Wednesday, April 25, 2012

ယဉ်ကျေးမှုများပြိုလဲခြင်း


by Ko Htut on Thursday, April 26, 2012 at 9:32am

နိုင်ငံရေးသမားတွေ၊ လှုပ်ရှားတက်ကြွသူ Activists တွေက နိုင်ငံရေးပြောင်းလဲမှုတွေ တိုင်းပြည်မှာ ဖြစ်လာအောင် နှစ်ပေါင်းများစွာ ဘ၀တွေအပျက်ခံပြီး မလျှော့သော ဇွဲလုံ့လ ၀ိရိယနဲ့ ကြိုးပမ်းနေတဲ့ အချိန်မှာ၊ ဆယ်စုနှစ်အနည်းငယ်အတွင်း မြန်မာပြည်မှာ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး ဘက် ပေါင်းစုံ အခြေ အနေတွေဟာ အောက်ဆုံးအဆင့်ရောက်အောင် ပြိုလဲကျခဲ့တယ်။

ဒါတွေကတော့ မြင်သာထင်သာမို့ လူတိုင်းအသိဖြစ်ပါတယ်။ ခုနောက်ဆုံး ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခြေအနေက အဲဒါတွေထက် ပိုမိုဆိုး ရွားတဲ့ cultural failure ယဉ်ကျေးမှုများပြိုကျနေခြင်းပဲဖြစ်တယ်။

ဘာကြောင့် ဒီစကားကိုပြောရတာလဲ။ ဥပမာ တချို့ကို ကျနော် တင်ပြပါ့မယ်။ မြန်မာနိုင်ငံက ပန်းခြံတွေ ထဲမှာ၊ လူမြင်ကွင်းတွေမှာ အတွဲတွေ ချိန်းတွေ့စဉ် လွန်လွန်ကျူးကျူး လူမြင်မကောင်းအောင် ဆက်ဆံပြုမူနေကြခြင်း၊ နေ့ခင်ကြောင်တောင် လူလယ်ကောင် အင်းယားကန်ဘောင်လိုနေရာမှာ ဆယ်ကျော်သက်တွေ နူတ်ခမ်းချင်းတေ့ နမ်းရိုက်နေကြခြင်း၊ တက္ကသိုလ်တွေ မှာ ကျောင်း သားတွေ နေ့ခင်းကြောင်တောင်ချိန်းတွေ့ လိင်ဆက်ဆံနေခြင်း၊ မြို့ကြီးတွေက တည်းခိုခန်းတွေမှာ အဖြူအစိမ်း ၀တ် ကျောင်း သား ကျောင်းသူလေးတွေ ကျောင်းချိန်တွင် လာရောက် ချိန်းတွေ့နေကြခြင်း၊ အင်တာ နက်ကိုအသုံးပြု၍ လိင်ပျော်ပါးဖော်ရှာဖွေ လာကြခြင်း၊ မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန် ကာလ မှာ လူမြင်ကွင်းမှာ အဖော်အချွတ် အနမ်းအရူပ်ကိစ္စတွေ တနှစ်ထက် တနှစ်ပိုမိုဆိုးရွား မြားပြားလာ ခြင်း… ဒါတွေဟာ အခြေအနေ တချို့ကို သာ ဖော်ပြ လိုက်ခြင်း ဖြစ်ပါတယ်။


ကမ္ဘာကြီးက ပြောင်းလဲနေတာမှန်ပါတယ်။ ယဉ်ကျေးမှုတွေ ကူးလူးဆက်ဆံနေတာမှန်ပါတယ်။ သို့ပေ မဲ့လည်း မြန်မာနိုင်ငံမှာ ဒီအဖြစ်အပျက်မျိုးတွေ ဒီလောက်လျှင်မြန်စွာ ဖြစ်ပေါ်လာသင့်ရဲ့လား ဆိုတာ ကတော့ မဖြစ်မနေ မေးခွန်းထုတ်ရတော့မှာ ဖြစ်တယ်။

မြန်မာနိုင်ငံနဲ့ အနီးစပ်ဆုံးတူညီတဲ့ ဗုဒ္ဓဘာသာ နိုင်ငံလည်းဖြစ်တဲ့ အိမ်နီးချင်းထိုင်းနိုင်ငံနဲ့မြန်မာနိုင်ငံကို နိုင်းယှဉ်ကြည့်မယ်ဆိုရင်၊ ထိုင်းဟာ မြန်မာထက် အဆများစွာ သာလွန်ချမ်းသာတယ်။ ဒီမိုကရေစီ စနစ်အုတ်မြစ်ခိုင်မာနေတဲ့ နိုင်ငံဖြစ်တယ်။ ပညာရေးအပါအ၀င် လူထုအသိပညာအရာမှာ မြန်မာထက် များစွာအဆင့်မြင့်တယ်။ ပြီးတော့ နိုင်ငံတကာ တံခါးပေါက်တွေကို လွန်ခဲ့တဲ့ ဆယ်စုနှစ်များစွာက တည်းက ဖွင့်ထားခဲ့တဲ့နိုင်ငံဖြစ်တယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမြောက်အများရှိပြီး၊ နှစ်စဉ် သုံးသန်း ကနေလေးသန်း အထိ နိုင်ငံခြားခရီးသွားတွေ ၀င်ထွက်နေတဲ့ နိုင်ငံဖြစ်တယ်။ ကဲ..မေးကြည့် ကြမယ်။  အထက်မှာ ဖော်ပြခဲ့တဲ့ မြန်မာလူငယ်တွေ လုပ်တဲ့ အရာတွေကို ထိုင်းလူငယ်တွေကော မလုပ်ဖူးလား ဆိုရင် အဲဒီအထဲက တချို့အချက်တွေကို သူတို့လည်းလုပ်ကြပါတယ်။

ဒါပေမဲ့ ထိုင်းတွေ စည်းကမ်းရှိပါတယ်။ ထိုင်းလူငယ်တွေ ယဉ်ကျေးတယ်။ ပရမ်းပတာ ဖြစ်ပျက်နေတာ မဟုတ်ဘူး။ လူမှုရေးမှာလည်း ကျင့်ဝတ်တွေ တတ်နိုင်သလောက် စောင့်ထိမ်းကြတယ်။ ခုဟာက ကျနော်တို့ နိုင်ငံက နိုင်ငံရေး စနစ်ကို စတင်ပြောင်းမယ်ကြံ ရုံရှိသေးတယ်၊ တံခါးပေါက်တွေ စဖွင့်မယ် ကြံရုံရှိသေးတယ်။ စီးပွားရေး၊ ပညာရေးမှာ စုတ်ပြတ်သတ်နေတဲ့ အောက်ဆုံးအဆင့်မှာပဲ ရှိနေသေး တယ်။ ဒါပေမဲ့ တုပစရာမဟုတ်တဲ့ လူမှုရေးကိစ္စမှာကြတော့ ထိုင်းနဲ့တန်းတူ လိုက်နေတယ်။ ပိုကျော် သွားတယ် လို့ ပြောရင်တောင် မှားမှာမဟုတ်ဘူး။

ပြီးတော့ အနောက်တိုင်းယဉ်ကျေးမှုတွေရဲ့ မြစ်ဖျားခံရာဖြစ်တဲ့ အမေရိကနဲ့ ဥရောပမှာ မျိုးရိုးဂုဏ်ကို ထိမ်းသိမ်းပြီး၊ အပျိုစင်ဘ၀ကို တန်ဖိုးထားစောင်ရှောက်နေတဲ့ ဗိုင်းကောင်းကျောက်ဖိ အမေရိကန်၊ အင်္ဂလိပ်မလေးတွေ ဒီနေ့အထိ ရှိနေဆဲ ဖြစ်ပါတယ်။

ဆင်းရဲချွတ်ခြုံကျလွန်းတဲ့ ဘ၀တွေကို ဒဏ်မခံနိုင်တော့လို့ မြန်မာလူငယ်တွေ ထွက်ပေါက်အမှားပေါ် လျှောက်လှမ်းကြ တာ လား၊ ရွေးချယ်လိုက်ကြတာလား။ ဒီအခြေအနေမှာ အတုမြင်အတတ်သင် ဆိုတဲ့ ရှေးလူကြီးတွေထားခဲ့တဲ့ ဆိုရိုးစကားအတိုင်းဆိုရင် ယနေ့ဖြစ်ပျက်နေတဲ့ အခြေအနေဟာ တစ် ယောက်ကစ တစ်ရာ၊ တစ်မြို့ကစ တစ်နိုင်ငံလုံးကို ဗိုင်းရပ်စ်ပိုးမွှားလို မကြာမီ အလျှဉ် အမြန် ကူးစက် သွားတော့မှာဖြစ်တယ်။ ဒါ့အပြင် မကြာခင် မြန်မာနိုင်ငံဟာ နိုင်ငံတကာနဲ့ အရင်ကထက် ပိုမိုထိတွေ့ ဆက်ဆံလာ ကြတော့ မှာဖြစ်တယ်။ စီးပွားရေးလုပ်ငန်းတွေ၊ ကမ္ဘာလှည့်ခရီးသွားတွေ မြန်မာနိုင်ငံကို အများအပြားဝင်လာကြတော့ မှာ ဖြစ်တယ်။ တွေးကြည့်လေ ရင်လေးစရာကောင်းတဲ့ အခြေအနေကို တွေ့နေရတယ်။

ပြီးခဲ့တဲ့ အတာသင်္ကြန်ကာလမှာ မိန်းကလေးတွေ အ၀တ်အစားဝတ်ဆင်တာ၊ လူလယ်ကောင် မဖွယ် မရာအကတွေက တာ၊ ကောင်လေးနဲ့ကောင်မလေးလူကြားထဲ နူတ်ခမ်းချင်းနမ်းရူပ်နေတာ… အဲဒါတွေ ကို ဖေ့ဘွတ်စ်ဆိုရှယ်နက်ဝပ်ပ်မှာ လူအတော်များများဝေဖန်ခဲ့ကြပါတယ်။ ကျနော်ကတော့ အဲဒီအဆင့် တွေအထိ ဘာမှမပြောပဲ ကြည့်နေခဲ့ပါသေးတယ်။ ခုဟာကမပြောလို့ မဖြစ်တော့ဘူးလို့ မြင်လာလို့ ဒီစာကို ရေးလိုက်တာပါ။

ဒီတစ်ရက်နှစ်ရက်အတွင်းမှာ ကျနော်နဲ့ခင်မင်ရင်းနှီးခဲ့တာ ငါးနှစ်လောက်ကြာပြီဖြစ်တဲ့ မိန်းကလေး တစ်ယောက်နဲ့ စကားပြောမိလို့ စကားစပ်မိရင်း ရည်းစားထားခဲ့ဖူးလားဆိုတာ မေးကြည့်ဖြစ်ပါတယ်။

အဲဒီမှာ သူပြန်ဖြေတာက..
“ရည်းစားတော့ မထားဖူးဘူး၊ ရည်းစားလိုမျိုး တွဲခဲ့ဖူးတာတော့ ၁ ယောက် ရှိတယ်..”

ဒါနဲ့ ကျနော်ကမရှင်းလို့ ရည်းစားလိုတွဲတယ်ဆိုတာ ဘယ်လိုအဓိပ္ပါယ်လဲလို့ သူ့ကိုပြန်မေးတော့ သူက အောက်ပါအတိုင်း ပြန်ဖြေခဲ့ပါတယ်။

“ရည်းစားလိုတွဲတယ်ဆိုတာ အတူသွားတယ် အတူစားတယ် လက်ကိုကိုင်တယ် ပါးကိုနမ်းတယ်။ ရည်းစားနဲ့ မတူတာက အချစ်ဆိုတဲ့ commitment သူတို့မှာ မရှိကြဘူး” တဲ့။

ကျနော့်မှာ ဘာမေးခွန်းမှထပ်ပြီး မမေးရဲတော့ပါဘူး။ မြို့ကြီးတွေမှာ အများစုလုပ်နေတဲ့ ချိန်းတွေ့နည်း မျိုးတွေကော လုပ်ဖြစ်လား၊ တည်းခိုခန်းတွေဘာတွေကော သွားကြလား.. ဆိုတာတွေကို ကျနော့် စိတ်ထဲမှာပဲ မေးလိုက်မိတော့တယ်။ ပါးတောင်နမ်းပြီဆိုမှတော့ ဒါတွေက ဖြစ်ဖို့ သိပ်မခက် တော့ဘူး ဖြစ်တာကြောင့်ပါ။

ထားပါ။ ကျနော်အဓိက ပြောချင်တာက လူငယ်နှစ်ယောက် တယောက်နဲ့ တယောက်မေတ္တာရှိကြရင် (ဒါမှမဟုတ်) တယောက်ကို တယောက်ကြိုက်ကြရင် ရည်းစားဖြစ်ကြ၊ ချိန်းတွေ့ကြ၊ ဖက်ရမ်းနမ်းရူပ်တဲ့ ကိစ္စတွေ ဖြစ်ကြတာ လူတိုင်းအသိပါ။ ခုဟာက အဲလိုမဟုတ်ပဲ တယောက်နဲ့တယောက် မချစ်ကြပဲ၊  မြန်မာလူငယ်နှစ်ယောက် ဘယ်လိုပွင့်လင်းစွာ ညှိနိုင်းပြီး ဒီလို အခြေအနေမျိုးကို ရယူခဲ့ကြတာလဲ။

အချစ်မပါပဲနဲ့ ဘယ်အတွက်လဲ၊ ဘာရည်ရွယ်ချက်နဲ့ ဒီလိုဆက်ဆံရေးမျိုးကို မြန်မာလူငယ်တွေ ဒီကနေ့ တည်ဆောက်နေကြတာလဲ။ သူ့အဖြေကိုကြားကြားခြင်း ကျနော် shock ဖြစ်သွားတယ်။ (ဒီနေရာမှာ အနောက်တိုင်းက Sex Partner ဆိုတာကြီး ကျနော့်ခေါင်း ထဲရောက်လာလို့ အတင်းနှင်ထုတ်နေ ရတယ်၊ ပညာရေးအားနည်း၊ ဘက်ပေါင်းစုံမှာ မပြည့်စုံကြတဲ့ မြန်မာလူငယ်တွေကို ကျနော် အပြစ် မတင်ရက်ဘူး။) တိုင်းပြည်နဲ့ပတ်သက်လို့ ဘာတခုမှ ကောင်းကွက်လက်ညှိုးထိုးပြစရာမရှိတဲ့ ဒီနေ့ အခြေအနေမှာ၊ တပူပေါ်နှစ်ပူဆင့် အဖြစ်တွေ ဖြစ်လာရတော့  “သွားပါပြီကွာ ဒို့ဗမာပြည်ကြီး ရေစုန် မြောပါပြီ” ဆိုပြီး ကိုယ့်ကိုကိုယ်ပဲ သတ်သေလိုက်ရမလား၊ ဘာမှ ဆက်မလုပ်တော့ပဲ ထိုင်ငို နေရ မှာလား မစဉ်း စားတတ်အောင်ဖြစ်တယ်။

စာနည်းနည်းရှည်နေပြီဖြစ်တဲ့အတွက် အဆုံးသတ်ပါမယ်။ မြန်မာပြည်က လူငယ်တွေ ဒီလိုအခြေ အနေတွေဖြစ်သွားတာ အဓိကတရားခံ ကို ကျနော် ဖော်ထုတ်ပါမယ်။ မဆလခေတ်က ကိုယ့်ဖာသာ ကိုယ့်အိမ်ရှေ့ချော်လဲရင် ဦးနေ၀င်းကြောင့်လို့ အပြစ်တင်တာမျိုးလုပ်ရင် ကလေးဆန်ပါတယ်။ ဒါကြောင့် အခုလူငယ်တွေ ဖြစ်ပျက်နေတဲ့ ကိစ္စမှာ စစ်အစိုးရကိုလည်း ပြောနေကျ၊ ပြောခဲ့ဖူးတဲ့အတိုင်း ခင်ဗျားတို့ တရားခံလို့ လက်ညှိုးမထိုးချင်ဘူး။ သူတို့ထက် ပိုအပြစ်ပိုကြီးတဲ့သူကို ကျနော်ပြောပါမယ်။

ပိတ်လှောင်နေတဲ့ အမှောင်ခေတ်မြန်မာပြည်လူ့ပတ်ဝန်းကျင်ထဲကို အနောက်တိုင်း လစ်ဘင်းတူဂဲသား Living Together စကားလုံး၊ အတွေးအခေါ်၊ အယူအဆတွေနဲ့ မိတ်ဆက်ပေးတာ စာရေးဆရာမ “ဂျူး” ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ မိရိုးဖလာ အရှေ့တိုင်း ယဉ်ကျေးမှု့ လူ့အဖွဲ့အစည်းထဲကို မအပ်မစပ်၊ မလျှော်ညီ၊ မသင့်တော်တဲ့ ကမောက်ကမ အူကြောင်ကြောင် အတွေးအခေါ်တွေ တင်သွင်းလာ သူ ဖြစ်ပါတယ်။ တကယ်တော့ အနောက်တိုင်း ယဉ်ကျေးမှု ဆိုတာ ဘာလဲလို့မေးရင် “ဂျူး” ကိုယ်တိုင် သေချာဖြေဆိုနိုင်မှာ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ သူကိုယ်တိုင် ဂဃနဏ မသိလို့ဖြစ်တယ်။ ထင်တာကို လျှောက်ရမ်းရေးတဲ့ အဆင့်ပဲ။

“ဂျူး” နောက်မှာ ဂျူး လောက်မပေါက်ရောက်ပေမဲ့ ဂျူးသြဇာသက်ရောက်မှုရှိတဲ့၊ ဂျူးအတွေးအခေါ် တွေကို ဆင့်ပွားထားတဲ့ ကလောင်နောက်မှာ ဆေးတက္ကသိုလ်ဆိုပြီး ဂုဏ်ပုဒ်တင်ထားတဲ့ စာရေး ဆရာမတွေနဲ့ အခြားမြန်မာလူငယ် စာရေးဆရာမအချို့ဟာ အူကြောင်ကြောင် အရေမရအဖတ်မရ အဆင့်အတန်းမရှိတဲ့ ဘယ်နေရာမှာမှ ပြန်သုံးစားလို့မရတဲ့ အတွေးအခေါ်တွေ စာတွေနဲ့ လူငယ်ထု အများစုကြီး အပေါ် သြဇာတည်ဆောက် ထားခဲ့တယ်။

နဂိုထဲက ချွတ်ခြုံကျနေတဲ့ မြန်မာလူငယ်တွေရဲ့ အတွေးအခေါ်တွေ၊ ဦးဏှောက်တွေကို ဖျက်စီးပြစ်တာ ဒီစာရေးဆရာမတွေပဲ။ သူတို့စာတွေဟာ အပျော်ဖတ်စာပေ အောက်ဆုံးအဆင့်တောင် မရှိဘူး။ စာ ဖတ်သူအတွက် အဆိပ်သင့်စေတာပဲရှိတယ်။ လက်နှီးစုတ်၊ စက္ကူစုတ် လောက်တောင် တန်ဖိုးမရှိဘူး။

ကျနော် ဒေါသထွက်တယ်။ ပေါက်ကွဲမိတယ်။ အမျိုးသားရေးကိစ္စဖြစ်တော့ ဘာလုပ်ချင်သလဲဆိုရင် ဒီနေ့ မြန်မာလူငယ်တွေ ဖြစ်ပျက်နေ တဲ့ အခြေအနေတွေအတွက် အလျော်အစားကြီးကြီး ပြန်လိုချင် တယ်။ ဒါပေမဲ့  သူတို့မှာအလျော်အစားကြီးကြီးကလည်း ပြန်ပေး စရာမရှိတာမို့၊ အဲဒီ အနှစ် အသားမဲ့ စာရေးသူတွေရဲ့ ရှေ့ဆောင်လမ်းပြ အုပ်စုခေါင်းဆောင် ဆရာမကြီး “ဂျူး” ဦးဏှောက်ကိုပဲ သံချေး တက်နေတဲ့ ဓါးမနဲ့ ကလော်ထုတ်ပြီး၊ လမ်းဘေးက ခွေးဝဲစားကို ပစ်ချကျွေးချင်တယ်။

ကိုထွဋ်
(ဧပြီ ၂၄၊ ၂၀၁၂

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...