Monday, May 21, 2012

ဂန္တ၀င်မြောက်ရုပ်ရှင် သင်္ကြန်မိုးဇာတ်ကားရိုက်ကူးခဲ့သော အိမ် ၌ ကျည်ဆံဟောင်းများတွေ့ရှိခြင်းအပေါ် အနုပညာရှင်များ တအံ့တသြရှိ"


Inline image 1

"ဂန္တ၀င်မြောက်ရုပ်ရှင် သင်္ကြန်မိုး ဇာတ်ကားရိုက်ကူး ခဲ့သော အိမ် ၌ ကျည်ဆံဟောင်းများတွေ့ရှိခြင်း အပေါ် အနုပညာရှင် များ တအံ့တသြရှိ"  ဂန္တ၀င်မြောက်မြန်မာ့ရုပ်ရှင် သင်္ကြန်မိုး ဇာတ်ကား ဇာတ်ဝင်ခန်းတချို့ ရိုက်ကူးခဲ့သော မန္တလေးမြို့၊ ၂၆ လမ်း၊ ၉၀ x ၉၁ လမ်းကြား၊ ခြံအမှတ် (၂၈) ရှိ တိုတ်အိမ်ဟောင်းများကို ဖြိုဖျက်နေရာ၊ မေလ ၁၂ ရက်၊ နံနက်ပိုင်းက တိုတ်အိမ်ဟောင်း မျက်နှာကြက်ကြားက ခဲယမ်းမီးကျောက် ကျည်တောင့်များ တွေ့ခဲ့ကြောင်း သိရသည်။ သင်္ကြန်မိုး ဇာတ်ကားရိုက်ကူးခဲ့သော ခြံဝင်းအတွင်း တိုတ်အိမ်ဟောင်း ၃ လုံး ရှိပြီး၊ ခြံအတွင်းပိုင်းရှိ အဆောင်ငယ်ကို ဖြိုဖျက်ရာမှ အမျိုးအစားစုံ ကျည်ဆန်ဟောင်း ၁၇၄ တောင့် တွေ့ရှိခြင်းဖြစ်ပြီး ကျည်တောင့်များအား ၁ဝတောင့် တစ်ထုတ်စီစက္ကူဖြင့် ထုတ်ထားပြီး စက္ကူပေါ် တွင် ၁၇ဇူလိုင်၊ ၁၉၇၂ဟူသော စာတန်းပါရှိ ကြောင်းနှင့် သက်ဆိုင်ရာဌာနသို့ ပေးအပ်နှံ ပြီးဖြစ်ကြောင်း တိုက်အိမ်ဖြိုဖျက်ရာတွင် ပါဝင်ခဲ့သူ ပန်းရံဆရာတစ်ဦးက ပြောသည်။ သင်္ကြန်မိုးဇာတ်ကား ရိုက်ကူးခဲ့သည့် အဆိုပါ တိုက် အိမ်များကို ၁၉၅ဝ ဝန်းကျင်ကာလက ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။ မန္တလေး မြို့ခံများအပါအဝင်၊ မြန်မာ့ရုပ်ရှင် ကြည့် ပရိသတ်များက သင်္ကြန်မိုး ဇာတ်ကား နှင့် ထိုတိုက်အိမ်များကို စိတ်ဝင်စားကြ ကြောင်း သိရသည်။ သင်္ကြန်မိုးဇာတ်ကား ရိုက်ကူးသည့်နေအိမ်မှာ ခဲယမ်းမီးကျောက် များတွေ့ရှိခြင်း သတင်းအပေါ် အံ့သြ စကား နှင့် သင်္ကြန်မိုး အမှတ်တရများကို မန္တလေးမှ စာရေးဆရာများနှင့် သင်္ကြန်မိုး ဇာတ်ကားတွင် ပါဝင်ရိုက်ကူးခဲ့ကြသော အနုပညာရှင်များက ပေါ်ပြူလာသို့ ပြောပြခဲ့သည်။
 ဆရာသိုက်ထွန်းသက် "သင်္ကြန်မိုး ကားရိုက်နေတဲ့အချိန်တုန်း ကတော့ ကျွန်တော်သတင်းလောကထဲ မဝင် သေးဘူး။ ကျွန်တော် ဝတ္ထုတိုလေးတွေရေး တာပဲရှိပါသေးတယ်။ သင်္ကြန်မိုး ရိုက်နေတယ် ဆိုတာကိုတော့ကြားတယ်။ အဲဒီအိမ်မှာရိုက် နေတာဆိုတာလည်း သိတယ်။ ဒါပေမဲ့ သွား တော့မကြည့်ဖြစ် ခဲ့ဘူး။ သင်္ကြန်မိုး ဇာတ်ကား ရိုက်ခဲ့တဲ့အိမ်မှာ အခုလို လက်နက် ခဲယမ်းတွေ တွေ့တယ်ဆိုတဲ့ အတွက်ကြောင့် ကျွန်တော် တို့အနေနဲ့ တအားကိုအံ့သြရတယ်။ တကယ် ကို အံ့သြစရာတစ်ခုပါပဲ"
  ဆရာဆူးငှက် "  မန္တလေးက အဲဒီအဆောက်အအုံတွေ ဆိုတာကလည်း ဒုတိယ ကမ္ဘာစစ်ကို ကြုံခဲ့ရမှာ ပဲ။၁၉၅ဝကျော်ကာလတုန်းကလည်း မန္တလေး က ပြည်တွင်းစစ်ကာလကို ကြုံခဲ့ရပြန်တယ်။ ဒီလိုကြုံခဲ့ရတော့ အိမ်ကြီးတွေအနေနဲ့လည်း ကိုယ့်လုံခြုံရေး အတွက် စစ်အတွင်းတုန်းက လုပ်ခဲ့တာမျိုးလည်း ရှိနိုင်တယ်။ ဂျပန်ခေတ် တုန်းကဆိုရင် ကိုယ့်အိမ်ပစ်ပြီးတော့တောင် ပြေးကြတဲ့အခါ ဒီလို အဆောက်အအုံတွေထဲ မှာ ဂျပန်ကလည်း ဝင်နေနိုင်တာပဲလေ။ ဂျာနယ်ထဲမှာပါတဲ့သတင်းအရဆိုရင် အဆောက်အအုံ အဟောင်းကြီးဖြိုလိုက် တော့မှအတွင်းက မျက်နှာကြက်ပေါ်မှာ တွေ့ တာလေ။ မူလအိမ်ရှင်တောင်မှ သိချင်မှ သိမှာ။ ကျည်တွေကတော့ ကျည်အတွေ ပါ။ တာဝန် ရှိတဲ့ ပုဂ္ဂိုလ်တွေ ဆန်းစစ် လိုက်ရင်တော့ ဘယ်ခေတ်တုန်းက ဆိုတာသိမှာပါ။ သင်္ကြန်မိုး ဇာတ်ကား ရိုက်တုန်းက ကျွန်တော်တို့က ကျောင်းတက်နေတုန်းပဲ ရှိသေးတယ်။ ဒါကြောင့် ဇာတ်ကားရိုက်ကွင်းတော့ မရောက်ခဲ့ဘူး"
  ဇင်ဝိုင်း "အဲဒီအိမ်မှာ မင်္ဂလာဆောင်တဲ့ အခန်း ရိုက်တော့ ဦးလည်းရှိနေပါတယ်။ အဲဒီအိမ် မှာ ပါပါကြီးက ရိုက်ချင်တယ်ဆိုလို့ ဦးတို့ ပထမတစ်ရက် သွားကြည့် ကြပါတယ်။ သွား ကြည့်ပြီးတော့မှ အဲဒီမှာရိုက်မယ်ဆိုပြီး ရိုက် ခဲ့တာ။ အဲဒီခြံလေးက နေချင်စဖွယ်လေးပါ။ ပန်းအိုးတွေနဲ့ ပန်းပင်တွေရှိတယ်။ ခြံပိုင် ရှင်မိသားစုကလည်း တအားသဘောကောင်း တယ်။ ဒီဇာတ်ကားမှာပါဝင်ပြီးကူညီရတာ ကိုပဲ ဂုဏ်ယူတဲ့သဘောလည်းရှိပါတယ်။ ဒီ သတင်းကြားတော့ အံ့သြတာပေါ့။ ရှေးတုန်း ကတည်းကကျန်ခဲ့တဲ့ ပစ္စည်းတွေထင်ပါတယ်"
 မေသန်းနု "ဒီကိစ္စက အခုမှကြားတာ။ သိတောင် မသိဘူး။ သင်္ကြန်မိုး ဇာတ်ကား ရိုက်တုန်းက အဲဒီအိမ်မှာ ဒေါ်ခင်သန်းနုတို့ ရိုက်ကြတော့ကိုယ့်အခန်း မပါပေမယ့် သွား ကြည့်ဖြစ်တယ်။ အဲဒီအိမ်ကြီးက ရှေးခေတ် အိမ်ကြီးပေါ့"

(ပေါ်ပြူလာဂျာနယ်)Inline image 2

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...