Tuesday, June 19, 2012

မရဏ (ဝါ) သူမှတစ်ပါး မသေချာသော အရာ


by Zay Ya on Tuesday, June 19, 2012 at 3:14am 


၁။ အဓိက ပြဿနာမှာ - အကုသိုလ် ကို ကုသိုလ် သို့ ပြောင်းလဲ နိုင်ရန် မဟုတ်။ ဒုက္ခ မှ သုခ သို့ ကူးပြောင်းရန် မဟုတ်။ နာကျင်မှုကို ချမ်းမြေ့မှု အဖြစ် ပြောင်းလဲ ပစ်ရန် မဟုတ်ပေ။


၂။ စင်စစ် အဓိက ပြဿနာမှာ - မသိမှုကို - သိမှု (အသိ သက်သက်) သို့ ပြောင်းလဲနိုင် ရန်သာ ဖြစ်သည်။ အိပ်ပျော်နေ သည့် အဖြစ်မှ နိုးထ လာရန် သာ ဖြစ်သည်။ ပြင်ပ ဗဟိဒ္ဓနှင့် ရှင်သန် နေသည့် အဖြစ်မှ - အတွင်း အဇ္ဈတ္တ သို့ လျှိုးဝင် ရှင်သန် နိုင်ရန် ဖြစ်သည်။ ရှေ့အလိုဆန္ဒ တို့၏ အဟုန်ဖြင့် ပြေးလွှားနေသည့် အဖြစ်မှ - အလိုဆန္ဒတို့ ပျက်သုဉ်း ငြိမ်ဝပ် သွားသည့် အဖြစ်သို့ ကူးပြောင်း ရန်သည်သာ စင်စစ် အရေးပါ၏။

၃။ လက်ရှိ သာမန် ရှင်သန်နေသော လမ်းသည် - အိပ်မက်ကို ပဓာန ပြုသော လမ်း ဖြစ်သည်။ ထို့ကြောင့် အိပ်မက် သည် အတုအယောင် အချည်းနှီး ဖြစ်သကဲ့သို့ - ရှင်သန်နေထိုင်မှုသည်လည်း အတုအယောင် အချည်းနှီး သာ ဖြစ်လာရ ၏။

၎။ ဗုဒ္ဓ၊ တထာဂတ တို့၏ လမ်းသည် - ဉာဏ ကို ပဓာန ပြုသော လမ်း ဖြစ် ၏။ ရှင်သန်မှု ဘဝ ၌ အိပ်မက် မရှိ။ ရှင်သန်မှု နိုးကြားမှု စင်စစ် သာ ရှိ၏။ ထို့ကြောင့် အတုအယောင် အချည်းနှီး မဖြစ်ဘဲ၊ ခဏတိုင်း ၌ ပြည့်ဝလျက် ရှိသည်။

၅။ တထာဂတ တို့ မိန့်ဆိုသည့် စကားမှာ -

"လောက၌ မည်သည့် အရာသည် သေချာ ရောရာ ရှိပါသနည်း။ အဘယ် ဓမ္မ၊ သင်္ခါရတရား သည် မည်သို့ အခြေတည် ခိုင်မြဲ နေပါသနည်း။ အရာအားလုံး ကုန်ဆုံး ပျက်သုဉ်း ရစမြဲ ဖြစ်ကြောင်း သိအပ်၏။ အဖန်တလဲလဲ ဖြစ်ပျက် ပြောင်းလဲ နေမြဲ ဖြစ်ကြောင်း - အရာရာတို့၌ ရှုမြင်လွယ်၏။

"ခိုင်မြဲသော မဖောက်ပြန်သော အရာ ရှိတန်ရာသလော ဟု ရှာဖွေလျှင် - ဤလောက၌ "သေခြင်းတရား" မှ တစ်ပါး အခြားမရှိ။ အရာရာ တို့၏ ဖြစ်ပျက် ပြောင်းလဲမှု သဘော၌ မသေချာမှုများဖြင့် ဖွဲ့တည် ထားသော်လည်း၊ "သေခြင်းတရား" သည်ကား မလွဲမသွေ ရောက်လာ ရပေလိမ့်မည်" ~ ဟူ၏။

၆။ ယင်းသို့ - "မခိုင်မြဲ သည့် သဘာဝ" အား အစဉ်ထာဝရ ခိုင်မြဲနေလိုခြင်း အဖြစ် ကိုပင် "မသိမှု (အဝိဇ္ဇာ)" ဟု လည်းကောင်း၊ အမြင် မှောက်မှားမှု (မာယာ) ဟူ၍လည်းကောင်း ခေါ်ဆို၍ - ၎င်းတို့ ဦးတည်ရာ သည် - သောက၊ ပရိဒေဝ၊ ဇရာ၊ မရဏ တို့ထံသာ ဖြစ်၏။

.....................
June 14th 2012 at 12:00 AM
......................

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...