Friday, June 8, 2012

သစ်ထူးလွင် သတင်းစုစည်းမှု (၈-၆)


သစ်ထူးလွင်



Posted: 08 Jun 2012 04:47 AM PDT
မောင်တော မြို့တော်ခန်းမ အနီးရှိအိမ်များကို ဘင်္ဂါလီများက လူအုပ်စုဖြင့် မီးရှို့ဖျက်ဆီးနေသဖြင့် ဒေသခံများ ထွက်ပြေးနေရကြောင်းနှင့် လက်ရှိ ဆိုးရွားနေသော အခြေအနေကို အလျင်အမြန်ထိန်းသိမ်းနိုင်ရန် လိုအပ်နေကြောင်း ဒေသခံများထံမှ သတင်းရရှိပါသည်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် လူထောင်ချီရှိသော ဘင်္ဂါလီ ရိုဟင်ဂျာများမှ မြို့တော်ခန်းမအနီရှိ အိမ်များကို ယနေ့ မွန်းလွဲပိုင်းမှ စ၍ မီးရှို့ဖျက်ဆီးနေပြီး ဒေသခံ အများစုက မိမိအိမ်နှင့် ဝေးရာသို့ ထွက်ပြေး နေရကြောင်း သိရသည်။ အဆိုပါ မီးရှို့ဖျက်ဆီးခံရသော အိမ်များအနက် မောင်တောမြို့ ရွာသစ်ရပ်ကွက်ရှိ Weekly Eleven News Journal သတင်းထောက်၏ နေအိမ်လည်း ပါဝင်ကြောင်း သိရှိရသည်။ မောင်တောမြို့ လုံခြုံရေးကို ရဲတပ်ဖွဲ့မှ တာဝန်ယူပြီး အင်အား ၂၀၀ ၀န်ကျင်ခန့်သာရှိကြောင်း သိရသည်။ လက်ရှိအခြေအနေမှာ ထိန်သိမ်းရန် ခက်ခဲသော အခြေအနေ ရှိနေကြောင်း ဒေသခံတစ်ဦးမှ ပြောကြားပါသည်။
ညနေ ၃ နာရီ ၅၀ မိနစ်
ယနေ့ ညနေ ၃ နာရီ ၅၀ မိနစ်အချိန်အထိ သိရှိရသောသတင်းများအရ မောင်တောမြို့နယ် ဗိုလ်မှုးရွာကို ဘင်္ဂါလီရိုဟင်ဂျာများက မီးရှို့နေကြောင်း ၊ လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ရှိကြောင်း၊ ပစ်ခတ်မှုမရှိသေးကြောင်း၊ ဒေသခံများထံမှ သိရှိရသည်။

မောင်းတောမှာ ဘင်္ဂါလီတွေ လိုက်ပြီး ဖျက်ဆီးနေတာနဲ့ ပတ်သက်လို့ နောက်ဆုံးအခြေအနေကို သိရှိလိုပါတယ် ဟု Eleven Media Group မှ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှုးရုံးသို့ ဆက်သွယ်မေးမြန်းခဲ့ရာ ဖုန်းလက်ခံ ဖြေဆိုသူတစ်ဦးက "ဘာမှ မသိရသေးပါဘူး။ ဆက်သွယ်လို့မရသေးပါဘူး။" ဟု ပြန်လည်ဖြေကြားခဲ့ပါသည်။ ထို့နောက် ယင်းဖြစ်စဉ် ဆက်ဖြစ်နေတုန်းပဲလားဟု ထပ်မံမေးမြန်းရာ "ဟုတ်ပါတယ်" ဟု ပြန်လည်ဖြေကြားခဲ့ပြီး ဖုန်းကျသွားခဲ့ရာ ထပ်မံ ခေါ်ဆို၍ မရရှိတော့ပါ။

လက်ရှိအခြေအနေတွင် မောင်တောမြို့သို့ ဖုန်းဖြင့် ဆက်သွယ်ရာတွင် ဖုန်းအများစု ဆက်သွယ်၍ မရရှိတော့ပါ။
ညနေ ၄ နာရီ ၁၅  မိနစ်
ထပ်မံသိရှိရသော သတင်းများအရ မောင်တောမြို့နယ်ရှိ ဗိုလ်မှုးရွာရှိ ဒေသခံ ရခိုင်တိုင်းရင်းသားများ၏ နေအိမ် ၃၀ လုံးကို မီးရှိုဖျက်ဆီးခဲ့ကြောင်း သိရသည်။ အတည်မပြုနိုင်သော သတင်းများအရ အဆိုပါရွာတွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်ကြောင့် ၃ ဦး သေဆုံးကြောင်း သိရသည်။
"ဒါဟာ အကြမ်းဖက်မှုပါ။ ဘယ်လိုမှ ခွင့်မလွှတ်နိုင်ပါဘူး။ နိုင်ငံသားတိုင်း လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိပေမယ့် ရိုဟင်ဂျာဆိုတာ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးထဲမှာမပါပါဘူး။ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ ၁၈၂၄ ခုနှစ် မတိုင်မီက ဓားမဦးချနေထိုင်တဲ့ လူမျိုးတွေကိုရှိတဲ့သူတွေပဲ တိုင်းရင်းသားလို့ သတ်မှတ်ပါတယ်။ ၁၈၂၄ ခုနှစ်နောက်ပိုင်း မှာ ရောက်လာကြတဲ့ သူတွေဟာ ဧည့်သည်တွေပါပဲ။ ဒါကြောင့် ရိုဟင်ဂျာတွေဟာ တိုင်းရင်းသား မဟုတ်ပါဘူး။ အစိုးရ အဆက်ဆက်တိုင်းက သူတို့ကို မျက်နှာသာပေး၊ ပိုက်ဆံယူပြီး မှတ်ပုံတင် လုပ်ပေးလို့ သူတို့ရောင့်တက်လာကြတာ။ ရခိုင်လူမျိုးတွေက အတတ်နိုင်ဆုံး ဟန့်တားထားလို့သာ သူတို့ ဒီချိန်ထိ မပြန့်ပွားတာ။ အခုဖြစ်တဲ့ကိစ္စဟာ အိမ်ရှင်ကို ဧည့်သည်က စော်ကားတာ။ ဒုက္ခပေးတာပါ။ အကြမ်းဖက်မှုတစ်ခုပါပဲ"ဟု ရခိုင်တိုင်းရင်းသားများတိုးတက်ရေး ပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
လတ်တလော အခြေအနေများအရ မောင်တောမြို့နယ်တွင် ယနေ့ဖြစ်ပွားနေသော ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ မောင်တောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ကိရ်အာမတ် (ခ) ဦးအောင်ဇော်ဝင်းအား Eleven Media Group မှ  ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိသေးပါ။
ညနေ ၄ နာရီ ၃၀ မိနစ်
မီးရှို့ခံရသော ရခိုင်ရွာ ၁၄ ရွာကို လုံခြုံရေးတပ်ဖွဲ့များဖြင့် အမြန်ဆုံးကာကွယ်ပေးနေကြောင်း နိုင်ငံတော်သမ္မတရုံးမှ အရာရှိတစ်ဦးက ၎င်း၏ Facebook စာမျက်နှာတွင် ဖော်ပြရေးသားထားပါသည်။
ညနေ ၄ နာရီ ၄၀ မိနစ်
"ကျွန်တော်လုံးဝ ကန့်ကွက်တယ်။ ရှုံ့ချတယ်။ ထိထိရောက်ရောက် အရေးယူပေးပါ။ ရခိုင်တိုင်းရင်းသားတွေရဲ့ ပျက်စီးသွားတဲ့ အိုးအိမ်တွေ အားလုံးကို ပြန်ပြီးတော့ အသစ်တဖန် ဆောက်နိုင်အောင် တာဝန်ယူပေးပါ။ နောက်ပြီး အစိုးရအနေနဲ့ အဲလို ကျူးလွန်တဲ့ သူတွေကို ဥပဒေအရ ပြင်းပြင်းထန်ထန်အရေးယူပေးပါ။ လုံးဝလက်မခံနိုင်ဘူး။ အင်မတန် မင်းမဲ့စရိုက်ဆန်တဲ့ ဖြစ်ရပ်ဖြစ်တဲ့အတွက်ကြောင့် ဘယ်လိုမှ လက်ခံနိုင်စရာ မရှိဘူး။ အဲတော့ ဘင်္ဂါလီနဲ့ ရခိုင်တွေနဲ့ ဒီလိုမျိုး ဖြစ်တယ်ဆိုတဲ့ကိစ္စကို ကျွန်တော်တို့ လက်မခံနိုင်ဘူး။ ကျူးလွန်တဲ့သူတွေကို အချိန်မဆိုင်းပဲ ပြင်းပြင်းထန်ထန် အရေးယူပေးပါ။ နောက်တစ်ခုက ဒီကိစ္စဟာ ဘာသာရေး လူမျိုးရေးကို တလွဲအသုံးချပြီးတော့ ကျူးလွန်တဲ့ ကိစ္စမို့လို့ ဘယ်လိုမှ လက်မခံနိုင်ပါဘူး။ ကျွန်တော်ပြောချင်တာက ဒီပြဿနာနဲ့ ပတ်သက်ပြီးတော့ အစိုးရအနေနဲ့ တိကျခိုင်မာတဲ့ လူဝင်မှု ကြီးကြပ်ရေးဥပဒေကို ပြဌာန်းသင့်ပြီလို့ ကျွန်တော်မြင်တယ်။ ဆိုလိုတာက ရောထွေးမှုတွေအားလုံးက ဘာလဲဆိုတော့ ဌာနေရဲ့နိုင်ငံသားတွေ အပေါ်မှာ အကျိုးသက်ရောက်မှုတွေ အများကြီးရှိနေတယ်။ ဒီလို ကူးစက်လာပြီးတဲ့ အခါကျတော့ နိုင်ငံသား အချင်းချင်းကြားမှာလဲ ပြဿနာတွေ အများကြီး ရှိလာတယ်။ အဲလို ရှိနေတဲ့အခါကျတော့ ပြင်ပက၀င်လာတဲ့ ပရောဂတွေကို ကာကွယ်ဖို့ကတော့ ကျွန်တော်တို့အနေနဲ့ အရေးတကြီး လိုနေပါပြီ။ နောက်တစ်ခုက ရခိုင်ပြည်နယ်မှာ နေထိုင်တဲ့ ရခိုင်တိုင်းရင်းသားတွေ၊ ရခိုင်သားတွေ အားလုံးကို အကာအကွယ်ပေးရမယ့် ဥပဒေတစ်ရပ်ကတော့ ပြဌာန်းဖို့ လိုပြီလို့ ကျွန်တော် ထင်တယ်။ ဆိုလိုခြင်းက ရခိုင်ပြည်နယ်မှာ နေထိုင်တဲ့ ဘင်္ဂါလီဘက်ကသူတွေကို ညွှန်းနေတာ မဟုတ်ဘူးနော်။ ရခိုင်ပြည်နယ်မှာ ဘာသာပေါင်းစုံရှိပါတယ်။ ဆိုလိုတာက အပြင်ကနေ ၀င်လာတဲ့သူတွေကို ကာကွယ်တားဆီးဖို့အတွက် ရခိုင်ပြည်နယ်ရဲ့ ယဉ်ကျေးမှုကို ကာကွယ်ဖို့အတွက် ဥပဒေပြဌာန်းဖို့ အရေးတကြီး လိုအပ်နေပြီဆိုတာကို အစိုးရကို တပ်လှန့်လိုက်တာပါ။" ဟု ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုမြအေးက ပြောကြားခဲ့ပါသည်။
ညနေ ၄ နာရီ ၅၀ မိနစ်
မောင်တောဒေသခံ တစ်ဦး၏ ညနေ ၄း၅၀ နာရီတွင် ပြောကြားချက်အရ မောင်တောမြို့ဆေးရုံတွင် အမျိုးသား တစ်ဦး သေဆုံးပြီး၊ ဆရာဝန်တစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိကြောင်း သိရသည်။ လုံထိန်းတပ်ဖွဲ့များ မောင်တောမြို့ကို ၀င်ရောက်ထိန်းသိမ်းနေကြောင်း သိရှိရသည်။ မီးရှို့ခံခဲ့ရသော ဗိုလ်မှူးရွာသို့ လုံထိန်းတပ်ဖွဲ့ဝင်များ ၀င်ရောက်ထိန်းသိမ်းနေကြောင်း သိရှိရသည်။
ညနေ ၅ နာရီ ၂၀ မိနစ်
၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ မောင်တောမြို့နယ်တွင်ဖြစ်ပွားခဲ့သော မီးရှို့ဖျက်ဆီးမှုများနှင့်ပတ်သက်၍ ဇွန်လ ၈ ရက်နေ့(ယနေ့) ညနေပိုင်းက သတင်းစာရှင်းလင်းပွဲ တစ်ခု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ရိုဟင်ဂျာသည် မြန်မာတိုင်းရင်းသား မဟုတ်ကြောင်း၊ ပြည်ပမှ သွေးထိုးလှုပ်ဆော်မှုများရှိနေနိုင်ကြောင်း၊ ယခုကိစ္စသည် နိုင်ငံ၏ အချုပ်အခြာအာဏာကိုပါ ထိခိုက်လာနေကြောင်း၊ မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်နှင့် ဗုဒ္ဓဘာသာဝင်များအကြား ဖြစ်ပွားသော ကိစ္စမဟုတ်ကြောင်း စသည်ဖြင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက ရှင်းလင်းပြောကြားခဲ့သည်။
ညနေ ၅ နာရီ ၃၀ မိနစ်
မောင်တောမြို့တွင် ဖြစ်ပွားနေသော အခြေအနေများနှင့် ပတ်သက်ပြီး ထိန်းသိမ်းနိုင်ရန် လုံထိန်းတပ်ဖွဲ့ကို ပစ်မိန့်ပေးလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
ညနေ ၅ နာရီ ၄၅ မိနစ်
လက်ရှိအချိန်တွင် မောင်တောမြို့နယ် ရပ်ကွက်များအတွင်း မငြိမ်သက်မှုများ ဆက်လက်ဖြစ်ပေါ်နေကြောင်း မောင်တောခရိုင် ရဲတပ်ဖွဲ့ရုံးမှ သတင်းရရှိပါသည်။ အင်အား ၂၀၀ ခန့်ဖြင့် အခြေအနေများကို ထိန်းနိုင်ရန် ကြိုးစား နေကြောင်း စစ်တပ်ကို အကြောင်းကြားထားဆဲ ဖြစ်ကြောင်း တာဝန်ကျ ရဲဝန်ထမ်း တစ်ဦးက Eleven Media Group သို့ ဖုန်းလိုင်းမှ တစ်ဆင့် ပြန်လည် ဖြေကြားခဲ့ပါသည်ဟု Eleven Media Group အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါသည်။


Posted: 08 Jun 2012 04:43 AM PDT
စစ်တွေမြို့တွင်လည်း ယနေ့တွင် မြို့၏ အနောက်ဘက် သဲချောင်းရွာအနီးတွင်ရှိသော စစ်တွေသုသာန်သို့ သွားရောက်သည့် နာရေး(၅)စီးမှာ သဲချောင်းရွာမှ ဘင်္ဂါလီများက ခဲများဖြင့် ပေါက်သဖြင့် သုံးစီးသာ မြို့သို့ပြန်လည်ရောက်ရှိလာကြောင်း သိရသည်။ ကျန်နှစ်စီးမှာမူ ဆက်သွယ်၍ မရရှိသေးသဖြင့် စစ်တွေမြို့ပေါ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဗုဒ္ဓဘာသာဘုန်းတော်ကြီး အပါး ၂၀ ခန့် အဆိုပါနေရာသို့ ထွက်ခွာသွားကြောင်း သိရှိရပါသည်။ ထို့နောက် မွန်းလွဲ ၃ နာရီ ခွဲခန့်တွင် စစ်တွေမြို့သို့ ကျန်ရှိသည့် ကားနှစ်စီး ပြန်လည် ရောက်ရှိလာခဲ့ကြောင်း သိရသည်။ စစ်တွေတက္ကသိုလ်အနီးတွင်လည်း ရခိုင်လူမျိုးများ နေထိုင်သည့် မင်းဂံအကွက် (၃) နှင့် ဘင်္ဂါလီများ နေထိုင်သည့် ဘုမေ ရပ်ကွက်တို့ ယနေ့မွန်းလွဲပိုင်းတွင် တစ်ဘက်နှင့် တစ်ဘက် ခဲများဖြင့် ပစ်ပေါက်ခဲ့ကြကြောင်း၊ ပြည်နယ်ဝန်ကြီးချုပ်ကိုယ်တိုင် သွားရောက် ဖြေရှင်းရာ ပြေလည် သွားကြောင်း သိရသည်။ စစ်တွေမြို့ခံတစ်ဦးမှ Eleven Media Group သို့ ဆက်သွယ်သတင်ပေးပို့ရာတွင်"အခု လူမျိုးရေးထက် ဘာသာရေးဘက်ကို ပိုပြီး ဦးတည်နေပုံပေါက်နေတယ်။ မနက်ကလည်း ဗလီတွေမှ အစည်းအဝေးတွေလုပ်ကြတယ်။ နောက်ပြီး စစ်တွေမှာက ရခိုင်နဲ့ ဘင်္ဂါလီက တစ်ဝက်ဆီလောက်ရှိတယ်။ တာဝန်ရှိသူတွေရဲ့ လှုပ်ရှားမှုတွေ မတွေ့ရသေးလို့ မြို့ခံတွေအနေနဲ့ မလုံခြုံဘူးလို့ ခံစားနေကြရပါတယ်။ မောင်တောမှာက ရခိုင်လူမျိုး ၂ သောင်းလောက်ရှိပြီး ဘင်္ဂါလီက ၄ သိန်းလောက်ရှိတယ်။ နောက်ပြီး မောင်တောမှာ စစ်တပ်ရှိပေမယ့် ဘာမှ လှုပ်ရှားတာ မတွေ့ရဘူး။"ဟု ပြောကြားခဲ့ပါသည်
စစ်တွေမြို့တွင်လည်း ယနေ့တွင် မြို့၏ အနောက်ဘက် သဲချောင်းရွာအနီးတွင်ရှိသော စစ်တွေသုသာန်သို့ သွားရောက်သည့် နာရေး(၅)စီးမှာ သဲချောင်းရွာမှ ဘင်္ဂါလီများက ခဲများဖြင့် ပေါက်သဖြင့် သုံးစီးသာ မြို့သို့ပြန်လည်ရောက်ရှိလာကြောင်း သိရသည်။ ကျန်နှစ်စီးမှာမူ ဆက်သွယ်၍ မရရှိသေးသဖြင့် စစ်တွေမြို့ပေါ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဗုဒ္ဓဘာသာဘုန်းတော်ကြီး အပါး ၂၀ ခန့် အဆိုပါနေရာသို့ ထွက်ခွာသွားကြောင်း သိရှိရပါသည်။ ထို့နောက် မွန်းလွဲ ၃ နာရီ ခွဲခန့်တွင် စစ်တွေမြို့သို့ ကျန်ရှိသည့် ကားနှစ်စီး ပြန်လည် ရောက်ရှိလာခဲ့ကြောင်း သိရသည်။
စစ်တွေတက္ကသိုလ်အနီးတွင်လည်း ရခိုင်လူမျိုးများ နေထိုင်သည့် မင်းဂံအကွက် (၃) နှင့် ဘင်္ဂါလီများ နေထိုင်သည့် ဘုမေ ရပ်ကွက်တို့ ယနေ့မွန်းလွဲပိုင်းတွင် တစ်ဘက်နှင့် တစ်ဘက် ခဲများဖြင့် ပစ်ပေါက်ခဲ့ကြကြောင်း၊ ပြည်နယ်ဝန်ကြီးချုပ်ကိုယ်တိုင် သွားရောက် ဖြေရှင်းရာ ပြေလည် သွားကြောင်း သိရသည်။
စစ်တွေမြို့ခံတစ်ဦးမှ Eleven Media Group သို့ ဆက်သွယ်သတင်ပေးပို့ရာတွင်"အခု လူမျိုးရေးထက် ဘာသာရေးဘက်ကို ပိုပြီး ဦးတည်နေပုံပေါက်နေတယ်။ မနက်ကလည်း ဗလီတွေမှ အစည်းအဝေးတွေလုပ်ကြတယ်။ နောက်ပြီး စစ်တွေမှာက ရခိုင်နဲ့ ဘင်္ဂါလီက တစ်ဝက်ဆီလောက်ရှိတယ်။ တာဝန်ရှိသူတွေရဲ့ လှုပ်ရှားမှုတွေ မတွေ့ရသေးလို့ မြို့ခံတွေအနေနဲ့ မလုံခြုံဘူးလို့ ခံစားနေကြရပါတယ်။ မောင်တောမှာက ရခိုင်လူမျိုး ၂ သောင်းလောက်ရှိပြီး ဘင်္ဂါလီက ၄ သိန်းလောက်ရှိတယ်။ နောက်ပြီး မောင်တောမှာ စစ်တပ်ရှိပေမယ့် ဘာမှ လှုပ်ရှားတာ မတွေ့ရဘူး။"ဟု ပြောကြားခဲ့ပါသည်ဟု Eleven Media Group အင်တာနက်စာမျက်နှာတွင် ဖော်ပြထားပါသည်။


Posted: 08 Jun 2012 04:35 AM PDT
မောင်တောမြို့နယ်နှင့် တစ်မိုင်ခန့်ကွာဝေးသော အိမ်ခြေတစ်ရာခန့် ရှိသော ဗိုလ်မင်းကျေးရွာတွင် ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခံရကြောင်း ရခိုင်အမျိုးသားဒီမိုကရေစီ (ALD)ပါတီဝင် တစ်ဦးက ပြောကြားသည်။

အဆိုပါ ကျေးရွာတွင် နေထိုင်သူကြသူများမှာ ရခိုင်တိုင်းရင်းသားများဖြစ်ပြီး ဘေးလွတ်ရာသို့ ထွက်ပြေးနေရကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

မောင်တောမြို့တွင်လွန်ခဲ့သော နာရီပိုင်းက ဖြစ်ပွား ခဲ့သော ဖြစ်စဉ်ကြောင့် သေဆုံး ခဲ့သူ ရဲဝန်ထမ်းဟောင်းမှာ ဦးကျော်လှဖြစ်ပြီး ဒါဏ်ရာ ရရှိခဲ့သူ လေးဦးအနက် တစ်ဦးဖြစ်သူ ဆရာဝန်မှာ ဦးခင်မောင်လတ်ဖြစ်ကြောင်း မောင်တောမြို့ခံ များထံမှ သိရသည်။

ယနေ့ ညနေလေးနာရီခန့် အချိန်တွင် ရရှိသော သတင်းများအရ ဗိုလ်မှူးရွာရှိ နေအိမ် ၁၀ လုံး နှင့် သဇင်တည်းခိုခန်း မီးရှို့ခံရပြီး ယူနိုက်တက် တည်းခိုခန်း အနီးရှိ ဆိုင်ခန်းများ ဖျက်ဆီးခံရကြောင်း ဒေသခံများထံ မေးမြန်းချက်များအရ သိရသည်။

ထပ်မံသိရှိရသော သတင်းများအရ မောင်တောမြို့နယ်တွင် ဘင်္ဂါလီလူမျိုးများ၏အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ရခိုင် အမျိုးသား တစ်ဦး သေဆုံး၍ လေးဦးခန့် ဒါဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးခဲ့သူ အမျိုးသားမှာ ရဲတပ်ဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်ပြီး၊ ထိခိုက် ဒါဏ်ရာရသူများတွင်
ဆရာဝန်တစ်ဦးပါဝင်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

[Update] မောင်းတောမြို့ နယ်မှ ထိခိုက်ဒါဏ်ရာ ရရှိသူများတွင် ပါဝင်သော ဆရာဝန် ဦးခင်မောင်လတ်နှင့် ဇနီးဖြစ်သူ တို့ နှစ်ဦးလုံးမှာ မောင်းတော ဆေးရုံတွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း ဒေသခံ များက ပြောကြားသည်။

မောင်းတောမြို့ တွင် ဖြစ်ပေါ်နေသော အခြေအနေများကို လုံခြုံရေး တပ်ဖွဲ့ဝင်များက ထိန်းသိမ်းနိုင်ရန်အတွက် ပစ်ခတ်မှုများ စတင်ပြုလုပ်နေပြီ ဖြစ်ကြောင်း မောင်းတောမြို့ ပေါ်တွင် သီတင်းသုံးနေသော ရဟန်းတော် တစ်ပါးက ပြောကြားသည်။

The Voice Weekly (Facebook)


Posted: 08 Jun 2012 04:35 AM PDT
ညနေ ၄နာရီ၊ ဇွန် ၈ ၊ ၂၀၁၂ ၊ YPI

မောင်တောမြို့ အခြေအနေကို ယင်းမြို့ ဗိုလ်မှူးရွာ မှ အသက် ၄၀ ၀န်းကျင် ရခိုင်အမျိုးသမီးတဦးက ပြောပြရာတွင် မြို့လည် သဇင်တည်းခိုခန်း မီးလောင်ကျွမ်းသွားကာ ယူနိုက်တက်တည်းခိုခန်းမှာ မီးရှို့ရန်ကြိုးစား သော်လည်း မီးမလောင်ပဲ ဖျက်ဆီးခံလိုက်ရသည်ဟု ဆိုသည်။

အချို့ရပ်ကွက်များတွင် လူနေအိမ်များမီးရှို့ခြင်း ရွှေထည်ပစ္စည်းများ လုယူခြင်းများရှိနေသဖြင့် ၎င်းအနေဖြင့် လုံခြုံသည့်နေရာတွင် ယခုလောလောဆယ် ပုန်းရှောင်နေရကြောင်း ၊ ရဲစခန်းနှင့် နီးသည့်နေရာ ရခိုင်လူမျိုးများသည့်နေရာများတွင် စုစည်းနေထိုင်နေကြသည်ဟု ၎င်းက ပြောသည်။

မောင်တောမြို့မှ စံပြရွာလည်း ဖျက်ဆီးခံရသည့်အထဲတွင် ပါဝင်ကြောင်း၊ ယခုအကြမ်းဖက် ပစ္စည်းလုယူခြင်းများကို ရဲများအနေဖြင့် ပစ်ခတ်နှိမ်နှင်းခြင်း ပြုသည်ကို မတွေ့ရဘဲ သေနတ်မိုးပေါ်ထောင်ဖေါက်ကာ လူစုခွဲခြင်းမျိုးသာ တွေ့မြင်ရသည်ဟု ဆိုသည်။
အထက်မှ ပစ်မိန့်မပေးသေးကြောင်းလည်း သိရသည်။

ဘူးသီးတောင်မြို့အနီးရှိ စစ်တပ်ရင်း တခုမှ အရာရှိတဦးက ၎င်းတို့တပ်ဖွဲ့များကို အနီရောင် အဆင့်အသင့်အနေအထားဖြင့် တပ်လှန့်ထားကြောင်း၊ အကြမ်းဖက်မှုများကို နှိမ်နှင်းခြင်းထက် ယခုလိုလူမျိုးရေး အဓိကရုဏ်းများဖြစ်ပွားခြင်းကြောင့် တဖက်နိုင်ငံမှ စစ်တပ်များ ၀င်ရောက်လာနိုင်သည့် အနေအထားအတွက် တပ်လှန့်ထားခြင်း ဖြစ်သည်ဟုလည်း ၎င်းကပြောသည်။

နောက်ထပ် ရရှိသည့် သတင်းများအရ ဗိုလ်မှူးရွာတွင် လူနေအိမ် ၁၅ လုံးမီးလောင်ကျွမ်းခံရပြီး ၃ ဦးအသတ်ခံရသည်ဟု သိရှိရသည်။ သေဆုံးမှု သတင်းကို သီးခြားအတည်မပြုနိုင်သေးပါ။

မောင်တောမြို့လူဦးရေ၏ ၉၈ ရာနှုန်းနှင့် ဘူးသီးတောင်မြို့ လူဦးရေ၏ ၉၀ ရာနှုန်းမှာ အစ္စလာမ်ဘာသာဝင် ဘင်္ဂလီလူမျိုးများ ဖြစ်သည်။

နိုင်ငံတော် သမ္မတရုံးမှ အရာရှိတဦးဖြစ်သူ ကလောင်အမည် မှူးဇော် ၏ကိုယ်ပိုင် ဖေ့စ်ဘွတ်စာမျက်နှာတွင် ယခုအဖြစ် အပျက်နှင့်ပတ်သက်၍ အစိုးရက ကိုင်တွယ်ဆောင်ရွက်နေပုံကို “ နိုင်ငံတော်အစိုးရအနေဖြင့် ယင်းသို့ ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲ သက်ရောက်မှုများကို ဖြေရှင်းနိုင်ရန် အမြန်ဆုံး ဆောင်ရွက်လျက် ရှိပါသည်။
ထိန်းမနိုင် သိမ်းမရ အနေအထားမျိုး မဖြစ်စေရန် လုံလောက်သော လုံခြုံရေး တပ်ဖွဲ့များဖြင့် အချိန်မီ ထိန်းသိမ်းဆောင်ရွက်နိုင်ရေး အထူးအလေး ထား ဆောင်ရွက်လျက် ရှိနေပါသည်။
မိဘပြည်သူများ စိတ်အေးအေးထားကြပါရန်နှင့် သက်ဆိုင်သော နီးစပ်သူများကို ငြိမ်းချမ်းသော နည်းလမ်းဖြင့် ဖြေရှင်းကြရန် တိုက်တွန်း ကြစေလိုပါသည်” ဟုဖေါ်ပြထားသည်ကိုတွေ့ရသည်။ ။

မီးရှို့ခံရသည့် ကျေးရွာ ၁၄ ရွာကို လုံခြုံရေး တပ်ဖွဲ့ဝင်များ အမြန်ဆုံးကာကွယ်ပေးဟု ဆို

ဇွန်လ ၈ ၊ ၂၁၁၂ ၊ YPI

“မီးရှို့ခံရသော ရခိုင်ရွာ (၁၄) ရွာကိုလည်း လုံခြုံရေးတပ်ဖွဲ့များဖြင့် အမြန်ဆုံး ကာကွယ်မှု ပေးနေပါသည်။ ” ဟု
နိုင်ငံတော် သမ္မတရုံးမှ အရာရှိတဦးဖြစ်သူ မှူးဇော်က ၎င်း၏ ဖေ့စ်ဘွတ်တွင် မောင်တော အရေးနှင့် ပတ်သက်ပြီး အစိုးရက ကိုင်တွယ်ဆောင်ရွက်နေပုံကို အထက်ပါအတိုင်း ဖေါ်ပြထားသည်။


Yangon Press International


Posted: 08 Jun 2012 04:22 AM PDT
ဇွန် ၈၊ ၂၀၁၂၊ YPI

ရခိုင်ပြည်နယ် နယ်စပ်မြို့ ဘူးသီးတောင်၊ မောင်တောမြို့နှင့် ပြည်နယ် မြို့တော် စစ်တွေမြို့များတွင် လူမျိုးရေးပဋိပက္ခကို အခြေခံသည့် မငြိမ်သက်မှုများ ဖြစ်ပွားနေသည်ဟု မောင်တောနှင့် စစ်တွေတို့မှ လာသည့်သတင်းများ အရသိရှိရသည်။

မောင်တောမြို့တွင်မြို့အချက်အချာကျသည့် မြို့တော်ခန်းမအနီးရှိ လူနေအိမ်များနှင့် ဘာသာရေး အဆောက်အဦအချို့ ဖျက်ဆီးခံရခြင်း မီးရှို့ခံရခြင်းများရှိကာ လူစုလူဝေးများဖြင့် ဈေးဆိုင်နေအိမ်များကို ဖျက်ဆီးခြင်းများရှိနေသည်ဟု ယင်းမြို့ခံတဦးက ပြောသည်။

ရဲတပ်ဖွဲ့ဝင်လုံခြုံရေးများက သေနတ်မိုးပေါ်ထောင်ဖေါက်ကာ လူစုလူဝေးကိုခွဲရန်ကြိုးစားသော်လည်း သိသိသာသာ အောင်မြင်မှုမရသေးကြောင်းလည်း သိရသည်။

ဘူးသီးတောင်မြို့တွင်မူ ယနေ့နံနက်ပိုင်းက ဆူပူ အကြမ်းဖက်ရန်လူစုလူဝေးနေသဖြင့် ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံး အသုံးပြုကာလူစုခွဲခဲ့ရသည်ဟု မောင်တောမြို့ခံက ဆိုသည်။

မောင်တောတွင် စစ်တပ်ကိုလည်း အသင့်အနေအထားဖြင့် တပ်လှန့်ထားသည်ဟု လည်း၎င်းက ပြောသည်။
စစ်တွေမြို့တွင်မူ မင်းဂံရပ်ကွက်ရှိ ရခိုင်လူမျိုးများပိုင် ဆိုင်အချို့ ယနေ့နေ့ခင်းပိုင်းက ဖျက်ဆီးခံရသည်ဟု စစ်တွေမှလာသည့် သတင်းများအရ သိရှိရသည်။ ။

Yangon Press International


Posted: 08 Jun 2012 04:17 AM PDT
ညနေ ၅နာရီ ၁၅ မိနစ်၊ ဇွန်လ ၈ ရက်၊ ၂၀၁၂၊ YPI

ယနေ့နေ့လည်ပိုင်းက စတင်သည့် မောင်တောမြို့ ရပ်ကွက်နှင့် ကျေးရွာများတွင် ဖြစ်ပွားသည့် မငြိမ်မသက်မှုများကို ထိန်းသိန်းရန် ရဲတပ်ဖွဲဝင်များ ပြီးခဲ့သည့် မိနစ်ပိုင်းက စတင်ပစ်ခတ်နေကြပြီဟု မြို့ခံတဦးက YPI သို့ပြောသည်။

ရဲနှင့် ဘေးကင်းရာသို့ရွှေ့ပြောင်းသည့် လူအုပ်ကို ဒေါ်လာရောင်းဝယ်သူ ဇော်ဟိန်း ဆိုသူ၏ တိုက်အိမ် ၃ ထပ်မှ စတင်ပစ်ခတ်သည့်နောက် ရဲများက ၎င်းတို့အားပြန်လည်ပစ်ခတ် ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

မောင်တောမြို့ပေါ်တွင် ဒေါ်လာရောင်းဝယ်သူ ဇော်ဟိန်း ၏ နေအိမ် သုံးထပ်ပေါ်မှ လူအင်အား ၁၀ ဦးခန့်ဖြင့် လူအုပ်ထဲသို့ သေနတ်ဖြင့်ပစ်ခတ်နေခြင်း ဖြစ်သည်ဟုလည်း မောင်တောမြို့ခံက ပြောသည်။

မောင်တောနှင့် ဘူးသီးတောင်အကြား ဘင်္ဂလားဒေ့ရှ်နယ်စပ်ဘက်တွင် လက်နက်များ သိုဝှက်ထားသည့် သတင်းများ ယခင်ကတည်းက ရရှိထားသည်ဟု ဘူးသီးတောင် အခြေစိုက် တပ်ရင်းတရင်းမှ အမည်မဖေါ်လိုသူ တပ်အရာရှိ တဦးက ပြောသည်။ ယခုပစ်ခတ်မှုများမှာ ယင်းလက်နက်သိုဝှက်ထားမှုနှင့် ဆက်စပ်ခြင်း ရှိမရှိ မသိရှိရပါ။

ပစ်ခတ်မှုကြောင့်ဒဏ်ရာရရှိသူများလည်း ရှိပြီး မောင်တောဆေးရုံသို့ တင်ပို့ထားရသည်ဟု သိရသည်။ ဒဏ်ရာရသူအရေအတွက်ကိုမူ မသိရှိရသေးပါ။

လူမျိုးရေး အကြမ်းဖက်မှုနှင့် ဆက်နွယ်နေသည့် အခြားအဖြစ်အပျက်တခုမှာ မောင်တောမြို့ရှိ ဆရာဝန်ဖြစ်သူ ဒေါက်တာဦးခင်မောင်လတ် နှင့် ဇနီးဖြစ်သူအား ဘင်္ဂါလီလူမျိုး အိမ်ဖေါ်ဖြစ်သူက ဓါးနှင့် ထိုးသဖြင့် ဇနီးဒေါ် သန်းသန်းရင်မှာ သေဆုံးသွားပြီး ဒေါက်တာ ဦးခင်မောင်လတ်အား ဆေးရုံသို့တင်ပို့ထားရသည်ဟုလည်း မောင်တောမြို့ခံက ပြောသည်။ ။
Yangon Press International


Posted: 07 Jun 2012 10:33 PM PDT
ဓါတ်ပုံ - သန်းထွန်း( tgkn)
Myanmar News Now
ယနေ့ ၈.၆.၂၀၁၂ နေ့နံနက် ၁၀းခန့်တွင်သင်္ဃန်းကျွန်းစံပြဈေးအနီးရှိ ငမိုးရိပ်ရပ်ကွက် ရှိ မျိုးမြန်မာဘီယာဆိုင် ရှေ့တင် ယာဉ်တိုင်မှု တစ်ခုဖြစ်ပွားခဲ့သည်။
          ဖြစ်စဉ်မှာ တောင်ဒဂုံဘက်မှ လာသည့်  ၆၂ ယာဉ်လိုင်း မှ ကားသည် ရုတ်တရက် ဘရိုတ်ပေါက်ကာ ရှေ့တွင်မောင်းနှင်နေသည့် ၇၃ ယာဉ်လိုင်း (ဒိုင်နာကား) ကားအား နောက်မှနေဝင်တိုင်ခဲ့သည်။
          ယင်းသို့ပြင်ထန်သည့်အရှိန်ဖြင့်တိုက်မိခဲ့သဖြင့် ၆၃ ယာဉ်လိုင်း (ဒိုင်နာ) ပေါ်တွင်လိုင်ပါသည့်ယာဉ်
နောက်လိုက် (စပါယ်ယာ)မှာ ၄င်းကား၏ နောက်မှ ဘေးတန်းတွင်ရှိနေသည့်အတွက် နောက်မှဝင်တိုက်ခဲ့သည့် ၆၂ ကား၏ အရှိန်ပြင်းစွာဖြင့် တိုက်ခဲ့ခြင်းကြောင့် ကြားမှညပ်ကာ နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့သည်၊ ၆၃ (ဒိုင်နာ) ကားပေါ်မှ ခရီးသည်တစ်ဦးသည်လဲ ထိုကဲ့သို့ ကားနှစ်စီးကြားညပ်မိသောကြောင့် ခြေတောက်နှစ်
ချောင်းစလုံး ကျိုးသွားခဲ့သည်။
              အဆိုပါယာဉ်တိုက်မှုအား မီးသတ်ဌာနနှင့် ယာဉ်းထိန်းရဲများမှ ချက်ခြင်းပင် သေသူနှင့် ဒဏ်ရာရသူ
များအား ဆေးရုံသို့ ပို့ဆောင်ပေးပြီး လမ်းပေါ်တွင် ကျန်ရှိနေသည့် ကားမှန်ကွဲစများ သွေးစသွေးန များအား
မီးသတ်ပိုက်နှင့် ထိုးဆေးပေးခဲ့သည်
            အမှတ်၆၂ ယာဉ်လိုင်းမှ ကားသည်ပြည်ထောင်စုဂုံးကျော်တံတားမှ ဆင်းလာပြီး ဘရိတ်ပေါက်သိရှိ
ကာကားပေါ်ပါလာသည့် စပါယ်ယာမှ ဘရိတ်ပေါက်နေပါတယ် ရှောင်ပေးကြပါဟု အကြိမ်ကြိမ်အော်ခဲ့သည်
အခင်းဖြစ်ပွားရာနေရာသည် ညနေပိုင်းတွင် လမ်းဘေးဈေးသည်များဖြင့် စည်ကားသည့်နေရာဖြစ်ပြီး ယာဉ်တိုက်မှုဖြစ်သည့်အချိန်သည် သိပ်ပြီးမစည်ကားသေးခြင်းကြောင့် လမ်းဘေးမှ လူများဈေးသည်များအား
ထိခိုက်မှုမရှိခဲ့ဘဲ ၆၃ ယာဉ်(ဒိုင်နာ) ပေါ်ပါခရီးသည်တစ်ဦးခြေတောက်ကျိုးသည့်ဒဏ်ရာနှင့် စပါယ်ယာမှာသေး
ဆုံးခဲ့သည့် အနေအထားသာရှိခဲ့သည်။
           အခင်းဖြစ်ပွားခဲ့ပြီးသည်နှင့် ၆၂ ယာဉ်လိုင်းမှကားဒရိုင်ဘာ( ယာဉ်မောင်း) နှင့် ယာဉ်နောက်လိုက်
(စပါယ်ယာ)တို့ မှာတိမ်းရှောင်သွားခဲ့သည် ထိုသို့တိမ်းရှောင်ခြင်းအပေါ် အခြားစပါယ်ယာတစ်ဦးမှ “ ထွက်ပြေး
သွားတာမဟုတ်ဘူး တိမ်းရှောင်သွားတာ ဒီလိုမှ မဟုတ်ရင် မြန်မာလူမျိုးတို့ရဲ့ ထုံးစံသိတယ်မှတ်လား ဆွမ်းကြီး
ဝိုင်းလောင်းကြလိမ့်မယ်”ဟု ပြောကြားပါသည်။                                                

By သန်းထွန်း( tgkn)








Posted: 07 Jun 2012 09:21 PM PDT
ယင်းမာပင်မြို့နယ် ညောင်ကိုင်းအနောက်ရွာနေ ကိုးတန်းကျောင်းသူတစ်ဦး
မိမိကိုယ်ကို အဆိပ်သောက် သတ်သေခဲ့မှုနှင့် ပတ်သက်၍ ။
မတရားညှင်းပန်းနှိပ်စက်မှုကြောင့် မိမိကိုယ်ကို အဆုံးစီရင်ခဲ့တဲ့
ကိုးတန်းကျောင်းသူလေး မအိရွှေ
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ် ညောင်ကိုင်းအနောက်ရွာနေ
ကိုးတန်းကျောင်းသူတစ်ဦး အမျိုးမျိုးညှင်းပန်း နှိပ်စက်မှုကြောင့်
မိမိကိုယ်ကို အဆိပ်သောက် သတ်သေသည့် အမှုတခုဖြစ်ပွားခဲ့ပါသည်။

ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ်
ညောင်ကိုင်းအနောက်ရွာနေ အဒေါ်ဖြစ်သူ ဒေါ်ဆန်းညွန့်ရီမှ တူမဖြစ်သူ
အသက်(၁၇)နှစ်ရှိ မအိရွှေအား အမျိုးမျိုးညှင်းပန်း နှိပ်စက်ခဲ့ပါသည်။
သို့အတွက် မအိရွှေသည် အလွန်စိတ်ဆင်းရဲ သောကရောက်လွန်းသည့် အတွက် ၂၀၁၂-ခု
မေလ(၄)ရက် နေ့တွင် အိန္ဒိယနိုင်ငံထုတ် အလွန်ပြင်းသော
ပိုးသတ်ဆေးပြားသောက်ပြီး မိမိကိုယ်ကို သတ်သေမှုဖြစ်ပွားခဲ့သည်။

မအိရွှေ၏ အမေ ဒေါ်နွဲ့ရီဝင်းသည် တရွာတည်းနေ ကိုဇော်ဝင်းမောင်နှင့်
လက်ထပ်ခဲ့သည်။ သို့သော် သဘောထားချင်း မတိုက်ဆိုင်သဖြင့်
ကွာရှင်းပြတ်ဆဲရာတွင် ယောက္ခမဖြစ်သူ ဦးရှမ်း (ယခင် ရယက ဥက္ကဋ္ဌဟောင်း)
ဒေါ်နွားခင်တို့မှ လက်ထပ်စဉ်က တင်တောင်းခဲ့သော ရွှေများကို
အတိုးပါပြန်ပေးရန် တောင်းဆိုခဲ့သည်။ သို့သော် မိခင်ဒေါ်နွဲ့ရီဝင်းမှာ
၎င်းတို့ တောင်းဆိုသော အတိုးရွှေ မပေးနိုင်သဖြင့် သမီးဖြစ်သူ မအိရွှေအား
ရွှေတိုးအဖြစ် စာချုပ်ဖြင့် ယောက္ခမများထံ အပ်ခဲ့ရသည်။ ယောက္ခမများနှင့်
အဒေါ်ဖြစ်သူ မအေးမာလွင်၊ မဆန်းညွန့်ရီတို့မှ ရွှေတိုးအဖြစ်ရလာသော မအိရွှေအား
အမျိုးမျိုး ၀ိုင်းဝန်း နှိပ်စက်ကြသည်။

သစ်ပင်ကို ကြိုးနှင့်တုတ်၍ရိုက်ခြင်း အိမ်တန်းတွင် ဇောက်ထိုးချ၍
နှိပ်စက်ခြင်းစသည်ဖြင့် လူမဆန်စွာ ၀ိုင်းဝန်းနှိပ်စက်ကြသည်။
နောက်ဆုံးတွင် မအိရွှေခမျာ မခံမရပ်နိုင်သည့်အတွက် အိန္ဒိယနိုင်ငံထုတ်
ပိုးသတ်ဆေးပြားများ သောက်ပြီး မိမိကိုယ်ကိုယ် သေကြောင်းကြံခဲ့ပါသည်...။
အဆိပ်သောက်ပြီး သေမည့် ကုတင်ပေါ်တွင် မသေနိုင်င်၍ ငြီးငြူနေရာတွင်
အဒေါ်ဖြစ်သူ မဆန်းညွန့်ရီမှ မြန်မြန်သေချင်ရင် ဓားနဲ့ထိုးသတ် သေလိုက်ဟု
လူမဆန်စွာ ပြောဆိုခဲ့သည်ဟု သိရှိရသည်။ ၎င်းဖြစ်စဉ်နှင့် ပတ်သက်၍
ယင်းမာပင်မြို့နယ် ရဲစခန်းတွင် တိုင်ချက်ဖွင့်ထားသော်လည်း
တစ်လပြည့်သည့်တိုင် မည်သို့မျှ အရေးယူခြင်းမရှိသေးပါ။

ဦးရှမ်း+ဒေါ်နွားခင်တို့မှာ ပစ္စည်းချမ်းသာသည့်အတွက် ဤအမှုကို
ကားတစ်စီးကုန်သည်အထိ အထက်ကို လာဘ်ထိုးပြီး အမှုမပေါ်အောင်လုပ်မည်ဟု
ကြုံးဝါးထားကြောင်း ကြားသိရပါသည်။ ဤကဲ့သို့ တစ်လပြည့်သည့်တိုင်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...