Sunday, April 22, 2012

Jeremy Lin သင်ကြားပေးခဲ့တဲ့ အောင်မြင်မှု ၁၀ချက်



Jeremy Lin (林書豪) လင်စူးဟောက် ဟာ အမေရိကန် နိုင်ငံ ဟားဗတ်တက္ကသိုလ်မှ NBA ဘတ်စကက်ဘော သမား တစ်ယောက်ဖြစ်တယ်။ သူ့မိဘတွေကတော့ ထိုင်ဝမ်နိုင်ငံမှ အမေရိကန်ကို ပြောင်းရွှေ့ခဲ့ပြီးသူ့ကိုလဲ ၁၉၈၈ခုနှစ် သြဂုတ် ၂၃ရက်နေ့မှာ လော့အိန်ဂျယ်လစ်မှာဘဲ ဖွားမြင်ခဲ့တယ်။ သူဟာ Time မဂ္ဂဇင်းက စာဖတ်သူများ၏ အွန်လိုင်းဆန္ဒပြုမှုနှင့် အယ်ဒီတာအဖွဲ့၏ ရွေးချယ်မှုအရ The 2012 Time 100 စာရင်းကို အတည်ပြုထုတ်ပြန် ရာမှာ Jeremy Linဟာ အံ့သြ စရာ ကောင်းလောက်အောင်ကို ထိပ်ဆုံးနေရာမှာ ရှိနေပါတယ်။ သူဟာ အာရှမျိုးနွယ် အမေရိကန်တွေ ဘက်စကက်ဘော ကောင်းကောင်းမကစားနိုင်ဘူး ဆိုတဲ့ လွှဲမှားနေတဲ့ အယူအဆတွေကို ရိုက်ချိုးနိုင်ခဲ့သူလဲ ဖြစ်တယ်။ တချိန်တည်းမှာဘဲ သူဟာ ကမ္ဘာ့ထိပ်တန်း အားကစားသမားကောင်း တစ်ယောက်အနေနဲ့အပြင် ထူးချွန်ကျောင်းသား တစ်ယောက် စတဲ့ အသိအမှတ်တွေ များစွာနဲ့ လူတွေအားလုံးရဲ့ စံပြ ဖြစ်ခဲ့တယ်။ သူဟာကြိုးစားတယ်၊ မကြွားဝါတတ်ဘူး။ သူ့ရဲ့ ပြုမူနေထိုင်ပုံ နဲ့ ကစားပုံဟာ အားလုံးအောင်မြင်ခဲ့တယ်။ Time မဂ္ဂဇင်းက ဖော်ပြခဲ့တာကတော့ သူ့ပုံပြင်လေးကတော့ ကျွန်တော်တို့ကိုစိတ်ဓာတ်ခိုင်မာဖို့၊ စည်းကမ်းရှိဖို့ နဲ့ ရိုးသားဖြောင့်မတ်ဖို့ ရှိရန်လိုအပ်ပြီး ဒါတွေသာ ပိုင်ဆိုင်မယ်ဆိုရင် ထူးခြားဆန်းကြယ်တဲ့အောင်မြင်မှုတွေ ကိုရရှိနိုင်မယ်လို့ သင်ကြားပေးထားတယ်တဲ့။

Forbes အင်တာနက်စာမျက်နှာမှာလဲ Jeremy Lin သင်ကြားပေးခဲ့ တဲ့ အောင်မြင်မှု ၁၀ချက်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
၁။ ဘယ်သူကမှမယုံရင်တောင် မင်းကတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရမယ်။
၂။ အခွင့် အရေးရလာတဲ့ အချိန်မှာ လက်မလွတ်စေနဲ့။
၃။ အိမ်သားတွေဟာ မင်းရဲ့ ထာဝရ ကျောထောက်နောက်ခံဘဲ။ မင်းကလဲသူတို့ ရဲ့ မဏ္ဍိုင်ဘဲ။
၎။မင်းရဲ့အစွမ်းအစကိုပြသနိုင်မဲ့ အစိတ်အပိုင်းတခုကိုရှာဖွေပါ။
၅။ ဒီကနေ့မှာ ဘဲ မင်းရဲ့ဘေးနားမှာ၊ မင်း အဖွဲ့ထဲမှာ ပါရမီရှင်တစ်ယောက်ရှိနေနိုင်တယ်ဆိုတာကို လျစ်လျူမရှုမိစေနဲ့။
၆။ လူတွေဟာမင်းရဲ့ ပင်ကိုယ်ပုံစံ ကိုဘဲ ကြိုက်တာပါ။ တခြာတစ်ယောက်ဖြစ်ဖို့မကြိုးစားပါနဲ့။
၇။ မကြွားဝါနဲ့။
၈။ မင်းပတ်ဝန်းကျင်က လူတွေ ကို မင်းအပေါ်မှာ အမြင်ကောင်းလာအောင်ကြိုစားပါ။သူတို့က မင်းကို ထာဝရချစ်သွားလိမ့်မယ်။
၉။ ကံကောင်းခြင်း နဲ့ ကံတရား ဟာမင်းဘ၀မှာ ဘယ်လောက်ထိအရေးကြီးတယ်ဆိုတာ မမေ့ပါနဲ့။
၁၀။ အားသွန်ခွန်စိုက်ကြိုးစားပါ။

မက်ဒေါနယ်မရှိရင် KFCက ဟမ်ဘာဂါလဲ ဒီလောက်စားလို့ကောင်းမှာ မဟုတ်ဘူး။ ကိုကာကိုလာမရှိရင်လဲ ပက်စီ ဒီလောက်ထိ မကြီးကျယ်နိုင်ဘူး။ ခြင်္သေမရှိရင်လဲ တောင်ဆိတ်ဟာဒီလောက် အပြေးမမြန်နိုင်ဘူး။ လူတစ်ယောက် အောင်မြင်အောင်လှုံ့ဆော်ပေးနေတာဟာ ပန်းပွင့်တွေနဲ့ လက်ခုပ်သံတွေမဟုတ်ဘူး။ မိတ်ဆွေတွေရဲ့ ချီးကျူးမှုတွေလဲမဟုတ်ဘူး။ လူကို လမ်ဆုံးရောက်အောင်တွန်းပို့နေတဲ့ ယှဉ်ပြိုင်မှုတွေနဲ့ ကျဆုံးမှုတွေဘဲ။ နောက်ပြီးမင်းကို အနိုင်ယူချင်နေတဲ့ ပြိုင်ဘက်တွေနဲ့ မရေမတွက်နိုင်အောင်များပြားတဲ့ လုပ်ငန်းတူတွေဘဲ။


分享也是一種愛 ♥
မျှဝေပေးတာလဲမေတ္တာတစ်ခုပါ ♥
By: Hao Zane

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...