ရာဇဝင်ရိုင်း
ဦဖိုးသာအောင်-နော်ဝေ
၈။၆။၂၀၁၂
မြန်မာစကား မှာ *ရာဇဝင်ရိုင်းလိုက်လေ* ဟု ပြောလေ့ရှိကြသည်၊ ဖြစ်ရပ်အပေါ် မချိတင်ကဲ ခံစားချက်ကြောင့် ပေါ်ထွက်လာသည့် အတွင်းကြေ အသံပင်ဖြစ်ပါသည်။
ဘာကြောင့်ရာဇဝင်ရိုင်းရတာလဲ၊ ဘယ်သူက ရာဇဝင်ရိုင်းအောင် လုပ်တာလဲ၊ ဒါကိုတော့ ရှင်းကြရမည်အမှန်။
၂၀၁၂ ခုနှစ် မေလကုန်ပိုင်းတွင် မြန်မာပြည်၏ ဒီမိုကရေစီ မိခင် ဒေါ်အောင်ဆန်းစုကြည် တစ်ယောက် ပထမဆုံး နိုင်ငံခြားခရီးစဉ်အဖြစ် ထိုင်းနိုင်ငံသို့ ရောက်ရှိလာခဲ့ပါသည်၊
အရှေ့အာရှ ဒေသဆိုင်ရာ ကမ္ဘာ့စီးပွားရေးဖိုရမ် WEF ကို တက်ရောက်ဆွေးနွေးဟောပြောရန် ခရီးစဉ်နှင့်အတူ မြန်မာရွှေ့ပြောင်းအလုပ်သမားများ ရှိကြသည့် မဟာချိုင် ဒေသကို ရောက်ရှိခဲ့ပါသည်။
မြန်မာရွှေ့ပြောင်းအလုပ်သမားများ ၏ ရှေ့ရေးအတွက် တိုးတက်ဖြစ်ထွန်း စေမည့် လက်တွေ့ကျသည့် အားပေးစကားနှင့် သြဝါဒစကားများကို ပြောကြားခဲ့ပါသည်။
စားဝတ်နေရေးနှင့် ဘဝရပ်တည်ရှင်သန်ရေးအတွက် အခြားရွေးချယ်စရာ လမ်းမရှိတော့ သဖြင့် တိုင်းတပါးသားများ လက်အောက်တွင် ကျွန်သပေါက်ဘဝဖြင့် ဝမ်းစာရှာနေကြရသော ရွှေ့ပြောင်းအလုပ်သမားများကို ဒေါ်အောင်ဆန်းစုကြည်၏ အားပေးနှစ်သိမ့်စကားများသည် အဝေးရောက် သားသမီးများ ထံသို့ အရောက်လိုက်လာပြီး တပါတည်းသာ ပြန်လည်ခေါ်ဆောင် သွားချင်သည့် မိခင်ကြီးတစ်ဦး၏ ကြီးမားလှသည့် မေတ္တာသံ များဟုပင်ပြော ရပါလိမ့်မည်။
တပြိုင်နက်တည်းမှာ မြန်မာပြည်တွင် အချေမလှသေးခင်မှာ ထိုင်းတို့ပြည်တွင် အလုပ်လုပ်ကြ ရဦးမည့် မြန်မာအလုပ်သမား တို့အတွက် ရသင့်ရထိုက်သည့် အခွင့်အရေးများ ရရှိရန်ကိုလည်း ထိုင်းဒုဝန်ကြီးချုပ်နှင့် ဆွေးနွေးတိုင်ပင်ပြီး ကတိစကားများပင် ရအောင် စွမ်းဆောင်နိုင်ခဲ့ပါသည်၊
ဒေါ်အောင်ဆန်းစုကြည်၏ စိတ်စေတနာနှင့် မေတ္တာသည် ပြည်တွင်းရော ပြည်ပပါ မြန်မာနိုင်ငံသား အားလုံးကို လွှမ်းခြုံနေသည့် သာရကများပင်ဖြစ်ပါသည်။
သို့ပေမင့် ထိုင်းအခြေစိုက် ဧရာဝတီအမည်နှင့် မြန်မာဘလော့တွင် ဖေါ်ပြထားသည့် *အတိုက်အခံအဖွဲ့များ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မရ၍ စိတ်ပျက်* ဆိုသော ခေါင်းစဉ်ဖြင့် ကျော်ခ ဆိုသူပေးပို့သည့် သတင်းကို ဖတ်လိုက်မိသော အခါ တွေးစရာတွေ ပေါ်ပေါက်လာ ရပါတော့သည်။
ပထမဆုံးတွေးမိသည်မှာ *အတိုက်အခံအဖွဲ့* ဆိုတာပါပဲ၊
ပြည်တွင်းရော ပြည်ပမှာပါ အတိုက်အခံအဖွဲ့တွေရှိခဲ့ပါသည်၊ ရှိနေဆဲလည်းဖြစ်ပါသည်၊
အာဏာရ အစိုးရက မဟုတ်မတရားတာတွေလုပ်သမျှကို နည်းမျိုးစုံဖြင့် ဆန့်ကျင်မည်၊ ပြုပြင်မည်၊ တော်လှန်မည်၊ တိုက်ခိုက်မည်၊ ဆိုသည့် အဖွဲ့များကို *အတိုက်အခံ* ဟု ယျေဘူယျ အားဖြင့် ခေါ်ဆိုသတ်မှတ်နိုင်ပါသည်၊
သို့သော် အတိုက်အခံအဖွဲ့များသည် ရည်ရွယ်ချက်၊ ခံယူချက်၊ အတွေးအခေါ်၊ မဟာဗျူဟာ၊ နည်းဗျူဟာ များကတော့ တူညီကြမည်မဟုတ်ပါ၊
သဘာဝအတိုင်း ကွဲပြားနေမည်သာဖြစ်ပါသည်၊
ထို့ကြောင့် ဘုံ ရန်သူ ရှိနေချိန်တွင် အတိုက်အခံများ အချင်းချင်းသည် တူတာတွဲလုပ် မတူတာ ခွဲလုပ်ဆိုသည့် မူကို ရှေ့တန်းတင်ကာ လှုပ်ရှားနေကြပါသည်။
သို့ဆိုသော်လည်း မတူညီသည့် အတိုက်အခံအဖွဲ့များ အချင်းချင်းတို့သည် မည်သည့် အချက်များက တူညီသဖြင့် လက်တွဲလုပ်ဆောင်နေကြပြီး၊ ဘယ်အချက်များက မတူညီသဖြင့် ကိုယ့်ဖာသာကိုယ်လုပ်ကိုင်ကြမည် ဆိုသည်မှာကော ရှင်းရှင်းလင်းလင်း ရှိခဲ့ကြပါသလား၊ မေးခွန်းထုတ်စရာပင်ဖြစ်ပါသည်၊
နှစ်ပေါင်းနှစ်ဆယ်ကျော်မျှ ပြည်တွင်းပြည်ပဟန်ချက်ညီညီလှုပ် ရှားမည်ဆိုသည့် စကားကိုလည်း နားငြီးလောက်အောင် ကြားခဲ့ပြီးပါပြီ၊ မည်သို့ မည်ပုံ ဟန်ချက်ညီကြပြီး မည်သည့် အကျိုးအမြတ်များ ရရှိခဲ့ပါသနည်းဟုလည်း မေးခွန်းထုတ်ရပါလိမ့်မည်။
ရှစ်လေးလုံးအရေးတော်ပုံ၏ နောက်ပိုင်းတွင် ပြည်ပကိုထွက်ခဲ့ကြသည့် အတိုက်အခံများသည် နာမည်စုံနှင့် အဖွဲ့စုံဖွဲ့ခဲ့ကြပြီး လှုပ်ရှားခဲ့ကြသည်၊
နိုင်ငံတကာနှင့် နယ်စပ်တို့တွင်လည်း ပြန့်နှံ့ရောက်ရှိခဲ့ပြီးဖြစ်ြ ကသည်၊
မိမိတို့ယုံကြည်ချက်နှင့် အယူအဆအတိုင်း ပြည်ပနှင့် နယ်စပ်ကို ထွက်ခွါလာခြင်းအပေါ် မည်သူကမျှ အပြစ်မမြင်ပါ၊
တိုင်းပြည်၏ အခြေအနေနှင့် တော်လှန်ရေး၏ သဘောသဘာဝအတိုင်းသာ ဖြစ်ကြရသည်ကို နားလည်မှုရှိနေကြပါသည်။
မည်သို့ရှိစေ မိမိတို့ ယုံကြည်ချက်ဖြင့် ဆောင်ရွက်ခဲ့ကြသည့် အတိုက်အခံပြု တော်လှန်ရေးလုပ်ရပ်များ၏ အားနည်းချက် အားသာချက်များ၊ အမှားနှင့် အမှန်များကို ခြောက်လပါတ်၊ နှစ်ပါတ်လည်၊ သုံးနှစ်၊ ငါးနှစ်၊ ဆယ်စုနှစ်တခု၊ နှစ်ခု စသည်ဖြင့် သုံးသပ်ချက်များကို ရိုးသား ပွင့်လင်းစွာ ဖြင့် ပါတီတွင်း အဖွဲ့တွင်း ချပြဆွေးနွေးမှု့များ ပြုလုပ်ခဲ့ကြပါ၏လောဟု မေးရပါလိမ့်အုံးမည်။
သိသာထင်ရှားသည်ကတော့ ပြည်တွင်း အင်အယ်ဒီသည် အကြီးအကျယ် ပြန်လည်သုံးသပ်ချက်များနှင့်အတူ ပါတီတွင်းတွင် ပွင့်လင်းစွာဖြင့် အတိုက်အခံ ဝေဘန်ဆွေးနွေးကြပြီး ပါတီကို ပြန်လည်၍ အသစ်ဖွဲ့စည်းခဲ့ကြပါသည်၊
ဤကိစ္စသည် အလွန်တရာ လေးနက်ပြီး မြန်မာပြည်၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးနိုင်သည့် လုပ်ရပ်ကြီးပင်ဖြစ်ပါတော့သည်၊
ယနေ့တွေ့မြင်နေကြရသည့် မြန်မာ့နိုင်ငံရေး၏ အရွေ့သည် အင်အယ်ဒီ ပြန်လည်ဖွဲ့စည်းခြင်း၏ ရလာဘ်ဟုပင် ဆိုနိုင်ပါသည်။
ပြည်ပရောက်အတိုက်အခံအဖွဲ့အစည်း များကတော့ လုံးပါးပါးပြီး ပျောက်ကွယ် သာသွားမည် ပွင့်လင်းသည့် ပြန်လည်သုံးသပ် ဆွေးနွေးမှု့မျိုးကို ပြုလုပ်ကြမည် မဟုတ်တော့ပါ၊
ဤကဲ့သို့ တော်လှန်ရေးအပေါ်မရိုးသားမှု့ကြော င့် ယ္ခုကဲ့သို့ ပြည်ပတို့ ကျဆုံးရခြင်းပင်ဖြစ်သည်၊
အယူအဆအားဖြင့်လည်း ဒီမိုကရေစီအပေါ်တွင် ပြတ်သားခြင်းမရှိကြသလို ဂလိုဘယ်လိုင်ဇေးရှင်း ကိုပင် အဆိုးဘက်က မြင်ကြသူက များလှပါသည်၊ အံသြစရာပင်ဖြစ်ရပါသည်၊
အဆိုးဆုံးအခြေအနေကို ရောက်သွားကြရသည်ကတော့ ပရီပိုဇယ်ခေါ် ထောက်ပံ့ကြေးငွေကို ရယူပြီး အလွဲသုံးစားလုပ်လိုက်ခြင်းပင်ြ ဖစ်ပါတော့သည်၊ အထောက်အထားပြစမ်းပါဟုဆိုပြီး မည်ကဲ့သို့ပင်ငြင်းကြပါစေ ပွင့်လင်းသည့် မြန်မာ့ လူ့အဖွဲ့အစည်း အားကောင်းလာပြီး ဒီမိုကရေစီခေတ်ကိုရောက်ပြီဆိုလျှင်ဖြင့် အမှန်တရားတွေ ထင်ရှားလာရမည်သာဖြစ်ပါသည်။
ပြည်တွင်းအင်အယ်ဒီ၏ ဗဟိုလ်ကော်မီတီဝင် ဦးလွင် ရှိစဉ်က ပြောခဲ့ဘူးသည်၊
အင်အယ်ဒီ အယ်အေ ဆိုတာ သူတို့နှင့် မပါတ်သက်ပါတဲ့၊ ရှင်းအောင်ပြောခဲ့ဘူးပါသည်၊
ယ္ခုပြည်တွင်းက အင်အယ်ဒီသည် ပြန်လည်ပြီး အသစ်စက်စက် ဖွဲ့စည်းပြီးပြီဖြစ်သော်လည်း ပြည်ပ အယ်အေတို့ကတော့ ရေငုံနှုတ်ပိတ်ဖြင့် နေမြဲ အနေထားပါပဲ၊
ကမ္ဘာ့ အပြောင်းအလဲကိုပင် မေ့နေသလားဟု မေးစရာပါ၊
၉၀ခုနှစ် ရွေးကောက်ပွဲနိုင် ပြည်ပရောက်အမတ်မင်းများဖြင့် ဖွဲ့စည်းထားသည့် စင်ပြိုင်အစိုးရအဖွဲ့တို့၊ အင်ပီယူခေါ် ပြည်ပရောက် အမတ်များအဖွဲ့တို့ကကော ဘယ်ပုံစံနှင့် ဘယ်လိုဆက်ပြီး လိမ့်နေကြတာပါလဲ၊
ပြည်သူတွေကိုလည်း ရှင်းပြကြပါအုံးလို့ ဆိုချင်ပါသည်။
အေအေပီပီခေါ် နိုင်ငံရေးအကျဉ်းသားကူညီစောင့်ေ ရှာက်ရေးအဖွဲ့ (မြန်မာနိုင်ငံ)ကလည်း နှစ်ပေါင်း နှစ်ဆယ်ကျော်အတွင်း မည်သည့် နိုင်ငံရေး အကျဉ်းသားများကို မည်မျှ ထောက်ပံ့ကူညီခဲ့သည်ဆိုသည့် စာရင်းဇယား များကတော့ ရှိနေဦးမည်ဟုယူဆပါသည်၊
မကြာမီ ရှင်းလင်းကြရတော့မည်သာဖြစ်ပါသည် ။ မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးအတွက် ပြည်တွင်းက အဖွဲ့များကိုလည်းကောင်း၊ တစ်ဦးချင်းစီကိုလည်းကောင်း မည်၍မည်မျှ ထောက်ပံ့ကူညီပါသည်ဆိုသည့် ပြည်ပရောက်တို့သည်လည်း တစ်ဖွဲ့ချင်းဖြစ်စေ တစ်ဦးတစ်ယောက်ချင်းဖြစ်စေ ပြန်လည်ရှင်းလင်းကြဖို့ အချိန်လည်း နီးကပ်လာနေပါပြီ။
မြန်မာနိုင်ငံထဲတွင် ပွင့်လင်းလူ့အဖွဲ့အစည်းနှင့်အတူ ဒီမိုကရေစီစနစ်ကြီး ထွန်းကားလာသည်နှင့်အမျှ ပရီပိုဇယ်သမိုင်းမှန်လည်း ပေါ်ထွက်လာရမည်ပင်ဖြစ်ပါသည်။
ဂျပန်ရောက် အင်အယ်ဒီအတုအလိမ်များ၊အိန္ဒိယ ဘရန့်(ခ်ျ) က အင်အယ်ဒီအယ်အေမှ ဒေါက်တာတင့်ဆွေနှင့် ရူပီးငွေသန်းချီပြီး ငြင်းခုံရှုတ်ထွေးထားသည့် ကိစ္စ၊
ဒီဗွီဘီနှင့် ဘားမားဗွီဂျေတို့၏ ငွေကြေး အရှုတ်တော်ပုံ၊
ယူနီကယ်ကုမ္ပဏီ၏ လျှော်ကြေး ကိစ္စများအပါအဝင် အနမတ္ကသော ပရီပိုဇယ်ရသုံးစာရင်းများ အပြင် ပြည်တွင်း ထောက်ပံ့ကြေး၊ နယ်စပ်ထောက်ပံ့ကြေး၊ ရွှေ့ပြောင်းအလုပ်သမား၊ ဒုက္ခသည်များ၏ ကျမ္မာရေး၊ ပညာရေး၊ ထောက်ပံ့ကြေး စသည် စသည်များနှင့် ပါတ်သက်ရာ ပါတ်သက်ကြောင်း အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များအတွက် သူတို့၏ စိတ်ရင်း စေတနာမှန်လျှင်လည်း မှန်သလို မှားလျှင်လည်း မှားသလို အဖြစ်မှန်များပေါ်ထွက်လာ တော့မည်သာ ဖြစ်ပါသည်။
ပြည်တွင်းက စစ်အာဏာရှင်ဆိုးတစ်စုနှင့် အပေါင်းအပါများ၏ မတရားသိမ်းပိုက်ရယူထားကြသည့် တိုင်းပြည်၏ ဘဏ္ဍာများနှင့် ဆက်လက်ရှင်သန်ရပ်တည်နိုင်အောင် ကြိုးပမ်းနေသည့် စီးပွါးရေးတရားဝင်မှု့ဖြစ်အောင် လုပ်ဆောင်နေမှု့များသည်လည်း ယနေ့ အင်အယ်ဒီနှင့် ပြည်သူလူထုက ဦးစားပေးဆောင်ရွက်နေသော တရားဥပဒေ စိုးမိုးရေးနှင့် ဖွဲ့စည်းပုံပါ လူထုအကျိုးကို ထိခိုက်နစ်နာစေမည့် ဥပဒေများပြင်ဆင်ရေးလုပ်ငန်းများ တိုးတက်အောင်ဖြစ်လာသည်နှင့်အမျှ အမှန်တရားများထွန်းကားလာမည်သြာ ဖစ်ပါသည်။
အလွဲသုံးစား ဒုစရိုက်အမှောင်ထဲမှာ ကိုယ်ကျိုးရှာခဲ့ကြသည့် ပြည်တွင်းဓါးပြနှင့် ပြည်ပသူခိုးများ၊ နိုင်ငံရေးနှင့် တော်လှန်ရေးကို ခုတုံးလုပ်ပြီး ကိုယ်ကျိုးရှာသည့် အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များ၊ အမှန်တကယ် ကိုယ်ကျိုးစွန့်ပြီး တိုင်းပြည်နှင့် အမျိုးသားပြည်သူလူထု၏ အကျိုးကို စွမ်းစွမ်းတမန်ဆောင်ရွက်ခြဲ့ ကသည့် အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များသည်ကား ဘင်းဝင်းသတ်သတ် လိပ်သတ်သတ်ဖြစ်ကြသလို နံ့သာဆီနှင့်အီးပမာ လွန်စွာကွာခြားနေပြီဖြစ်ပါသည်။
လက်ကိုင်ဖုံးကို မတွေ့မမြင်ဘူးသေးသည့် လွန်ခဲ့သည့်ကာလများနှင့် စစ်အစိုးရ၏ ဖိနှိပ်မှု့ကို အလူးအလဲခံခဲ့ကြရသည့် ဗိုလ်ခင်ညွှန့်တို့ လက်ထက်များတွင် သူခိုး ဓါးပြနှင့် လူတော်လူကောင်း၊ အချောင်သများနှင့် တော်လှန်ရေးသမားမှာ အုတ်ရောရော ကျောက်ရောရောနှင့် ကွဲကွဲပြားပြား မရှိခဲ့ကြ မသိခဲ့ကြပေမယ့် ယနေ့ အင်တာနက်ခေတ်၊ ဒေါ်စုခေတ်နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းများ အားကောင်းလာချိန်မှာတော့ မစင်ဘင်ပုတ်နှင့် နတ်သုဒ္ဓါ၊ လင်းဠနှင့် ဒေါင်းပမာ အကွာကြီးကွာပြီး ရှင်းရှင်းလင်းလင်း သဲသဲကွဲကွဲကြီး တွေ့ကြမြင်ကြရတော့မည်လည်းဖြစ်ပါ တော့သည်၊
စစ်အစိုးရဆိုး၏ ဖိနှိပ်မှု့ကို မခံမရပ်နိုင်ဖြစ်ပြီး တော်လှန်ရေးထဲ ဝင်ရောက် ဆင်နွှဲခဲ့ကြသည့် အလွှာပေါင်းစုံ၊ လူတန်းစားပေါင်းစုံ၊ အရွယ်ပေါင်းစုံ တို့သည် ပြည်တွင်းရော ပြည်ပမှာပါ အားကောင်းခဲ့ကြပါသည်၊
ထိုအထဲမှ အချို့သူများကတော့ ပြေးရင်းလွှားရင်း ချီးပုံ ဟတ်မိကြပြီး ပရီပိုဇယ်စား ကိုယ်ကျိုးရှာသမားများဖြစ်လြို ဖစ်၊ နှစ်ဘက်ချွန်၊ သုံးဘက်ခွှန်အဖြစ် လုပ်စားသူက စားနှင့် တိုင်းပြည်နှင့် လူထုကို သစ္စာဖေါက်ကြပြန်ပါသည်။
မည်သို့ဖြစ်ကြပါစေ အများအကျိုးအတွက် ကိုယ်ကျိုးစွန့်ပြီး လှုပ်ရှားနေကြသူများအဖို့မှာတော့ ပတ္တမြားမှန်လျှင် နွံမနစ်ဆိုသလို သမိုင်းဂုဏ်ရောင်က တပြောင်ပြောင်ပင်ဖြစ်နေပါမည်၊
ကိုယ်ကျိုးရှာ အချောင်သမားများအတွက်ကတော့ သမိုင်းမြောင်းပုတ်မှာ နစ်မြုပ်ကြရမည်သာဖြစ်ပါသည်၊
ဤနေရာတွင် တိုင်းပြည်တိုးတက်ရေးကြီးပွါးချ မ်းသာရေးအတွက် နိုင်ငံရေး တော်လှန်ရေးကို ဆောင်ရွက်ကြရာ၌ အတွေးအခေါ်အယူအဆကွဲပြားခြားနာြး ကသည့် အလျှောက် လှုပ်ရှားဆောင်ရွက်ပုံခြင်း မတူညီသည်များကို မဆိုလိုပါ၊
အများအကျိုးအတွက် ကိုယ်ကျိုးစွန့်သည်ကိုပင် လေးစား ဂုဏ်ယူရပါသည်၊
နိုင်ငံရေး တော်လှန်ရေးထဲသို့ဝင်ကာ ကိုယ်ကျိုးရှာခွေးသူခိုးများနှ င့် အာဏာကို အလွဲသုံးစားလုပ်ခဲ့ကြသည့် ခွေးဓါးပြများကိုသာဆိုလိုပါသည်။
ဒီမိုကရေစီမိခင် ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ထိုင်းနိုင်ငံသို့ ရောက်ရှိလာပါသည်၊
ဖိတ်ကြားချက်အရ အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွါးရေး ဆွေးနွေးပွဲကို တက်ရောက်ဆွေးနွေးရန် ကိစ္စဖြစ်သော်လည်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ နှစ်ဆယ့်လေးနှစ်အတွင်း ပထမဆုံး အကြိမ် ပြည်ပခရီးထွက်သည့် ပွဲကြီးပမာဖြစ်သွားသည်မှာလည်း အံသြဂုဏ်ယူစရာပင်ဖြစ်ခဲ့ပါသည်၊
မြန်မာရွှေ့ပြောင်းအလုပ်သမားများ ရှိရာ မဟာချိုင်ခရီးသည်လည်း မြန်မာနှင့် ထိုင်းလူမျိုးများ၏ ကြိုဆိုကြသည်မှာ ကမ္ဘာက အံ့လောက်ပါတော့သည်။
သို့ပေမင့် ထိုင်းမြန်မာနယ်စပ်၏ စီးပွါးရေးအချက်အချာ မဲဆောက်မြို့နှင့် မယ်လဒုက္ခသည်စခန်းသို့ သွားသည့် ခရီးစဉ်မှာတော့ ကသိကအောင့် ရှိခဲ့ပါသည်၊
ဒုက္ခသည်များနှင့် ဆွေးနွေးမေးမြန်းမှု့များ မပြုရသည့် အပြင် ဒေါ်စုစကားပြောဖို့ရန် မိုက်ခွက်ပင် စီစဉ်ပေးခြင်းမရှိခဲ့ပါ၊
တကယ်တော့ ထိုင်းနယ်မြေထဲမှာရှိနေသော ဒုက္ခသည်များ၏ ပြဿနာမှာ ရှုတ်ထွေးလှကြောင်း လူတိုင်းလိုလို သိကြပြီးလည်းဖြစ်နေပါသည်၊ ထိုင်းအစိုးရ၊ မြန်မာအစိုးရ၊ ကရင်တော်လှန်ရေးအဖွဲ့များအပြင် ယူအင်အိတ်(ခ်ျ)စီအာနှင့် လူမှု့ထောက်ကူပြုအဖွဲ့အစည်းများ တို့ ပါဝင်ပါတ်သက်နေကြသဖြင့်လည်း ဒုက္ခသည်များ၏ အဖြစ်သနစ်မှန်များကို ဒေါ်စုနှင့် ကမ္ဘာရော မြန်မာပါ ပြည်သူတွေသိဖို့ရန် လွယ်ကူမည့် အချိန်ကာလမျိုးမဖြစ်သေးပါ၊
သို့သော် မကြာခင် သိရှိခွင့်ရကြမည်သာဖြစ်ပါသည်၊ ဦးခွန်သာမြင့်ပြောသည့် သိမ်မွေ့သည့် အပြောင်းအလဲကလေးတခုအဖြစ် နားလည်မှု့ပေးနိုင်ပါသည်။
ဒေါ်စုနှင့် တွေ့ဆုံဆွေးနွေးပြောဆိုခွင့် မရလိုက်၍ စိတ်ပျက်ရပါသည် ဆိုသည့် ပြည်ပနှင့် နယ်စပ်ရောက် နာမည်စုံနှင့် အတိုက်အခံအဖွဲ့အစည်းများအတွက်ကေ တာ့ စိတ်မကောင်း စရာပင်ဖြစ်ရပါသည်၊
သို့သော် ဒေါ်စုနှင့် တွေ့ဆုံနှုတ်ဆက်စကားပြောသည်ဖြစ်ေ စ၊ ဆွေးနွေးမည်ဖြစ်စေ အလွဲသုံးစားနှင့် ကိုယ်ကျိုးရှာသမားများ မဖြစ်စေရန်က ပထမဆုံး လိုအပ်ချက်ဖြစ်ပါသည်၊
ဒုတိယလိုအပ်ချက်မှာ အလွဲသုံးစားနှင့် ကိုယ်ကျိုးရှာ သူများနှင့် ကင်းရှင်းပြီး မိမိ၏ သမိုင်းကို လိပ်ပြာသန့်သူများဖြစ်ရပါလိမ့် မည်၊ ပို၍ အရေးကြီးသည်မှာ နိုင်ငံရေးကို ဘန်းပြပြီး ကိုယ်ကျိုးရှာသမားများကို ဖေါ်ထုတ်ရဲသူဖြစ်ရပါမည်၊
ထိုကဲ့သို့သော ပုဂ္ဂိုလ်များသာလျှင် ဒေါ်စုနှင့် တွေ့ဆုံ စကားပြောရန် ထိုက်တန်လှပါသည်၊
ဒေါ်စုအတွက် ယုံကြည်မှု့ရှိရန် အချိန်စောင့်ရပါဦးမည်ဆိုသူများ အတွက်ကတော့ ဒေါ်စုနှင့် တွေ့ရန် မထိုက်တန်ပါ။
နောက်အရေးကြီးသည့် အချက်တခုကတော့ ဒေါ်စု၏ ယ္ခုသွားနေသည့် နိုင်ငံရေးလမ်းစဉ်အပေါ် ကန့်လန့်တိုက်နေသူများလည်း ဒေါ်စုနှင့် တွေ့စရာလိုမည်မဟုတ်ပါ၊
စစ်အာဏာရှင်တစု၏ ထွက်ပေါက်အတွက် ဒေါ်စုက အသုံးချခံလိုက်ရသည်ဟု အယူအဆရှိသူများ၊ အမေရိကန်၏ ချယ်လှယ်မှု့ခံနေရပြီဟု ယုံကြည်နေကြသည့် အရှေ့မျှော်ဝါဒသမားများ၊ ယ္ခင်က ဒေါ်စုကို ဝိုင်းရံကြ ဆိုသူများသည် ဒေါ်စုက အင်အယ်ဒီကို ပြင်ဖွဲ့ကာ ဦးသိန်းစိန် အစိုးရနှင့် ပူးပေါင်းလိုက်သည့်အခါ ဝိုင်းကန်ကြဟု ဆိုသူများနှင့်လည်း တွေ့ဆုံဆွေးနွေးစရာလိုမည်မဟုတ် ပါ။
လက်ရှိအစိုးရက တရားမဝင်အသင်း သတ်မှတ်ထားသူများနှင့်လည်း တွေ့ဆုံဆွေးနွေးစရာ မလိုအပ်သေးပါ၊
ယနေ့တရားမဝင် အသင်းများနှင့် တွေ့ဆုံဆွေးနွေးရန်မှာ မီးရထားဝန်ကြီးက တာဝန်ယူထားသည်သာဖြစ်နေပါသည်၊
ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းနိုင်ငံ ခရီးစဉ်မှာ တွေ့သင့် တွေ့ထိုက်သူများကိုသာ တွေ့ရမည်ဖြစ်ပြီး မတွေ့သင့် မတွေ့ထိုက်သူများကို တွေ့ဆုံဆွေးနွေးမည်မဟုတ်သည်မှာ သဘာဝကျလှပါသည်။
ဒါကို ပြည်ပရောက်တို့ထဲမှ ဘယ်သူတွေနှင့်တော့ တွေ့ဖို့ကောင်းပါသည်၊ ဘယ်သူတွေက မတွေ့ရ မဆွေးနွေးကြရလို့ စိတ်ပျက်မိဆိုတာတွေကတော့ ဒေါ်စုနှင့် မိမိတို့၏ ပကတိ အနေအထားကို မှန်ကန်စွာ မသုံးသပ်နိုင်၍သာ ဖြစ်ပါလိမ့်မည်။
ပြည်ပရောက်အတိုက်အခံအဖွဲ့များနှ င့် ထောက်ပံ့ကြေးပရီပိုဇယ်မှာ ကင်းလွတ်၍ မဖြစ်နိုင်ပါ၊
ပရီပိုဇယ်ရရန်ကြိုးပမ်းသူများနှ င့် မှန်မှန်ကန်ကန်အကျိုးရှိရှိ တော်လှန်ရေးအတွက် ခွဲဝေသုံးစွဲကြသူများကိုတော့ လေးစားတန်ဖိုးထားကြရမည်သာ ဖြစ်ပါသည်၊
ကိုယ်ကျိုးရှာ အချောင်သမားတော်လှန်ရေး အကျိုးပေးသန်သူ သူခိုးများ၊ ဘီယာအရက် စွဲမက်စွာဖြင့် ဖေါင်းပူ ဗိုက်ဗွ၊ ပေါ့ချောင်ကောင်း အငယ်အနှောင်းလေးများနှင့် ပက်စ်ပို့ နှစ်မျိုးသုံးမျိုး ကိုင်ကာ ဖိုရမ်ဝပ်ရှော့ စီမီနာ ထပ်ခါ ထပ်ခါတက်ကြရင်း ရေဒီယိုနှင့် အင်တာဗျူးပြီး သတင်းမဟုတ် သတင်းလုပ်နေတဲ့ နှစ်ပေါင်း နှစ်ဆယ်ကျော် အတိုက်အခံကြီးများ၊
အနှီအချောင်သမား ခေါင်းဆောင်ကြီးများ၏ သောက်ကျင့်နှင့် စရိုက်ကို သိသိကြီး နှင့် တပည့်ခံ၊ အကြွင်းအကျန်လေးများကို မျှော်ကိုးကာ မပြောရဲ မဆိုရဲ မဝေဖန်ရဲကြပဲ၊ တဟဲဟဲနှင့် ရောရောင်ပေါကြောင် လုပ်နေပြီး အမုန်းမခံရဲကြသူများ၊
ထိုထိုသော စစ်အစိုးရ၏ ဓါးအောက်မှ လွတ်မြောက်ကြပြီး ပြည်ပရောက်မှ ပိုပြီးရဲရဲတောက် ဖြစ်ချင်သူများ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းတင်တို့ ထောင်ကလွတ်လာပြီး နောက်ပိုင်းတွင်လည်း ပြည်ပမှာ ပြုလုပ်ခဲ့ကြသည့် ဖိုရမ်၊ ဝပ်ရှော့၊ စီမီနာ နှင့် ညီလာခံဆိုသည်များက ဒေါ်စုနှင့် ဦးဝင်းတင်တို့၏ အမှာစကား၊ မိန့်ခွန်းများကို ရအောင် တောင်းကြပြီး တကယ့် ဒီမိုကရေစီ ရရှိရေးတာဝန်ကြီးများကို ထမ်းဆောင်နေရတဲ့ ဂိုက်ဖမ်းနေတဲ့ အဖွဲ့များကိုလည်းကောင်း စသည့်အမျိုးမျိုး အထွေထွေ လူ့ငတေတွေနှင့် ပြည်ပကို ပထမခရီး စတင်ထွက်လာပြီးသည့် ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံဆွေးနွေးစကားပြော ကြားသင့်ပါသလား၊ စဉ်းစားသာ ကြည့်ကြပါဟု ဆိုချင်ပါသည်။
အကျင့် စာရိတ္ထကဏ္ဍအပြင် အယူအဆနှင့် သဘောတရားရေးကဏ္ဍကလည်း အရေးပါလှပါသည်၊
ယနေ့ ဒေါ်အောင်ဆန်းစုကြည်သွားနေသည့် မူဝါဒ လမ်းစဉ်အပေါ် မနှစ်သက်သူများ၊ မကြိုက်သူများလည်း ရှိနေပါသည်၊
အချို့ကလည်း ဘယ်အချက်များကို ကြိုက်ပါသည်၊ ဘယ်အချက်များကိုတော့ လက်မခံနိုင်ကြပါဟု ရှိကောင်း ရှိကြပါလိမ့်မည်၊
မည်သို့ ရှိကြပါစေ၊ ဒေါ်အောင်ဆန်းစုကြည်၏ ပြည်ပခရီးစဉ်မှာ မတူညီသည့် သဘောတရားအယူအဆများကို ညှိနှိုင်းဆွေးနွေးအဖြေရှာရန် မလိုအပ်သေးပါက ပြည်ပရောက်တို့ဘက်မှ နားလည်လက်ခံကြရမည်သာ ဖြစ်ပါသည်၊
တွေ့တုံးကြုံတုံးဆုံတုံးမှာ ပြောချင်တာတွေ ပြောလိုက်မည်ဟု အလိုက်မသိစွာဖြင့် မကြိုးစားသင့်ကြပါ၊
မိမိတို့ခေါင်းဆောင်၏ အခြေအနေနှင့် အချိန်အခါကို သဘောပေါက်ကြရန်သာ ဖြစ်ပါသည်။
ထိုထိုသော အကြောင်းများကို ထောက်ချင့်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် မတွေ့ရ မဆွေးနွေးရ၍ စိတ်ပျက်ဆိုသော သူများသည်လည်း မိမိတို့ ကိုယ်ကို ပြန်လည်ဆန်းစစ်ကြရန်သာ ဖြစ်ပါသည်၊
ကျနော်တို့ ကျမတို့လည်း ရှစ်ဆယ့်ရှစ်ကတည်းက ဒီမိုကရေစီ အရေးတော်ပုံ ပေါက်တွေပဲ ဖြစ်ကြပါတယ်၊
ယနေ့ထက်တိုင်လည်း ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်နေကြသူများပင် ဖြစ်ပါတယ် ဆိုရုံမျှဖြင့် တန်းမညှိနိုင်ပါကြောင်းနှင့် မကြာမီ ဥရောပခရီး ထွက်ခွာလာဦးမည့် ဒီမိုကရေစီမိခင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေး ချင်ပါသည်ဟု ဆန္ဒရှိသူများ အတွက် မိမိတို့၏ ဂုဏ်သိက္ခာနှင့် ရိုးသားမှုများကို ကြိုတင်ဆန်းစစ် တွက်ဆနိုင်ပါရန် တင်ပြအပ်ပါကြောင်း။ ။
--ဦဖိုးသာအောင်-နော်ဝေ
မြန်မာစကား မှာ *ရာဇဝင်ရိုင်းလိုက်လေ* ဟု ပြောလေ့ရှိကြသည်၊ ဖြစ်ရပ်အပေါ် မချိတင်ကဲ ခံစားချက်ကြောင့် ပေါ်ထွက်လာသည့် အတွင်းကြေ အသံပင်ဖြစ်ပါသည်။
ဘာကြောင့်ရာဇဝင်ရိုင်းရတာလဲ၊ ဘယ်သူက ရာဇဝင်ရိုင်းအောင် လုပ်တာလဲ၊ ဒါကိုတော့ ရှင်းကြရမည်အမှန်။
၂၀၁၂ ခုနှစ် မေလကုန်ပိုင်းတွင် မြန်မာပြည်၏ ဒီမိုကရေစီ မိခင် ဒေါ်အောင်ဆန်းစုကြည် တစ်ယောက် ပထမဆုံး နိုင်ငံခြားခရီးစဉ်အဖြစ် ထိုင်းနိုင်ငံသို့ ရောက်ရှိလာခဲ့ပါသည်၊
အရှေ့အာရှ ဒေသဆိုင်ရာ ကမ္ဘာ့စီးပွားရေးဖိုရမ် WEF ကို တက်ရောက်ဆွေးနွေးဟောပြောရန် ခရီးစဉ်နှင့်အတူ မြန်မာရွှေ့ပြောင်းအလုပ်သမားများ
မြန်မာရွှေ့ပြောင်းအလုပ်သမားများ
စားဝတ်နေရေးနှင့် ဘဝရပ်တည်ရှင်သန်ရေးအတွက် အခြားရွေးချယ်စရာ လမ်းမရှိတော့ သဖြင့် တိုင်းတပါးသားများ လက်အောက်တွင် ကျွန်သပေါက်ဘဝဖြင့် ဝမ်းစာရှာနေကြရသော ရွှေ့ပြောင်းအလုပ်သမားများကို ဒေါ်အောင်ဆန်းစုကြည်၏ အားပေးနှစ်သိမ့်စကားများသည် အဝေးရောက် သားသမီးများ ထံသို့ အရောက်လိုက်လာပြီး တပါတည်းသာ ပြန်လည်ခေါ်ဆောင် သွားချင်သည့် မိခင်ကြီးတစ်ဦး၏ ကြီးမားလှသည့် မေတ္တာသံ များဟုပင်ပြော ရပါလိမ့်မည်။
တပြိုင်နက်တည်းမှာ မြန်မာပြည်တွင် အချေမလှသေးခင်မှာ ထိုင်းတို့ပြည်တွင် အလုပ်လုပ်ကြ ရဦးမည့် မြန်မာအလုပ်သမား တို့အတွက် ရသင့်ရထိုက်သည့် အခွင့်အရေးများ ရရှိရန်ကိုလည်း ထိုင်းဒုဝန်ကြီးချုပ်နှင့် ဆွေးနွေးတိုင်ပင်ပြီး ကတိစကားများပင် ရအောင် စွမ်းဆောင်နိုင်ခဲ့ပါသည်၊
ဒေါ်အောင်ဆန်းစုကြည်၏ စိတ်စေတနာနှင့် မေတ္တာသည် ပြည်တွင်းရော ပြည်ပပါ မြန်မာနိုင်ငံသား အားလုံးကို လွှမ်းခြုံနေသည့် သာရကများပင်ဖြစ်ပါသည်။
သို့ပေမင့် ထိုင်းအခြေစိုက် ဧရာဝတီအမည်နှင့် မြန်မာဘလော့တွင် ဖေါ်ပြထားသည့် *အတိုက်အခံအဖွဲ့များ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မရ၍ စိတ်ပျက်* ဆိုသော ခေါင်းစဉ်ဖြင့် ကျော်ခ ဆိုသူပေးပို့သည့် သတင်းကို ဖတ်လိုက်မိသော အခါ တွေးစရာတွေ ပေါ်ပေါက်လာ ရပါတော့သည်။
ပထမဆုံးတွေးမိသည်မှာ *အတိုက်အခံအဖွဲ့* ဆိုတာပါပဲ၊
ပြည်တွင်းရော ပြည်ပမှာပါ အတိုက်အခံအဖွဲ့တွေရှိခဲ့ပါသည်၊ ရှိနေဆဲလည်းဖြစ်ပါသည်၊
အာဏာရ အစိုးရက မဟုတ်မတရားတာတွေလုပ်သမျှကို နည်းမျိုးစုံဖြင့် ဆန့်ကျင်မည်၊ ပြုပြင်မည်၊ တော်လှန်မည်၊ တိုက်ခိုက်မည်၊ ဆိုသည့် အဖွဲ့များကို *အတိုက်အခံ* ဟု ယျေဘူယျ အားဖြင့် ခေါ်ဆိုသတ်မှတ်နိုင်ပါသည်၊
သို့သော် အတိုက်အခံအဖွဲ့များသည် ရည်ရွယ်ချက်၊ ခံယူချက်၊ အတွေးအခေါ်၊ မဟာဗျူဟာ၊ နည်းဗျူဟာ များကတော့ တူညီကြမည်မဟုတ်ပါ၊
သဘာဝအတိုင်း ကွဲပြားနေမည်သာဖြစ်ပါသည်၊
ထို့ကြောင့် ဘုံ ရန်သူ ရှိနေချိန်တွင် အတိုက်အခံများ အချင်းချင်းသည် တူတာတွဲလုပ် မတူတာ ခွဲလုပ်ဆိုသည့် မူကို ရှေ့တန်းတင်ကာ လှုပ်ရှားနေကြပါသည်။
သို့ဆိုသော်လည်း မတူညီသည့် အတိုက်အခံအဖွဲ့များ အချင်းချင်းတို့သည် မည်သည့် အချက်များက တူညီသဖြင့် လက်တွဲလုပ်ဆောင်နေကြပြီး၊ ဘယ်အချက်များက မတူညီသဖြင့် ကိုယ့်ဖာသာကိုယ်လုပ်ကိုင်ကြမည်
နှစ်ပေါင်းနှစ်ဆယ်ကျော်မျှ ပြည်တွင်းပြည်ပဟန်ချက်ညီညီလှုပ်
ရှစ်လေးလုံးအရေးတော်ပုံ၏ နောက်ပိုင်းတွင် ပြည်ပကိုထွက်ခဲ့ကြသည့် အတိုက်အခံများသည် နာမည်စုံနှင့် အဖွဲ့စုံဖွဲ့ခဲ့ကြပြီး လှုပ်ရှားခဲ့ကြသည်၊
နိုင်ငံတကာနှင့် နယ်စပ်တို့တွင်လည်း ပြန့်နှံ့ရောက်ရှိခဲ့ပြီးဖြစ်ြ
မိမိတို့ယုံကြည်ချက်နှင့် အယူအဆအတိုင်း ပြည်ပနှင့် နယ်စပ်ကို ထွက်ခွါလာခြင်းအပေါ် မည်သူကမျှ အပြစ်မမြင်ပါ၊
တိုင်းပြည်၏ အခြေအနေနှင့် တော်လှန်ရေး၏ သဘောသဘာဝအတိုင်းသာ ဖြစ်ကြရသည်ကို နားလည်မှုရှိနေကြပါသည်။
မည်သို့ရှိစေ မိမိတို့ ယုံကြည်ချက်ဖြင့် ဆောင်ရွက်ခဲ့ကြသည့် အတိုက်အခံပြု တော်လှန်ရေးလုပ်ရပ်များ၏ အားနည်းချက် အားသာချက်များ၊ အမှားနှင့် အမှန်များကို ခြောက်လပါတ်၊ နှစ်ပါတ်လည်၊ သုံးနှစ်၊ ငါးနှစ်၊ ဆယ်စုနှစ်တခု၊ နှစ်ခု စသည်ဖြင့် သုံးသပ်ချက်များကို ရိုးသား ပွင့်လင်းစွာ ဖြင့် ပါတီတွင်း အဖွဲ့တွင်း ချပြဆွေးနွေးမှု့များ ပြုလုပ်ခဲ့ကြပါ၏လောဟု မေးရပါလိမ့်အုံးမည်။
သိသာထင်ရှားသည်ကတော့ ပြည်တွင်း အင်အယ်ဒီသည် အကြီးအကျယ် ပြန်လည်သုံးသပ်ချက်များနှင့်အတူ ပါတီတွင်းတွင် ပွင့်လင်းစွာဖြင့် အတိုက်အခံ ဝေဘန်ဆွေးနွေးကြပြီး ပါတီကို ပြန်လည်၍ အသစ်ဖွဲ့စည်းခဲ့ကြပါသည်၊
ဤကိစ္စသည် အလွန်တရာ လေးနက်ပြီး မြန်မာပြည်၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးနိုင်သည့် လုပ်ရပ်ကြီးပင်ဖြစ်ပါတော့သည်၊
ယနေ့တွေ့မြင်နေကြရသည့် မြန်မာ့နိုင်ငံရေး၏ အရွေ့သည် အင်အယ်ဒီ ပြန်လည်ဖွဲ့စည်းခြင်း၏ ရလာဘ်ဟုပင် ဆိုနိုင်ပါသည်။
ပြည်ပရောက်အတိုက်အခံအဖွဲ့အစည်း
ဤကဲ့သို့ တော်လှန်ရေးအပေါ်မရိုးသားမှု့ကြော
အယူအဆအားဖြင့်လည်း ဒီမိုကရေစီအပေါ်တွင် ပြတ်သားခြင်းမရှိကြသလို ဂလိုဘယ်လိုင်ဇေးရှင်း ကိုပင် အဆိုးဘက်က မြင်ကြသူက များလှပါသည်၊ အံသြစရာပင်ဖြစ်ရပါသည်၊
အဆိုးဆုံးအခြေအနေကို ရောက်သွားကြရသည်ကတော့ ပရီပိုဇယ်ခေါ် ထောက်ပံ့ကြေးငွေကို ရယူပြီး အလွဲသုံးစားလုပ်လိုက်ခြင်းပင်ြ
ပြည်တွင်းအင်အယ်ဒီ၏ ဗဟိုလ်ကော်မီတီဝင် ဦးလွင် ရှိစဉ်က ပြောခဲ့ဘူးသည်၊
အင်အယ်ဒီ အယ်အေ ဆိုတာ သူတို့နှင့် မပါတ်သက်ပါတဲ့၊ ရှင်းအောင်ပြောခဲ့ဘူးပါသည်၊
ယ္ခုပြည်တွင်းက အင်အယ်ဒီသည် ပြန်လည်ပြီး အသစ်စက်စက် ဖွဲ့စည်းပြီးပြီဖြစ်သော်လည်း ပြည်ပ အယ်အေတို့ကတော့ ရေငုံနှုတ်ပိတ်ဖြင့် နေမြဲ အနေထားပါပဲ၊
ကမ္ဘာ့ အပြောင်းအလဲကိုပင် မေ့နေသလားဟု မေးစရာပါ၊
၉၀ခုနှစ် ရွေးကောက်ပွဲနိုင် ပြည်ပရောက်အမတ်မင်းများဖြင့် ဖွဲ့စည်းထားသည့် စင်ပြိုင်အစိုးရအဖွဲ့တို့၊ အင်ပီယူခေါ် ပြည်ပရောက် အမတ်များအဖွဲ့တို့ကကော ဘယ်ပုံစံနှင့် ဘယ်လိုဆက်ပြီး လိမ့်နေကြတာပါလဲ၊
ပြည်သူတွေကိုလည်း ရှင်းပြကြပါအုံးလို့ ဆိုချင်ပါသည်။
အေအေပီပီခေါ် နိုင်ငံရေးအကျဉ်းသားကူညီစောင့်ေ
မကြာမီ ရှင်းလင်းကြရတော့မည်သာဖြစ်ပါသည်
မြန်မာနိုင်ငံထဲတွင် ပွင့်လင်းလူ့အဖွဲ့အစည်းနှင့်အတူ ဒီမိုကရေစီစနစ်ကြီး ထွန်းကားလာသည်နှင့်အမျှ ပရီပိုဇယ်သမိုင်းမှန်လည်း ပေါ်ထွက်လာရမည်ပင်ဖြစ်ပါသည်။
ဂျပန်ရောက် အင်အယ်ဒီအတုအလိမ်များ၊အိန္ဒိယ ဘရန့်(ခ်ျ) က အင်အယ်ဒီအယ်အေမှ ဒေါက်တာတင့်ဆွေနှင့် ရူပီးငွေသန်းချီပြီး ငြင်းခုံရှုတ်ထွေးထားသည့် ကိစ္စ၊
ဒီဗွီဘီနှင့် ဘားမားဗွီဂျေတို့၏ ငွေကြေး အရှုတ်တော်ပုံ၊
ယူနီကယ်ကုမ္ပဏီ၏ လျှော်ကြေး ကိစ္စများအပါအဝင် အနမတ္ကသော ပရီပိုဇယ်ရသုံးစာရင်းများ အပြင် ပြည်တွင်း ထောက်ပံ့ကြေး၊ နယ်စပ်ထောက်ပံ့ကြေး၊ ရွှေ့ပြောင်းအလုပ်သမား၊ ဒုက္ခသည်များ၏ ကျမ္မာရေး၊ ပညာရေး၊ ထောက်ပံ့ကြေး စသည် စသည်များနှင့် ပါတ်သက်ရာ ပါတ်သက်ကြောင်း အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များအတွက် သူတို့၏ စိတ်ရင်း စေတနာမှန်လျှင်လည်း မှန်သလို မှားလျှင်လည်း မှားသလို အဖြစ်မှန်များပေါ်ထွက်လာ တော့မည်သာ ဖြစ်ပါသည်။
ပြည်တွင်းက စစ်အာဏာရှင်ဆိုးတစ်စုနှင့် အပေါင်းအပါများ၏ မတရားသိမ်းပိုက်ရယူထားကြသည့် တိုင်းပြည်၏ ဘဏ္ဍာများနှင့် ဆက်လက်ရှင်သန်ရပ်တည်နိုင်အောင် ကြိုးပမ်းနေသည့် စီးပွါးရေးတရားဝင်မှု့ဖြစ်အောင် လုပ်ဆောင်နေမှု့များသည်လည်း ယနေ့ အင်အယ်ဒီနှင့် ပြည်သူလူထုက ဦးစားပေးဆောင်ရွက်နေသော တရားဥပဒေ စိုးမိုးရေးနှင့် ဖွဲ့စည်းပုံပါ လူထုအကျိုးကို ထိခိုက်နစ်နာစေမည့် ဥပဒေများပြင်ဆင်ရေးလုပ်ငန်းများ တိုးတက်အောင်ဖြစ်လာသည်နှင့်အမျှ အမှန်တရားများထွန်းကားလာမည်သြာ
အလွဲသုံးစား ဒုစရိုက်အမှောင်ထဲမှာ ကိုယ်ကျိုးရှာခဲ့ကြသည့် ပြည်တွင်းဓါးပြနှင့် ပြည်ပသူခိုးများ၊ နိုင်ငံရေးနှင့် တော်လှန်ရေးကို ခုတုံးလုပ်ပြီး ကိုယ်ကျိုးရှာသည့် အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များ၊ အမှန်တကယ် ကိုယ်ကျိုးစွန့်ပြီး တိုင်းပြည်နှင့် အမျိုးသားပြည်သူလူထု၏ အကျိုးကို စွမ်းစွမ်းတမန်ဆောင်ရွက်ခြဲ့
လက်ကိုင်ဖုံးကို မတွေ့မမြင်ဘူးသေးသည့် လွန်ခဲ့သည့်ကာလများနှင့် စစ်အစိုးရ၏ ဖိနှိပ်မှု့ကို အလူးအလဲခံခဲ့ကြရသည့် ဗိုလ်ခင်ညွှန့်တို့ လက်ထက်များတွင် သူခိုး ဓါးပြနှင့် လူတော်လူကောင်း၊ အချောင်သများနှင့် တော်လှန်ရေးသမားမှာ အုတ်ရောရော ကျောက်ရောရောနှင့် ကွဲကွဲပြားပြား မရှိခဲ့ကြ မသိခဲ့ကြပေမယ့် ယနေ့ အင်တာနက်ခေတ်၊ ဒေါ်စုခေတ်နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းများ အားကောင်းလာချိန်မှာတော့ မစင်ဘင်ပုတ်နှင့် နတ်သုဒ္ဓါ၊ လင်းဠနှင့် ဒေါင်းပမာ အကွာကြီးကွာပြီး ရှင်းရှင်းလင်းလင်း သဲသဲကွဲကွဲကြီး တွေ့ကြမြင်ကြရတော့မည်လည်းဖြစ်ပါ
စစ်အစိုးရဆိုး၏ ဖိနှိပ်မှု့ကို မခံမရပ်နိုင်ဖြစ်ပြီး တော်လှန်ရေးထဲ ဝင်ရောက် ဆင်နွှဲခဲ့ကြသည့် အလွှာပေါင်းစုံ၊ လူတန်းစားပေါင်းစုံ၊ အရွယ်ပေါင်းစုံ တို့သည် ပြည်တွင်းရော ပြည်ပမှာပါ အားကောင်းခဲ့ကြပါသည်၊
ထိုအထဲမှ အချို့သူများကတော့ ပြေးရင်းလွှားရင်း ချီးပုံ ဟတ်မိကြပြီး ပရီပိုဇယ်စား ကိုယ်ကျိုးရှာသမားများဖြစ်လြို
မည်သို့ဖြစ်ကြပါစေ အများအကျိုးအတွက် ကိုယ်ကျိုးစွန့်ပြီး လှုပ်ရှားနေကြသူများအဖို့မှာတော့ ပတ္တမြားမှန်လျှင် နွံမနစ်ဆိုသလို သမိုင်းဂုဏ်ရောင်က တပြောင်ပြောင်ပင်ဖြစ်နေပါမည်၊
ကိုယ်ကျိုးရှာ အချောင်သမားများအတွက်ကတော့ သမိုင်းမြောင်းပုတ်မှာ နစ်မြုပ်ကြရမည်သာဖြစ်ပါသည်၊
ဤနေရာတွင် တိုင်းပြည်တိုးတက်ရေးကြီးပွါးချ
အများအကျိုးအတွက် ကိုယ်ကျိုးစွန့်သည်ကိုပင် လေးစား ဂုဏ်ယူရပါသည်၊
နိုင်ငံရေး တော်လှန်ရေးထဲသို့ဝင်ကာ ကိုယ်ကျိုးရှာခွေးသူခိုးများနှ
ဒီမိုကရေစီမိခင် ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ထိုင်းနိုင်ငံသို့ ရောက်ရှိလာပါသည်၊
ဖိတ်ကြားချက်အရ အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွါးရေး ဆွေးနွေးပွဲကို တက်ရောက်ဆွေးနွေးရန် ကိစ္စဖြစ်သော်လည်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ နှစ်ဆယ့်လေးနှစ်အတွင်း ပထမဆုံး အကြိမ် ပြည်ပခရီးထွက်သည့် ပွဲကြီးပမာဖြစ်သွားသည်မှာလည်း အံသြဂုဏ်ယူစရာပင်ဖြစ်ခဲ့ပါသည်၊
မြန်မာရွှေ့ပြောင်းအလုပ်သမားများ
သို့ပေမင့် ထိုင်းမြန်မာနယ်စပ်၏ စီးပွါးရေးအချက်အချာ မဲဆောက်မြို့နှင့် မယ်လဒုက္ခသည်စခန်းသို့ သွားသည့် ခရီးစဉ်မှာတော့ ကသိကအောင့် ရှိခဲ့ပါသည်၊
ဒုက္ခသည်များနှင့် ဆွေးနွေးမေးမြန်းမှု့များ မပြုရသည့် အပြင် ဒေါ်စုစကားပြောဖို့ရန် မိုက်ခွက်ပင် စီစဉ်ပေးခြင်းမရှိခဲ့ပါ၊
တကယ်တော့ ထိုင်းနယ်မြေထဲမှာရှိနေသော ဒုက္ခသည်များ၏ ပြဿနာမှာ ရှုတ်ထွေးလှကြောင်း လူတိုင်းလိုလို သိကြပြီးလည်းဖြစ်နေပါသည်၊ ထိုင်းအစိုးရ၊ မြန်မာအစိုးရ၊ ကရင်တော်လှန်ရေးအဖွဲ့များအပြင် ယူအင်အိတ်(ခ်ျ)စီအာနှင့် လူမှု့ထောက်ကူပြုအဖွဲ့အစည်းများ
သို့သော် မကြာခင် သိရှိခွင့်ရကြမည်သာဖြစ်ပါသည်၊ ဦးခွန်သာမြင့်ပြောသည့် သိမ်မွေ့သည့် အပြောင်းအလဲကလေးတခုအဖြစ် နားလည်မှု့ပေးနိုင်ပါသည်။
ဒေါ်စုနှင့် တွေ့ဆုံဆွေးနွေးပြောဆိုခွင့်
သို့သော် ဒေါ်စုနှင့် တွေ့ဆုံနှုတ်ဆက်စကားပြောသည်ဖြစ်ေ
ဒုတိယလိုအပ်ချက်မှာ အလွဲသုံးစားနှင့် ကိုယ်ကျိုးရှာ သူများနှင့် ကင်းရှင်းပြီး မိမိ၏ သမိုင်းကို လိပ်ပြာသန့်သူများဖြစ်ရပါလိမ့်
ထိုကဲ့သို့သော ပုဂ္ဂိုလ်များသာလျှင် ဒေါ်စုနှင့် တွေ့ဆုံ စကားပြောရန် ထိုက်တန်လှပါသည်၊
ဒေါ်စုအတွက် ယုံကြည်မှု့ရှိရန် အချိန်စောင့်ရပါဦးမည်ဆိုသူများ
နောက်အရေးကြီးသည့် အချက်တခုကတော့ ဒေါ်စု၏ ယ္ခုသွားနေသည့် နိုင်ငံရေးလမ်းစဉ်အပေါ် ကန့်လန့်တိုက်နေသူများလည်း ဒေါ်စုနှင့် တွေ့စရာလိုမည်မဟုတ်ပါ၊
စစ်အာဏာရှင်တစု၏ ထွက်ပေါက်အတွက် ဒေါ်စုက အသုံးချခံလိုက်ရသည်ဟု အယူအဆရှိသူများ၊ အမေရိကန်၏ ချယ်လှယ်မှု့ခံနေရပြီဟု ယုံကြည်နေကြသည့် အရှေ့မျှော်ဝါဒသမားများ၊ ယ္ခင်က ဒေါ်စုကို ဝိုင်းရံကြ ဆိုသူများသည် ဒေါ်စုက အင်အယ်ဒီကို ပြင်ဖွဲ့ကာ ဦးသိန်းစိန် အစိုးရနှင့် ပူးပေါင်းလိုက်သည့်အခါ ဝိုင်းကန်ကြဟု ဆိုသူများနှင့်လည်း တွေ့ဆုံဆွေးနွေးစရာလိုမည်မဟုတ်
လက်ရှိအစိုးရက တရားမဝင်အသင်း သတ်မှတ်ထားသူများနှင့်လည်း တွေ့ဆုံဆွေးနွေးစရာ မလိုအပ်သေးပါ၊
ယနေ့တရားမဝင် အသင်းများနှင့် တွေ့ဆုံဆွေးနွေးရန်မှာ မီးရထားဝန်ကြီးက တာဝန်ယူထားသည်သာဖြစ်နေပါသည်၊
ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းနိုင်ငံ ခရီးစဉ်မှာ တွေ့သင့် တွေ့ထိုက်သူများကိုသာ တွေ့ရမည်ဖြစ်ပြီး မတွေ့သင့် မတွေ့ထိုက်သူများကို တွေ့ဆုံဆွေးနွေးမည်မဟုတ်သည်မှာ သဘာဝကျလှပါသည်။
ဒါကို ပြည်ပရောက်တို့ထဲမှ ဘယ်သူတွေနှင့်တော့ တွေ့ဖို့ကောင်းပါသည်၊ ဘယ်သူတွေက မတွေ့ရ မဆွေးနွေးကြရလို့ စိတ်ပျက်မိဆိုတာတွေကတော့ ဒေါ်စုနှင့် မိမိတို့၏ ပကတိ အနေအထားကို မှန်ကန်စွာ မသုံးသပ်နိုင်၍သာ ဖြစ်ပါလိမ့်မည်။
ပြည်ပရောက်အတိုက်အခံအဖွဲ့များနှ
ပရီပိုဇယ်ရရန်ကြိုးပမ်းသူများနှ
ကိုယ်ကျိုးရှာ အချောင်သမားတော်လှန်ရေး အကျိုးပေးသန်သူ သူခိုးများ၊ ဘီယာအရက် စွဲမက်စွာဖြင့် ဖေါင်းပူ ဗိုက်ဗွ၊ ပေါ့ချောင်ကောင်း အငယ်အနှောင်းလေးများနှင့် ပက်စ်ပို့ နှစ်မျိုးသုံးမျိုး ကိုင်ကာ ဖိုရမ်ဝပ်ရှော့ စီမီနာ ထပ်ခါ ထပ်ခါတက်ကြရင်း ရေဒီယိုနှင့် အင်တာဗျူးပြီး သတင်းမဟုတ် သတင်းလုပ်နေတဲ့ နှစ်ပေါင်း နှစ်ဆယ်ကျော် အတိုက်အခံကြီးများ၊
အနှီအချောင်သမား ခေါင်းဆောင်ကြီးများ၏ သောက်ကျင့်နှင့် စရိုက်ကို သိသိကြီး နှင့် တပည့်ခံ၊ အကြွင်းအကျန်လေးများကို မျှော်ကိုးကာ မပြောရဲ မဆိုရဲ မဝေဖန်ရဲကြပဲ၊ တဟဲဟဲနှင့် ရောရောင်ပေါကြောင် လုပ်နေပြီး အမုန်းမခံရဲကြသူများ၊
ထိုထိုသော စစ်အစိုးရ၏ ဓါးအောက်မှ လွတ်မြောက်ကြပြီး ပြည်ပရောက်မှ ပိုပြီးရဲရဲတောက် ဖြစ်ချင်သူများ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းတင်တို့ ထောင်ကလွတ်လာပြီး နောက်ပိုင်းတွင်လည်း ပြည်ပမှာ ပြုလုပ်ခဲ့ကြသည့် ဖိုရမ်၊ ဝပ်ရှော့၊ စီမီနာ နှင့် ညီလာခံဆိုသည်များက ဒေါ်စုနှင့် ဦးဝင်းတင်တို့၏ အမှာစကား၊ မိန့်ခွန်းများကို ရအောင် တောင်းကြပြီး တကယ့် ဒီမိုကရေစီ ရရှိရေးတာဝန်ကြီးများကို ထမ်းဆောင်နေရတဲ့ ဂိုက်ဖမ်းနေတဲ့ အဖွဲ့များကိုလည်းကောင်း စသည့်အမျိုးမျိုး အထွေထွေ လူ့ငတေတွေနှင့် ပြည်ပကို ပထမခရီး စတင်ထွက်လာပြီးသည့် ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံဆွေးနွေးစကားပြော ကြားသင့်ပါသလား၊ စဉ်းစားသာ ကြည့်ကြပါဟု ဆိုချင်ပါသည်။
အကျင့် စာရိတ္ထကဏ္ဍအပြင် အယူအဆနှင့် သဘောတရားရေးကဏ္ဍကလည်း အရေးပါလှပါသည်၊
ယနေ့ ဒေါ်အောင်ဆန်းစုကြည်သွားနေသည့် မူဝါဒ လမ်းစဉ်အပေါ် မနှစ်သက်သူများ၊ မကြိုက်သူများလည်း ရှိနေပါသည်၊
အချို့ကလည်း ဘယ်အချက်များကို ကြိုက်ပါသည်၊ ဘယ်အချက်များကိုတော့ လက်မခံနိုင်ကြပါဟု ရှိကောင်း ရှိကြပါလိမ့်မည်၊
မည်သို့ ရှိကြပါစေ၊ ဒေါ်အောင်ဆန်းစုကြည်၏ ပြည်ပခရီးစဉ်မှာ မတူညီသည့် သဘောတရားအယူအဆများကို ညှိနှိုင်းဆွေးနွေးအဖြေရှာရန် မလိုအပ်သေးပါက ပြည်ပရောက်တို့ဘက်မှ နားလည်လက်ခံကြရမည်သာ ဖြစ်ပါသည်၊
တွေ့တုံးကြုံတုံးဆုံတုံးမှာ ပြောချင်တာတွေ ပြောလိုက်မည်ဟု အလိုက်မသိစွာဖြင့် မကြိုးစားသင့်ကြပါ၊
မိမိတို့ခေါင်းဆောင်၏ အခြေအနေနှင့် အချိန်အခါကို သဘောပေါက်ကြရန်သာ ဖြစ်ပါသည်။
ထိုထိုသော အကြောင်းများကို ထောက်ချင့်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် မတွေ့ရ မဆွေးနွေးရ၍ စိတ်ပျက်ဆိုသော သူများသည်လည်း မိမိတို့ ကိုယ်ကို ပြန်လည်ဆန်းစစ်ကြရန်သာ ဖြစ်ပါသည်၊
ကျနော်တို့ ကျမတို့လည်း ရှစ်ဆယ့်ရှစ်ကတည်းက ဒီမိုကရေစီ အရေးတော်ပုံ ပေါက်တွေပဲ ဖြစ်ကြပါတယ်၊
ယနေ့ထက်တိုင်လည်း ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်နေကြသူများပင် ဖြစ်ပါတယ် ဆိုရုံမျှဖြင့် တန်းမညှိနိုင်ပါကြောင်းနှင့် မကြာမီ ဥရောပခရီး ထွက်ခွာလာဦးမည့် ဒီမိုကရေစီမိခင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေး ချင်ပါသည်ဟု ဆန္ဒရှိသူများ အတွက် မိမိတို့၏ ဂုဏ်သိက္ခာနှင့် ရိုးသားမှုများကို ကြိုတင်ဆန်းစစ် တွက်ဆနိုင်ပါရန် တင်ပြအပ်ပါကြောင်း။ ။
--ဦဖိုးသာအောင်-နော်ဝေ
__._,_.___
0 comments:
Post a Comment