Monday, May 21, 2012

နံပါတ် တစ် အမျိုးသားရေးပြဿနာ သို့မဟုတ် အစိုးရတို့နေဝင်ရာ ၊၊


by Aungzaw Win on Monday, May 21, 2012 at 4:55am

            မည်သို့သော အစိုးရ မျိုးပင်ဖြစ်စေ စီးပွားရေးစီမံခန့်ခွဲ မု မအောင်မြင်ပါ လျင် ရေရှည် မအုပ်ချုပ်နိုင်ပါ၊၊
          အိမ်ထောင် ဦးစီးကဲ့သို့ပင်၊၊လုံလောက်အောင် ရှာဖွေကျွေးမွေး စီမံခန့်ခွဲ ပေးနိုင်ရပါမည်၊၊မရှာဖွေ နိုင်လျင်သြဇာကျဆင်းလာပါသည်၊၊ ကိုယ့်ကို ယုံကြည် ချက်မဲ့လာ လျင် နောက်လူလွှဲပေးရပါတော့သည်၊၊
           ဦးနေဝင်း ၏ ဆိုရှယ်လစ် အစိုးရ လက်ထက်တွင် ဆက်တိုက်မှားခဲ့သော စီးပွားရေးအမှားများ ဖြင့်ချွတ်ခြုံ ကျလာသော အခါ ဥက္ကဋ္ဌ ကြီး သွေးပျက်လာတော့သည်၊၊ တစ်ပါတီ ကြိုက်လား၊နှစ်ပါတီလား၊ပါတီစုံကြိုက်လား မေးရတော့သည်၊၊စတာလင် ငွေကြေး နယ်ပယ်မှ နှုတ်ထွက်စဉ် က ပြန်ရခဲ့သော ရွှေမှာ ၂၆ တန်ဝန်းကျင်ရှိခဲ့သည်၊၊ဆိုရှယ်လစ် စီးပွားရေးစံနစ်တွင် စီမံကိန်းစံနစ်ဖြင့် စိုက်ခိုင်းပြီး တာဝန်ကျေစံနစ် ဖြင့် ဝယ်ယူခံရသော လယ်သမား တို့မှာသွေးစုပ် အခံရဆုံး လူတန်းစားများဖြစ် ခဲ့သည်၊၊
 ရွှေ ၂၆ တန်နှင့်ခေါင်းပုံဖြတ် သီးနှံတို့ မှ ရသမျှ သည် ၂၆ နှစ် တိုင်တိုင်ဖြုန်းတီံးခံရသောအခါ အကြွေးပေါင်းစုံတင်လျက် နိုင်ငံကို LDC (Least developing country) စာရင်းပါဝင်စေတော့သည်၊၊
ထပ်ပြန် တစ်လဲလဲ ကြုံရသော အလုပ်သမား၊ကျောင်းသားဆူပူမှု၊လူထုလူတန်းစား အသီးသီး ၏ မကျေနပ်မှု များကို ခံစားရသော အခါ အပြောင်းလဲ လုပ်ဘို့ပြင်ဆင်ရတော့သည်၊၊
            ငြင်သာ စွာ မကူးပြောင်းနိုင်သောအခါ တပ်မှအုပ်ချုပ်ရေး ကို တာဝန်ယူပြန်ပါသည်၊၊အုပ်ချုပ်ရေး နှင့်တွဲလျက်မှာ စီးပွားရေးပင်ဖြစ်ပါသည်၊၊ ဦးနေဝင်း လက်ထက်ကြွေးမြီ မှာ ၃ ဘီလျံကျော်ရှိခဲ့ပါသည်၊၊တပ်မတော် အစိုးရ ၏ ကြွေးမှာ၁၁ဘီလျံကျော် ဖြစ်သွားပါသည်၊၊ နိုင်ငံကို တည်ငြိမ်အောင် နှစ်၂၀ ကျော် အုပ်ချုပ်နိုင် ခဲ့သော် လည်း စီးပွားရေး အမှား များအမျိုးမျိုး မှားခဲ့ပါသည်၊၊
             ၈၈ ကာလ က ခံစားရသော အကြပ်တည်းများ နှင့် မလုံခြုံမှု များ အတွက်သာ ဦးစားပေးဖြေရှင်းမှုများသာ ဆောင်ရွက်ခဲ့သည်၊၊တပ် ပိုင် စီးပွားရေး အင်ပါယာ တစ်ခုကို ထူထောင်ရန် ကြိုးပမ်းရင်း နိင်ငံတော်ခြစားမှု အမှားများဆောင်ရွက်ခဲ့ပါသည်၊၊ ဦးပိုင် နှင့် MEC တို့ ရယူခဲ့သော အခွင့်ရေးများသည် နိုင်ငံတော် အဆင့်ခြစား စီးပွားရေး များ ထူထောင်ခြင်းဖြစ်ပါသည်၊၊နှစ်၂၀ ကျော်အုပ်ချုပ်ရေး ကာလ တွင် လုံခြုံရေး နှင့် တည်ငြိမ်ရေး ဦးစားပေးခဲ့ခြင်း ကြောင့် ပညာရေး ကဏ္ဍမှာ အလွန်မင်းကျဆင်းရပါသည်၊၊ 
                ဝင်ငွေ လိုအပ်ချက်အတွက် ကို သယံဇာတ များ ကိုရောင်းချခြင်း နှင့် လူထု မရှိမဖြစ် ဝယ်ရမည့် ပစ္စည်းတင်သွင်းခြင်းအပေါ်ပါမစ် စံနစ်ဖြင့် ခေါင်းပုံဖြတ် ခဲ့သည် မှ အပ အခြား မလုပ်နိုင်ခဲ့ပါ၊၊သယံဇာတ ရောင်းစားခြင်းအလုပ် တွင် လူတစ်စု တစ်ဖွဲ့သာအခွင့်ရေးပေးခဲ့သဖြင့် ခရိုနီ လူတန်းစားပေါ်ထွန်းစေခဲ့သည်၊၊အကျိုးမြတ် ဝေခွဲ ရေးတွင် ညီညာ မှု မရှိ၍ လူထု ထံသို့ ငွေကြေးစီးဆင်းမှု မရှိခဲ့ပါ၊၊ ဘဏ်များ ကို အစိုးရိမ်တကြီး ဖြင့် သွေ့ခြောက်အောင်ပြုလုပ်ခဲ့ ပါသည်၊၊ပုဂ္ဂလိက ဘဏ်များ မှာ ခြောက်သွေ့ညှိုးရော်ခဲ့ပါသည်၊၊ သွင်းကုန်အခွင့်ရေး ကိုလဲ စိတ်ချရသော စီးပွားဖက်အဖြစ် တန်ဘိုးထားသည့် လူတစ်စု ကိုသာ အခွင့်ရေးပေးခဲ့ပါသည်၊၊ နိုင်ငံတော် အဆင့်နှင့်ပြုလုပ်သော ခြစားမှု တို့၏ အကျိုးဆက်မှာ အဖွဲ့စည်း တစ်ခုလုံး ကို ခြစားမှု ပြန့် နှံ့သွားခြင်းဖြစ်တော့သည်၊၊အထက်အောက် အဖွဲ့စည်း အဆင့်ဆင့် တွင် စည်းမျဉ်း အတားဆီး တိုင်းသည် ငွေကြေး အကျိုးစီးပွား အဖြစ် အသွင်ပြောင်းလဲသွားပါတော့သည်၊၊လူများ စုကြီး မှာ မွဲတေ နေတော့သည်၊၊ဤ သည်ပင် အကြပ်တည်းကြီး ဖြစ်တော့သည်၊၊
                   သမတကြီး ဦးသိန်းစိန် တာဝန်ယူဆက်ခံရသော မြန်မာပြည်သည် ၁၉၈၈ ခုနှစ် ကာလ က ပင် ဒုတိယသမတ ကြီးဦးအေးကို က အထွေတွေ ချွတ်ခြုံကျနေပါပြီ ဟု ဝန်ခံခဲ့သော တိုင်းပြည်ဖြစ်ပါသည်၊၊ထို နောက်နှစ်၂၀ ကျော်မှာလည်း တိကျကောင်းမွန်  သော အမျိုးသားပြန်လည်ထူထောင်ရေးမလုပ်နိုင်ခဲ့ပါ၊၊ ၈၈ ကာလ က မန္တလေး တက္ကသိုလ်ထဲ တွင် RIT မှ ညီ၊ညီမငယ် များ နှင့်တွေ့ဆုံ စကားပြောခဲ့စဉ် က တို့ တစ်တွေ အမျိုးသားပြန်လည် ထူထောင်ရေး လုပ် နိုင်တော့မည် ဟု ပြောရင်း အလွန်ဝမ်းသာခဲ့ပါသည်၊၊ကြာကြာ မခံသော ထို အပျော်လေး ကို ပြန်ရနိုး ရနိုး နှင့်မျှော် ကိုးခဲ့ရတာ ပင် နှစ်၂၀ ကျော်ပါပြီ၊၊ အမျိုးသားစီးပွားရေး တစ် ဟုန်ထိုးတိုးတက်ရန် လုပ်ရမည့် အချိန်မှာ လွန်တာလဲကြာနေပါပြီ၊၊ 
                  ပါလီမန် မှ ဆိုရှယ်လစ်ပြောင်းခဲ့ပြီးပြီ၊၊ မရ ခဲ့ပါ၊။
                  ဆိုရှယ်လစ် မှ တပ်မတော်ဦးစီး သည့် ဈေးကွက်စီးပွားရေး လုပ်ခဲ့သည်၊၊ အကြွေးပိုများလာသည်၊၊ 
                  ယခု ပါတီစုံဒီမိုကရေစီကြပါအုံးမည်၊၊ စီးပွားရေး မနိုင် လျင် ပြောင်းရ အုံး မည်၊၊                   လူ ပြောင်းကြမည်လား၊၊စာအုပ်ပြောင်းကြမည်လား၊၊
                   ဘာတွေ ပြောင်းပြောင်း စီးပွားရေး စီမံခန့်ခွဲ မှု ညွံအိုင် ကြီးသည် အစိုးရများ ၏ နေဝင်ရာ ဖြစ်သည်ကတော့ အမှန်ပင်၊၊လူများစု၏ စီးပွားရေးဘဝ ပြေလည်ရေးသည် နံပါတ်တစ် ဦးစားပေးဖြစ် နေလေရာ အစိုးရ နှင့်လူထု တက်ညီလက်ညီအပေးယူ ကိုက်ညီစွာ ဆောင်ရွက်ရန်မှာ နောက်ပင်ကျနေပါကြောင်း တင်ပြ လိုက်ရပါသည်၊၊

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...