Saturday, May 19, 2012

'ပျက်အစဉ်၊ ပြင်ခဏ'


by Qing Minya on Wednesday, May 16, 2012 at 3:08am 

'ဗျို့ ... ဆိုက်ကားဆရာ! ဆိုက်ကားအားလား။ မြို့သစ်ဘက် သွားချင်လို့ ။'
.
လုံးလုံးပြည့်ပြည့် အမျိုးသမီးနှစ်ဦးကား အထုပ်အပိုး ကိုယ်စီဖြင့် ကိုကျောက်ခဲ၏ ဆိုက်ကားရှိရာသို့ တလိမ့်လိမ့် လျှောက်လှမ်းလာ၏။ ဆိုက်ကားဂိတ်ဝယ် ကိုကျောက်ခဲမှတပါး အခြားသော ဆိုက်ကားလည်း မရှိလေချိန်နှင့် ကြုံကြိုက်နေပါသဖြင့် ဖင့်ဖင့်နွှဲနွှဲ 'အင်း' တစ်လုံးသာ ဆိုလိုက်သည်။

.
'သြော် .. ဆိုးလိုက်တဲ့ကံရယ်' ဟူ၍သာ လေးလေးပင်ပင် စိတ်တွင် ငြီးတွားမိသည်။ ကိုကျောက်ခဲလို ဆိုက်ကားနင်းသူတိုင်း မြို့သစ်ကို ရှောင်ချင်ကြသည်။ မလွှဲသာသောအခါမျိုးတွင်မူ ဈေးပိုယူချင်ကြသည်။ ကိုကျောက်ခဲတို့ မြို့ကလေးသည်ကား အိမ်ခြေအနည်းသာရှိသော မြို့ဟူသည့် အမည်သာရှိသည့် ရြွာ­ကီး ဖြစ်သည်။ ကိုကျောက်ခဲတို့  အဖွားလက်ထက်မှစ၍ ဤမြို့လေးတွင် အခြေချလာသည်မှာ ယနေ့ထက်တိုင် ဖြစ်သည်။ ယခုမူကား ဤမြို့လေးသည် မူလအမည်ပျောက်၍ မြို့ဟောင်းဟူ၍သာ လူသိများသည်။ အကြောင်းမှာ ရွာနီးစပ်ချုပ်ရှိ လယ်ယာကွက်များအား တစ်ခုသော မြို့ရွာတည်ထောင်ရေး လုပ်ငန်းမှ အခကြေးငြွေ­ဖင့် သိမ်းပိုက်ကာ ဟုန်းခနဲ ဟုန်းခနဲ လူနေရပ်ကွက်များ နေ့ချင်းညချင်း ပေါ်ပေါက်လာပြီး ထိုအရပ်ကို မြို့သစ်ဟု အမည်သညာပေးရာမှ အစြ­ပု၍ ရှိရင်းစွဲ မြို့ကလေးကား အလိုလို မြို့ဟောင်းြ­ဖစ်သွား လေ၏။
.
ယင်းမြို့သစ်ကား မြို့ဟောင်းထက် အစစအရာရာ သာပါသည်။ ဖုန်ထူထပ်သော နေရာတွင် သာသည်။ အပင်ရိပ်ကင်း၍ြ­ခစ်ြ­ခစ် တောက်နေပူမိသော နေရာတွင် သာသည်။ အသာဆုံးကား မြို့သစ်၏ အဖုအထစ် ချိုင့်ဂလိုင့်များ များလွန်းလှသော လမ်းများပင်။ သည့်အတွက်ကြောင့်လည်း ကိုကျောက်ခဲတို့ ဆိုက်ကားဆရာများသည် ထမင်းရှင် မဟာဆိုက်ကားလေးကို ငဲ့ညှာသောအာြး­ဖင့် မြို့သစ်ကို ရှောင်ချင်ကြသည်။
.
မညီညာလွန်းသော မြို့သစ်၏ လမ်းမပေါ်ဝယ် ကိုကျောက်ခဲတစ်ယောက် ချွေးဒီးဒီး ယိုစီးလေ၏။ မဆီမဆိုင် နံနက်စောစောက ကြားခဲ့သော သာြး­ဖစ်သူ မောင်အေးချမ်း၏ စာအံသံကို သတိရမိသေးသည်။
.
'လပေါ်တွင် နက်ရှိုင်းသော ချိုင့်ဝှမ်းကြီးများ ရှိပါသည်' တဲ့။
.
'လကမ္ဘာနဲ့ မြို့သစ်ကလမ်း ဘယ်ဒင်းက ချိုင့်ပိုများလေမတုန်း' ဟုလည်း ပေါက်ပေါက်ရှာရှာ တွေးမိသေးသည်။
.
မရွှေလုံးနှစ်ဦးအား လိုရာသို့ ပို့ဆောင်ပေးပြီးသည်နှင့် မောဟိုက်နွမ်းလျနေသော ကိုကျောက်ခဲသည် အိမ်သို့ တန်ြး­ပန်ရန် ဆုံြး­ဖတ်လိုက်သည်။ တနေရာဝယ် လမ်းဖာထေးနေသော လုပ်သားတစ်စုအား မသိကျိုးကျြွံ­ပုရင်း သူ့ဆိုက်ကားကို မယိမ်းမယိုင်အောင် သတိထားနင်းသည်။
.
'တရက်လား၊ နှစ်ရက်လား၊ ဒီတခြါ­ပင်ပြီးရင်ကော ဘယ်နှစ်ရက် ခံမတုန်း။'
.
ရှိနှင့်ပြီးသား အြေ­ဖတစ်ခုအား ခေါင်းရှုပ်ခံ မတွေးတော့ပဲ သားကလေး မောင်အေးချမ်းအကြောင်းကိုသာ စဉ်းစားမိသည်။ ပညာမဲ့ လက်လုပ်လက်စား ကိုကျောက်ခဲသည် သူ့သားလေးကိုတော့ြ­ဖစ်ထွန်းစေချင်သည်။ သို့သော်ြ­ငား ကံအကြောင်းမလှ၍ မောင်အေးချမ်းကား ထင်သလောက် ဥာဏ်မကောင်းလှချေ။ သည့်အတွက် ကိုကျောက်ခဲသည် သူ့သားကလေး အိမ်စာလုပ်ချိန်တွင် တတ်သမျှ မှတ်သမျှ မျ­ငိဳမျ­ငင် ကူညီရှာသည်။ ဆင်းရဲနွမ်းပါးသူများ ဖြစ်သည့်အားလျော်စွာ ထမင်းနပ်မှန်ရေးပင် အနိုင်နိုင်မို့  ကျူရှင်တွေဘာတွေလည်း စိတ်မကူးရဲပေ။
.
'သားရေ .. မောင်အေးချမ်း။ ဖေကြီး ပြန်လာပြီကွ။'
.
အိမ်ပေါ်သို့ အသံပေးကာ တက်လာသော ကိုကျောက်ခဲအား သနပ်ခါးအဖွေးသား လူးထားသော မောင်အေးချမ်းက ကြည်ကြည်လင်လင် ပြုံးပြလျက်
.
'ဖေကြီး .. သား ဒီအိမ်စာ မလုပ်တတ်လို့ ။ မြန်မာစာ အိမ်စာ။'
.
'ဘာများတုန်း သားရဲ့။'
.
ပြောပြောဆိုဆိုနှင့် ကိုကျောက်ခဲသည် မောင်အေးချမ်း ကမ်းလာသော ဗလာစာအုပ်ကို ဆွဲယူလိုက်သည်။
.
'အောက်ပါ စကားပုံကို သုံး၍ ဝါကျ ငါးခုခန့် ရေးပါ။'
'ပျက်အစဉ်၊ ပြင်ခဏ'
.
အတန်းပညာ ဟုတ်တိပတ်တိ မရှိလေသော ကိုကျောက်ခဲတစ်ယောက် ခေါင်းတဗြင်းဗြင်းကုတ်ကာ စဉ်းစားပြီးနောက် ဖခင်တို့ ချစ်ခြင်းဖြင့် မောင်အေးချမ်း၏ ပုခုံးအား လက်တဖက်ဖြင့် သိုင်းဖက်ထားလျက်
.
'အင်း .. ပျက်အစဉ် ပြင်ခဏဆိုတာ .. ဆိုတာ ..'
.
'သားရေ၊ မင်း မြို့သစ်က လမ်းတွေ မြင်ဖူးတယ် မဟုတ်လား။ အမြဲတမ်း ချိုင့်တွေ၊ ဖုတွေနဲ့လေ။ အဲ အဲ ... အဲဒီလမ်းတွေက အမြဲတမ်းပျက်နေလို့  ပျက်အစဉ်။ လမ်းလာပြင်ရင်လည်း ခဏပဲ ပြန်ကောင်းလို့  ပြင်ခဏပေါ့။ ပျက်အစဉ်၊ ပြင်ခဏ ဆိုတာ အဲဒါပေါ့ သားရဲ့။'
.
ကိုကျောက်ခဲကား သားဖြစ်သူ၏ ပြဿနာကို ယင်းသို့ ဖြေရှင်းပေးလိုက်လေစဉ် မောင်အေးချမ်းကား သူ့ဖခင်အား မဟာပညာကျော်ကြီးသဖွယ် ဂုဏ်ယူခြင်းအပြည့်ဖြင့် ....... ။
.
(အညတရ ရသစာစုလေး တစ်ပုဒ်ဖြစ်ပါသည်။ ကျေးဇူးတင်ပါသည်။)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...