Friday, May 18, 2012

ဆယ်ကျော်သက်တွေ ညာတဲ့အချိန်...



ဆယ်ကျော် သက်တွေ အကုန်လုံး ညာတတ် ကြပါတယ်။ ဒါ အဆန်းတော့ မဟုတ်ပါဘူး။ လူတိုင်းလည်း ညာတတ် ကြလို့ပါပဲ။ ကျွန်တော်တို့ တစ်တွေဟာ တစ်ဖက် လူရဲ့ ခံစားမှုကို လျော့နည်း စေချင်တဲ့ အခါတွေမှာ လိမ်ညာခြင်းအမှုကို ပြုလေ့ရှိကြပါ တယ်။

ဒါပေမဲ့ ဒါဟာအမြဲတမ်း အတွက် အမှန်တရားတစ်ခုတော့ မဟုတ်ပါဘူး။ တချို့အချိန်တွေ မှာတော့ ကျွန်တော်တို့တစ်တွေဟာ တခြားတစ်ယောက် မိမိအပေါ်မှာ အထင်ကြီးစေလိုတဲ့အချိန်၊ ဝါကြွားလို တဲ့အချိန်၊ အကျပ်အတည်းက လွတ် မြောက်လိုတဲ့အချိန်စသည်ဖြင့် မိမိ ကိုယ်ကျိုးအတွက်လည်း လိမ်ညာခြင်း အမှုကို ပြုလေ့ရှိကြပါတယ်။ ဆယ် ကျော်သက်တွေလည်း ထို့အတူပဲဖြစ် ပါတယ်။
သူတို့ရဲ့သူငယ်ချင်း တခြား မြီးကောင် ပေါက်တွေလိုပဲ မိဘတွေကို ကလန်ကဆန် လုပ်ခြင်းမျိုး ကဲ့သို့သော အမူအကျင့်တွေအတွက်သာ လိမ် ညာလေ့ ရှိတတ် ကြပါတယ်။ လူငယ် တွေဟာ လူကြီးတွေလောက် မလိမ် ညာတတ်ကြပါဘူး။ သူတို့ဟာ ပိုကောင်းတဲ့အခြေအနေတစ်ခုကို ရရှိဖို့ လောက်အတွက်သာ လိမ်ညာလေ့ ရှိ တတ်ကြပါတယ်။
ဆယ်ကျော်သက် တွေဟာ သူတို့ရဲ့ကိုယ်ပိုင် အခွင့်အရေး၊ ကိုယ် ပိုင်အချိန်တွေကို အထိခိုက်မခံလိုတဲ့ အချိန်၊ မိဘတွေ သူတို့အပေါ်မှာ စိတ် ပျက်၊စိတ်ဆိုးသွားမှာ စိုးရွံ့တဲ့အချိန်နဲ့ သူတို့နဲ့ မိဘတွေအကြား သဘောထား ကွဲလွဲမှုတွေ၊ တင်းမာမှုတွေ ဖြစ်ပေါ် လာမယ်လို့ခန့်မှန်းမိတဲ့အချိန်မျိုးတွေ မှာလည်း လိမ်ညာလေ့ ရှိကြပါတယ်။
ကျွန်တော်တို့ အနေနဲ့လည်း ရံဖန်ရံခါအ ချိန်တွေမှာ ကျွန်တော်တို့အတွက် ပို ကောင်းတဲ့ ရလဒ်တစ်ခုရနိုင်ဖို့အ တွက်၊ ဒါမှမဟုတ် ဝိဝါဒကွဲပြားတဲ့ အခြေအနေ တွေကို ရှောင်လွှဲနိုင်ဖို အတွက် စသည်ဖြင့် အကြောင်းပြချက် များစွာဖြင့် လိမ်ညာနေမိကြပါတယ်။ လိမ်ညာခြင်းဆိုတဲ့ အပြုအမူဟာ မကောင်းမှုကိုပြုလုပ်ခြင်းလို့ ယေဘုယျ ကျကျ လက်ခံ ထားကြပေမယ့် တချို့ အခြေအနေနဲ့ အချိန်အခါတွေမှာတော့ ခွင့်လွှတ်လို့ ရနိုင်လောက်တဲ့ အ ကြောင်းရင်းတွေရှိနေပြန်ပါတယ်။ တချို့ ဆယ်ကျော်သက်တွေ လိမ်ညာရခြင်းရဲ့နောက်ကွယ်မှာ အဓိ ကကျတဲ့ အကြောင်းရင်းတွေရှိနေ တတ်ပါတယ်။
ဥပမာအားဖြင့် မိသား စုအတွင်း ဆက်ဆံရေး ပြိုလဲမယ့် အခြေအနေ မျိုးတွေ ဖြစ်ပါတယ်။ ဒါ ကြောင့် သူတို့ကို နားလည်ပေးနိုင်ဖို့ အရင်ဦးဆုံး ကြိုးစားသင့်ပြီး လိမ်ညာ ရခြင်းရဲ့ အဓိက အကြောင်းရင်းကို ရှာဖွေသင့်ပါတယ်။ ဘာကြောင့်လဲဆို တော့ တချို့လိမ်ညာမှုတွေဟာ ကြီး မားတဲ့ ပြဿနာကြီးတွေရဲ့  ရှေ့တော် ပြေးတွေ ဖြစ်နေတတ် လို့ပါပဲ။
လိမ် ညာရခြင်းတွေရဲ့ခေါင်းစဉ်တွေဟာ မနာလိုခြင်း၊ စိတ်ပျက်စရာကောင်း ခြင်း၊ မိမိကိုယ်မိမိအားမရခြင်း၊ ဒေါသထွက်ခြင်းတွေအပြင် မိဘတွေရဲ့  ပစ် ပယ်ထားမှုကို ခံရခြင်းနဲ့ မိဘတွေရဲ့ အိမ်ထောင်ရေး ပြိုကွဲခြင်းတွေကြောင့် ဖြစ်နေတတ်ပါတယ်။ ဂရုစိုက်မှုကို ရယူလိုခြင်း၊ အပြစ်ပေးခံရခြင်းမှ လွတ်မြောက် လိုခြင်းနဲ အခြားသူများရဲ့ အထင်ကြီးမှုကို ခံယူလိုခြင်းစတဲ့ လိမ်ညာခြင်းရဲ့အခြေခံအချက်တွေ ကလည်း အထူးပဲအရေးကြီးပြီး လက်တွေ့ကျလှပါတယ်။
Teenager လို့ ခေါ်ကြတဲ့ ဆယ်ကျော်သက် မြီးကောင်ပေါက် အရွယ်ကို ဖြတ်သန်းရတဲ့အချိန် တွေဟာ ကလေးဘဝကနေ လွတ်မြောက်စပြုလာတဲ့ အသက်အရွယ် ပိုင်းဖြစ်ပြီး မိဘတွေနဲ့ အတူတူရှိနေတဲ့ အချိန်တွေ တဖြည်းဖြည်း လျော့နည်း လာကာ သက်တူရွယ်တူ တခြား ဆယ်ကျော်သက်တွေနဲ့ အတူနေချိန် ပိုများလာပြီး ခံစားချက်တွေကို အချင်း ချင်း မျှဝေခံစားတတ်လာတဲ့ အချိန်ဖြစ် ပါတယ်။
သူတို့တစ်တွေဟာ သူငယ် ချင်းတွေနဲ့ အချိန်ပိုဖြုန်းလာပြီး အထူး သဖြင့် မိဘတွေ ကန့်ကွက်မယ်လို့ သူတို့ထင်မှတ်ထားတဲ့ အမူအကျင့် တွေနဲ့အပြုအမူတွေကို မိဘတွေကွယ် ရာမှာ ပြုလုပ်လာတတ်ကြတဲ့ အရွယ် တွေ ဖြစ်ပါတယ်။ သူတို့တွေရဲ့ဉာဏ်ရည်ဖွံ့ဖြိုးလာ မှုကြောင့် အကျင့်စာရိတ္တဆိုင်ရာနဲ့ တာဝန်ယူတတ်ခြင်း စတဲ့ စဉ်းစားတွေး ခေါ်မှုတွေကိုလည်း ပြုလုပ်လာကြပါ တယ်။ အဲဒီလို စဉ်းစားရခြင်းတွေမှာ လည်း မွေ့လျော်လာတတ်ကြပါ တယ်။
သူတို့ရဲ့ ကိုယ်ပိုင်စဉ်းစားတွေး ခေါ်မှုတွေဟာ မိဘတွေရဲ့ စဉ်းစား တွေးခေါ်မှုတွေနဲ့  ကွဲလွဲချက်တွေ ရှိနေ တယ်လို့ စတင်ယုံကြည်လာကြပြီး မိဘတွေရဲ့ အုပ်ထိန်းမှုအပေါ်မှာ မေး ခွန်းထုတ်စရာတွေ ဖြစ်လာခဲ့ပါတယ်။
အဲဒီလို ဦးနှောက်ဖွံ့ဖြိုးတိုးတက်လာ တာနဲ့အလျောက် တစ်စုံတစ်ယောက်ရဲ့စဉ်းစားတွေးခေါ်မှုတွေ အပေါ်မှာ လည်း ပိုမိုမျှော်လင့်လာကြပြီး အကျိုး ရလဒ်အနေနဲ့  တာဝန်ယူတတ်ခြင်းနဲ့ ပြန်လည်တုံ့ပြန်ခြင်း ( Response) တွေ ပိုအားကောင်းလာပြီး အချို့ ကိစ္စ ရပ်တွေမှာတော့ ယုတ္တိရှိရှိလိမ်ညာ တတ်လာခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့်မိမိရဲ့ ဆယ်ကျော် သက်ဟာ လိမ်ညာတတ်နေပြီလို့ ခံစားမိနေရင်ပဲဖြစ်ဖြစ်၊ မိမိကိုညာ ပြောတတ်နေတဲ့ ကိုယ်ရဲ့ကလေးနဲ့ ရင်ဆိုင်ဖို့ပဲဖြစ်ဖြစ် အသုံးဝင်မယ့် နည်းလမ်းကောင်းတချို့ အကြံပေးချင် ပါတယ်။မိမိစိတ်တည်ငြိမ်ဖို့အတွက် အချိန်အနည်းငယ်ယူလိုက်ပါ။
မိမိဖြစ် ချင်တဲ့ အခြေအနေနဲ့ မိမိကလေးနာ ယူစေချင်တဲ့ ပုံစံကို စဉ်းစားသုံးသပ်ပါ။ ဥပမာအားဖြင့် မိမိရဲ့ကလေးဟာ လူအများရဲ့စိတ်ဝင်စားမှုကို ရယူလိုတဲ့ အတွက် လိမ်ညာနေပြီး မိမိအနေနဲ့ အခုလို လိမ်ညာခြင်းနဲ့ သူဖြစ်ချင်တဲ့ ပုံစံမျိုးမရရှိနိုင်ဘူးဆိုတာကို သင်ပေး ချင်တယ် ဆိုကြပါစို့။
"သမီး သူငယ် ချင်းတွေကို လိမ်ညာနေတာ ဖေဖေ ကြားတယ်။ တကယ်လို့များ သမီး သူငယ်ချင်းတွေက သမီးပြောတာတွေ အမှန်မဟုတ်ဘူးဆိုတာကို သိသွားတဲ့ အချိန်ကျရင် သမီးကိုဝိုင်းလှောင်ကြ မှာကို ဖေဖေစိတ်ပူမိတယ်။

သမီးပြော လိုက်တဲ့ ကိစ္စတစ်ခုအတွက် သမီး အစအဆုံးစဉ်းစားပြီးပြီလား" ဆိုတာမျိုး ပြောသင့်ပါတယ်။ တကယ်လို့သင် ရဲ့သားက သူအပြစ်လုပ်မိတဲ့ ကိစ္စ တစ်ခုအတွက် သင့်ကို လိမ်ပြောဖို့ ကြိုးစားနေပြီဆိုရင် လိမ်ညာပြောခြင်း က သူ့အတွက် အကျိုးမရှိနိုင်ကြောင်း နဲ့အမှန်အတိုင်းဖွင့်ပြောခြင်းက သက် သာရာရနိုင်ကြောင်း သင့်အနေနဲ့ရှင်း ပြသင့်ပါတယ်။
"သားဖေဖေ့ကို ညာပြောတဲ့ အတွက် ဖေဖေဘယ်လောက် စိတ်ထိခိုက်ရမယ် ဆိုတာကို ဘာလို့ မစဉ်းစား ခဲ့သလဲ"၊ "အခုလို ညာပြောလိုက် တဲ့အတွက် သားဘယ်လို ခံစားရလဲ"၊ "သားအခုလို ညာပြောလိုက်တဲ့အ တွက် တစ်ဖက်သား ဘယ်လောက် အထိ ထိခိုက်သွားမယ်ဆိုတာ သား သိလား"စတဲ့ မေးခွန်းမျိုး တွေနဲ့ လိမ်ညာပြောတတ်ခြင်းဟာ မကောင်း မှုကို ပြုခြင်းဆိုတဲ့ အတွေးမျိုးတွေးမိဖို့ အတွက် လမ်းပြပေးရပါမယ်။
ကလေးရဲ့ ဆယ်ကျော်သက် အရွယ်တစ်လျှောက်လုံးမှာ ရိုးသားခြင်း နဲ့ယုံကြည်မှုဆိုတဲ့ အကြောင်းအရာ တွေကို မကြာခဏဆွေးနွေးပေးပါ။ "သမီးတကယ်လို့ လိမ်ညာခဲ့မယ် ဆိုရင် သမီးကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်း စောင့်ရှောက်နိုင်လိမ့်မယ်လို့ ဖေဖေမယုံကြည်နိုင်ဘူး။ အဲဒီလိုပဲ ဖေဖေသိ သင့်တဲ့ အကြောင်းအရာတွေ မှန်သမျှ မသိရဘူးဆိုရင် သမီးအတွက် ဖေဖေ လုပ်ပေးနိုင်တာတွေ ဘာမှလုပ်ပေးနိုင် မှာမဟုတ်ဘူး"လို့ သူနားလည်သ ဘောပေါက်အောင် ပြောပြပါ။
ရိုးသား မှုနဲ့ ယုံကြည်မှုတွေဟာ လူတစ်ဦးနဲ့ တစ်ဦးအကြား ယုံကြည်မှုတည် ဆောက်ဖို့အတွက် ဘယ်လောက်အ ရေးကြီးတယ်ဆိုတာကို ပြောပြပါ။ ရှင်းလင်း ပြတ်သားတဲ့ ကန့် သတ်ချက်တွေနဲ့ စည်းမျဉ်းစည်းကမ်း တွေချမှတ်ပါ။
ဒါပေမဲ့ သူတို့လက် ခံနိုင်လောက်တဲ့ အတိုင်းအတာ အတွင်းမှာပဲ ရှိပါစေ။ အငြင်းပွားဖွယ်ရာ ကိစ္စရပ်တွေရှိလာရင်လည်း စေ့စပ် ဆွေးနွေးဖို့အတွက် နွေးနွေး ထွေးထွေး ရှိနေပါစေ။ ဒီအချက်ဟာ သင်က သူ့ အပေါ်မှာ ယုံကြည်မှုရှိတယ်လို့ သူ့အ တွေးမှာ သက်ရောက်စေမှာ ဖြစ်ပါ တယ်။ သင့်ကလေးနဲ့ ဆွေးနွေးပြီးတဲ့ အချိန်တိုင်းမှာ သင့်ရဲ့စည်းကမ်းချက် တွေကို ပြန်ပြင်ဖို့ မလိုပါဘူး။
ဒါပေမဲ့ သူရဲ့အကျိုးသင့်၊ အကြောင်းသင့်ရှင်းပြ တာကို စိတ်ရှင်းရှင်းနဲ့ နားထောင်ပေးပါ။ နှစ်ဦးနှစ်ဖက် အဆင်ပြေစေမယ့် အခြေအနေတစ်ခုကို ရွေးချယ်ပါ။ မိမိကလေး လိမ်ညာရခြင်းရဲ့ အကြောင်းရင်းကို နားလည်နိုင်အောင် ကြိုးစားပါ။
အဲဒီနောက်မှာ ဖြေရှင်းနိုင် အောင် အားထုတ်ပါ။ ဘယ်အချိန်က စပြီး လိမ်ညာခဲ့သလဲဆိုတာ စဉ်းစား ပါ။ သင့်ကလေး ဘာကြောင့်ညာ နေတယ်ဆိုတာနဲ့ဘယ်သူ့ကို ညာနေ တယ်ဆိုတာကို သိနိုင်အောင်ကြိုးစား ပါ။
အိမ်မှာ အမှန်အတိုင်းပြောနိုင် အောင်၊ ပြောရဲအောင် ပြုလုပ်ပေးပါ။ သူ လိမ်ညာမိတဲ့အတွက် သင်က သူ့ အပေါ်မှာ အရင်လိုမချစ်တော့ဘူးလို့ အထင် မရောက်အောင် အားပေးနှစ် သိမ့်ပါ။ အမှန်အတိုင်းပြန်ပြင်နိုင်ဖို့ အတွက် ကူညီပေးပါ။ တကယ်လို့ သူလိမ်ညာခဲ့ရင်လည်း အဲဒီအပြုအမူ ကြောင့် သင်စိတ်ထိခိုက် ရတယ်ဆို တာ ပေါ်လွင်ပါစေ။
ဒါပေမဲ့ သူ့ဘက်က ပြုပြင်လာခဲ့မယ်ဆိုရင် လှိုက်လှိုက် လှဲလှဲကြိုဆိုပြပါ။ သူတို့တွေရဲ့လျင်မြန်စွာ ဖွံ့ဖြိုး တိုးတက်လာတဲ့ စဉ်းစားတွေးခေါ်နိုင် မှု စွမ်းရည်နဲ့ ပြင်ပလူနေမှုဘဝကို ဂရု ပြုမိလာတဲ့ အခြေအနေတွေ ကြောင့် ဆယ်ကျော်သက်တွေဟာ မိဘတွေနဲ့ အုပ်ထိန်းသူတွေရဲ့  စည်းကမ်းကလ နားတွေကို တော်လှန်ချင်စိတ်ဖြစ်လာ ကြပါတယ်။ ဒါကြောင့်သင်ကိုယ်တိုင် လည်း တတ်နိုင်သမျှ ရိုးသားဖြောင့်မတ် စွာနေထိုင်ပြပါ။
တကယ်လို့ သင့်အနေနဲ့ မပြုလုပ်နိုင်ဘူးဆိုရင် တောင်မှ သင့်ကလေးနဲ့ ဆွေးနွေးတဲ့ အခါမှာ နွေးနွေးထွေးထွေးဆက်ဆံပါ။ တကယ်လို့သင်ရဲ့ကလေးဟာ ဆိုးဆိုးရွားရွား လိမ်ညာတတ်နေပြီ ဆိုရင်၊ သူ့အတွက် အန္တရာယ်ရှိ လောက်အောင် ဒီအပြုအမူက စွဲကပ် နေပြီဆိုရင်တော့ စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ ပြသပြီး ကုသမှု ခံယူသင့်ပါတယ်။ နိဂုံးချုပ်အနေနဲ့ ပြောရမယ်ဆို ရင် အကောင်းနဲ့ အဆိုး ဒွန်တွဲနေတဲ့ ကမ္ဘာကြီးမှာ ဆယ်ကျော်သက်တွေ အတွက် ကောင်းကျိုးတွေနဲ့  ဆိုးကျိုး တွေဟာ အမြဲတွဲလျက်ပါပဲ။
ကျွန် တော်တို့ကိုယ်တိုင်လည်း ဆယ်ကျော် သက်ဘဝကို ဖြတ်သန်းလာခဲ့ပြီး လိမ် ညာခဲ့တဲ့ နေရက်တွေ ရှိခဲ့ကြပါတယ်။ ဒါကြောင့် မိမိရဲ့ကလေးဟာ လိမ်ညာ နေတတ်ပြီဆိုရင် အလွန်အကျွံ စိတ်ပူပန်တာမျိုး၊ အပြစ်ပေးတာမျိုး မပြုလုပ်ဘဲ အထက်မှာ ဖော်ပြခဲ့တဲ့ အချက်တွေနဲ့ ပြုပြင်ပြောင်းလဲနိုင်ပါ တယ်။
အဓိက အကျဆုံး အချက်အနေနဲ့ ကတော့ ဆယ်ကျော်သက်တွေရဲ့ စိတ်ခံစားမှုဟာ အလွန်ပဲထိခိုက်ခံစား လွယ်ပါတယ်။ သူတို့လိမ်ညာမိခဲ့တာ ဟာ သူတို့ ဘဝ အတွက် ဖျက်မရတဲ့ အမည်းစက်တစ်ခုလို့ အတွေး ရောက် မသွားစေဘဲ မိဘအုပ်ထိန်းသူ တွေ ဘက်က လမ်းမှန်ပေါ်ရောက်အောင် ကူညီလမ်းပြပေးဖို့ပဲ လိုအပ် ပါတယ်လို့ ပြောပြချင်ပါတယ်။

ထက်နေ
By itTimes

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...