Sunday, June 3, 2012

ကောက်နေတဲ့စိတ်ကလေး ဘယ်သူမှ မသိအောင် တိတ်တိတ်ကလေးထားခဲ့တော့.


by Nay Oo-People on Sunday, June 3, 2012 at 1:12am 

အမေစု ခရီးစဉ်ကိုသတင်းလုပ်ဖို့ရောက်နေတဲ့ နိုင်ငံခြားနဲ့ ထိုင်းသတင်းထောက်တချို့ကို စခန်းတာဝန်ရှိသူတွေ ကမောင်းထုတ်ခဲ့တာရယ်..နောက်ပြီးတော့ အမေစု နယ်စပ်က တိုင်းရင်းသားနဲ့ဒီမိုကရေစီအင်အားစုတွေကို မတွေ့ခဲ့တာတွေနဲ့ပတ်သက်ပြီး... ဘယ်လိုထင်သလည်းဗျ.။ ခင်ဗျားတို့အမြင်ကိုသိချင်တယ်ဗျာ..

ကျနော်ထင်တာတော့ ဒီကိစ္စတွေဖြစ်ရတဲ့ အဓိကအကြောင်းအချက်ကြီးသုံးခုရှိတယ်..။
၁) အမေစုလုံခြုံရေးကိုကာကွယ်ဘို့
၂) ထိုင်းမြန်မာဆက်ဆံရေးကို မထိခိုက်စေဘို့နဲ့
၃) မြန်မာဒုက္ခသည်တွေကို ထိုင်းအစိုးရကစောင့်ရှောက်ထားတဲ့ အနေအထားတွေကို မီဒီယာတွေက "ဖွ" မှာ နိုင်ငံတကာ အလယ်မှာ ပြဿ နာလုပ်ခဲ့ရင် ထိုင်းအစိုးရအရှက်တကွဲ အကျိုးနည်းဖြစ်မှာစိုးလို့..

  • ခင်ဗျားတို့သိပြီးဖြစ်လိမ့်မယ့်အတိုင်းပဲဗျာ. ထိုင်းနိုင်ငံနယ်စပ်က မဲဆောက်မြို့ကလေးဆိုတာ မြန်မာနိုင်ငံကနိုင်ငံသား အများစု နေထိုင်ပြီး အသက်မွေးဝမ်းကြောင်းလုပ်ကိုင်ကြတယ်၊ တိုင်းရင်းသားအဖွဲ့တွေနဲ့ ဒီမိုကရေစီအင်အားစုတွေ အခြေစိုက်တဲ့နယ်မြေဖြစ်တယ်.. စတဲ့ စတဲ့ ၀ိသေသထူးတွေရှိတယ် ဆိုပေမယ့်လည်း- နိုင်ငံတကာထောက်လှမ်းရေး အေဂျင်စီတွေ စပိုင်တွေ ခြေချင်းလိမ်နေတဲ့အပြင် ထိုင်းနိုင်ငံက ထောက်လှမ်းရေးမျိုးစုံ တိုင်းရင်းသားလူမျိုးစုတွေက လွတ်ထားတဲ့ထောက်လှမ်းရေးမျိုးစုံ၊ ကျနော်တို့ ဦးသိန်းစိန်အစိုးရဘက်ကလွတ်ထားတဲ့ ထောက်လှမ်းရေးမျိုးစုံ.၊ နိုင်ငံအသီးသီးကလာရောက်လုပ်ကိုင်နေတဲ့ မတရားစီးပွားရေး လုပ်ငန်းမျိုးစုံက လွတ်ထား တဲ့ ထောက်လှမ်းရေးမျိုးစုံအပြင် လူကုန်ကူးလုပ်ငန်းနဲ့ ပြည့်တန်ဆာလုပ်ငန်းက လူမိုက်အမိုက်သရိုက်တွေ၊ လူမိုက်ဂိုဏ်း Gangs တွေ၊ မူးယစ်ဆေးဝါးရောင်းဝယ်ဖေါက်ကားသူတွေနဲ့ အခြားတေလေဂျပိုးတွေမျိုးစုံနေထိုင်အခြေစိုက်ကြတဲ့ အလွန့်အလွန်ရှုတ်တဲ့နေရာ (လုံခြုံရေးအတွက်ကြောက်တတ်ရင်) ကြောက်စရာကောင်းတဲ့နယ်မြေတခုမဟုတ်ပါလားဗျာ။
  • အရင်အတိတ်ကာလတုန်းများကဆို မိမိအခွင့်အရေးနဲ့ ကိုယ်လုပ်ခဲ့တဲ့လုပ်ခငွေရရှိရေးကို တိုက်ပွဲဝင်ခဲ့တဲ့အလုပ်သမား တွေအသတ်ခံရ (သို့)  "ပျောက်ပျောက်သွား" တတ်ပြီး  လူတချို့ဆို မဆီမဆိုင်ပဲပျောက်သွားရတာမဟုတ်လား။ ကျနော်ဆို အခြားသူတွေ စိတ်ဒုက္ခရောက်မှာ စိုးလို့ အမေစုခရီးစဉ်အတွင်းမှာ အဲဒီအကြောင်းတွေ အဖြစ်ဆိုးတွေကို ဘယ်သူ့ကိုမှ ဘာတခုကိုမှမတင်ပြပဲ မဆွေးနွေးပဲ ပွဲပြီးတဲ့အထိ ရင်တမမနဲ့ရှိနေခဲ့တာ။ ခုမှပဲ ဟင်းကနဲရယ်နဲ့ ဟင်း...ချနိုင်တော့တယ်။
  • အဲဒီအချက်အလက်သုံးခု ဖြစ်တည် ပေါင်းစုံမှုအကျိုးဆက်ကြောင့် ချစ်ရတဲ့အမေစုကို လူချင်း တွေ့ချင်သော်လည်း မတွေ့လိုက်ရ ပဲဖြစ်ခဲ့ရတဲ့အတွက် မကျေမချမ်း မချင့်မရဲဖြစ်ခဲ့ရတဲ့ ကျနော်တို့တိုင်းရင်းသားပြည်သူတွေ ထိုင်းအခြေစိုက်ဒီမိုကရေစီ လှုပ်ရှားတက်ကြွသူတွေ လည်းရှိမို့လား။ အဲဒီလိုဖြစ်မှုတွေကြောင့် စိတ်မကျေနှပ်တာတွေကို အန်ထုတ်ပြီး အန်အယ်ဒီကို အပြစ်တင်မယ့်အစား တရားကလေးနဲ့ဆင်ခြင်ပြီး လိုအပ်တဲ့ အကြံဉာဏ်များပေးရင်ပိုသင့်မြတ်မှာပေါ့။  ဆန္ဒတွေမပြည့်ခဲ့ရတဲ့ အကြောင်းအရင်းတွေကို ဆင်ခြင်သိနဲ့ဆုတ်ကိုင်ပြီး သူတို့တွေကြိုးစား နားလည်ပေးဘို့လို လိမ့်မယ်လို့ထင်မိတယ်ဗျာ။   ပြီးတော့ တွေ့ချင်တဲ့သူတို့ဘက်ကလည်း အသေအချာအာမခံနိုင်တဲ့ လုံခြုံရေးဆိုင်ရာအစီအမံတွေ တာဝန်ခံမှုတွေမရှိပဲ အမေစုနဲ့ ထိုင်းအစိုးရက ( တွေ့ဘို့အတွက် ) သူ့လုံခြုံရေးကို Risk မယူသင့် မစွန့်စားသင့်ပါ ဘူး။ ပြောချင်တယ်ဆိုလည်း ဖုန်းပေါ်ကနေ လေလှိုင်း ကနေတဆင့်ပြောလို့ရတာပဲမဟုတ်လား။   အဲဒီကိစ္စကိုရော ဘယ်လိုထင်သလည်းဗျ.။ သိချင်တယ်။ ချစ်တာကတော့မပြောပါနဲ့တော့ တွေ့ချင်တာကတော့ပြောပါနဲ့တော့..တရားမျှတမှုကိုချစ်တဲ့ ဘယ်သူမဆို အမေစုကိုအတင်းကိုဖက်ပြီး ငိုယိုပြီး "အာဘွားတွေ" အများကြီးပေးလိုက်ချင်တဲ့သူတွေချည်းပဲ။
အမေစုဟာ ပြည်သူကိုစည်းရုံးရင်း သူ့ကိုချစ်မြတ်နိုးခြင်းများစွာနဲ့ သူ့ကိုလှမ်းကိုင်ထိတွေ့နုတ်ဆက်လာ တဲ့ ပြည်သူတွေရဲ့လက်တွေကို မြတ်မြတ်နိုးနိုးနဲ့ လှမ်းကိုင်ထိတွေ့ခဲ့ ဆုတ်ကိုင်ခဲ့တဲ့အကြိမ်ပေါင်း၊ သူ့ကိုသိပ်ချစ်မြတ်နိုးလွန်းလို့ (အနယ်အနယ်အရပ်ရပ်က) တကူးတကလာရောက်ပြီး ပန်းတွေပေးကြတဲ့ ပြည်သူတွေရဲ့ပန်းပွင့်တွေ ပန်းစည်းတွေ ကို မြတ်နိုးတဲ့စိတ် မေတ္တာစိတ်တွေနဲ့အသေအချာယူခဲ့တဲ့ အကြိမ်ပေါင်းဟာကမ္ဘာကျော်လက်ဝှေ့သမား မိုဟာမက်အလီ လေ့ကျင့်ရင်းထိုးခဲ့တဲ့ လက်သီးချက်အရေအတွက်စုစုပေါင်းထက် အဆပေါင်းများစွာ သာကောင်းသာနေနိုင်မယ် မဟုတ်ပါလားလို့ ...အဲဒီလိုဂုဏ်ယူတွေးလေးနဲ့.တွေးရင်း. .တွေးရင်းနဲ့ အမေ့ကိုလေးစား တိုးချစ်ရင်း ကောက်နေတဲ့စိတ်ကလေး မကျေမချမ်းစိတ်ကလေး မချင့်မရဲစိတ်ကလေးကို ဘယ်သူမှ မသိအောင် တိတ်တိတ်ကလေးထားခဲ့တော့.

ခင်ဗျားတို့ရော ဘယ်လိုထင်သလည်းပြောကြစမ်းပါဦး..ကောက်တဲ့အထဲမှာပါရင်တော့ ..သိတယ်နော်..တိတ်တိတ်ကလေးထားခဲ့တော့..။

ကျေးဇူးတင်တယ်ဗျာ.

နေဦး
http://burma.irrawaddy.org/archives/11186

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...