Sunday, June 10, 2012

“ချစ်စကိုရှည်စေ”


by Soe Min on Sunday, June 10, 2012 at 2:05am 

          အမှားပြင်ဆင်ချက်တွေ အခါခါထွက်ပြီးမှ ပြည်တွင်းနေ မွတ်စလင်ဘာသာဝင်များလို့ တခုတ်တရ သုံးနှုန်းနေကြတာကို နားဝင်မချောသော်ငြား အဲလိုမှ မရုန်းရင် လိုရင်းမရောက်တော့မှာစိုးလို့ လောလောဆယ်တော့ အဲသည်အတိုင်းပဲ ဆက်သုံးထားလိုက်ပါဦးမယ်။ ပြဿနာက လူအုပ်စုတစ်စုကို အမျိုးအစားခွဲခြားပြီး ခေါင်းစဉ်တပ်လိုက်တဲ့အခါမှာ ကောင်းတဲ့သူတွေကို အလေးအမြတ်ပြုတဲ့အခါ ဆိုးသွမ်းယုတ်မာ အကောက်ကြံသောသူများကလည်း မိန့်မိန့်ကြီး ရောင်တော်ပြန်နဲ့ရောလွှတ်သလို တေလေကြမ်းပိုး ခွေးသူခိုးတို့ကို သုတ်သင်တဲ့အခါမှာလည်း မဆီမဆိုင် ဂုဏ်သရေရှိအနွယ်တူတွေကို အသရေညစ်နွမ်းစေတာမို့ ဖြစ်နိုင်ရင်တော့ ငဖြူငမဲ သဲကွဲအောင်ခေါ်တွင်ပြီး သိမ်းကျုံးလုံးထွေးခေါ်ဝေါ်တဲ့ နာမသညာတို့ကို ရှောင်နိုင်ရင် ကောင်းလိမ့်မယ် ထင်ပါတယ်။ အမြဲတမ်း ရှင်းရှင်းနေရတဲ့ အသုံးအနှုန်းတစ်ခုနဲ့ ပတ်သက်ပြီးတော့လည်း ကိုယ့်ရဲ့သဘောထားကို တခါတည်း စကားကုန်အောင် ပြောခဲ့ပါ့မယ်။ ကုလားလို့ခေါ်တဲ့ အသုံးအနှုံးဟာ ဆဲရေးတိုင်းထွာတဲ့ အနက်အဓိပ္ပါယ်ကို တိုက်ရိုက်ဖြစ်ဖြစ် သွယ်ဝိုက်ပြီးတော့ဖြစ်ဖြစ် သက်ရောက်စေတယ်လို့ ဘယ်အဘိဓါန်ထဲမှာမှ မတွေ့ဖူးပါဘူး။
ရှေးကလည်း မရှိခဲ့ပါဘူး။ နှိမ်တယ်လို့ ပြောတာလည်း မမှန်ပါဘူး။ မယုံရင် ဦးကုလားမြန်မာရာဇ၀င်ဆိုတာကို ကြည့်ပါလား။ ဆရာတော် သမားတော်တွေပြုစုထားတဲ့ ကျမ်းကြီးကျမ်းခိုင်တွေနဲ့ တတန်းတည်းထားတာ။ စကားဆိုတာ လိုချင်တဲ့အဓိပ္ပါယ်ရောက်အောင် ဘယ်လိုပဲပြောသည်ဖြစ်စေ အထအနကောက်တဲ့သူကို မူတည်ပြီး အနက်ကို လိုချင်သလို ပြန်ယူကြတာရှိသလို ဥာဏ်မမီလို့ မတွေးတတ်လို့ ဘာပြောသွားလိုက်မှန်း မသိတာလည်း ရှိတတ်ပါတယ်။ ဒါပေမယ့် ကိုယ်ရေးတဲ့စာတွေထဲမှာ ကုလားရယ် တရုတ်ရယ် ဗမာရယ်လို့ သုံးနှုန်းထားတယ်ဆိုရင် အဲဒါ ဘုံဆိုင်တဲ့အများပိုင်နာမ်တစ်ခု အနေနဲ့သာ သုံးစွဲထားပါတယ်။ သေချာ ပြန်ဖတ်ကြည့်ရင် သိပါလိမ့်မယ်။ “ဟဲ့ ကုလား။ နင် သောက်သုံးကိုမကျဘူး။ အဲဒါကြောင့် နင်ကုလားဖြစ်နေတာ။ အကျင့်ကိုက ကုလားကျင့် ကုလားကြံနဲ့။” လို့ တခါမှ မရေးခဲ့ဖူးပါဘူး။ “ဟော ကြည့်။ ပြောရင်းဆိုရင်း စော်ကားနေပြန်ပြီ။ သတ်ပစ် သတ်ပစ်။” လို့ ဆိုကြဦးမှာပဲ။ ဥပမာဗျ။ ဥပမာ။ ဒီနေရာမှာ ပြောချင်တာက စာဖတ်နေရင်း ခံစားမိတဲ့ ကိုယ့်ရဲ့ ပုဂ္ဂလိကအတွေးအမြင်သက်သက်ကို “အို ကုလားအပေါင်းတို့၊ ငါတို့အမျိုးအနွယ်ကို ပုတ်ခတ်စော်ကားလျက်ရှိချေပြီ။ ဤသူကို လွှတ်ထားလျှင် ဒွန္နယာကြီး၌ အလ္လာအရှင်မြတ်၏ နာမတော်ကို ငြိုးနွမ်းစေလိမ့်မည်။ အို မူဆလင်ညီနောင်အပေါင်းတို့ တွေ့ရာသင်္ချိုင်း ဓါးမဆိုင်းလင့်။ သတ်ကြကုန်လော့။” လို့ မောင်းကိုထုပါ လူစုပါဟေ့ လုပ်တဲ့သူကို လူမျိုးရေးအစွန်းရောက်တယ်လို့ မပြောရပဲ သူတို့ကတပြန် ကိုယ့်ကို racist ဖြစ်တယ် ခေါင်းစဉ်တပ်လာတဲ့အခါ စကားနည်းရန်စဲ တုန့်ပြန်ဖြေရှင်းမနေတော့ပဲ ကိုယ့်အလုပ်ကိုသာ ကိုယ်ဆက်လုပ်ခဲ့ပါတယ်။ သို့သော်လည်းပဲ လောလောဆယ်မှာတော့ ပြဿနာက အကျယ်အကျယ် မငြိမ်းဖွယ်ဖြစ်လာတဲ့အတွက် ပြဿနာဖန်တီးနေသူတွေကို ကွဲကွဲပြားပြား မြင်နိုင်အောင် တွေးရရေးပြရပါတယ်။ သူတို့ရန်ကိုကြောက်လို့ ရှင်းပြနေတာ မဟုတ်ပါဘူး။ ရာဇ၀တ်မှု၊ နယ်စပ်ကျူးကျော်မှု၊ တရားဥပဒေမစိုးမိုးမှုတစ်ခုကို ဘာသာရေးအဓိကရုဏ်းတစ်ခု မဖြစ်ဖြစ်အောင် လှုံ့ဆော်ဖန်တီးပြီး ကိုယ်တွေက တရားဥပဒေဘောင်အတွင်း၊ အုပ်ချုပ်မှုအာဏာအတွင်းက ငြိမ်ဝပ်ပိပြားအောင်ဆောင်ရွက်နိုင်ရင်တောင် သူတို့လူမျိုးတွေကို အနိုင်ကျင့်ပါတယ်။ လူ့အခွင့်အရေးချိုးဖောက်ပါတယ် နဲ့ သူခိုးကလူဟစ်ပြီး အလှူခံတောင်းရမ်း စားသောက်ကြဦးမယ်။ မရှင်းများမရှင်းနိုင်လို့ကတော့ ဝေသာလီပြည် ဘီလူးကျတာထက်ဆိုးပြီး ယာရှင်မျောက်မောင်း ထောင်းထောင်းကြေအောင် နှိပ်စက်ကြဦးမှာ။ (အခုထက်ထိတော့ မရှင်းရသေးဘူးဗျ) ပြဿနာကတော့ အဲသည်အုတ်ကြားမြက်ပေါက်၊ ဟိုဘက်ထွက်ပြေး သည်ဘက်ထွက်ပြေး ခွေးလှေးကြမ်းပိုးများက မွတ်စလင်သာသနာတော်ကြီးကို အကာအကွယ် ယူထားတဲ့အခါမှာ ကိုယ့်ဘက်က ခွေးရိုက်ချင်တာတောင် ခွေးရှင်မျက်နှာငဲ့ငဲ့နေရတာနဲ့ အကိုက်ခံရပေါင်း မနည်းတော့ဘူး။ တဆိတ်ရှိ ခွေးရှင်သွားသွားတိုင်ရအောင်ကလည်း သူမွေးထားတဲ့ခွေးတွေမဟုတ်ပဲ ပေါက်လွှတ်ပဲစား ခွေးဝဲစားများက သူ့အိမ်အတွင်း ၀င်ဝင်ပြေးလာတာ ရှင်းရလွန်းအားကြီးလို့ တံခါးတောင် ပိတ်ပိတ်ထားရတာကိုး။ နောက်ဆုံးတော့ ကိုယ့်ဘက်မှာ တံခါးမရှိတာကိုပဲ အပြစ်တင်ရမလို။
          အကြမ်းဖက်သမားများကို နှိမ်နှင်းတယ်ဆိုတာ အလ္လာအရှင်မြတ်ရဲ့ အလိုတော်နဲ့ဆန့်ကျင်တယ် လို့ မထင်ပါဘူး။ ဘယ်ဘုရားသခင်ကမှ “ချစ်သားတို့ ငါ့စကားနားမထောင်သူတို့ကို အရှင်မထား သတ်ဖြတ်၍ ငါ့သာသနာတည်တံ့အောင်ပြုလော့” လို့ မှာခဲ့တာမှ မရှိပဲနဲ့။ ကိုယ့်ဘာသာဝင်ဖြစ်နေလို့ အဲသည်အကြမ်းဖက်သမားကို အကာအကွယ်ပေးရမယ် လို့တောင် တွေးလို့မရပါဘူး။ ၉/၁၁ မှာ စွမ်းစွမ်းတမံ စီမံကွပ်ကဲမှုကြီးကြောင့် ဘင်လာဒင်ကြီးကို သူ့ဘုရားသခင်က ကောင်းချီးပေးပါသလား။ သူ့စွမ်းဆောင်ရည်ဟာ ကမ္ဘာအရပ်ရပ်က မွတ်စလင်ဘာသာဝင်များကို သိက္ခာရှိ မျက်နှာပန်းလှစေပါသလား။ နိုင်ငံတကာလေဆိပ်ရောက်ဖူးသူတိုင်း သိပါလိမ့်မယ်။ သူ့ကြောင့်မို့ အပြစ်မဲ့ဘာသာဝင်တွေအားလုံး သံသယမျက်လုံးနဲ့ အကြည့်ခံရတာပါ။ ဟုတ်တယ်။ အကြမ်းဖက်တာ လုံးဝမကြိုက်ဘူး။ ကုလားတွေ အကြမ်းဖက်တာ မကြိုက်သလို ရခိုင်တွေ ပြန်အကြမ်းဖက်တာလည်း မကြိုက်ဘူး။ ဆိုပြီး ဘဲဥအစရှာမရသလို တရားခံရှာရင်း မျက်စိလည်ကုန်မှာစိုးလို့ တကယ့်တရားခံကို ထောက်ပြချင်ပါတယ်။ အဲသလောက်ရှင်းနေတဲ့ အချက်အလက်တွေကို မမြင်နိုင် မသုံးသပ်နိုင်တာကတော့ အခါခါ ပြောခဲ့သလို ချက်ကိုမရှာပဲ ဘက်ကိုအရင်ရှာတဲ့အတွက်ပါ။
          ရခိုင်ပြည်နယ်ထဲမှာ ဘင်္ဂါလီလူမျိုး မွတ်စလင်ဘာသာဝင်အရေအတွက်ဟာ သူတို့တောင်းဆိုနေတဲ့ လူမျိုးစုအနည်းအကျဉ်းဆိုတဲ့ Minority Ethnic ထက် အများကြီးပိုပါတယ်။ အထူးသဖြင့် မြောက်ပိုင်း ဘူးသီးတောင် မောင်းတောဘက်မှာ ၉၅.၅% အထိရှိတယ်ဆိုရင် မျက်လုံးပြူးမျက်ဆံပြူးနဲ့ မယုံနိုင်အောင် ဖြစ်ကြလိမ့်မယ်ထင်ပါတယ်။ ရခိုင်တိုင်းမင်းကြီးလုပ်သွားတဲ့ ဦးထင်ဖတ်ရဲ့ ရခိုင်ပြည်နယ်အစီရင်ခံစာ(၁၉၆၀) ထဲမှာကတည်းက ဘင်္ဂါလီကျူးကျော်မှု အန္တရာယ်ကို ရှင်းရှင်းလင်းလင်း ရေးထားခဲ့ပြီးသားဖြစ်ပါတယ်။ မြန်မာတွေဘက်က ခွင့်ပြုသည်ဖြစ်စေ၊ ခွင့်မပြုသည်ဖြစ်စေ၊ အသိအမှတ်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ။ သူတို့နေတဲ့ရွာဟာ သူတို့ရွာပဲ။ သူတို့မြေပဲ။ သူတို့တိုင်းပြည်ပဲလို့ အခိုင်အမာ ယူဆထားပြီးဖြစ်ပါတယ်။ ဒီကနေ့ သူတို့တောင်းဆိုနေတဲ့ အခွင့်အရေးကတော့ အဲသည်မြေပေါ်မှာနေထိုင်ခွင့် တောင်းနေတာ လုံးဝမဟုတ်ပါဘူး။ နိုင်ငံသားအဖြစ် တောင်းနေတာတောင် မဟုတ်ပါဘူး။ (တောင်းစရာမှ မလိုတာ။ မှတ်ပုံတင်လိုချင် လွယ်သလား ခက်သလား ကိုယ့်ထက် သူတို့က ပိုသိမယ်)။ သူတို့လိုချင်တာကတော့ အဲဒီနေရာကို သူတို့ပိုင်ပြည်နယ်အဖြစ် တိုင်းရင်းသားများနဲ့တန်းတူ အခွင့်အရေးများ ကိုယ်ပိုင်အုပ်ချုပ်ရေးများ လိုချင်တာဖြစ်ပါတယ်။ ပြည်ထောင်စုတိုင်းရင်းသား ဆိုတဲ့အဓိပ္ပါယ်ဟာ အတူတကွ ကြီးပြင်းရှင်သန်လာခဲ့ကြသော မွေးချင်းညီအကိုများဆိုတာနဲ့ အနှစ်သာရတူပါတယ်။ သူတို့ရဲ့ စိတ်ထားဟာ ပြည်ထောင်စုစိတ်ထားရှိမရှိ ဆိုတာကတော့ ပြောစရာတောင် မလိုတော့ပါဘူး။ အဲသည်လူတွေက သူတို့ကိုယ်သူတို့ အယ်လ်ကိုင်ဒါများလို မွတ်စလင်အကြမ်းဖက်တွေအရေခြုံပြီး ဟောက်စားလုပ်ချင်သော်လည်းပဲ စစ်တပ်မရှိတဲ့အခါများမှသာ အုပ်စုအင်အားနဲ့ ခွေးအများလို အမဲဖျက်တတ်သူများဖြစ်ပါတယ်။ သူတို့ကို နည်းနည်းကလေး ထိလာပြီဆိုရင်တော့ ကမ္ဘာအရပ်ရပ်က မွတ်စလင်ဘာသာဝင်များကို ကြည့်မနေကြပါနဲ့။ ကယ်ကြပါဦး။ သူတို့လောက် ဘာသာတရားကိုင်းရှိုင်းပြီး သာသနာတော်ကြီးပြန့်ပွားဖို့ အသက်စွန့်ကျိုးပန်းနေရတဲ့သူ မရှိပါဘူးဆိုပြီး ဘင်္ဂလားဗီဇ ပီသစွာ အဘားအဘားအော်ပါတယ်။
          အဲသည်လို ဂျာအေးသူ့အမေရိုက်နေတဲ့ပြဿနာဟာ ပြည်ပကအစိုးရဆန့်ကျင်ရေး လုပ်နေသူတွေအတွက် စပွန်ဆာရှာလို့ လုပ်ကိုင်စားသောက်စရာ စားကျက်တစ်ခုဖြစ်လာတဲ့အခါ မဆီမဆိုင် လူ့အခွင့်အရေးခေါင်းစဉ်အောက်ကို အတင်းဆွဲထည့်လာကြပါတယ်။ ကိုယ့်အိပ်ထဲကတစ်ပြားမှ စိုက်စရာမလိုပဲ ဦးစိတ်ကောင်းကြီးအဖြစ် အမှတ်ဝင်ယူချင်တဲ့သူတွေကလည်း သနားပါတယ်။ ပေးလိုက်ပါလားနဲ့ လူလုံးဝင်ပြ အသံကောင်းဟစ်ကြပါတယ်။ ဦးနေ၀င်းကြီးလက်ထက်ကတည်းက သတင်းအမှန်တွေကိုသာ မထိန်မချန် လွှင့်လေ့ရှိတယ်လို့ နံမည်ကျော်ခဲ့တဲ့ ဘီဘီစီသတင်းဌာနကြီးတောင် ခုချိန်မှာတော့  ရွာထိပ်အလှူခံမဏ္ဍပ်က လော်စပီကာနဲ့ ဘာမှ မခြားတော့ဘူး။ အလှူငွေထည့်ရင် တစ်ရွာလုံးကြားအောင် အော်ချင်တာအော်လို့ရနေပြီ။ သူ့ဘာသာသူ သူကြီးတူမလင် အီစမန်အင် အလှူငွေသုံးကျပ် ကျေးဇူးတင် မဟုတ်တမ်းတရားတွေ အော်နေတဲ့အတွက် ကိုယ့်ဘက်က ပြန်ဖြေရှင်းတဲ့အခါကျတော့ မိုးမီးလောင်အောင် လေပင့်ပေးပါတယ်။ ရိုဟင်ဂျာတွေဟာ တိုင်းရင်းသား မဟုတ်ကြောင်း မီဒီယာတွေက အတိအလင်း ငြင်းဆိုတဲ့အတွက် ကျီမီးရှို့မယ့်သူလိုက်ရှာတဲ့အခါ ကျောက်နီမော်က အခြေအနေမဲ့ သူခိုးကြမ်းပိုးတွေက လူမဆန်တဲ့အပြုအမူကို လူသိရှင်ကြားဖြစ်အောင် စိန်ခေါ်တဲ့စကားတွေနဲ့ အစဆွဲထုတ်လိုက်ပါတယ်။ ကမ္ဘာအနှံ့အပြား ဖြစ်လေ့ရှိတဲ့ ရာဇ၀တ်မှုမျိုးပေမယ့် ထူးခြားတာကတော့ ဖြစ်စဉ်ကို ဖုန်းနဲ့ MP4 ရိုက်ထားပြီး စပွန်ဆာများထံဖြန့်ဝေတယ် ဆိုတာရယ်။ အခွေကြည့်ရသူ စပွန်ဆာများက သာဓုအနုမောဒနာခေါ်ပြီးး အဖမ်းခံရလေသူ လူစွမ်းကောင်းများအတွက် ဆုကြေးငွေများချီးမြှုင့်ရန် ဘောလုံးပွဲနိုင်တဲ့သူတွေလို ကြွချီလာကြတယ်ဆိုတာ မခိုင်လုံသော်ငြား လူတိုင်းပါးစပ်ဖျားရောက်နေတဲ့ ကောလာဟလ စကားတစ်ရပ်ဖြစ်ခဲ့ပါတယ်။ ယုံချင်ယုံ မယုံချင်နေ အဲသည်ကောလာဟလသတင်းရဲ့ အကျိုးဆက်ကိုတော့ တောင်ကုတ်ကိုဖြတ်သန်းသွားလာသူတွေ လက်တွေ့ခံစားလိုက်ရပါတယ်။ သည်အဖြစ်အပျက်မှာ မမှန်သတင်းလွှင့်သူတွေ သင်ခန်းစာယူရမယ့်အစား ပို၍ပို၍ မမှန်သောသတင်းများကိုသာ နားနဲ့မဆံအောင် ကြားလာရပါတယ်။ လူအုပ်စုနဲ့ ၀ိုင်းဝန်းနှိပ်စက်သတ်ဖြတ်တာဟာ ဘယ်သူလုပ်လုပ် ကောင်းတဲ့ကိစ္စမဟုတ်တာ အမှန်ပါ။ ရခိုင်ကလုပ်လို့ သည်ကိစ္စကိုတရားတယ် မပြောလိုပါ။ သို့သော်လည်း လူတွေကို အဲသလို တားဆီးမရအောင် သတ်ချင်ဖြတ်ချင်တဲ့ စိတ်မဖြစ်မချင်း သွေးထိုးလှုံ့ဆော်သူတွေကို ဘယ်သူကမှ သတိမထားမိပါဘူး။ ဖြစ်လာတဲ့ အခြေအနေတစ်ခုအပေါ်မှာ အမြတ်ထုတ်တာ မဟုတ်ပဲ ကိုယ့်အတွက် အမြတ်ရဖို့ အခြေအနေတစ်ရပ် မဖြစ်ဖြစ်အောင် ဖန်တီးယူတာကမှ လူမဆန်တဲ့လုပ်ရပ် လို့ မြင်ပါတယ်။ သည်ဖြစ်စဉ်ကို ကမ္ဘာသိအောင် ထအော်ပြီးတော့မှ တရားမ၀င်ဝင်ရောက်နေထိုင်တဲ့ ကိုယ့်မြေပေါ်ကနေ လူနည်းစုဒေသခံတွေကို အနိုင်ကျင့်မောင်းထုတ်ပြီး လူမျိုးရေးအဓိကရုဏ်း ခေါင်းစဉ်တပ်ပါတယ်။ တကယ့်တကယ်တော့ နိုင်ငံရေး ဘာသာရေးခေါင်းစဉ်အောက်ကနေ တရားဥပဒေမဲ့ပြုကျင့်ချင်လို့ အကွက်ဆင်ဖန်တီးထားတာ မဟုတ်ဘူးလို့ ဘယ်သူငြင်းနိုင်မှာလဲ။
          နယ်စပ်ကျူးကျော်ဝင်ရောက်မှုဆိုတာ အုတ်တံတိုင်းခတ်ထားနိုင်တာ မဟုတ်လို့ နိုင်ငံတိုင်းမှာ တွေ့လေ့ရှိတဲ့ သဘောတရားတစ်ခုပဲ လို့ ပြောမယ်ဆိုရင် ပြောလို့ရသော်ငြား ကိုယ့်ဘက်က သင်ခန်းစာယူစေချင်တာကတော့ လူဝင်မှုကြီးကြပ်ရေး စည်းမျဉ်းစည်းကမ်း ဥပဒေတွေကို လက်တစ်လုံးခြားလုပ်ရင် ဘာဖြစ်တတ်သလဲဆိုတာ မျက်ဝါးထင်ထင် သိစေချင်တာပါပဲ။ ပြည်တွင်းပြည်ပမီဒီယာတွေအနေနဲ့ အဲသည်လူတွေကို နာမ်စားအဖြစ်နဲ့သုံးမယ်ဆိုရင် အသင့်တော်ဆုံးစကားလုံးကို ရွေးပေးရမယ်ဆိုရင်တော့ အကြမ်းဖက်သောင်းကျန်းသူဆိုတာထက်ကောင်းတာ ရှာမတွေ့သေးပါဘူး။ သူတို့ဟာ အစ္စလာမ်ဘာသာဝင်တွေကိုလည်း ကိုယ်စားမပြုဘူး။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကိုလည်း ကိုယ်စားမပြုပါဘူး။ အမှားအမှန် ရေရေရာရာ ခွဲခြားမသိပဲ ရေဒီယိုထဲက လျှာတစ်ချောင်းနဲ့မွှေနေလို့ လူအများအပြား သေကြေပျက်စီးကြရမယ့်အရေးကို တွေးတွေးဆဆ သတိပြုစေချင်ပါတယ်။ လက်ရှိအခြေအနေက အဲဒီအကြမ်းဖက်သောင်းကျန်းသူတွေကို မဖြစ်မနေ ချေမှုန်းကြရတော့မယ့် အနေအထားဖြစ်လာခဲ့ရင် မဆီမဆိုင် ဘာသာရေး လူမျိုးရေးတွေခေါင်းစဉ်တပ်ထားလို့ ချစ်ခင်ရင်းစွဲ မိတ်ဆွေသင်္ဂဟအပေါင်းတို့က အထင်အမြင်လွဲသွားမှာကို မခံနိုင်ပါဘူး။ မွတ်စလင်ကိုလည်း မမုန်းပါဘူး။ ကုလားကိုလည်း မမုန်းပါဘူး။ အကြမ်းဖက်သောင်းကျန်းသူတွေကိုတော့ ချေမှုန်းရပါလိမ့်မယ်။ နယ်စပ်ကမီး ပြည်တွင်းထဲလာလာရှို့တာကို သတိနဲ့ရှောင်ရှားကြစေချင်ပါတယ်။ မြန်မာပဲဖြစ်ဖြစ် တခြားဘာလူမျိုးပဲဖြစ်ဖြစ် အလကားနေရင်း အဲသည်လူမျိုးဖြစ်နေလို့ဆိုပြီး မုန်းတီးရိုက်နှက် နှိပ်စက်သတ်ဖြတ်တဲ့အမှုတွေကို လုံးဝမဖြစ်စေချင်တဲ့အတွက် နောက်ကွယ်က သွေးထိုးလှုံ့ဆော်သူတွေရဲ့ ရန်ကို မြင်သာအောင် ရေးရပါတယ်။ မုန်းစကိုလည်း တိုစေချင်ပါတယ်။ ချစ်စကိုလည်း ရှည်စေချင်ပါတယ်။
          နိဂုံးမချုပ်ခင်မှာ သည်ပြဿနာမျိုးဟာ ကမ္ဘာအရပ်ရပ်မှာလည်း ပုံစံတူဖြစ်ပွားဖူးတာကို “Current History” April 2009 မှာပါတဲ့ Khalid Koser ရဲ့ “Why Migration Matters” ဆိုတဲ့ဆောင်းပါးကနေ မောင်ခိုင်အောင်(စစ်တွေ) က ကောက်နုတ်ထားတာကို ဝေမျှချင်ပါတယ်။ ၉/၁၁ နောက်ပိုင်းမှာ လူသားရွှေ့ပြောင်းမှုကြီးတွေဟာ လုံခြုံရေးနဲ့ဆက်နွယ်တဲ့ပြဿနာတွေ၊ အကြမ်းဖက်မှု၊ ရာဇ၀တ်မှု၊ ကူးစက်ရောဂါပြဿနာ စတာတွေနဲ့ ဆက်နွယ်လာပါသတဲ့။ တရားမ၀င်ရွှေ့ပြောင်းမှုတွေမှာ ခြစားမှုတွေ၊ စံနစ်တကျစီစဉ်တဲ့ ရာဇ၀တ်မှုတွေ အကျုံးဝင်လာတဲ့အခါ အများပြည်သူလုံခြုံမှုကို အန္တရာယ်ဖြစ်စေပါသတဲ့။ ဒီအခါမှာ မူလရှိပြီးသား လူမှောင်ခိုများ၊ လူကုန်ကူးသူများနဲ့ ဥပဒေမဲ့ဝင်ရောက်မှုတွေကို ပိုမိုချောမွေ့အဆင်ပြေစေပါသတဲ့။ အလုပ်အကိုင် ရှားပါးလာတဲ့အခါမှာတော့ တရားမ၀င် ၀င်ရောက် နေထိုင်သူတွေနဲ့  အိမ်ရှင်လူထုအကြားမှာ တိုင်းတပါးမုန်းတီးရေးစိတ်ကို ဆွပေးနိုင်ပြန်ရောတဲ့။ ဒီအတွက် တရားမ၀င်တွေကိုသာမက အခြေကျပြီးသား ဒုက္ခသည်တွေ၊ တိုင်းရင်းလူနည်းစုတွေကိုပါ အန္တရာယ်က ဦးတည်သွားနိုင်တာမို့ လျှော့မတွက်သင့်ပါဘူး။ အမှန်တကယ် အန္တရာယ်များပါတယ် လို့ ပြောထားပါတယ်။ ဟုတ်သည် မဟုတ်သည်ကိုတော့ ကိုယ့်ဘာသာကိုယ်ပဲ ဝေဖန်သုံးသပ်ကြည့်ကြပါတော့ဗျာ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...