Sunday, June 3, 2012

သစ်ထူးလွင် သတင်းစုစည်းမှု (၃-၆)


သစ်ထူးလွင်


Posted: 03 Jun 2012 07:15 AM PDT
      ငြိမ်းချမ်းရေး  ဆိုသော  စကားလုံးသည်  အလွန်လှပါသည် ။ ကြားရသူအပေါင်း`၏ နားတွင်လဲ အလွန်မဂ်လာရှိပါ ။ ကျက်သရေလဲ ရှိပါ`၏ ။ခက်နေသည်က  ငြိမ်းချမ်းရေး ဆိုသော ယာဉ်ကြီးကို လောင်စာဆီထည့်မမောင်းနှင်ဘဲ ခေါင်းဆောင်များက ဝိုင်းပြီးတွန်နေခြင်းဖြစ်သည် ။ တိုင်းရင်းသား စစ်ဘေးဒုက္ခသည်များ နှင့် ပြည်သူတွေက ထိုယဉ်ကို စီးဘို့ စောင့်နေကြသည် ။ စောင့်ရင်းနှင့် သေတွင်းကို ခုန်ဆင်းနေကြရသော ဒုက္ခသည်တွေရဲ့  အသက်တွေလဲ မနဲလှပေ ။ထိုကဲ့သို့ ဆက်ပြီး တွန်းနေမည်ဆိုလျှင် ဆက်မတွေးရဲ စရာပင် . . ငြိမ်းချမ်းရေး ယာဉ် အတွက်လောင်စာဆီက ဒုက္ခသည်တွေရဲ့  အသက်အိုးအိမ် ပေးဆပ်နေသလို ဖြစ်နေပြီ ။

      အခက်အခဲများ ရှိမည်ကို တွေးမိပါသည် ။ ထိုအခက်အခဲများ ဖြေရှင်းနိုင်သော နည်းလမ်းမှာ နှစ်ဘက်ခေါင်းဆောင်များ အတ္တတွေဖြေလျှော့ ပြီး ဒုက္ခရောက်နေသော ပြည်သူတွေဂရုနာနှင့် ကိုယ်ချင်းစာတရားထားလိုက်လျှင် ငြိမ်းချမ်းရေးယာဉ်ကြီး ခရီးနှင်လို့ ရမည်မှာ အသေအချာ ပင် ဖြစ်ပါသည် ။

      ငြိမ်းချမ်းရေး ယာဉ်အတွက် လိုနေသော လောင်စာမှာ မေတ္တာ ၊ ဂရုဏာ ၊ စေတနာ ဆိုသော လောင်စာများ ပင်ဖြစ်ပါသည် ။ထိုလောင်စာများ ထည့်ပြီး မောင်းနှင်ပါက လိုရာခရီးကို အချိန်တို အတွင်း ရောက်မည်မှာ မလွဲ ဧကန် ဖြစ်ပါသည် ။


by - zawmoehetet
အလှူရှင် အရောက်နည်းသော ကံပိုင်တည် မြို့ အနီးက စိန်ကြိုင် ဒုက္ခသည်စခန်း . .zawmoehetet
အလှူရှင် အရောက်နည်းသော ကံပိုင်တည် မြို့ အနီးက စိန်ကြိုင် ဒုက္ခသည်စခန်း . .zawmoehetet
အလှူရှင် အရောက်နည်းသော ကံပိုင်တည် မြို့ အနီးက စိန်ကြိုင် ဒုက္ခသည်စခန်း . .zawmoehetet
အလှူရှင် အရောက်နည်းသော ကံပိုင်တည် မြို့ အနီးက စိန်ကြိုင် ဒုက္ခသည်စခန်း . .zawmoehetet
အလှူရှင် အရောက်နည်းသော ကံပိုင်တည် မြို့ အနီးက စိန်ကြိုင် ဒုက္ခသည်စခန်း . .zawmoehetet
အလှူရှင် အရောက်နည်းသော ကံပိုင်တည် မြို့ အနီးက စိန်ကြိုင် ဒုက္ခသည်စခန်း . .zawmoehetet
 
အလှူရှင် အရောက်နည်းသော ကံပိုင်တည် မြို့ အနီးက စိန်ကြိုင် ဒုက္ခသည်စခန်း . .zawmoehetet


Posted: 03 Jun 2012 06:38 AM PDT



နေပြည်တော်ပျဉ်းမနားမြို့နယ် မင်္ဂလာသာခေါင် ရပ်ကွက်အတွင်း မိုးလေပြင်းသဖြင့် သုံးနာရီခန့် မီးပျက်အပြီး မီးပြန်လာချိန်တွင် ရပ်ကွက်သို့ လျှပ်စစ်ဓာတ်အားပေးသည့် ဓာတ်တိုင်မှဝိုင်ယာကြိုးများ နီရဲနေသည်ကို ဇွန်လ(၂)ရက်နေ့ည ဆယ်နာရီခန့်က တွေ့ရစဉ်။

By Popular Myanmar News Journal

Posted: 03 Jun 2012 06:17 AM PDT
ရန်ကုန်၊ ဇွန် ၃

နိုင်ငံသားများ၏ စားဝတ်နေရေးကို မဖြေရှင်းပေးနိုင်ဘဲ အစိုးရတစ်ရပ် အနေနှင့်အုပ်ချုပ်သွားမည် မဟုတ်ကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းက ပြောကြားလိုက်သည်။

ရန်ကုန်မြို့တော်၊ Chatrium ဟိုတယ်တွင် ယနေ့နေ့လည်ပိုင်းက ပြုလုပ်သော အထည်ချုပ်လုပ်ငန်းနှင့် ပတ်သက်၍ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား၊ နိုင်ငံရေးပါတီများ၊ လူ့အခွင့်အရေးလှုပ်ရှားသူများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ စသည့် ပါဝင်ပတ်သက်သူများ စုပေါင်းဆွေးနွေးပွဲတွင် ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ခင်ဗျားတို့ တော်ချင်ချင် မတော်ချင်ချင်ပေါ့ဗျာ။ ကျွန်တော်တို့က မိဘအဖြစ်ပဲ ခံယူပါတယ်။ မိဘဆိုတာဟာ ကိုယ့်ရဲ့သားသမီးတွေကို ထမင်းကျွေးနိုင်ရမယ်။ ပြည်သူလူထုက ကျွန်တော်တို့ သားသမီးတွေပဲ။ သူတို့ကို ထမင်းမကျွေးနိုင်ဘဲ ကျွန်တော်တို့ အစိုးရတက်မလုပ်ဘူး။ ခင်ဗျားတို့ အရေးကိစ္စတွေကို ကျွန်တော်တို့ တောက်လျောက်လုပ်နေတယ်”ဟု ၀န်ကြီး ဦးအောင်မင်းဆိုသည်။

The Voice Weekly

Posted: 03 Jun 2012 06:24 AM PDT
ဇွန်၃၊၂၀၁၂ (EVB) - တောင်သူလယ်သမားများ၏ ဖြစ်ရပ်မှန် ဘ၀များကို ဇာတ်လမ်းတိုရိုက်ကူးနေသည့် ဒါရိုက်တာ ၀ိုင်း၏ အဖွဲ့မှ ကင်မရာသမား ကိုပိုက်နှင့် တောင်သူလယ်သမားများအရေး ဆောင်ရွက်သူ ဦးနေလင်းဦးနှင့် တို့အား  ပြင်ဦးလွင်ရဲတပ်ဖွဲ့မှ ပြင်စာရဲစခန်းသို့ ဇွန်လ၁ရက်နေ့က ခေါ်ယူစစ်ဆေးခဲ့ကာ မှတ်တမ်းတင် ဗွီဒီယိုရုပ်သံမှတ်တမ်းများအား ဖျက်ဆီးခဲ့ကြောင်းသိရသည်။

ကင်မရာရိုက်ကူးသူကိုပိုက်မှ “မှတ်တမ်းရုပ်သံရိုက်ကူးထားတဲ့ ကင်မရာတွေအကုန်လုံး ကွန်ပျူတာဆိုင်ကို ယူသွားပြီး မှတ်တမ်းတွေအကုန်လုံးကို ဖျက်ပစ်တယ်။ ပြီးတော့ ရဲစခန်းမှာ (၃)နာရီကျော် ကြာ စစ်ဆေးခံရပြီး၊ ခံဝန်ကတိ ရေးထိုးခိုင်းတယ်။ ပြီးတော့ ၀တ္တရားနှောင့်ယှက်မှုနဲ့လည်း အရေးယူလို့ရတယ်ဆိုပြီး ခြိမ်းခြောက်ခဲ့တယ်” ဟု EVB သို့ပြောပါသည်။

ရုပ်သံမှတ်တမ်းများ ဖျက်ဆီးခံရမှုနှင့်ပတ်သက်၍ ဒါရိုက်တာဝိုင်းမှ “ကိုယ်ရိုက်ကူးထားတဲ့ မှတ်တမ်းတစ်ခုကို ဘာအပြစ်မှမရှိဘဲနဲ့ ဖျက်ဆီးပစ်တာတော့ ရင်နာဘို့ကောင်းတယ်။ ခက်ခက်ခဲခဲရိုက်ကူးထားရတဲ့ ဗွီဒီယိုရုပ်ပုံမှတ်တမ်းတွေရဲ့ တန်ဖိုးဟာ ဘယ်လောက်ကြီးသလဲဆိုတာ သူတို့နားမလည်ပါဘူး”

“ကျွန်တော်တို့ အနေနဲ့ တောင်သူလယ်သမားတွေရဲ့ ဖြစ်ရပ်မှန်ဘ၀ကို ရိုက်ကူးမယ်ဆိုတာ မီဒီယာတွေ၊ ဂျာနယ်တွေ အားလုံးကလည်း ဖော်ပြပြီးသားပါ။ တိုင်းပြည်တစ်ခုလုံးကိုလည်း အတိအလင်းကြေငြာထားပြီးသားပါ။ ၀တ္တရား နှောင့်ယှက်မှုနဲ့ အရေးယူမယ်လို့ခြိမ်းခြောက်ပြီး အပြစ်မရှိဘဲနဲ့ ခံဝန်ထိုးခိုင်းတယ်ဆိုတာ ဥပဒေကို လက်တစ်လုံးခြားလုပ်နေတယ်လို့ မြင်ပါတယ်”။

အဆိုပါဖြစ်ရပ်နှင့်ပါတ်သက်၍ အတည်ပြုချက်ရယူရန် ပြင်စာရဲစခန်းသို့ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖြေဆိုခြင်း မရှိခဲ့ပါ။

လယ်ယာမြေသိမ်းဆည်းခံရသည့်တောင်သူလယ်သမားများအရေးကို လိုက်လံဆောင်ရွက် ပေးသည့် တောင်သူလယ်သမားကွန်ယက်မှ ဦးနေလင်းဦးက “ရဲစခန်းမှာ (၃)နာရီလောက်ကြာကြာ ခေါ်ယူစစ်ဆေးတာခံခဲ့ရတယ်။ ဘယ်သူလုပ်ခိုင်းလို့ လယ်သမားတွေ အတွက် လိုက်လုပ်နေတာလဲ၊ နောက်ကွယ်မှာ ဘယ်သူတွေရှိလဲဆိုပြီး စစ်ဆေးမေးမြန်းတယ်” ဟု ပြောဆိုသည်။

ပြင်ဦးလွင်မြို့တွင် ဂတ်စ်ပိုက်လိုင်း စီမံကိန်းစတင်ချိန်မှစ၍ လယ်ယာမြေသိမ်းခံရမှုများသည် တစ်ရှိန်ထိုး မြင့်တက်လာခဲ့၍ ရွေးကောက်ပွဲမတိုင်မီက ရက်ပိုင်းအလိုမှစတင်၍ လယ်ယာမြေများအသိမ်းခံရသည့် တောင်သူလယ်သမားများသည် ပူးပေါင်းစုစည်း၍ လယ်ယာမြေများပြန်လည်ရရှိရေး လှုပ်ရှားမှုများသည် သက်ဝင်လှုပ်ရှားလာခဲ့သည်။

ဒေသဆိုင်ရာအာဏာပိုင်များသည် လက်ရှိ ရွာခံတောင်သူလယ်သမားများ လုပ်ကိုင်စားသောက်လျှက်ရှိသော လယ်ယာမြေများသည် ပိုင်ရှင် ရှိနေသည့်အတွက် ၀င်ရောက်၍ လုပ်ကိုင်ခြင်းမပြုရန်၊ အဆိုပါကိစ္စရပ်ကို မတရားသည်ဟုဆိုကာ နိုင်ငံတော် အကြီးအကဲများကို တိုင်တန်းခြင်း၊ လူ(၅)ဦးထက်ပိုသော လူစုလူဝေးမပြုလုပ်ရန်နှင့် လယ်ယာမြေအသိပညာ ပေးပွဲများ မပြုလုပ်ရန်တားမြစ်ခဲ့ပြီး၊ ယင်းတားမြစ်ချက်များကို ဖောက်ဖျက်ကျူးလွန်ပါက တရားဥပဒေ နှင့်ရင်ဆိုင်ရ၍ ထောင်ဒဏ်(၇)နှစ် ကျနိုင်မည် ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုခဲ့သည်ဟု ရွာခံတောင်သူ လယ်သမားများက ဆိုသည်။

အာဏာပိုင်များ၏ခြိမ်းခြောက်တားမြစ်မှုများရှိခဲ့သည့်ကြားကပင် တောင်သူလယ်သမားကွန်ယက်တစ်ခု ဖွဲ့စည်းနိုင်ခဲ့ပြီး ပထမဆုံးအကြိမ် လယ်ယာမြေဟောပြောပွဲနှင့် လယ်ယာမြေများပြန်လည်ရရှိရေး ပူးပေါင်းဆုတောင်းဝတ်ပြုပွဲတစ်ခုကို မေလအတွင်းက ပြုလုပ်နိုင်ခဲ့သည်။

 Ethnic Voice of Burma (EVB)


Posted: 03 Jun 2012 05:10 AM PDT
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ဆားလင်းကြီးမြို့နယ် ရှိ ပုသိမ်-မုံရွာ လမ်းခွဲတွင် ယနေ့(၂-၆-၁၂) ညနေ(၃း၃၀)ခန့်မှ စတင်၍ ဆန္ဒပြမှု ဖြစ်ပွားနေကြောင်း သိရသည်။

ဆားလင်းကြီးမြို့နယ်၊ညောင်ပင်ကြီးကျေးရွာ အုပ်စု အတွင်း မှ ဒေသခံများက မုံရွာ-ပုသိမ် လမ်းဆုံရှိ တရုတ်ဆိုက်( ကြေးနီ မိုင်း စခန်း) သို့ လာရောက် စုဝေး၍ ဆန္ဒပြခြင်း ဖြစ်ပြီး အင်အား ၁၅၀ ကျော် ရှိသည်။

ထို့အတူ ဝက်မှေးဆင်တဲ မှ ဒေသခံများကလည်း အင်အား (၂၀၀)ခန့် လာရောက်ပူးပေါင်းကြကြောင်း သိရသည်။
ဆန္ဒပြနေရာသို့ ဆာလင်းကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးခင်မောင်စန်းမှ လာရောက် ညှိနှိုင်းပေးနေကြောင်း ထိုနေရာတွင် ရှိနေသော ကိုရဲရင့်ကျော်(မုံရွာ) မှ ပြောကြားသည်။

သိမ်းထားတဲ့ လယ်ယာမြေတွေ ပြန်ရဖို့၊ အဲဒီ လယ်ယာမြေပေါ်မှာ စက်ရုံသုံးမြေတွေ ဆက်လက် မပုံဖို့ ၊ ပိတ်ထားခံရတဲ့ အမက ကျောင်း ပြန်ဖွင့်ပေးဖို့ ၊ နဲ့ ချိတ်ပိတ်ခံထားရတဲ့ ဘုန်းကြီးကျောင်းကို ပြန်ဖွင့်ပေးဖို့ တောင်းဆိုနေကြတာပါလို့ သူက ဆက်လက်ပြောပါတယ်။

ဆားလင်းကြီး ကြေးနီတောင် ပတ်ဝန်းကျင်ဒေသတွေ မှာ စီမံကိန်း ဟု ဆိုပြီး လယ်ယာမြေတွေ သိမ်းယူခဲ့တာဖြစ်ပါတယ်။ ဒီနောက်မှာပဲ သိမ်းဆည်းထားတဲ့ လယ်ယာမြေပေါ်မှာ စီမံကိန်းက မြေတွေ လာရောက်ပုံထားတဲ့ အတွက် မြေယာပျက်ဆီးမှု များ ဖြစ်ပေါ်နေသည်ကြောင့် ဆက်လက်မပုံရန် တောင်းဆိုကြခြင်းဖြစ်သည်။


သတင်းနှင့်ဓါတ်ပုံ

ကိုဝိုင်ဝိုင်ကေ
ညနေ(၅း၀၀)
၂-၆-၁၂

Posted: 03 Jun 2012 12:03 AM PDT

ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့  ဇွန် လ ၃ ရက်နေ့  နံနက် ၈နာရီ ၄၀ မိနစ် အချိန်တွင် TG - 303 လေယာဉ်ဖြင့် ထိုင်းနိုင်ငံ ခရီးစဉ်မှရန်ကုန်မြို့  သို့ ပြန်လည်ရောက်ရှိသည်။ ဒေါ်အောင်ဆန်းစုကြည်သည် မေလ ၂၉ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်အချိန်တွင် TG 306 လေယာဉ်ဖြင့် ဘန်ကောက်မြို့ သို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါခရီးစဉ်နှင့်ပတ်သက်ပြီး လေဆိပ်တွင် မီဒီယာများမှမေးမြန်းခဲ့ရာ ၄င်းအနေဖြင့် တစ်စုံတစ်ရာပြန်လည်ဖြေဆိုခဲ့ခြင်းမရှိ့ပေ။၎င်းသည် ဘန်ကောက် မြို့ တွင် မေ ၃၀ မှ ဇွန် ၁ ရက် နေ့ အထိ ကျင်းပခဲ့သော အရှေ့ အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ တက်ရောက်ခဲ့ပြီး ခရီးစဉ်အတွင်း ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ ပြောင်း လုပ် သားများနှင့် တွေ့ ဆုံခဲ့ကာ၊ မယ်လဒုက္ခသည် စခန်း သို့ လည်းသွား ရောက်၍ မြန်မာဒုက္ခသည်များနှင့်တွေ့ ဆုံခဲ့သေးသည်။
By: Popular Myanmar News Journal


Posted: 03 Jun 2012 12:00 AM PDT

မြန်မာ့တပ်မတော်ဟာ သမ္မတ ဦးသိန်းစိန် ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေအပေါ် ရာနှုန်းပြည့် ထောက်ခံ ပြီး၊ အရပ်သား အစိုးရရဲ့အမိန့်ကို ဆက်လက် နာခံ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးလှမင်း က စနေနေ့က
ပြောကြားလိုက်ပါတယ်။

စင်္ကာပူနိုင်ငံမှာ ကျင်းပတဲ့ အာရှလုံခြုံရေးညီလာခံမှာ ပြောဆိုခဲ့တာပါ။
မြန်မာစစ်တပ်ဟာ ဘယ်တုန်းကမှ ပုန်ကန်တဲ့စစ်တပ်မဖြစ်ခဲ့ကြောင်း၊ သမ္မတကြီးရဲ့ ဒီမိုကရေစီပိုမိုဖေါ်ဆောင်ရေး၊ တိုးပြည်ပိုမိုပွင့်လင်းလာရေး
ဆောင်ရွက်ချက်တွေအပေါ် စစ်တပ်က ထောက်ခံနေတာဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီးလှမင်း က ပြောဆိုခဲ့ပါတယ်။

ကာကွယ်ရေးဝန်ကြီး ရဲ့ပြောဆိုချက်ဟာ ထိုင်းနိုင်ငံဘန်ကောက်မြို့ အရှေ့ အာရှ စီးပွားရေးညီလာခံမှာ ပြောကြားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းကို ပြန်လှန်ချေပလိုက်တာဖြစ်တယ်လို့ The Wall Street Journal သတင်းစာက ရေးသားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် က -ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ မြန်မာ ပြည် အပြောင်းအလဲတွေအပေါ် သိပ်အကောင်းမြင်လွန်းနေပုံရကြောင်း၊
ဝေဖန်ဆန်းစစ်တဲ့ အကောင်းမြင်မှုမျိုး နဲ့ကြည့်ဖို့လိုကြောင်း၊
မြန်မာပြည်အပြောင်းအလဲဟာ စစ်တပ်ရဲ့ထောက်ခံချက်အပေါ် မူတည်နေကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

လက်ရှိ လွှတ်တော်မှာ ပါဝင်နေတဲ့ တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာနှုန်းဆိုတာဟာလည်း နောင်မှာ အရေအတွက်လျော့ကျသွားနိုင်ကြောင်း၊ တပ်မတော်ရဲ့ အခန်းကဏ္ဍ ဟာ မူသေမဟုတ်ကြောင်း၊ သင့်တော် တဲ့အချိန်မှာ အပြောင်းအလဲတွေ လုပ်သွားမှာဖြစ်ကြောင်း လည်း ကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်း က ပြောပါတယ်။
By: RFA Burmese


Posted: 02 Jun 2012 08:19 PM PDT
ယခင်က ရန်ကုန်တိုင်းဒေသကြီးကို လျှပ်စစ်မီး အုပ်စုအလိုက်ခွဲဝေပေးနေရာမှ ယခုအခါ အဆိုပါ အုပ်စုများကို ညနေ ၅ နာရီမှ နံနက် ၅ နာရီအထိ လျှပ်စစ်ဓာတ်အား အပြည့်အဝဖြန့်ဖြူးပေးတော့မည်ဖြစ်ကြောင်းသိရသည်။

အဆိုပါပေးဝေမှုကို ဇွန်(၁)ရက်ညနေမှ စတင်ခဲ့ခြင်းဖြစ်ပြီး နေ့ဘက်လျှပ်စစ်မီးပေးဝေမှုကို အုပ်စု(၃) အုပ်စုအနက် (၀၅းဝ၀)နာရီမှ (၁၁းဝ၀) နာရီအထိတွင် အုပ်စု(၂)စုကိုလည်းကောင်း ၊ (၁၁းဝ၀)နာရီမှ (၁ရးဝ၀)နာရီအထိတွင် အုပ်စု(၂) စုကို လည်း ကောင်း အလှည့်ကျဓာတ်အားပေးမည် ဖြစ်ပြီး (၁ရးဝ၀)နာရီမှ နောက်တစ်နေ့ (၀၅းဝ၀) နာရီအထိ အုပ်စု(၃)စုလုံးကို ဓာတ်အားဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့မှ တာဝန်ရှိ သူ တစ်ဦးက ရန်ကုန်မီဒီယာ ဂရုပ်သို့ ပြောကြားသည်။

KIA လက်နက်ကိုင် အဖွဲ့၏ မိုင်းထောင်ဖောက်ခွဲဖျက်စီးမှုကြောင့် ၁၉-၅-၂၀၁၂ ခုနှစ် ၀၂း၄၇ နာရီ အချိန်တွင် ပျက်စီးယိုယွင်းခဲ့သော ၂၃၀ KV ရွှေလီ-မန်စံ မဟာဓာတ်အားလိုင်း တာဝါတိုင် အမှတ် (၇၃၊၂၀၆၊၂၀၇၊၂၀၈)တို့ကို ပြန်လည်ပြုပြင် သည့်လုပ်ငန်း များမှာ ၁-၆-၂၀၁၂ (၁၆းဝ၀) နာရီ အချိန်တွင် အောင်မြင်စွာပြီးစီးခဲ့ပြီ ဖြစ်သဖြင့်  မြန်မာနိုင်ငံတစ်ဝှမ်းတွင် ဓာတ်အားများကို ပိုမိုဖြန့်ဖြူးလျက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးရှိ စက်မှုဇုန်များကိုလည်း အုပ်စု(၂)အုပ်စုအနက် ၀၆းဝ၀ နာရီမှ ၁၁းဝ၀ နာရီအထိ တွင် အုပ်စုတစ်စုကို လည်းကောင်း ၊ ၁၁းဝ၀ နာရီမှ ၁၆းဝ၀ နာရီ အထိတွင် အုပ်စုတစ်စုကိုလည်းကောင်း အလှည့်ကျ ဓာတ်အား ပေးမည် ဖြစ်ပြီး  ၂၃းဝ၀ နာရီမှ  နောက်တစ်နေ့ ၀၅းဝ၀ နာရီ အထိတွင် အုပ်စု(၂)စုလုံးကို ဓာတ်အား  ဖြန့်ဖြူးပေးတော့မည်ဖြစ်ကြောင်း  သိရသည်။သို့ရာတွင် ရပ်ကွက်များအတွင်းရှိ စက်မှုလုပ်ငန်းများအားလုံးကို ယခင်အတိုင်း ၁ရးဝ၀ မှ ၂၃းဝ၀ နာရီအတွင် ဓာတ်အား သုံးစွဲခြင်းမပြုရန်ကန့်သတ်ထားကြောင်းသိရသည်။

စောမြင့်သန်း(ပေါက်တော) -ရန်ကုန်တိုမ်း

Posted: 02 Jun 2012 11:59 AM PDT
ဆယ်ကျော်သက်အရွယ် ကျောင်းသူ အသက်ခံရမှုတွင် ပြစ်မှု ကျူးလွန်သူအား (၄၄) နာရီအတွင်း ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး အကြီးတန်း အရာရှိကြီး တစ်ဦးက ပြောကြားသည်။

 ပြစ်မှု ကျူးလွန်သူမှာ သာကေတမြို့ နယ် ၁ရပ်ကွက် ထူပါရုံ (၉) လမ်းတွင် နေထိုင်သူ မျိုးလွင် အသက် (၄၂) ဖြစ်ပြီး မှုခင်းဖြစ်ပွားပြီး (၄၄) နာရီအကြာ ဇွန်လ (၁) ရက်နေ့တွင် ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

၇ လမ်း လူသတ်မီးရှို့မှု ရွှေပုစွန်အိတ် မှတဆင့် ခြေရာခံနိုင် ဟုဆို

ရန်ကုန်၊ ဇွန် ၁

ရန်ကုန်မြို့တော်၊ လမ်းမတော် မြို့နယ် ၇ လမ်းတွင် ဖြစ်ပွားခဲ့သော ဆယ်ကျော်သက် ကျောင်းသူတစ်ဦးကို သတ်ဖြတ်၍ မီးရှို့ကာ နေအိမ်ရှိ သိန်းရာချီ ရွှေထည်ပစ္စည်းများ ရယူခဲ့သူဟု ယူဆရသူကို ဖမ်းဆီး စုံစမ်း စစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲမှုးရုံး ဒုတိယ ရဲမှူးကြီး သက်လွင်က ပြောကြားသည်။

လမ်းမတော် မြို့နယ်ရှိ ရွှေပုဇွန် မုန့်တိုက်မှ CCTV ကင်မရာနှင့် မျက်မြင် သက်သေများအရ လူသတ်မှု ဖြစ်ပွားရာ နေရာသို့ ရောက်ရှိလာသူမှာ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦး ဖြစ်ပြီး ရွှေပုစွန် မုန့်တိုက် တံဆိပ်ပါသော အိတ် ကိုင်ဆောင်ထားကြောင်း၊ ယင်းလူ၏ ပုံစံကို ခဲပန်းချီဆွဲ၍ သက်ဆိုင်ရာ ရဲစခန်းများကို အသိပေး ထားကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲမှုးရုံးမှ ရဲအုပ်တစ်ဦး ပြောသည်။

“ရဲမှူးက မသင်္ကာသူ တစ်ဦးကို မိထားတယ်၊ အမှုက ပေါ်နိုင်တယ်လို့ ပြောတာ” ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲမှူးရုံးမှ အရာရှိ တစ်ဦးက ပြောကြားသည်။

၁၆ နှစ်အရွယ် ကျောင်းသူ သေဆုံးမှုနှင့် ပတ်သက်၍ အမှုမှန် ပေါ်ပေါက်နိုင်ရန် ဒုတိယရဲမှူးကြီး တစ်ဦး အပါအဝင် အနောက်ပိုင်းခရိုင် အထူးမှုခင်း နှိမ်နင်းရေး တပ်ဖွဲဝင်များ မြို့နယ်မှူး၊ စခန်းမှူးများ ပါဝင်သည့် အထူး အမှုစစ်အဖွဲ့ကို ဖွဲ့၍ စစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲမှူးရုံးထံမှ သိရသည်။

အဆိုပါ နေအိမ်ရှိ သက်သေခံပစ္စည်းများရှာဖွေရာတွင် မီးလောင်ထားသော လုံချည်နှင့် အင်္ကျီ အပိုင်းအစ၊ ဘောင်းဘီ အပိုင်းအစ၊ သွေးပါသော ဆံပင်၊ စက္ကူစ၊ အတွင်းခံ ဘောင်းဘီ၊ မှို့စ၊ ပလက်တီနံ ဆွဲကြိုးပြတ်စ၊ ဖယောင်းတိုင်၊ ဓားတစ်ချောင်း၊ ဝက်အူလှည့် ၁ ချောင်း သိမ်းဆည်မိခဲ့ကြောင်း ရဲတပ်ဖွဲမှူးရုံးထံ ဇွန်လ ၁ ရက်နေ့တွင် ဆက်သွယ်မေးမြန်းမှုအရ သိရသည်။

The Voice Weekly

Posted: 02 Jun 2012 11:04 AM PDT
ကျောက်ဖြူမြို့လူထု ၂၅၀ ခန့်သည် ယနေ့ နံနက်က မိုးရွာနေသည့်ကြားထဲမှ ထီးကိုယ်စီ ဆောင်းပြီး ရခိုင်ဝန်ကြီးများ တည်းခိုနေရာ ဆောက်လုပ်ရေး ရိပ်သာထိ ချီတက်ပြီး မသီတာထွေး သေဆုံးမူ အတွက် မကျေနပ်ကြောင်း  ထုတ်ဖေါ် ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

“ ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး ထိန်လင်းနဲု့ ရခိုင်ပြည်နယ် ရဲမှူးကြီး ဦးအောင်ကျော်ဦး တို့ ကျောက်ဖြူ ဆောက်လုပ်ရေး ရိပ်သာမှာ တည်းခိုနေတဲ့ အတွက် ခုလို သွားရောက်ပြီး မတရား အသတ်ခံခဲ့ရတဲ့ မသီတာထွေး အတွက် ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်” ဟု ကျောက်ဖြူ ဒေသခံ တစ်ဦးက ပြောသည်။
ဆန္ဒပြသူ ၂၅၀ ခန့်သည် ယနေ့ နံနက် ၉ နာရီခွဲက ကျောက်ဖြူမြို့လယ် သာသနာ့ ရိပ်သာရှေ့မှ စုရုံးကာ ကျောက်ဖြူ ပြည်သာယာဈေး အရှေ့ဘက်သို့ ချီတက်ပြီး ထိုမှတဆင့် ဆောက်လုပ်ရေး ရိပ်သာရှေ့သို့ ဆက်လက် ချီတက်ကာ  ဆန္ဒပြခဲ့ကြသည်။
“ ကျွန်တော်တို့ ကျောက်နီမော်မှာ ဖြစ်ခဲ့တဲ့ ပြဿနာကို အမြန်ဆုံး အရေးယူ ဆောင်ရွက်ပေးဖို့နဲ့ နောက်ထပ် ဒီလိုမျိုး ပြဿနာတွေ ထပ် မပေါ်ပေါက်ရအောင်တားဆီးပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ ပီးရင် ပြစ်မူ ကျူးလွန်သူတွေကို သေဒဏ်ပေးဖို့ တောင်းဆိုကြပါတယ်။ ၀န်ကြီး ဗိုလ်မှူးကြီး ထိန်လင်းကတော့ အမြန်ဆုံး ဖြေရှင်းပေးမယ်လို့ ပြောကြားပါတယ်။”
ဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းမှ ၁၀ ရက်အတွင်း ရုံးထုတ် တရားစွဲဆိုရန် စီစဉ်ပေးမည် ဖြစ်ကြောင်း၊ တရားရုံးတွင်လည်း လူအများကို တက်ရောက်နားထောင်ခွင့်ပြုမည် ဖြစ်ကြောင်း၊ ဥပဒေကြောင်းအရ တရားသူကြီးများမှ ထိုက်သင့်သော ပြစ်ဒဏ်များကို ချမှတ်လိမ့်မည်ဟု ပြောကြားခဲ့ကြောင်း သူက ဆက်ပြောသည်။

ဆန္ဒပြရာတွင် အမျိုးသားများ သာမက အမျိုးသမီးများလည်း ပါဝင်ကြောင်း မျက်မြင်များက ပြောသည်။
ဆန္ဒပြသူများသည် ပြစ်မူကျူးလွန်သူများကို သေဒဏ်ပေး၊ သေဒဏ်ပေးဟု ကြွေးကြော် ဆန္ဒပြခဲ့ကြပြီး နံနက် ၁၀ နာရီခွဲတွင် ဆန္ဒပြပွဲကို အဆုံးသတ်ခဲ့သည်။
ရမ်းဗြဲမြို့နယ် ကျောက်နီမော် ကျေးရွာ အနီးရှိ သပြေချောင်းကျေးရွာမှ မသီတာထွေးမှာ မေလ ၂၈ ရက်နေ့ ညနေပိုင်းက မုဒိမ်းကျင့်ခံရသည့် အပြင် လည်ပင်းကို ဓါးနန့် လှီးဖြတ်ခံရပြီ ခန္ဓာကိုယ် တစ်ခုလုံးအားလည်း ရစရာမရှိအောင် ဓါးဖြင့် ထိုးသတ်ခံခဲ့ရသည်။ ရခိုင်ပြည်နယ်တွင် မုဒိမ်းမူများ ယခင်က ပေါ်ပေါက်ခဲ့ဖူးသော်လည်း ယခုကဲ့သို့ လူမဆံစွာ ရက်စက် ကြမ်းကြုတ် သတ်ဖြတ်သည့် အပြုအမူမျိုး  တစ်ကြိမ်တစ်ခါမျှ မပေါ်ပေါက်ခဲ့ဖူးသဖြင့် ဒေသခံ ရခိုင်ပြည်သူများ အကြား ယခု ဖြစ်ရပ်နှင့် ပတ်သက်ပြီး အထူး ဒေါ်သ ထွက်နေကြသည်ဟု သိရသည်။
ယခုကဲ့သို့ လူထု အတွင်း ဒေါသ ထွက်နေသဖြင့် ဖမ်းဆီး ရမိထားသော တရားခံ မူဆလင်(၃) ဦးကို ကျောက်ဖြူ ရဲစခန်း အချုပ်တွင် မထားရဲဘဲ ကျောက်ဖြူ ထောင်ထဲတွင် ချုပ်နှောင်ထားရကြောင်း ကျောက်ဖြူရဲ  တာဝန်ရှိသူ တစ်ဦးမှ  ပြောကြားသည်။

(နိရဉ္စရာ)

Posted: 02 Jun 2012 10:58 AM PDT
ရခိုင်ဝန်ကြီးများမှ ပေးအပ်သော ဂရုဏာကြေး ကျပ် (၇) သိန်းနှင့် ပတ်သက်ပြီး အတင်း အဓမ္မပြု ကျင့် သတ်ဖြတ်ခံလိုက်သော မသီတာထွေး၏ မိခင် ဒေါ်မမြက ငွေကို လက်မခံမီ ငွေပေးအပ်သော ၀န်ကြီးအား မေးခွန်း ထုတ်ခဲ့ကြောင်း သတင်း ရရှိသည်။
မသီတာထွေးသည် ယခုလို အဖြစ်ဆိုးနှင့် ကြုံခဲ့ရသည်။ (ဓါတ်ပုံ လေးဝတီ)

“ ဂရုဏာကြေး လာပေးတဲ့ ရခိုင်ဝန်ကြီးက လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်း ဖြစ်ပါတယ်။ သူက ကျပ် ၇ သိန်းကို မသီတာထွေး မိခင် ဒေါ်မမြကို ပေးပါတယ်။ အဲဒီငွေကို လက်မခံခင်မှာ ဒေါ်မမြက ဒီငွေတွေဟာ ကုလားတွေဆီက လျော်ကြေး ပေးတာလား ဆိုပီး ၀န်ကြီးကို မေးပါတယ်။ ဒါဆိုရင် ကျွန်မ မယူပါရစေနဲ့ ဆိုပြီး ပြောပါတယ်” ဟု အခမ်းအနားသို့ ကိုယ်တိုင် တက်ရောက်ခဲ့သူ လူကြီး တစ်ဦးမှ ပြောသည်။
ဝန်ကြီးက အဆိုပါ ငွေမှာ လူသတ် တရားခံ မိသားစုများက ပေးသောငွေ မဟုတ်ကြောင်း ပြောကြားပြီးမှ ငွေကို လက်ခံယူခဲ့သည်ဟု ဆိုသည်။
“ ၀န်ကြီးက ဒီငွေတွေဟာ သူတို့ ၀န်ကြီးတွေ စုပေါင်းပြီး ကူညီ ထောက်ပံ့ပေးတာ ဖြစ်ပါတယ်။ ကုလားတွေဆီက ပေးတဲ့ ငွေမဟုတ်ဘူးလို့ ရှင်းပြပါတယ်။ ဒါမှ ဒေါ်မမြက မျက်ရည်တွေကျပြီး ငွေကို လက်ခံပါတယ်” ဟု သူက ဆက်ပြောသည်။
ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး ထိန်လင်းသည် တစ်ခြား ပြည်နယ် နှင့် ခရိုင် အဆင့် လူကြီးများနှင့် အတူ အခင်း ဖြစ်ပွားပြီးနောက် ရမ်းဗြဲ့မြို့နယ် ကျောက်နီမော်ကျေးရွာသို့ ရောက်ရှိလာစဉ် အဆိုပါ ဂရုဏာကြေးကို မသီတာထွေး မိခင် ဒေါ်မမြအား ယမန်နေ့က ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
၎င်းပြင် ၀န်ကြီးက ယခု သမီးသေဆုံးသွားမူနှင့် ပတ်သက်ပြီး မည်ကဲ့သို့ ဖြစ်စေလိုပါသလဲ ဟု မိခင် ဖြစ်သူ ဒေါ်မမမြကို မေးမြန်းခဲ့ကြောင်း၊ ဒေါ်မမြက ပြစ်မူ ကျူးလွန်သူ တရားခံ သုံးဦးကို သူ့ သမီး အသေဆိုးနဲ့ သေဆုံးသလို သေဆုံး စေလိုကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။
“ ၀န်ကြီး တရား ဥပဒေနဲ့ အညီ ဖြစ်စေရပါမယ်။ ၀န်ကြီးက ၇ ရက် အချိန်ပေးပါ။ အမူနဲ့ အတူ တရားခံတွေကို ဖေါ်ထုတ်နေပါတယ်  ဆိုပီး ပြောဆိုသွားပါတယ် ” ဟု သူက ဆက်ပြောသည်။
ယခုအခါ အခင်း ဖြစ်ပွားရာ ကျောက်နီမော် ကျေးရွာပတ်ဝန်းကျင်တွင် ငြိမ်သက်နေပြီး မလိုလားအပ်သော ပြဿနာများ မဖြစ်ပွားရအောင် ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့် လူကြီးများ ရောက်ရှိနေပြီး လုံခြုံရေးကိုလည်း ကျေးရွာ တချို့တွင် တိုးမြှင့်ထားကြောင်း သိရသည်။

 မောင်အေး-(နိရဉ္စရာ)

Posted: 02 Jun 2012 10:53 AM PDT
ဆားလင်းကြီးမြို့နယ် မှလယ်သိမ်းခံရသည့် တောင်သူများစုပေါင်း၍ ယနေ့ဇွန်လ၂ ရက်နေ့ ညနေ၃နာရီ ၃၀မိနစ်အချိန်ခန့်မှစတင်၍ စွန်ပစ်မြေများလယ်ယာမြေများပေါ်တွင် မစွန့်ပစ်ရန်နှင့် လက်ပန်းတောင်းတောင်စီမံကိန်းအားရပ်နားထားပေးရန် မုံရွာ၊ပုသိမ်လမ်းမကြီးဘေးရှိ ကြေးနီတူးဖော်ရေးကုမ္ပဏီဖြစ်သည့် မြန်မာဝမ်ဘို ကုမ္ပဏီတည်ရှိရာရှေ့တွင် တောင်းဆိုမှုများပြုလုပ်ခဲ့ ကြောင်းလယ်သိမ်းခံ ၀က်မှေးကျေးရွာမှတောင်သူတစ်ဦးကပြောကြားသည်။

 The Voice Weekly








Posted: 02 Jun 2012 10:48 AM PDT
ဓါတ်ပုံ-KNG
ရန်ကုန်၊ ဇွန် ၂

ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ အသစ် ဖွဲ့စည်းပြီးနောက် ကေအိုင်အေ ထိပ်ပိုင်း ခေါင်းဆောင်များနှင့် ရထား ပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းတို့ ဇွန်လ ၁ ရက် နေ့တွင် ဒုတိယ အကြိမ်မြောက် တွေ့ဆုံမည် ဖြစ်ကြောင်း နှစ်ဖက် အဖွဲ့အစည်းများ ထံမှ သိရှိရသည်။

"ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ နှစ်ဖက် ငြိမ်းချမ်းရေး အကျိုးဆောင်တွေ ပါဝင်တဲ့ အဖွဲ့ ဒီနေ့ နေ့လယ်က ဗန်းမော်မြို့ကို ရောက်တယ်။ နောက်ပြီး ညနေပိုင်းလောက်မှာ နယ်စပ်ဘက်ကို ဆက်ထွက်သွားတယ်" ဟု ဗန်းမော်မြို့ခံများက ဆိုသည်။

အဆိုပါ ဒုတိယ အကြိမ်မြောက် အလွတ်သဘော ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ကချင်ပြည်နယ် မိုင်ဂျာယမ်တွင် ကျင်းပမည် ဖြစ်ပြီး ကေအိုင်အေဘက်မှ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် ခေါင်းဆောင်သည့် အဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေးမည် ဖြစ်ကြောင်း ကေအိုင်အေ၏ ထုတ်ပြန်ချက် အရ သိရသည်။

မေလ ၂၁ ရက်နေ့က ထိုင်းနိုင်ငံ ချင်းရိုင်မြို့တွင် ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့နှင့် ဗိုလ်ချုပ် ဂွမ်မော် ခေါင်းဆောင်သော ကေအိုင်အေ အဖွဲ့တို့ တွေ့ဆုံခဲ့ပြီး ယင်းတွေ့ဆုံမှုမှာ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီတို့ အသစ်ဖွဲ့စည်းပြီး နောက်ပိုင်း ပထမဆုံး တွေ့ဆုံခြင်း ဖြစ်သည်။

ကေအိုင်အေမှာ အစိုးရနှင့် ၁၉၉၄ ခုနှစ်မှ စတင်၍ ၁၇ နှစ် ကျော်ကြာ အပစ်အခတ် ရပ်စဲထားရာမှ ၂၀၁၁ ခုနှစ် ဇွန်လက တာပိန်ရေအား လျှပ်စစ် စီမံကိန်းနှင့် ပတ်သက်သည့် အငြင်းပွားမှုများကြောင့် နှစ်ဖက် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ယခု ဒုတိယ အကြိမ်မြောက် တွေ့ဆုံခြင်းမှာ ၁၀ ရက်တာ ကာလအတွင်း နှစ်ကြိမ်မြောက် တွေ့ဆုံခြင်း ဖြစ်ရာ ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် စစ်ပွဲများ ရပ်တန့်စေရေး အတွက် မျှော်လင့်ချက်ကောင်း ဖြစ်ကြောင်း နိုင်ငံရေး လေ့လာသူများက သုံးသပ် ပြောကြားသည်။

The Voice Weekly

Posted: 02 Jun 2012 10:38 AM PDT
ရန်ကုန်သွား ရခိုင်က ဘတ်စ်ကား တစ်စီး ရခိုင်ဘက်တွင် မောင်းနှင် နေစဉ်။ ဓါတ်ပုံ(နိရဉ္စရာ)
ရန်ကုန်၊ ဇွန် ၂

မုတ်သုံရာသီ ရောက်ချိန်တွင် တောင်ပြို၊ တံတားကျိုး ဖြစ်လေ့ရှိသော ရခိုင်ပြည်နယ်ရှိ သံတွဲမြို့နှင့် တောင်ကုတ်မြို့ကို ပြေးဆွဲသော ကင်တာ (၁၆) ပေကား တစ်စီး ဇွန်လ ၁ ရက်နေ့က ဘီးချော် တိမ်းမှောက်မှုကြောင့် အသက် တစ်နှစ်ခွဲနှင့် နှစ်နှစ်ခွဲ အရွယ် ယောက်ျားလေး နှစ်ဦးနှင့် မိခင်ဖြစ်သူ အပါအဝင် လူ ကိုးဦး ပွဲချင်းပြီး သေဆုံးပြီး သုံးဦး ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ကြောင်း အဆိုပါ ယာဉ်တိမ်းမှောက်မှုကို သွားရောက် ကူညီခဲ့သူ သံတွဲမြို့ ရဲအောင်လံ ကားဂိတ်မှ ဂိတ်မှူး ဦးကျော်ကျော်က The Voice Weekly သို့ ပြောကြားသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုမှာ သံတွဲ - တောင်ကုတ် အဝေးပြေး ၂၂ မိုင် လမ်းပိုင်း၌ ဇွန်လ ၁ရက်နေ့ မွန်းလွဲ လေးနာရီခွဲခန့်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ သံတွဲမှ တောင်ကုတ်သို့ ပြေးဆွဲနေသော အဆိုပါယာဉ်မှာ ခရီးသည် လိုက်ပါမှု နည်းပါးသဖြင့် သဲများကို တင်ဆောင်လာရာတွင် တိမ်းမှောက်ခဲ့ခြင်း ဖြစ်ပြီး ခရီးသည်များမှာ သဲဖုံး၍ သေဆုံးသွားခြင်း ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

“သဲပါ တင်လာတဲ့ ကားမို့လို့ သဲဖုံးပြီး သေကုန်တာ။ နို့မို့ဆို ဒီလောက် မသေဘူး” ဟု ဦးကျော်ကျော်က ဆိုသည်။

“ကားမှာ တင်လာတဲ့သဲက တစ်ပေကျော်လောက် ထူတယ်။ လူတွေက သဲအပေါ်ကနေ လိုက်ကြတာ။ ကားမှောက်တော့ သဲတွေ ပိကုန်တာပေါ့” ဟု ယင်းယာဉ် တိမ်းမှောက်မှုတွင် သွားရောက် ကူညီခဲ့သော သံတွဲ ဒေသခံ တစ်ဦးက ဆိုသည်။

သံတွဲ - တောင်ကုတ် ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ် အများစုမှာ ခရီးသည် ရရှိမှု နည်းပါးသဖြင့် ကုန်ပစ္စည်းများကိုပါ ရောနှော တင်ဆောင်လေ့ ရှိကြောင်း၊ ခရီသည် အလွန်အမင်း နည်းသည့် အချိန်တွင် ငပလီကမ်းခြေမှ သဲများကို တွက်ခြေကိုက်ရန် သယ်ဆောင်လေ့ရှိကြောင်း၊ အဆိုပါ သဲများကို တောင်ကုတ်မြို့ရှိ ဆောက်လုပ်ရေး လုပ်ငန်းရှင်များနှင့် အိမ်ဆောက်လုပ်မည့် သူများကို ရောင်းချကြကြောင်း သံတွဲ ဒေသခံများက ပြောကြားသည်။

သေဆုံသူများတွင် အသက် တစ်နှစ်ခွဲနှင့် နှစ်နှစ်ခွဲအရွယ် ယောက်ျားလေး နှစ်ဦးနှင့် အမျိုးသမီး ခြောက်ဦး၊ အဘိုးအို တစ်ဦး ပါဝင်ပြီး အမျိုးသား သုံးဦး ဒဏ်ရာ ရရှိသွားကြောင်း ၎င်းက ရှင်းပြသည်။
...

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...