Wednesday, May 16, 2012

ညင်သာပြေပြစ်စွာ သဘောမတူခြင်း (You May Be Right! By Guy Perring)



စီးပွားရေးလုပ်ငန်းကြီးတွေ လုပ်တဲ့အခါ အစည်းအဝေးထိုင်ရမယ်၊ အစည်းအဝေးမှာ ထိထိရောက်ရောက် ဆွေးနွေးနိုင်ဖို့ အရေးကြီးတယ်။ ကျွမ်းကျင်မှုတစ်ခုအနေ နဲ့ လေ့ကျင့်ထားရပါမယ်။ အစည်းအဝေးမှာ ဘယ်အခန်းကဏ္ဍက တက်ရမှာလဲ၊ ဦးဆောင်ကျင်းပသူလား၊ မှတ်တမ်းလိုက်သူလား ဒါမှမဟုတ် အဖွဲ့ဝင်လား အခန်းကဏ္ဍပေါ် မူတည်ပြီး လိုအပ်တဲ့ ကျွမ်းကျင်မှုအမျိုးမျိုး ကွဲပြားသွားမှာ ဖြစ်ပါတယ်။ ဦးဆောင်ကျင်းပသူ လုပ်ရမယ်ဆိုရင် အစည်းအဝေးအဖွင့်အပိတ် စကားပြောရမယ်၊ အစည်းအဝေး အစီအစဉ်အတိုင်း ဖြစ်အောင် နဲ့ အချိန်မှန်အောင် ထိန်းပေးရမယ်၊ တက်ရောက်သူအားလုံး ပါဝင်ပြောဆိုနိုင်အောင် အခွင့်အလမ်း ဖန်တီး ပေးရမယ်။
တက်ရောက်သူဆိုရင် ထင်မြင်ချက်ကို ရှင်းလင်းစွာ ပြောဆိုနိုင်ရမယ်၊ အကြံပြုချက်တွေ ပေးနိုင်ရမယ်၊ ကြားဖြတ်ပြောဖို့ လိုအပ်လျှင်လည်း ယဉ်ကျေးစွာ ကြားဖြတ်ပြောဆိုတတ်ရမယ်၊ ယဉ်ကျေးစွာ သဘောတူကြောင်း သဘောမတူကြောင်း ပြောတတ်ရမယ်၊ နားလည်အောင် ရှင်းလင်းချက်တောင်းခံတတ် ရမယ်။

အရင်ဆုံး ယဉ်ကျေးစွာ ကြားဖြတ်ပြောနည်းကို လေ့လာကြရအောင်။ ကြားဖြတ်ပြောရခြင်း အကြောင်းကတော့ ကိုယ်ပိုင် ရှုမြင်ပုံတွေကို ပြောချင်လို့ ဒါမှမဟုတ် တစ်ဖက်က ပြောနေတာကို ရှင်းရှင်းလင်းလင်း သိချင်လို့ ဖြစ်နိုင်ပါတယ်။ ပြောပုံပြောနည်းကတော့ အမျိုးမျိုး ရှိပါတယ်။

ဥပမာ

Can I come in here? ဒီနေရာမှာ တစ်ခွန်းဝင်ပြောလို့ ရမလားမသိဘူး။
Can I just…..? …..၊ တစ်ခုလောက် ပြောလို့ရမလား။
Excuse me, may I just…? တဆိက်လောက်ဗျာ၊ ကျွန်တော် ပြောလို့ရမလား။
I’m sorry to interrupt…… ကြားဖြတ်ပြောရတာ ဆောရီးပါ။

သင့်အလှည့် ပြောဆိုဆွေးနွေးနေချိန် အရေးကြီးတဲ့အချက်ကို ပြောနေတုန်းမှာ ကြားဖြတ်ပြောဖို့ တစ်ယောက်ယောက်က ခွင့်တောင်းလာရင် ကြားဖြတ်မခံဘဲ ဆက်ပြောချင်တယ်ဆိုပါတော့။ ကြားဖြတ်ခွင့် မပြုကြောင်း ဖော်ပြနိုင်တဲ့ စကားအသုံးအနှုန်းတွေကတော့ -

If you could let me continue. ဆက်ပြောခွင့်ပြုပါ။
No, wait a moment. ခဏလေးစောင့်ပေးပါ။
May I just finish? စကားလက်စကို ဆုံးအောင် ပြောလိုက်မယ်နော်။

ဒီစကားတွေကို ပြောရာမှာ အသံနိမ့်မြင့်နဲ့ အတိုးအကျယ်ကို ပြေပြေပြစ်ပြစ်နဲ့ အဆင်ပြေအောင် သုံးတတ်ဖို့ လိုပါတယ်။ လေသံ မကြမ်း မရိုင်း စေဖို့ ဖြစ်ပါတယ်။

ပြေပြေပြစ်ပြစ် ပြောဖို့ လိုအပ်တဲ့ အခြားနယ်ပယ်တစ်ခုကတော့ အစည်းအဝေးအတွင်းမှာ သဘောမတူကြောင်း ပြောချင်တဲ့အခါ ဖြစ်ပါတယ်။ သဘောမတူကြောင်း မပြောမီ တစ်ဘက်က ပြောလာတဲ့ အချက်ကို အသိအမှတ် ပြုပေးဖို့ အရေးကြီးပါတယ်။ ဥပမာ

That’s a good point, but………………..  အခုပြောသွားတာကောင်းမွန်တဲ့ အချက်ဖြစ်ပါတယ်။ ဒါပေမယ့် ..
I can see your point of view, but………………….. လူကြီးမင်းရဲ့ ရှုထောင့်ကို နားလည်ပါတယ်။ ဒါပေမယ့် ..
You may be right, but....... လူကြီးမင်း မှန်တာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ..

သဘောမတူကြောင်း ပြောကြားရာမှာ မကြမ်းစေ၊ မရိုင်းစေဖို့ အခြားနည်းလမ်းတစ်ခုကတော့ might နှင့်/သို့မဟုတ်  won’t........? ကို အသုံးပြုခြင်းဖြစ်ပါတယ်။ ဥပမာ အစည်းအဝေးတစ်ခုမှာ “That would be time-consuming.” (အဲဒီလိုဆိုရင် အချိန်တွေ ကုန်မှာပေါ့) လို့ ပြောချင်တယ်။ သို့သော် ဒီအတိုင်း ပြောလိုက်ရင် ဒဲ့ဒိုးဖြစ်လွန်းအားကြီးနေတယ်။ ဒါကြောင့် အခုလို ပြောနိုင်ပါတယ်။

That might be time-consuming. အချိန်တွေ ကုန်သွားနိုင်မယ်ထင်တယ်နော်။
Won’t that be time-consuming? အချိန်တွေ ကုန်မသွားနိုင်ဘူးလား။

တစ်ခါတစ်ရံ လုံးဝသဘောမတူကြောင်းကို အခိုင်အမာ ပြောချင်တာလည်းရှိတတ်တယ်။ အဲဒါဆိုရင် အခုလို ပြောနိုင်ပါတယ်။

I totally disagree. ကျွန်တော်/ကျွန်မကတော့ လုံးဝ သဘောမတူပါဘူး။
I’m sorry, but I couldn’t disagree more. စိတ်မကောင်းပေမယ့် သဘောတူလို့ ဘယ်လိုမှ မဖြစ်ပါဘူး။
You must be joking!! နောက်နေတာထင်တယ်။ (လုပ်ဖော်ကိုင်ဖက်တွေနဲ့ အလွတ်သဘော တွေ့ဆုံ စကားပြောတဲ့ အခါမှာသာ သုံးပါ။)

အစည်းအဝေးမှာ သဘောမတူကြောင်းချည်းဘဲ ပြောနေမယ်ဆိုရင် သိပ်ပြီး အပြုသဘောမဆောင်ဘူး၊ အပြုသဘော ရလဒ်လည်း ထွက်ပေါ်နိုင်မှာ မဟုတ်ဘူး။ ကိုယ့်ရဲ့ ထင်မြင်ချက်တွေကိုလည်း ရှင်းလင်း ထိရောက်စွာ ပြောနိုင်ဖို့ လိုပါတယ်။ ပထမဆုံး နိဒါန်းပျိုးရမယ်။

I tend to feel that ….. ကျွန်တော်/ကျွန်မ စိတ်ထဲမှာ တွေးမိတာကို ပြောရမယ်ဆိုရင်တော့ ….
It seems to me that ….. ကျွန်တော်/ကျွန်မ ထင်တာကတော့ ….
I think/feel/believe ….. ကျွန်တော်/ကျွန်မ တွေးမိ/ခံစား/ယုံကြည်တာကတော့ ….
My view is that ........ ကျွန်တော်/ကျွန်မ အမြင်ကတော့ ….

အစည်းအဝေးမှာ တက်ရောက်လာတဲ့ အခြားသူတွေရဲ့ ထင်မြင်ချက်တွေကိုလည်း တောင်းခံရပါမယ်။ သူတို့ရဲ့ အမြင်ကို သိနိုင်ဖို့နဲ့ ကိုယ့်ရဲ့ ရပ်တည်ချက်ကို ထောက်ခံမှု ရဖို့ နှစ်မျိုးလုံးအတွက် ဖြစ်ပါတယ်။ ဒီလိုမျိုးတွေပြောလို့ရပါတယ်။

What’s your reaction to that, Peter? ပီတာ၊ ခင်ဗျားက အဲဒါကို ဘယ်လို မြင်သလဲ။
How do you feel about that, John? ဂျွန်၊ ခင်ဗျားက အဲဒီအကြောင်းကို ဘယ်လို သဘောရသလဲ။
Simon? (your voice should rise) ဆိုင်မွန်၊ ခင်ဗျားကရော (အသံကို နိမ့်ရာမှ မြင့်စေရန်ဖြစ်ပါသည်။)

ထင်မြင်ချက်များကို ထုတ်ပြောပြောကြားပြီးသောအခါ အကြံပြုချက်၊ အကြံပေးချက်များကို ပြောဆိုရန် ဖြစ်ပါသည်။ အောက်ပါဝါကျများကိုသုံးပြီးပြောနိုင်ပါတယ်။

I propose/recommend …. ကျွန်တော်အဆိုပြု/အကြံပြုချင်တာကတော့ ….
Why don’t we ….  ကျွန်တော်တို့ ဒီလိုလုပ်ကြမလား။
How about--------(+ing)? ……. ဒီလိုလုပ်ရင်ရော ဘယ်နဲ့နေမလဲ။
The only alternative is........ အခြားရွေးစရာနည်းလမ်း တစ်ခုဘဲ ရှိပါတယ်၊ အဲဒါကတော့ ...
Source: www.myanmar-network.net/forum/topics/you-may-be-right

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...