Saturday, May 19, 2012

မိုးရာသီနှင့် ဝဲ၊ ယားနာ


မိုးရာသီဟာ ဝါဆို လပြည့်ကျော် ၁ ရက်နေ့ ညသန်းခေါင် အချိန်ကနေ တန်ဆောင်မုန်း လပြည့်
နေ့ည သန်းခေါင် အချိန် အထိ၊ လအနေနဲ့ ၄ လ၊ ရက်အနေနဲ့ ၁၁၈ ရက် ကြာရှည် ပါတယ်။
မိုးဥတုက နေပူလိုက်၊ မိုးရွာလိုက် နဲ့မို့ ရုပ်တရားတွေ ဖောက်ပြန် ပျက်စီး လွယ်တဲ့ သဘော
ရှိပါတယ်။ ရှေး တိုင်းရင်း ဆေးသမားတော်ကြီး တွေကတော့ နွေလယ်၊ မိုးလယ်၊ ဆောင်းလယ် ကာလတွေဟာ အပူလွန် အအေးလွန်၊ အပူ- အအေး အားပြိုတတ်တဲ့ သဘော ရှိတဲ့အတွက်
ကြောရုပ် ဝတ္ထုတွေ ဖောက်ပြန် ပျက်စီး လွယ်ပြီး ရောဂါဘယ ထူပြော တတ်ကြောင်း အမိန့် ရှိခဲ့ဖူး
ပါတယ်။ စာရေးသူ အနေနဲ့ မိုးရာသီမှာ ဖြစ်တတ်တဲ့ ရောဂါတွေ အနက် လူအများ ဖြစ်လေ့ ဖြစ်ထ
ရှိတဲ့ ဝဲ၊ ယားနာနဲ့ ပတ်သက်လို့ အနည်းငယ် တင်ပြချင် ပါတယ်။ ဝဲ၊ ယားနာကို ပါဠိဘာသာနဲ့
ကဏ္ဍုလို့ ခေါ်ဆိုပြီး အနောက်တိုင်း ဆေးပညာဝေါဟာရ အရ Scabies Purigo လို့
ခေါ်ဆိုကြောင်း တွေ့ရ ပါတယ်။


ဝဲ၊ ယားနာ ဆိုတာ ခန္ဓာကိုယ် အရေပြားပေါ်မှာ နေရာ ဋ္ဌာန မရွေး
ပေါက်တတ် ပြီး ယားယံခြင်း လက္ခဏာ သိသိ သာသာ ခံစားရတဲ့ အပြင် ကုတ်ဖဲ့ နေရတတ်
ပါတယ်။ ဒီအနာဟာ တစ်ဦးက တစ်ဦးကို အလွယ်တကူ ကူးစက် တတ်ပြီး လုံးဝ ပျောက်ကင်းမှု
မရှိဘဲ တဝဲ လည်လည် ဖြစ်ပွား နေတတ်တဲ့ အရေပြား နာမျိုး ဖြစ်ပါတယ်။

ယေဘုယျ အားဖြင့် ဝဲ၊
ယားနာဟာ ရာသီဥတု ဖောက်ပြန် ပြောင်းလဲခြင်း၊ တစ်ကိုယ်ရေ သန့်ရှင်းမှု နည်းပါး ခြင်း၊
ရောဂါပိုးများ ကူးစက် ခံရခြင်း ဆိုတဲ့ ကံ၊ စိတ်၊ ဥတု၊ အာဟာရ အကြောင်း တရားများကြောင့်
ဓာတ်ကြီး ၅ ပါး ဖောက်ပြန် ပျက်စီးကာ ခန္ဓာကိုယ် အရေပြားများ ယားယံခြင်း၊ အနာများမှ
အရည်ထွက်ခြင်း၊ အခြား နေရာများသို့ ပျံ့နှံ့ခြင်းဖြင့် ဝဲ၊ယားနာ ဖြစ်ပွားလာ ပါတယ်။ ဝဲ၊ ယားနာ
ဆိုရာမှာ အကျဉ်း အားဖြင့် ၂ မျိုး ခွဲခြား ထားပါတယ်။ အဲဒါကတော့ ဝဲစိုနဲ့ ဝဲခြောက်ပါ။

အရေပြားပေါ်မှာ ပြည်တည်နေပြီး အရည်စိုနေစဉ် ကာလကို အစို (ဝဲစို) လို့ သတ်မှတ်ပြီး
အရည်ခြောက်ပြီး အရေပြား အရောင် မည်းနေစဉ် ကာလကို အခြောက်(ဝဲခြောက်) လို့
အကြမ်းဖျင်း သတ်မှတ်ပါတယ်။

ဝဲ၊ ယားနာ (အစိုနာ)ရဲ့ ရောဂါ လက္ခဏာများမှာ ယားယံခြင်း၊
အရေပြား အကြားတွင် ဖြစ်ခြင်း၊ ပြည်တည်သော အနာဖေးများ တွေ့ရခြင်း၊ အနာဖေးကို
ခွာလိုက်ရင် အပေါက် အခေါင်း သဏ္ဌာန် တွေ့ရခြင်း၊ ကူးစက် တတ်ခြင်းတို့ ဖြစ်ပါတယ်။

ဝဲ၊ယားနာ (အခြောက်နာ) ကတော့ ယားယံခြင်း၊ အရေပြား အကြားတွင် ဖြစ်ခြင်း၊ အရေပြား
ရောင်ရမ်းခြင်း၊ အရေပြား အရောင် မည်းခြင်း၊ ကူးစက် တတ်ခြင်း တို့ဖြစ်ပါတယ်။ ဝဲ၊ ယားနာ
ကုသရာမှာ တစ်ကိုယ်ရေ သန့်ရှင်းရေးကို အမြဲ ဂရုစိုက်ဖို့ အရေးကြီး ပါတယ်။

ဆီး၊ ဝမ်း၊ သွေး၊လေ မှန်ကန်အောင် ဂရုစိုက် ရပါမယ်။ ဓာတ်စာ အနေနဲ့ အေး-ခါး အရသာရှိတဲ့ အစား အစာများ
ကျွေးရပါမယ်။ အေး- ချို-ဆိမ့် အစားအစာများကို ရှောင်ရပါမယ်။ မသန့်ရှင်းတဲ့ မြေ၊ ရေ၊ လေ၊
နေရာ ထိုင်ခင်း အထိအတွေ့ကို ရှောင်ကြဉ် ရပါမယ်။ မကောင်းတဲ့ အနံ့အသက်၊ အညှော် တို့ကို
အထူး ရှောင်ရပါ မယ်။ ဆေး တိုက်ကျွေးရာမှာ တိုင်းရင်း ဆေးကု ဌာနသုံး သွေးဆေးနီ ၂ ပဲသားနဲ့
နွယ်ချိုကဲဆေး ၂ ပဲသား ရောစပ်လို့ တစ်နေ့ ၃ ကြိမ်မှ ၄ ကြိမ် ထိ ရေနွေးနဲ့ တိုက်ကျွေးရ ပါမယ်။

ဝမ်း ချုပ်တယ် ဆိုရင် ညအိပ်ရာ ဝင်လျှင် စက္ခုပါလ ဆေး ၄ ပဲသားကို ရေအေးနဲ့
သောက်နိုင်ပါတယ်။ ကလေးငယ်များကို လူကြီး အချိန်အဆ အောက် တစ်ဝက်လျှော့ တိုက်နိုင်
ပါတယ်။ ဆီးချိုရှိတဲ့ သူတွေဆိုရင် ဆီးချို ကျဆေး တွဲဖက် တိုက်ပေး ရပါမယ်။

လိမ်းဆေး အဖြစ်
တိုင်းရင်းဆေး ကုဌာနသုံး သဗ္ဗဇေယျဆေး ၁ ဆကို အကင်း ဆယ်ပါး ဆေး ၂ ဆ ရောစပ်ပြီး
သနပ်ခါး ရည်နဲ့ တစ်နေ့ ၃ ကြိမ် လိမ်းပေး ရပါမယ်။ ခုနစ်ပါး ဆေးဝါလေး ၂ ပဲသားကို
သံပရာရည်နဲ့ လိမ်းပေး နိုင်ပါတယ်။ ဆေး မလိမ်းခင် ကျောက်ချဉ် ပြုတ်ရည်၊ ဆိတ်ဖလူး
ရွက်ပြုတ် ရည်၊ လက်ဖက်ခြောက် ပြုတ်ရည်၊ တမာရွက် ပြုတ်ရည် တစ်မျိုးမျိုးနဲ့ ဖန်ရည်ဆေး
ပေးရပါမယ်။ ပွေးသတ် မဲဇလီကို မီးကင်လို့ သတ္တုရည် ညှစ်ယူပြီး လိမ်းပေး နိုင်ပါတယ်။ဝိဇ္ဇာဓရေ
 ဆေး တွေ အနေနဲ့ ရှောင်ချိုး-တေဇောဒကချိုး တစ်မျိုးမျိုးကို သံပရာရည်နဲ့ လိမ်းပေး နိုင်ပါတယ်။

ဝဲ၊ ယားနာဟာ ဆေး ဘယ်လိုပဲ သောက်နေပေမယ့် တစ်ကိုယ်ရေ သန့်ရှင်းမှု ဂရုမစိုက်ရင်၊
မကောင်းတဲ့ အနံ့အသက်တို့၊ အညှော်တို့ ရှောင်ကြဉ်ခြင်း မရှိရင် မသက်သာဘဲ ပိုမို
ဆိုးဝါးတတ်တာ တွေ့ရတတ်တာမို့ မပေါ့ဆ သင့်ပါဘူး။

မိုးရာသီနဲ့ ဝဲနာကင်းဝေးကြပါစေ
ဒါနြ့ စကားမစပ်...အချစ်ကလည်း..၀ဲလိုဘဲနော်

ကျန်းမာရွှင်လန်းပါစေဗျား

ဆေးလောက


 
 ·  · Share

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...