Wednesday, May 23, 2012

“အလင်း” (စိမ်းခက်စိုး)


by စိမ်း ခက် စိုး on Wednesday, May 23, 2012 at 8:52am 


လူကြီးလူကောင်းလျှာက တို့လက်သည်းကို ဆိတ်ခဲ့လို့
တို့လက်ထိပ်ဟာ သူ့အဆိပ်နဲ့ပြာနှမ်း ရင်ခုန်သံတွေကြမ်းခဲ့တာကြာပြီ
အခုတော့
အရောင်မပါဘဲ သူတို့အားလုံး လမ်းမပေါ်ကိုပြန်လာခဲ့ကြပါပြီ..
ငြိဖို့ညစ်ဖို့မဟုတ်ဘဲ အလင်းဆန္ဒကိုသာ ထုတ်ဖော်ဖို့လာခဲ့ပါတယ်တဲ့။


လိုချင်မှုက
အလင်း၊ အလင်း၊ အလင်း။
လူသားဆန်သောသူများ၏ လူသားဆန်တဲ့ဆန္ဒကို
လူလိုသိသောသူများ၏ လူလိုတွေးသောအတွေးနဲ့
သူတို့လိုတာ “အလင်း”လို့သာ
လူကြီးမင်းဘက်ကလည်း တွေးလိုက်နိုင်တဲ့အခါ
သူတို့မိသားစုတွေတိုင်းမှာလိုနေတဲ့ အလင်းဟာ
လူကြီးမင်းရဲ့ရင်ထဲမှာလည်း လင်းဖြာလာပါလိမ့်မယ်။



နိုင်ငံရေးဆိုတာနဲ့ တီကောင်ဆားပက်သလိုဖြစ်တဲ့ ...ပြည်
ဗေထိ ဗေထိဆို လူလုံးပြ သူရဲကောင်းအင်္ကျီဝတ်ချင်သူများတဲ့ ...ပြည်
လူညီညီ မညီညီ ကျွဲကို ဤပြင်ဖတ်ဖို့ နှစ်ပေါင်းများစွာကြိုးစားနေခဲ့တဲ့ ...ပြည်
ချေ ကို လက်ကိုင်ပဝါ၊ ဂန္ဒီကို ကုလားအဘိုးကြီး၊
ဗန်းဂိုးကို အရူးအဖြစ်လောက်သိခဲ့ကြပေမယ့်
ရွန်းနီမယားငယ်ရဲ့သားနာမည်နဲ့
ရှာရာဗိုပါရဲ့အတွင်းခံဘောင်းဘီအရောင်အတိအကျသိတဲ့ ပြည်ဟာ
ခုခါမှာတော့
“နောက်တခါလာပြန်ပြီဟေ့”လို့
မောင်မောင်အခေါ်မှာ ထီးရိုးမရှည်ချင်ကြတော့ပါ။



အဖွဲ့အစည်းတံဆိပ်ကို တိရိစ္ဆာန်ပုံကပ်
တိရိစ္ဆာန်စိတ်ကို စိတ်မှာကပ်ဖို့ကြိုးစားနေတဲ့ ပြည်မဖြစ်ဖို့ဆိုတာ...
အလင်းတောင်းသူကို အလင်းစိတ်နဲ့ကြည့်ဖို့ဆိုတာ...
မှောင်ခဲ့ကြာပြီဖြစ်တဲ့ အဝိဇ္ဖာကိုချွတ်
လူကြီးလူကောင်းစိတ်ကို သန့်သန့်ကြည်ကြည်စွပ်ကာ
ကဲ သံပြိုင်ဆိုလိုက်ဦးစို့....
........................
..........................
................................
“တရားမျှတ လွတ်လပ်ခြင်းနဲ့ မသွေ......”




စိမ်းခက်စိုး
(ဗုဒ္ဓဟူးနေ့) မေလ ၂၃၊ ၂၀၁၂
ညနေ - ၀၆း ၀၀ နာရီ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...