်။ အတိအကျ ထပ်ပြောပါမယ် - အသိ ဉာဏ် အလင်း ဟာ ခင်ဗျား ဘာဆို ဘာမှ မလုပ်တော့တဲ့ အချိန်မှ သာ ဖြစ်တည် တယ်။ အပြည့် အဝ ငြိမ်ဝပ် သွားချိန်မှသာ အသိဉာဏ် အလင်း ပေါ်ပေါက် ပါတယ်။ ဘာလို့ဆို - ချမ်းမြေ့မှု၊ ကြည်စင် မှု၊ (ဝါ) ဉာဏ် အလင်း ဟာ မိမိ ကိုယ်ပိုင် ကိုယ်ဆိုင် လုပ်ကိုင် ဖန်တီးလို့ မရတဲ့ အရာ တစ်ခု မို့လို့ပဲ။ အသိဉာဏ် အလင်း ရရှိဖို့ အတွက် တစ်ခုတည်း ရှိနေရ မယ့် အခြေအနေဟာ- "မိမိ ကိုယ် ကို၊ မိမိ သန္တာန်ကို အပွင့်လင်း ဆုံး ဖွင့်ဟ ထားဖို့" သာ ဖြစ်တယ်။ အဲ့ဒါလေး ပဲ။


မိမိ သဘောနဲ့ အခြား ဘယ်အရာတွေများ လုပ်ကိုင်လို့ ရပါသလဲ။ ချမ်းမြေ့မှု ရလိုဇောနဲ့ - မိမိ ဆန္ဒ အလျောက် ဘယ်အရာကို ဖန်တီး တည်ဆောက် နိုင်သလဲ။ စင်စစ် ချမ်းမြေ့မှု ဟာ သူ့သဘောနဲ့ သူ သာ စီးမျော ဝင်လာ တာ ဖြစ်ပါတယ်။ ရှိရှိ သမျှ လောကဓာတ် တစ်ခု လုံးဟာ --- (ခင်ဗျား သာ ဖွင့်ဟ ထားနိုင်ပါစေ) -- ချမ်းမြေ့မှု သန္တိ ရသကို မိမိ သန္တာန် ထဲ အလို အလျောက် ဖြည့်တင်း ပေး သွား ပါ လိမ့် မယ်။

အများ အားဖြင့် - ကျနော်တို့ ခင်ဗျား တို့မှာ အပိတ်ချည်းသာ ဖြစ်နေလေ့ ရှိတယ်။ တစ်ခုခု ကို ရဖို့ - မိမိဆန္ဒ နဲ့ လုပ်ကိုင်ဖို့ - ကြိုးစား တယ်။ မိမိလိုအင်ဆန္ဒ ဖြည့်တင်းမှု များလေ - တံခါးဝကို ပိုပြီး ပိတ်ဆို့ထားလေ ဖြစ်ပါတယ်။ အဲ့သည် အကျင့်ဝသီ အတိုင်း - ကြိုးစား ရင်း မာန်ခဲ လေ - မိမိ သန္တာန် ကို မိမိ ဘာသာ ပိတ် ဆို့ ပြီးသား ဖြစ်လေပဲ။ ကြိုးစား လုပ်ကိုင်ရင်း ဖြစ်တည် လာသမျှ - အားလုံး ဟာ အဲ့အချိန် မှာ- မိမိ အတ္တ အထည် ကိုယ် ကြီးထွား လာအောင်သာ ပံ့ပိုး ပေးတဲ့ အရာတွေ ဖြစ်လာ တယ်။ ဒါ့ကြောင့် ခင်ဗျား ဘယ်အရာ ဖန်တီး ဖန်တီး - ခင်ဗျား အတ္တ အတွက် ချည်းပဲ ရှိနေတော့တယ်။

မိမိ ကိုယ်ကိုယ် မိမိ - တစ်စုံတစ်ခု လုပ်နေတယ်၊ ကြိုးစားနေတယ် လို့ မှတ်ယူမယ် ဆိုပါစို့။ အရာ နှစ်ခု မလွဲမသွေ ကြုံဆုံရ ပါတယ်။

ပထမ တစ်ခုက - ခင်ဗျား ဘာလုပ်လုပ် - လုပ်သမျှဟာ - "ငါလုပ်နေတယ်" ဆိုတဲ့ ခင်ဗျားရဲ့ အတ္တ အတွက် ဖြစ်ပြီး၊ ဒုတိယ က - ခင်ဗျား လုပ်နေတဲ့ အရာ ကို "ရှေ့အနာဂတ် တစ်ချိန်ချိန် အထိ ဆွဲဆန့် သွား" တာပဲ ဖြစ်ပါတယ်။ ရှေ့ အနာဂတ် ဆိုတာ- တစ် စက္ကန့် လည်း ဖြစ်နိုင်တယ်။ တစ် မိနစ်၊ တစ်နာရီ လည်း ဖြစ်နိုင်သလို၊ သားစဉ်မြေးဆက် တစ်ဘဝ စာလုံး၊ တစ်သံသရာ လုံး လည်း ဖြစ်နိုင်တယ်။

အဓိက က - အခု လက်ရှိ အချိန် တည့်တည့် အပေါ် ခင်ဗျားရဲ့ အသိသက်သက် - ငြိမ်ဝပ်ပြီး မရှိနေ နိုင် တာ ဖြစ်ပါတယ်။ လက်ရှိ ခဏ အပေါ် မှာ ငြိမ်ဝပ် မနေနိုင်တာနဲ့ တစ်ဆက်တည်း - ရှေ့ကို (ဝါ) အနာဂတ်ကို - ဆက်လက် မျှော်မှန်း နေမိရက်သား ဖြစ်လာတယ်။ ဒီ ပထမ နဲ့ ဒုတိယ အရာနှစ်ခု စလုံး ဟာ - ဒီလိုနည်းနဲ့ - ချမ်းမြေ့မှု၊ အသိဉာဏ် အလင်း ကို ခင်ဗျားသန္တာန်ထဲ စီးမျှော ခွင့် မပေးဘူး။ အပြည့် အဝ ပိတ်ပင် တားဆီ ထားပါတယ်။

ဒါ့ကြောင့် အဓိက နားလည်ရမယ့် အရာဟာ -- တစ်ခုတည်း လို့ ဆိုပါမယ်။ - "You must be here and now"ဒီနေရာ၊ ဒီအချိန် မှာ - ခင်ဗျား အပြည့် အဝ ရှိနေရုံလေး ပဲ။ လက်ရှိ ရှိနေတဲ့ အချိန်၊ လက်ရှိ ရှိနေတဲ့ နေရာ မှာ ခင်ဗျား သန္တာန်ကို အပြည့်အဝ ဖွင့်ဟ ထားရုံလေး ပဲ လိုပါတယ် ။ အဲ့ဒီ အခါ - ချမ်းမြေ့ မှု၊ ကြည်စင်မှု သန္တိ ဟာ အလိုအလျောက် စီးဆင်း လာပါလိမ့်မယ်။ တကယ်လို့ "Here and Now" မှာ ရှိနေ ပါလျက်နဲ့ - ခင်ဗျား သန္တာန် ငြိမ်ဝပ် မနေပါဘူး ဆိုရင် - ခင်ဗျား တစ်စုံ တစ်ခု ကို မျှော်လင့်နေဆဲ၊ လုပ်ကိုင် နေ ဆဲ ဖြစ်နေ လို့၊ (ဝါ) လက်ရှိ "Here and Now" ပစ္စုပ္ပန် ခဏ အပေါ် အသိ အပြည့်အဝ ရှိမနေသေးလို့ ပဲ။

တကယ်လို့ - မရရကောင်းလား ဆိုတဲ့ လိုအင် နဲ့ ပိုပြီး မာန်တင်း တဲ့အခါ -ခင်ဗျား ပိုပြီး လွဲချော် သွားဖို့ သာ ရှိပါတယ်။

စင်စစ် ချမ်းမြေ့မှုဟာ အစဉ်အမြဲ စီးဆင်းလျက် ရှိနေတယ်။ အနီးအပါးမှာ - အဆင်သင့် ရှိနေပြီး သား ရယ်။ အခုခဏ-ဒီနေရာမှာတင် - ခင်ဗျား သန္တာန်မှာ တင်ကျန် နေပြီးသား ရှိပါတယ်။ မိမိ အနေ နဲ့ - တံခါးဖွင့်ပေးဖို့ လေးပဲ လိုတယ်။ ဒါပေမယ့် အများအားဖြင့် - တံခါးတွေ ကို လုံးဝ ပိတ်ထား ကြတာ သာ ဖြစ်ပါတယ်။ မိမိသန္တာန် အတွင်း မိမိ ဘာသာ အကျဉ်းကျ တယ်။ မိမိ အာရုံ အတွင်း မိမိ ဘာသာ နစ်မွန်းနေ မယ်။ ဒီအချိန် - ဒီနေရာ ကို မကြည့်အားဘူး -(ဝါ) လက်ရှိ တည့်တည့်မှာ မနေနိုင်ဘူး - ရှေ့အနာဂတ်ကို မျှော်မယ်။ ဒါမှ မဟုတ် - အတိတ် ကို ပြန်တွေး ရင်း ဆွေး မယ်။ ဒါဟာ အများစု ရှိနေကြတဲ့ ပုံစံ ဖြစ်ပါတယ်။ ဒီအကြောင်းကြောင့် အများစုမှာ ချမ်းမြေ့ မနေနိုင်ဘဲ - ပူလောင်မှုနဲ့သာ ဘဝကို ဖြတ်သန်းနေ ကြရတယ်။ စင်စစ် အဲ့ဒီ - "အခု တစ်ခဏ တာ" အပေါ် ကောင်းကောင်း အသိ မရှိခြင်း ကိုယ်၌က - တံခါး အားလုံး ပိတ်ပင် ထားတာ ဖြစ် ပါတယ်။

အများစု က (ဝါ) ဘာသာရေး သမားတွေက - မိမိ စိတ်သန္တာန် အေးချမ်းနိုင်ဖို့ - ဘာဝနာ လုပ်ကြပါ ဆိုတဲ့ စကားနဲ့ တိုက်တွန်းလေ့ ရှိတယ်။ အများစုကလည်း ဘာဝနာ ဟာ ချမ်းမြေ့မှု ကို ဖြစ်ပေါ်စေ တဲ့ လက်နက် တစ်ခုပဲလို့ ထင်မှတ်လေ့ ရှိတယ်။ စင်စစ် - ဘာဝနာ က မိမိ သန္တာန်ကို အေးချမ်း သွားစေ တာ၊ ချမ်းမြေ့သွားစေတာ မဟုတ်ဘူး -။ အေးချမ်းမှု၊ ချမ်းမြေ့မှု အတွက် ဖောက်လုပ်ပေး ရာ လမ်း သာ ဖြစ်ပါ တယ်။ ဘာဝနာရဲ့ အလုပ်က- မိမိ ရဲ့ သန္တာန်အတွင်း အဲ့ဒီ တံခါးပေါက်တွေ ဖွင့်ဟပေးဖို့သာ စွမ်းဆောင်ပေးတယ်။ သူတို့က - ခင်ဗျား တံခါးကို ဆွဲဖွင့် ပေးမယ် - ခင်ဗျား တံခါး ရှေ့မှာ ခုခံနေတဲ့- အလေးအပင် ပစ္စည်းပစ္စယ အမှိုက် သရိုက် မှန်သမျှ ရှင်းလင်း ထုတ်ပစ် ဖို့ အပြည့် အဝ တာဝန် ယူထားတယ်။

အဲ့ဒီ အခါ - ချမ်းမြေ့မှု ဟာ သူ့အလိုအလျောက် ခင်ဗျား သန္တာန်ထဲ ဖြည့်တင်းပြီးသား၊ စီးဝင် လာပြီးသား ဖြစ်နေပါလိမ့်မယ်။
......................
Note: Grace has been flowing always, that is already the case. It is there right now, flowing around you, but you don’t give a door to it. All your windows are closed, all your doors are closed; you are closed, imprisoned in yourself, you don’t allow any winds to blow. These meditations we are doing are just to help you to drop all doing.
.......................
~ Vedanta: Seven Steps to Samadhi
.......................
June 18th 2012 at 8:00 AM
.......................

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...