Friday, June 22, 2012

မရိုးနိုင်သော မိဘ မေတ္တာ ပြခန်း



အဖြစ်ပျက်လေးတစ်ခု ။ မင်္ဂလာဆောင်တစ်ခု တက်ဖို့အတွက် ကျွန်မ ရန်ကုန်ရောက်နေခဲ့ပါတယ် ။ ကျွန်မဖခင်ကလည်း ရန်ကုန်မှာရှိနေပါတယ် ။ မေမေကလည်း ကိစ္စတစ်ခုကြောင့် ရန်ကုန်မှာ ရှိနေခဲ့ပါတယ် ။ မင်္ဂလာဆောင်မှာ ညစာ စားပွဲကိုပါ ဖိတ်ကြားထားပါတယ်။

ညစာစားပွဲက ည 8နာရီ တိတိပါ ။ ကျွန်မတို့ နေထိုင်ရာ ကြည်းမြင်တိုင်နားတင် နီးနီးလေးမို့ 7နာ၇ီကျော်တဲ့ အထိ အေးအေးဆေးဆေးအိပ်နေတဲ့ ကျွန်မကို မေမေက သတိပေးလာပါတယ် ။ 
* ဟဲ့ သမီး ပြင်တော့လေ ..... မသွားသေးဘူးလား *
ဆိုတဲ့ မေမေ သတိပေးသံကြားမှ သွားဖို့အတွက် ပြင်ဆင် အ၀တ်စားလဲလိုက်ပါတယ်။သွားဖို့ အဆင်သင့်ဖြစ်ချိန်မှာ ပိုက်ဆံအိတ်လေး လွယ်ကာ ထွက်လာတဲ့ ကျွန်မကို ဖေဖေက
* ဖေဖေ လိုက်ပို့ မယ် *
ဆိုတော့ အနည်းငယ်အံ့သြသွားမိတယ် ။ အံ့သြရခြင်းက ကျွန်မ အသက်က 31နှစ် ။ ကျွန်မ သွားမယ့်နေရာက ကား2မှတ်တိုင်လောက် စီးရင်တောင် ရောက်တဲ့နေရာ တစ်ခုဖြစ်နေတယ် ။ ဒါကို ဖေဖေက လိုက်ပို့မယ်ဆိုတော့ အံ့သြမိတာပေါ့ ။ ဒါပေမယ့်  ဖေဖေနဲ့ အတူတူ သားဖနှစ်ယောက်ထွက်လာခဲ့ကြတယ် ။ ညစာ စားပွဲ ရောက်တော့ ကျွန်မ သူငယ်ချင်းဖိတ်ထားတဲ့ အခန်းဝ ထိ ဖေဖေက လိုက်ပို့ပြီး အပြန်ကို တက္ကဆီ ဘယ်လိုငှားဖို့ကို သေချာမှာသွားပြီးမှ ပြန်သွားပါတယ် ။ လူစုံချိန်မှာ အားလုံးဖိတ်ထားတာ လူရင်းတွေ15ယောက်လောက်သာ ရှိတာမို့ သတို့သားသတို့သမီးက တစ်ဦးချင်းကို မိတ်ဆက်ပေးကြပါတယ် ။ ကျွန်မ အလှည့်ရောက် တော့ သတို့သားက
* သူကတော့ နာမည်က........... စာတွေ ရေးပါတယ် *
အားလုံးက အံ့သြသလို ရယ်ချင်သလို ပြုံးစိစိ ဖြစ်ကုန်တာကို ကျွန်မသတိထားလိုက်မိပါတယ် ။ စိတ်ထဲ ဖေဖေ အခန်းထဲထိ လိုက်ပို့တာကို ရယ်ချင်နေကြတယ်ဆိုတာကိုလည်း ချက်ချင်း သိလိုက်တယ် ။ စာရေးနေသူ အသက် 31 အရွယ် ကျွန်မကို ကလေးတစ်ယောက် မူကြို ပို့သလို လိုက်ပို့တဲ့ အတွက် ရယ်စရာဖြစ်နေကြတယ်ထင်ပါတယ် ။ ကျွန်မစိတ်ထဲလည်း နည်းနည်းတော့ စနိုးစနောင့် ဖြစ်သွား
မိတယ် ။ ဘာကိုဖြစ်တာလည်းဆိုတာ သေချာမသိပေမယ့် စိတ်ထဲ ခိုးလိုးခုလု ဖြစ်နေတာတော့ အမှန်ဘဲ ။  ဒီလိုနဲ့ ပြန်ဖို့ အချိန်မတိုင်ခင် ကျွန်မပြန်ချင်လာတယ် ။ သတို့သား ၊ သတို့သမီးကို နှုတ်ဆက်ကာ မမ ပြန်တော့ မယ်လို့ နှုတ်ဆက်လိုက်ချိန်မှာတော့ 
* မမပြန်တော့မှာ လား ဒါဆို အိမ်က ကားကို လိုက်ပို့ပေးခိုင်းမယ် နော် *
ဆိုပြီး သတို့သား ၊ သတို့သမီးကားလေးနဲ့ စိတ်ချစွာ အိမ်ပြန်ခွင့်ရခဲ့ပါတယ် ။ ကားပေါ်မှာ အတွေးလေးတွေ ကျွန်မခေါင်းထဲကို တန်းစီဝင်ရောက်လာတယ် ။ ကျွန်မ ခုနလေးက စနိုးစနောင့် ဖြစ်ခဲ့တာ လိုက်ပို့တဲ့ ဖေဖေကို ။ ကလေးလို လိုက်ပို့လို့ သူများတွေ ရယ်တာကို
ခံရလေခြင်းဆိုပြီးတော့ ဖြစ်လိုက်တဲ့ စိတ်ကလေးကို မှားသွားတယ်ဆိုတာ ချက်ချင်းခုသိလိုက်ရတယ် ။ မိဘဆိုတဲ့ လူတိုင်းရင်ထဲအသည်းထဲ  ၊ နှလုံးသားထဲမှာ သူတို့ရင်နှစ်သည်းချာ သားသမီးတိုင်းကို ဘယ်အသက်ရွယ် ဖြစ်နေပါစေ စိတ်မချတတ်တာ ၊ စိုးရိမ်တတ်တာ မိဘတွေရဲ့ တုနှိုင်းမဲ့ မေတ္တာတရားဆိုတာကို ကျွန်မဘာလို့ မေ့နေခဲ့ရတာလည်း လို့လည်း ကိုယ်ကိုကိုယ့် အကြိမ်ကြိမ် 
အပြစ်တင်မိလိုက်ပါတယ် ။ နောက်တစ်ခု ကျွန်မ မိဘရဲ့ တန်ဖိုးထားမှုက ကျွန်မအတွက် လုံခြုံမှု  ၊ တစ်ပါးသူကပါ ကျွန်မကိုတန်ဖိုးထားပြီးခုလို ဂရုတစ်စိုက် ပြန်လိုက်ပို့ပေးခဲ့တယ်လေ။ဖေဖေတို့ပေးတဲ့ မေတ္တာတရားရဲ့ လုံခြုံမှုက တပါးသူဆီပါ ကူးစက်သွားတယ်
ဆိုတာကို ကျွန်မ လက်တွေ့သိလိုက်ရပါတယ် ။ ညစာ စားပွဲက အပြန်အမှန်ဆို ကျွန်မ ကိုယ်ဘာကို ကားငှားပြန်ရမှာပါ ။ ဖေဖေဂရုတစိုက် လိုက်ပို့ မှုက ဖေဖေတို့ မေမေတို့ ကျွန်မအပေါ် ထားတဲ့ လေးနက် တန်ဖိုးထားမှုတစ်ခုကို ဖွင့်လစ်ပြသလို ဖြစ်စေခဲ့တာမို့တခြားသူကပါ ဂရုစိုက်တန်ဖိုးထားခြင်းကို ခံခဲ့ရခြင်းမျိုးပါ ။ မိဘတွေ ရဲ့ သားသမီးတွေ အပေါ် ထားတဲ့ မေတ္တာတရား ကြီးမားမှု
တွေက ရေးလို့မကုန်နိုင်အောင် များပြားလှ တယ်ဆိုတာကို  ဒီအကြောင်းအရာလေးက ထပ်မံ သက်သေတည်စေခဲ့ပါတယ်ရှင် ။ မိဘတွေရဲ့ အေးမြတဲ့ မေတ္တာတရားရဲ့ တန်ဖိုးကို နားလည်သဘောပေါက် သော သားကောင်း ၊သမီးကောင်း များစွာ ပေါ်ပေါက်ကြပါစေလို့ ကျွန်မ လေးလေးနက်နက် ဆုတောင်းပေးလိုက်မိပါတော့တယ် ။ 
 ခိုင်လေး (ရွှေတောင်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...