Friday, May 25, 2012

ငြိမ်းချမ်းစွာပဲ ဆန္ဒပြပြ ဆူပူစွာပဲ ဆန္ဒပြပြ တကယ်လိုအပ်မှပြသင့်တယ်ဆိုတဲ့အကြောင်း အများသိစေရန်


by ဇာ တိ on Friday, May 25, 2012 at 5:01am

အခု ကျနော်စဉ်းစားကြည့်တယ် ၊ တကယ့်တကယ် မီးမလာတဲ့ကိစ္စနဲ့ ပက်သက်ပြီး တကယ်ဆန္ဒပြသင့်တာက စက်ရုံပိုင်ရှင်တွေ လောင်စာကို အပြည့်အ၀အသုံးချ ထုတ်လုပ်ဖြန့်ဖြူးနေတဲ့ စက်ရုံတွေကပဲ လမ်းပေါ်ထွက် ဆန္ဒပြသင့်တယ်လို့ ထင်ပါတယ် ၊ ဘာကြောင့်ဆိုတော့ အခုကျနော်တို့ အခြေခံလူတန်းစားတွေအနေနဲ့ မီးအချိန်ပြည့် မရဘူးပဲထားပါတော့ ကျနော့်တို့မှာ များများစားစား သုံးစွဲစရာ ဘာရှိလို့လဲ မနက်ပိုင်း ထမင်းဟင်းချက်မယ် နေ့လည်ပိုင်း အခွေကြည့် သီချင်းနားထောင်မယ်ကွန်ပျူတာသုံးမယ် ညနေပိုင်း ထမင်းဟင်းထပ်ချက်မယ် အရမ်းပူလို့ ပန်ကာ အဲကွန်းတစ်ခုခုဖွင့်မယ် ကဲ ဒီထက်ပိုပြီး သုံးစွဲစရာ ဘာထပ်ရှိသေးလို့လဲ အခုမီးပုံမှန် မရလို့ လျှော့သုံးလိုက်မယ် ဒီတော့ကော ဘာဖြစ်သွားမှာလဲ ခင်ဗျားတို့အားလုံးကို တစ်ယောက်ချင်းစီ မျက်နှာချင်းဆိုင် မေးစမ်းကြည့်ချင်တယ် အခုလက်ရှိ ဒီမိုကရေစီနိုင်ငံတော်ရယ်လို့ ဖြစ်လာတဲ့အချိန်မှာ အထက်ကလဲဒီလိုအခြေအနေမျိုးကို အမြန်ဆုံး ဖြေရှင်းသင့်တယ်။
ကမ္ဘာက စောင့်ကြည့်နေတယ်ဆိုတာကို သိထားရက်နဲ့ ပြည်သူတွေကလဲ မလိုအပ်ပဲ အလွန်အကြူးဘာကိုမဆို မတောင်းဆိုသင့်ဘူးလို့ ထင်တယ် အဲ့ဒါထက် ဆိုးဝါးတာက အခု လမ်းပေါ်ထွက် ဆန္ဒပြတဲ့ လူအများစုမှာ အဲ့ဒီ ကျနော်ပြောတဲ့ တီဗီတွေ အဲကွန်းတွေ ကွန်ပျူတာတွေ အကုန်လုံးကို တကယ့်စီးပွားရေးအရ သုံးစွဲနေတဲ့ လူတွေလားဆိုတာ ပြန်မေးစရာ ရှိလာပါတယ် တစ်ချို့ဆို မြို့စွန်နားက ဥပမာ ရွှေပြည်သာ လှိုင်သာယာ ဘာညာပေါ့ သူတို့အတွက် အဓိက က ထမင်းဟင်းချက်ဖို့နဲ့ တီဗီကြည့်ဖို့ပါ ဘာမှ များများစားစား မီးမလာလို့ ထိခိုက်မှု မရှိပါဘူး ခုဆို စက်ရုံတွေက မီးမရလို့ ဆီဝယ်သုံးနေရတယ် ဒါကြောင့် မကိုက်ဘူး အဲ့ဒီအတွက် တစ်ချို့ဆို စက်ရုံပါ ရပ်နားထားရတဲ့အထိ အခြေအနေက ဆိုးသွမ်းနေပါတယ် ဒါပေမဲ့ ခက်တာက ဘာမှန်း ညာမှန်း သေသေချာချာ နားမလည် မသိရှိပဲ ခုလို အများရောင်တိုင်း လိုက်ရောင် အများထွက်တိုင်း လိုက်ထွက် အများအော်တိုင်း လိုက်အော်တဲ့ အကျင့်တွေက ဘယ်တော့မှ ပျောက်ကွယ်မှာလဲ တစ်ခုခုဖြစ်ပြီဟေ့ဆို ဒီလူတွေက ဒီတိုင်းရှိနေအုံးမှာလားဆိုတာ သိချင်ပါတယ် အပ်နဲ့ထွင်းရမယ့် နေရာမှာ ပုဆိန်နဲ့ ထွင်းရလောက်အောင် ခင်ဗျားတို့က လုပ်နေတယ်လို့ပဲ ထင်တယ် ခုဆို ပြည်သူနဲ့ရဲနဲ့ ပြည်မြို့မှာ အထိကရုန်းနည်းနည်းဖြစ်တယ် ကြားပါတယ် ဒီပြသနာရဲ့ နောက်ဆက်တွဲအနေနဲ့ ဘယ်သူတွေက ဘယ်လိုဆက်ရှင်းမှာလဲ အဲ့လမ်းပေါ်ထွက်နေတဲ့ လူတွေကိုကျနော်ယုံကြည်တယ် တစ်ခုခု ၀ရုန်းသုန်းကား ဖြစ်ပြီဆို ကိုယ့်အိမ်ကို ပြန်ပြေးမယ်လို့ ကျနော် ယုံကြည်နေပါတယ် ပြသနာတွေ ကြီးထွားလာမှ မနေနိုင်တဲ့သူတွေက ၀င်ရောက်ဖြေရှင်း ဒီတော့ ထောင်ထဲရောက်တော့ အဲ့လူတွေကရောက် အခုလို တပျော်တပါးကြီး ဆန္ဒပြနေတဲ့ဟာတွေက ပျောက် အကျိုးဆက်က ဘာလဲဆိုတာကို သေချာ သိထားသင့်ပါတယ် ၊အခုအခြေအနေက မီးလုံးဝ မရတာလဲ မဟုတ် ဒီထက်ဥပမာ သာဓကတွေ ပြမယ်ဆိုလဲ အများကြီးပါပဲ အင်တာနက်ဆိုင်ဆိုလဲ မီးမလာရင် မကိုက်ဘူး တခြား အများကြီးပဲ ဒါပေမဲ့ သူတို့အားလုံးက သူတို့အနေထားနဲ့ပဲ ရွေ့နေပါတယ် ပူညံပူညံလုပ်နေတဲ့လူတွေက အခြေခံလူတန်းစား မီးကို ဘယ်လောက်မှ သုံးစွဲမှု မရှိတဲ့လူတွေပဲ ဖြစ်ပါတယ် အစိုးရကလဲ မကြာခင်ရက်ပိုင်းအတွင်း
မီးပြန်ရအောင် လုပ်ပေးမယ်ဆိုတဲ့အကြောင်း တရားဝင်ကြေငြာထားပြီးသား ဖြစ်ပါတယ်၊ ခုငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့အထဲမှာ ဒီကိစ္စနဲ့ပက်သက်ပြီး တကယ်နားလည်သိရှိထားတဲ့သူ ဘယ်နှစ်ယောက်ပါသလဲဆိုတာကိုလဲ သိထားသင့်ပါတယ် တစ်ချို့ဆို အပျော်သဘောနဲ့ လူစုလူဝေးကြားထဲမှာ ပျော်ပါးနေတဲ့ လူငယ်တွေကိုလဲ တွေ့ရှိရပါတယ် ၊ ခင်ဗျားတို့က စောက်ပိုတွေ တအားလုပ်တယ်လို့ ကျနော်တော့ထင်တယ် ဘာပဲဖြစ်ဖြစ် အရင်အချိန်တွေတုန်းကထက် စာရင် ခုအခြေအနေက အများကြီး ကောင်းလာပါပြီ ဒါကို ခင်ဗျားတို့က အခွင့်အရေးတွေ လိုတာထက် ပိုပြီးတောင်းဆိုတာကျတော့ အရမ်းကို အဆင့်ကျော်လွန်းရာကျပါတယ်။ခုလက်ရှိ နေနေတဲ့ ကျနော်တို့ မြို့နယ်လဲ မီးမမှန်ပါ ဒီလိုပဲ အဆင်ပြေသလို လုပ်နေရတာပါပဲ ဒီကိစ္စနဲ့ ပက်သက်ပြီး ဒါဟာ ရေးကြီးခွင်ကျယ် လုပ်စရာ တစ်ခုမဟုတ်ဘူးလို့ပဲ ထင်မြင်မိပါတယ်။ ခုဆို ခေါင်းဆောင်ဆိုသူတွေကပါ ၀င်ရောက်ပါဝင်လှူပ်ရှားတယ်လို့ သိရပါတယ် ဒီအခြေအနေက ကောင်းတဲ့အခြေအနေတစ်ခုမဟုတ်ပါဘူး ငြိမ်းချမ်းစွာပဲ ဆန္ဒပြပြ ဆူပူစွာပဲ ဆန္ဒပြပြ လိုအပ်မှသာ ပြသင့်ပါတယ် မီးပုံမှန်မဖြစ်တာကလဲ ရက်ပိုင်းပဲ ရှိသေးတယ် အဲ့ဒါကို ချက်ချင်းကြီး ထကြွဆန္ဒပြတာက မလုပ်သင့်ပါဘူး လနဲ့ချီ နှစ်နဲ့ချီလို့ ပြတယ်ဆိုရင် ထားပါတော့ ဒါဆိုရင် အများကြီးလက်ခံလို့ရတယ် မဟုတ်ဘူး အပြည့်အ၀လက်ခံလို့ရတယ် ဦးသန်းရွှေလက်ထက်မှာ ဒီထက်အများကြီး ဆိုးဝါးခဲ့တယ်ဆိုတာ အကုန်လုံးအသိပါ အဲ့ဒီအချိန်တုန်းက ဖိနှိပ်ခံထားရတာတွေ အကုန်လုံးကို ခုလက်ရှိအစိုးရ ဦးသိန်စိန်အပေါ် စုပြုံကျရောက်နေတယ်လို့ ထင်တယ် ဒါဟာ ခင်ဗျားတို့ဟာ လွတ်လပ်ခွင့်ကို အခွင့်ကောင်းယူတယ်လို့ သတ်မှတ်လို့ရပါတယ် ကျနော်တို့ စောင့်ကြည့်နေကြပါတယ် အကုန်လုံးကို သူတို့ပြောထားတဲ့အတိုင်း နောက်ဘယ်နှစ်ရက်လောက်နေရင် မီးပုံမှန်ပြရမယ်ဆိုတဲ့အကြောင်းတွေ ဒါတွေကိုလဲ တော်တော်များများက မသိထားကြပါဘူး သတင်းတွေကိုလဲ စောင့်နားမထောင် မလေ့လာ ပြည်သူတွေရဲ့ စိတ်အခြေအနေကို ပြုပြင်ပြောင်းလဲဖို့က ဦးသန်းရွှေနဲ့ပဲ ကိုက်မယ်ထင်ပါတယ် ဦးသန်းရွှေကို ခဏခဏတနေလို့ ခင်ဗျားတို့ မုန်းကောင်းမုန်းကြလိမ့်မယ် အမှန်ဆို ဦးသန်းရွှေကော ဦးသိန်းစိန်ကော အန်တီစုက တစ်ယောက်ကမှ ကျနော်နဲ့ပက်သက်မှုမရှိသလို တစ်ယောက်ယောက်ရဲ့ ပယောဂကြောင့် ဘယ်လိုအကျိုးအမြတ်မှ မရရှိခဲ့ပါဘူး ဒါပေမဲ့ ပြည်သူတစ်ယောက်အနေနဲ့ ဘာမှကြီးကြီးကျယ်ကျယ်မလုပ်နိုင်တောင် အသေးအမွှားလောက်တော့ လုပ်ခဲ့ပါတယ် ဒီအသေးအမွှားကလဲ ဘာမှထူးခြားမှု မရှိပေမဲ့ ဘာမှမလုပ်တဲ့သူတွေထက်စာရင် အများကြီးသာမယ်လို့ ထင်ပါတယ် မဏ္ဍိုင်တပ်ပြနေခြင်းမဟုတ်ပါ ခုလက်ရှိ လမ်းပေါ်မှာငြိမ်းချမ်းစွာ ဆန္ဒပြ အခွင့်အရေးတောင်းဆိုနေတဲ့သူတွေကို တစ်ခုလောက်မေးချင်ပါတယ် တိုင်းပြည်အတွက် ပြည်သူအတွက် ခင်ဗျားတို့ကိုယ်တိုင်ကရော ဘာတွေလုပ်ဆောင်ပေးခဲ့ပြီးပါပြီလဲ ခင်ဗျားတို့ပယောဂကြောင့် တိုင်းပြည်မှု တစ်ခုခုထူးခြားမှု ဖြစ်ခဲ့သလား ဥပမာ ပညာရေး ကျမ်းမာရေး အားကစား ဘာညာ ဘာမဆိုတစ်ခုခုပေါ့ ကျနော်ထင်ပါတယ် အားလုံးက ကိုယ့်ဝမ်းကိုယ် ရှာစားနေတဲ့သူတွေကအများစုဖြစ်ပါလိမ့်မယ် ကိုယ်ကိုယ်တိုင်က ဘာမှထူးခြားမှု မဖြစ်စေပဲ ထူးခြားအောင် စွမ်းဆောင်မယ့်လူတွေကို စိတ်ကသိကအောက်ဖြစ်အောင် မလုပ်သင့်ပါဘူး အမှန်ဆို ခင်ဗျားတို့ဟာ ဦးသန်းရွှေနဲ့ပဲ တန်ပါတယ် ထွက်ရဲထွက်ကြည့်စမ်း ပစ်သတ်မယ်ဆိုတဲ့လူလက်ထက်မှာကျတော့ ကြောက်လိုက်ကြတာ တုန်နေတာပဲ အသံတောင် ဟဟထွက်ဖို့မပြောနဲ့ အွန်လိုင်းမှာတောင် ကိုယ့်ဓါတ်ပုံ ကိုယ်မတင်ရဲတဲ့ဘ၀ကနေ ခုလိုမျိုး အများကြီးလွတ်လပ်လာတာကို စောက်ရမ်းအခွင်းအရေးတွေယူတယ် ခင်ဗျားတို့ကိုယ်တိုင် ပါဝင်လှူပ်ရှားမှု ဘာတစ်ခုမှလဲ မပြုလုပ်သေးပဲနဲ့ လူ့အခွင့်အရေးဆိုတာကြီးကို တွင်တွင်တောင်းရမ်းနေတာက အလုပ်မဟုတ်ပါဘူး အခြားနိုင်ငံတွေမှာက လူ့အခွင့်အရေး အပြည့်အ၀ရတယ်ပဲထားပါတော့ သူတို့ရဲ့ အခွင့်အရေးကို သူတို့ကိုယ်တိုင် ရရှိအောင်စွမ်းဆောင်တဲ့လူတွေ ဖြစ်ပါတယ် နိုင်ငံအတွက် သူတို့ရဲ့ ၀င်ငွေတွေ သူတို့ရဲ့ လုပ်အားတွေကို ဖြည့်တည်းပေးနေကြပါတယ် ခုချိန်ထိ ခင်ဗျားတို့ရဲ့ ကိုယ်ပိုင်ဝင်ငွေကို နိုင်ငံတော်ကိုလဲ ပေးဆောင်ရသေးတာမဟုတ်ပါဘူး ဒီနေရာမှာ တစ်ခုပြောစရာ ရှိလာတာက ရရှိတဲ့ဝင်ငွေက နည်းနည်းလေးပဲဆိုတာကို နားလည်ထားပါတယ် ဒါပေမဲ့ တခြားသူတွေလဲ ခင်ဗျားတို့လို သူလိုကိုယ်လို အနေထားကနေ တစ်ချို့ကြိုးစားမှုကြောင့် ချမ်းသာကြွယ်ဝသွားတာတွေ အများကြီးပါ ဆိုင်ရာပိုင်ရာတွေလဲ မရှိပါဘူး ကြိုးစားမှုနဲ့ လုံ့လအားပါပဲ ခင်ဗျားတို့မှာ ကြိုးစားမှုလဲ မရှိပါဘူး လုံ့လလဲမရှိပါဘူး တစ်နေ့လုပ်လို့ တစ်နေ့စားရရင် ကျေနပ်နေတဲ့လူတွေပါ ဒီအတွက် ဘယ်လိုနည်းနဲ့မှ ခုအခြေအနေကနေ မြန်မာနိုင်ငံဟာ လုံးဝပြောင်းလဲတိုးတက်သွားမှာမဟုတ်ပါဘူး ပြည်ပကလုပ်ငန်းရှင်တွေ ဘယ်လောက်ပဲ ၀င်လာဝင်လာ ခုလိုစိတ်ဓါတ်တွေနဲ့ပဲ ဆက်လက်ရှင်သန်နေမယ်ဆိုရင် ဘယ်လိုနည်းနဲ့မှ တိုင်းပြည်က ထူထောင်နိုင်မှာမဟုတ်သေးပါဘူး ဟိုတလောက ပြောဖူးခဲ့သလို ဂျပန်နိုင်ငံကစီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ကို မြန်မာပြည်ကလူတစ်ယောက်က မေးတယ် ကျနော်တို့ တိုင်းပြည် နောက်ဘယ်နှနှစ်လောက်ဆို တိုးတက်မလဲဆိုတော့ သူပြောသွားတာက တစ်ခွန်းထဲပါ လူငယ်တွေ လက်ဘက်ရည်ဆိုင်မှာထိုင် အချိန်ဖြုန်းနေသရွေ့ ဘယ်တော့မှတိုးတက်မှာမဟုတ်ဘူးဆိုတာ ။ ဒီတော့ ကျနော်တို့ စဉ်းစားရမယ့်အချက်က မြန်မာနိုင်ငံမှာ အပေါဆုံးက လက်ဘက်ရည်ဆိုင် ဘီယာဆိုင် စသဖြင့် လူငယ်တွေပျက်စီးရာ ပျက်စီးကြောင်း ဖြစ်စေနိုင်တဲ့အရာတွေက အပေါဆုံးဖြစ်နေပါတယ် ဒီလိုဆိုင်တွေ ရှိနေသရွေ့ ဒီလိုလူမျိုးတွေ ရှိနေသရွေ့ ဘယ်လိုအကြောင်းနဲ့မှ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှာမဟုတ်ပါဘူး အားလုံးက ယားယား ယားယားနဲ့ပဲ အချိန်ကုန်နေပြီး တစ်ခုခုဖြစ်ပြီဟေ့ဆိုမှ ငါတို့လဲ ၀င်ပါမယ် မင်းလဲဝင်ပါဆိုတဲ့ ခပ်ကြောင်ကြောင်အတွေးအခေါ်တွေနဲ့လှူပ်ရှားနေကြပါတယ် ၊ ကျနော်တို့ ဘာဆက်လုပ်မယ်ဆိုတာထက် ဘာဆက်လုပ်ရင် ပိုကောင်းမယ်ဆိုတာကို စဉ်းစားသင့်ပြီလို့ ထင်ပါတယ်။

ဇာတိ(ဖျာပုံ)
25.5.2012
6:15PM
zartipyapon@gmail.com

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...