Wednesday, April 25, 2012

သခင်နုတို့ခေတ်က လောကပါလတရား


တရားမျှတ…လွတ်လပ်ခြင်း နဲ့မသွေ…တို့ပြည်…တို့မြေ… များလူခပ်သိမ်း ငြိမ်းချမ်းစေဖို့… ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့ပြည်… တို့ပြည်၊ တို့မြေ …ပြည်ထောင်စု အမွေ … အမြဲတည်တံ့စေ … အဓိဋ္ဌာန်ပြုပေ … ထိန်းသိမ်းစို့ လေ…။

အဲဒါက နိုင်ငံတော်သီချင်းရဲ့ ခြေဆင်းအစပိုဒ်ဖြစ်ပါတယ်။ အဲဒီ သီချင်းကို ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ် ချုပ်ပုံ အခြေခံဥပဒေအရ သတ်မှတ် ပြဋ္ဌာန်းခဲ့ပြီး ခေတ်အဆက်ဆက် နိုင်ငံတော်သီချင်းအဖြစ် သီဆိုလာခဲ့ တာ အခု ၆၄ နှစ်တိုင်ခဲ့ပြီ ဖြစ်ပါ တယ်။ နိုင်ငံတော်သီချင်း ခြေဆင်း ပိုဒ်မှာပဲ လောကပါလတရား ၃ ပါး ဖြစ်တဲ့ တရားမျှတခြင်း၊ လွတ်လပ် ခြင်းနဲ့ ညီမျှခြင်းဆိုတဲ့ တေးစာသား တွေပါရှိပြီးဖြစ်နေပါတယ်။ လောက ပါလတရားဆိုတာဟာ လောကကြီး ကို မပျက်မယွင်းရအောင် ထိန်း ကျောင်းတဲ့တရားတွေပဲလို့ အလွယ် တကူနားလည်ကြရမှာပါ။ လောက ပါလတရားတွေ ဆုတ်ယုတ်လာတဲ့  လူ့ဘောင်တစ်ရပ်ဟာ မကြာမီ ပျက်စီးယိုယွင်းသွားမှာ သေချာပါ တယ်။


(၁) တရားမျှတခြင်း (Justice) (၂) လွတ်လပ်ခြင်း (Liberty) နဲ့ (၃) ညီမျှခြင်း (Equality) ခေါ်တဲ့ လောကပါလတရား ၃ ပါးဟာ လူ သားတို့ရဲ့ မူလသဘာဝလိုလားချက်ပဲဆိုတာ အနောက်တိုင်း၊ အရှေ့တိုင်းနိုင်ငံရေး ဒဿနပညာရှင်ကြီးတွေက အစောကြီးကပဲ တွေ့ရှိခဲ့လို့ သူတို့နိုင်ငံရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံစည်းမျဉ်းတွေမှာ ထည့် သွင်းရေးထားလေ့ ရှိတာကို တွေ့ရ ပါတယ်။ အိမ်ထောင်စုတစ်ခု၊ ရပ် ကွက်တစ်ခု၊ မြို့နယ်တစ်ခု၊ နိုင်ငံတစ်ခုမှာ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်း သဘောတရားကို စွဲကိုင်ပြီးပြဿနာတွေကို ဖြေရှင်းကြရပါတယ်။ ကုလသမဂ္ဂအဖွဲ့ကြီး တောင်မှ အဖွဲ့ဝင်နိုင်ငံ အချင်းချင်း ဖြစ်ပေါ်တဲ့ပြဿနာကို ဖြေရှင်းရာမှာ တရားမျှတမှု၊ လွတ်လပ်မှု၊ ညီမျှမှုတွေနဲ့ မကင်းမလွတ်အောင် ချိန်ဆဆုံး ဖြတ်ပေးနေမှ အဖွဲ့ဝင် နိုင်ငံတွေက ကျေနပ်မှု ရှိနိုင်ပါ တယ်။

ပါတီစုံစနစ်နဲ့ အတွဲအစပ်ကတော့ လောကပါလတရားကို ဦးစားပေးကြတာပါပဲ။ သက်ဦးဆံပိုင် ဘုရင်စနစ်၊ နာဇီ-ဖက်ဆစ် အာဏာရှင်စနစ်၊ ပစ္စည်းမဲ့ အာဏာရှင်စနစ်တွေနဲ့ သွားတဲ့အခါ လောကပါလတရားတွေဟာ မရှိသလောက် မှေးမှိန်နေတတ်ပါတယ်။ ပါတီစုံ ဒီမိုကရေစီစနစ်ဆိုတော့ လောကပါ လ တရားကို ဦးစားပေးရပါတယ်။


ဗိုလ်ချုပ်အောင်ဆန်းဦးစီးခဲ့တဲ့ တိုင်းပြည်ပြုလွှတ်တော်

၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံ အ ခြေခံဥပဒေ ရေးဆွဲနိုင်ရေးအတွက် ပထမအကြိမ် တိုင်းပြည်ပြုလွှတ် တော် ဃသညျအငအကအငသညေူ ဗျနာဘူပ ပထမအစည်းအဝေးကို ၁၉၄၇ ခု၊ ဇွန်လ ၁ဝ ရက်၊ နံနက် ၁၁ နာရီ က စတင်ပြီး အဲဒီလ ၁၈ ရက်နေ့ အထိ ကျင်းပခဲ့ပါတယ်။ ဒုတိယ အကြိမ်ကျင်းပတော့ ဗိုလ်ချုပ်တို့ ကျဆုံးသွားလို့ ဖဆပလအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌနေရာကို သခင်နုကပဲ ဆက်ခံ ပြီး လွတ်လပ်ရေးခရီးကို ဆက်ခဲ့ပါ တယ်။

ဇွန်လ ၁၆ ရက်နေ့မှာ ဗိုလ် ချုပ်အောင်ဆန်းက ဖွဲ့စည်းအုပ်ချုပ် ပုံ အခြေခံဥပဒေရေးဆွဲရာမှာ ပါဝင် ရမယ့် အခြေခံအချက်အလက်များ ကို ချမှတ်ပေးတဲ့ လမ်းညွှန်အဆိုကို တင်သွင်းခဲ့ပါတယ်။ အဲဒီအဆိုမှာ အခြေခံစည်းမျဉ်း ၇ ချက်ကို ကျင့် သုံးမယ့် လမ်းညွှန်ဆုံးဖြတ်ချက်များ ဖြစ်ပါတယ်။ လွှတ်တော်အမတ် ၂၅၅ ဦးအနက် ၂၄၆ ဦးတက်ရောက် ကြတယ်။ လွှတ်တော်အစည်း အဝေးမှာ ယာယီသဘာပတိအဖြစ် သခင်မြကို ရွေးချယ်တင်မြှောက်ခဲ့ တယ်။ လွှတ်တော်သဘာပတိအဖြစ် သခင်နုကို တင်မြှောက်ဖို့ ဗိုလ်ချုပ် အောင်ဆန်းက အဆိုတင်သွင်းပြီး ညောင်ရွှေစော်ဘွား စဝ်ရွှေသိုက်က ထောက်ခံခဲ့တယ်။
ဗိုလ်ချုပ်ကိုယ်တိုင် တင်သွင်း တဲ့ အခြေခံစည်းမျဉ်းများထဲမှာ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနဲ့ ညီမျှခြင်းဆိုတဲ့ လမ်းညွှန်ချက်တွေ ပါဝင်နေပါတယ်။ အဲဒီလမ်းညွှန်ချက် တွေကို ၂ ရက်ကြာဆွေးနွေးပြီး နောက် ကန့်ကွက်သူမရှိ ထောက်ခံ ကြတယ်။ ထောက်ခံသူတွေက ညောင်ရွှေစော်ဘွားကြီး၊ လင်းခေး- ဦးထွန်းမြင့်၊ မန်းဘခိုင်၊ စောစံဖိုး သင်၊ စောဝိရီကျော်၊ ဆမားဒူဝါဆင် ဝါးနောင်၊ ဒူဝါဇော်လွန်း၊ ဦးဝမ်ကို ဟော၊ မွန်-ထွန်းရင်၊ ဦးဘစော၊ ဦးစံထွန်းအောင်၊ သခင်သန်းဖေ၊ ဦးစိန်ဘွား၊ မစ္စတာအေ-ရေဗား၊ ဒေါ်စောရွှေနဲ့ ဒေါ်လှရှင်တို့ဖြစ်ပါ တယ်။ အားလုံးဟာ တိုင်းပြည်ပြု လွှတ်တော်ကိုယ်စားလှယ်များ ဖြစ် တယ်။

လွှတ်တော်သဘာပတိ သခင်နု

နောင်အခါ လွတ်လပ်တဲ့ပြည် ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ရဲ့ ပထမဆုံးဝန်ကြီးချုပ်ဖြစ်လာမယ့် သခင်နုဟာ အဲဒီနှစ်အပိုင်းအခြားက တိုင်းပြည်ပြုလွှတ်တော်ရဲ့ သဘာ ပတိဖြစ်ပါတယ်။ ဗိုလ်ချုပ်တို့ ကျ ဆုံးပြီးနောက် ဖဆပလအဖွဲ့ချုပ်ကြီး ရဲ့ ဥက္ကဋ္ဌဖြစ်လာတယ်။ ဘုရင်ခံ ဆာဟူးဘတ်ရန့်စ်ရဲ့ ကြားဖြတ် ယာယီ အမျိုးသားအစိုးရအဖွဲ့ ခေါင်းဆောင်အနေနဲ့ ဗိုလ်ချုပ်ရဲ့ အရိုက်အရာကို သခင်နုက ဆက်ခံ ခဲ့ရတယ်။ လွှတ်တော် သဘာပတိ နေရာက သခင်နုနှုတ်ထွက်သွားလို့ စဝ်ရွှေသိုက်ကို လွှတ်တော် သဘာ ပတိအဖြစ် ထပ်မံရွေးချယ်ရပြန် တယ်။
အခြေခံဥပဒေ ရေးဆွဲရေး ကော်မတီများမှာ ကနဦးပါဝင်သူ ၅၅ ဦးစာရင်းကို မန်းဘခိုင်ကတင်ပြ ပါတယ်။ နောင်အခါ ဆပ်ကော်မတီ များ ထပ်တိုးပြီး လူဦးရေတိုးချဲ့လာ ပါတယ်။ အခြေခံဥပဒေ အကြံပေး အရာရှိ ဦးချန်ထွန်းကတော့ အလုပ် အများဆုံးနဲ့ ပြည်ပခရီးစဉ်တွေ အသွားရဆုံး ပုဂ္ဂိုလ်ဖြစ်လာပါတယ်။ မြန်မာစာပေပညာရှင်ကြီးများ ဖြစ် တဲ့ ဆရာမင်းသုဝဏ်၊ ဆရာဇော်ဂျီ တို့ရဲ့ အခြေခံဥပဒေပါ မြန်မာစာ အရေးအသား မှန်ကန်ချောမွေ့မှု အကူအညီကိုလည်း ယူရပါတယ်။ အဲဒီဆရာတွေက ထိုအချိန်က လူ ငယ်တွေဖြစ်ပြီး ရန်ကုန်တက္ကသိုလ် က မြန်မာစာနည်းပြ ဆရာများ ဖြစ်ပေမယ့် ပညာÓာဏ်ကြီးလို့ ကော်မတီထဲမှာ ထည့်သွင်းထားရပါ တယ်။
ဗိုလ်ချုပ်အောင်ဆန်းနဲ့သခင်နု တို့လည်း မြန်မာစာအရေးအသား ကျွမ်းကျင်သူများ ဖြစ်ကြပါတယ်။ စောစောက တရားမျှတခြင်း၊ လွတ် လပ်ခြင်း၊ ညီမျှခြင်းတို့ကို လောက ပါလတရားများလို့ အမည်ပေးခေါ် ဝေါ်သမုတ်ခဲ့တာ ကနဦးသခင်နုနဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ရဲ့ စိတ်ကူး ဖြစ်ပြီး ဆရာမင်းသုဝဏ်၊ ဆရာ ဇော်ဂျီတို့နဲ့သာမက တက္ကသိုလ်က မြန်မာစာဆရာကြီးတွေ၊ ပြင်ပစာပေ လောကက ပုဂ္ဂိုလ်အချို့နဲ့ တိုင်ပင် ညှိနှိုင်းကာ ဘာသာပြန်ကြတာ ဖြစ် တယ်လို့ အဲဒီခေတ်ကိုမီခဲ့သူတွေက ပြောကြပါတယ်။

သခင်နုရဲ့ လောကပါလတရား

၁၉၄၈ ခု၊ ဇန်နဝါရီ ၄ ရက် နေ့မှာ လွတ်လပ်ရေးရတော့ နိုင်ငံ တော်ရဲ့ ယာယီသမ္မတကြီးက စဝ်ရွှေ သိုက်နဲ့ ယာယီဝန်ကြီးချုပ်က သခင်နု ဖြစ်လာပါတယ်။ ၁၉၄၇ ခု အခြေခံဥပဒေအရ ပါတီစုံစနစ်နဲ့ သွားကြတယ်ပေါ့။ သခင်နုက စာ ရေးဆရာ၊ ပြဇာတ်ရေးဆရာအလုပ် တွေလည်း စိတ်ဝင်စားတယ်။ နိုင်ငံ ရေး၊ ဘာသာရေးစာအုပ် အများ အပြားလည်း ရေးသားထုတ်ဝေခဲ့ တယ်။ မကြာခဏလည်း တိုင်းပြည် သို့ မိန့်ခွန်းများပြောရလေ့ရှိပါတယ်။ အဲဒီ ပထမအကြိမ်ယာယီအစိုးရမှာ ဝန်ကြီးချုပ်အနေနဲ့ လောကပါလ တရား ၃ ပါးကို အခြေခံတဲ့စာပေတွေ၊ မိန့်ခွန်းတွေ အများကြီးရေးခဲ့၊ ပြော ခဲ့ပါတယ်။ သခင်နုဟောပြောနေတဲ့ ဒီမိုကရေစီ သဘောတရားတွေထဲမှာ လူထုနဲ့ အနီးစပ်ဆုံးဖြစ်တဲ့ လောက ပါလတရား ၃ပါးကို အတုံးလိုက်၊ အတစ်လိုက်မဟုတ်ဘဲ သိမ်သိမ်မွေ့ မွေ့နဲ့ ထည့်သွင်းထားတာလည်း တွေ့နိုင်ပါတယ်။ လွတ်လပ်ရေးနဲ့ အတူ တွဲဖက်လာတဲ့ ပြည်တွင်းစစ်ကို လည်း လက်တွဲဖော် သက်ဆိုင်ရာ ဝန်ကြီးတွေနဲ့အတူ ကျော်လွှားကြ တဲ့အခါ ပြည်တွင်းစစ်ချုပ်ငြိမ်းစေဖို့ လောကပါလတရားတွေ အခြေခံတဲ့ နိုင်ငံရေးမိန့်ခွန်း အများအပြားကို ပြောဆိုခဲ့ရပါတယ်။
၁၉၅၂ ခုနှစ်၊ မတ်လ ၁၃ရက် နေ့မှာ ၁၉၅၁ ခု၊ ၁၉၅၂ခုနှစ်တွေ က ကျင်းပပြုလုပ်ခဲ့တဲ့ ပထမအကြိမ် ပါလီမန် ဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲက အနိုင်ရလာတဲ့ လွတ် တော် ၂ ရပ်က ကိုယ်စားလှယ်တွေ နဲ့ ပြည်ထောင်စုပါလီမန်လွှတ်တော် အစည်းအဝေးကို ကျင်းပခဲ့ပါတယ်။ အဲဒီနေ့မှာပဲ ဒေါက်တာဦးဘဦးကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံရဲ့ သမ္မတကြီးအဖြစ် လွှတ်တော်၂ရပ် ပေါင်းက ရွေးချယ်တင်မြှောက်ခဲ့ပါ တယ်။ ယခင်ကသမ္မတကြီးစပ်ရွေ သိုက်ကို လူမျိုးစုလွှတ်တော်(အထက် လွှတ်တော်)နယကကြီးအဖြစ် တင် မြှောက်ကြပြီး၊ ဦးနုကို နိုင်ငံတော် ဝန်ကြီးချုပ်အဖြစ် ထပ်မံ ရွေး ကောက်ခဲ့ရပါတယ်။ ၁၃-၃-၅၂ နေ့ကစပြီး ဦးနုရဲ့ အဆိုပြုချက်အရ သခင်နုနာမည်က ဦးနုအမည်သို့ တရားဝင် ပြောင်းလဲ ခေါ်ဝေါ်ခဲ့ပါ တယ်။

သခင်နုနာမည်ပြောင်းဂယက်

တို့ဗဗာအစည်းအရုံးဟာ တစ် ချိန်က သခင်အသင်းလို့ အများက နားလည်ကြပြီး မြန်မာ့လွတ်လပ်ရေး အတွက် သခင်လူငယ်များရဲ့ ကြိုး ပမ်းမှု မှတ်တိုင်ကြီးတစ်ခုပါပဲ။ လွတ်လပ်ရေးခေတ်မှာ ‘သခင်’အမည်တွေဟာ မျိုးချစ်စိတ်နဲ့ တ ဆက်တစပ်ထဲရှိတဲ့အတွက် အလွန် ဂုဏ်ယူစရာ ဖြစ်ခဲ့ပါတယ်။ သခင်နု ဟာ သူ့အမည်ရှေ့မှာ သခင် မထည့်တော့တာ ကျွန်ဘဝကလွတ် လာလို့ သခင်နုအမည် သုံးစရာလို တော့ဘူးလို့ အလွယ်ထင်ရပေမဲ့ ဘဝတူ သခင်အချို့က ဦးနုဆိုပြီး နာမည်ပြောင်းတာကို မကျေမနပ် ဖြစ်ကြတဲ့ ဂယက်ကလည်း ရှိပါ သေးတယ်။ သခင်အများစုက လက်ဝဲသမားတွေ (မာ့ခ်စ်ဝါဒီတွေ၊ မြေပေါ်ကွန်မြူနစ်တွေ) ဖြစ်ကြပါ တယ်။ ၁၉၅၁၊ ၅၂ နှစ်ကြိမ်ခွဲလုပ်တဲ့ အထွေထွေ ရွေးကောက်ပွဲတွေမှာ သခင်နုဦးစီးတဲ့ ဖဆပလအဖွဲ့ချုပ်နဲ့ ပြိုင်ဘက်ပါတီတွေက သခင်ထွန်း အုပ်တို့ရဲ့ တို့ဗမာအစည်းအရုံး၊ သခင်ဗစိန်ရဲ့ ဗမာပြည် ဒီမိုကရက် တစ်ပါတီ၊ ဒေါက်တာဗမော်ရဲ့ မဟာဗမာအဖွဲ့၊ အခြား လက်ဝဲပါတီ တွေ အများအပြား ပြိုင်ကြပါတယ်။ ဖဆပလအဖွဲ့ချုပ်အပါအဝင် ပြိုင် ဖက်က ၁၃ ပါတီ ရှိခဲ့တယ်လို့ အဆိုရှိတယ်။ သခင်နုနဲ့ တွဲဖက်လုပ် ကိုင်နေရတဲ့ ဖဆပလ (ဆိုရှယ်လစ် အုပ်စု)က တက္ကသိုလ်ပညာတတ် ဒုဝန်ကြီးချုပ်ဦးဗဆွေ၊ ဒုဝန်ကြီးချုပ် ဦးကျော်ငြိမ်းစတဲ့ ပုဂ္ဂိုလ်များ အရေးပါလာတယ်။ သခင်နု တစ် ချိန်ကပါဝင်ဖူးတဲ့ တို့ဗမာအစည်း အရုံး (သခင်ပါတီ)ကလည်း အား နည်းနေပါပြီ။ သခင်တချို့နဲ့ မြေ အောက်ပုန်ကန်သူ တချို့လည်း ဆက်သွယ်မှုရှိနေတယ်။ အဲဒါတွေ ကို သုတေသနလုပ်ပြီး  သခင်နုက ဦးနုအမည် ပြောင်းရတာကို စူးစမ်း ကြရမှာပါ။ ဦးနုရဲ့ နောက်လိုက် တွေက ၁၉၆၁ ခုနှစ်မှာ ဦးဗိုလ်အုပ်စု နဲ့ သခင်အုပ်စုကွဲသွားတဲ့အထိ ဦးနု ရဲ့ ၁၂ နှစ်တာ ဝန်ကြီးချုပ်ဘဝနဲ့ စိတ်ခံစားချက်တွေ ဘယ်လိုရှိမလဲ ဆိုတာ သုတေသနလုပ်ကြရမှာပါ။ (ဒါမှလည်း သခင်နုက ဦးနု ဖြစ်လာ တာ အမှန်ကိုရောက်နိုင်ပါမယ်။)

ပါတီဝါဒက ဆိုရှယ်လစ်ဒီမိုကရက်

သခင်နုဟာ တစ်သီးပုဂ္ဂလ(ဝါဒ မရှိသူလို့) ပြောကြပေမယ့် ကနဦး သခင်နုလေ့လာတာက ဦးဘချို၊ ဦးဘခိုင်တို့ရဲ့ ဖေဗီယန်ဆိုရှယ်လစ် ဝါဒပါပဲ။ ဆင်းရဲသားကောင်းစားရေး ဝါဒပဲ။ သူဌေးကို မထိခိုက်စေရဘူး။ ဗုဒ္ဓဘာသာတရားတော်အရ ရှေး အတိတ်ကံကြောင့် ချမ်းသာသူ သူဌေးတွေကို ရန်မရှာဘဲ ဆင်းရဲ သားတွေကို ဘယ်လိုချောင်လည် အောင် လုပ်မလဲဆိုတာသာသခင်နု က စဉ်းစားတဲ့သူပါ။ လူမွဲတို့ထွက်ရပ် လမ်းဆိုတဲ့ စာတစ်အုပ်ကို သခင်နု ရေးခဲ့ပါတယ်။ သူ့ရဲ့လုပ်ဖော်ကိုင် ဖက်တွေက မာ့ခ်စ်ဝါဒကို အခြေခံ တဲ့ ဆိုရှယ်လစ်တွေဖြစ်နေတယ်။ မာ့ခ်စ်ဝါဒအရ သူဌေးတွေ ခေါင်းပုံ ဖြတ်လို့ ဆင်းရဲသားတွေမွဲတေရတဲ့ နွံတွင်းက မတက်နိုင်တာ ဖြစ်တယ် လို့ဆိုတယ်။ သူဌေးကို အပြစ်မြင်တဲ့ ဆိုရှယ်လစ်တွေနဲ့ သူဌေးကို မထိ ခိုက်ဘဲ ဆင်းရဲသားကို ကယ်တင် ချင်တဲ့ ဖေဗီယန်ဝါဒက ခြားနားနေ ပြန်တယ်။ ဒါပေမဲ့ လုပ်ဖော်ကိုင်ဖက် ဦးကျော်ငြိမ်းတို့လိုလားတဲ့ ဝါဒ အတိုင်း ဒီမိုကရက်တစ်ဆိုရှယ်လစ် ဝါဒကို ဖဆပလအဖွဲ့ရဲ့ဝါဒလို့ ဦးနု ကလည်း ကြေညာနိုင်ခဲ့ပေမယ့် သူ ကိုယ်တိုင်ခံစားချက်အရ လောက ပါလတရားနဲ့ ဆိုရှယ်လစ်ဝါဒဟာ သဟဇာတဖြစ်မဖြစ် သုတေသန လုပ်ကြရဦးမှာပါ။

၃၃ ဦး အကြံပေးအဖွဲ့နဲ့ လောကပါလတရား

တော်လှန်ရေးကောင်စီခေတ် မှာ ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးနေဝင်းက အစဉ်အလာရှိတဲ့ နိုင်ငံရေးသမား ကြီး ၃၃ ဦးကို ပြည်တွင်းညီညွတ်ရေး အကြံပေးအဖွဲ့အမည်နဲ့ ၂၆ နိုဝင် ဘာ ၁၉၆၈ ခုနှစ်မှာ ဖွဲ့စည်းပြီး အကြံÓာဏ် တောင်းခံခဲ့ပါတယ်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အသစ် ရေးဆွဲနိုင်ရေးအထိ ရည် မှန်းချက်ရှိကြောင်း ဗိုလ်ချုပ်ကြီးက ၃၃ ဦးအဖွဲ့ကို မိန့်ကြားခဲ့ပါတယ်။
အဲဒီအဖွဲ့က ၂၁ ဦးနဲ့ ၁၁ ဦး ဆိုပြီး အကြံပေးတာ ၂ မျိုးဖြစ်နေ တယ်။ (ဒီမိုကရေစီဆိုရှယ်လစ် အဖွဲ့) ၂၁ ဦးအဖွဲ့ရဲ့ အကြံပေးချက် တွေထဲမှာ နိုင်ငံရေးအရ လွတ်လပ်မှု ၇ ချက်၊ တရားမျှတမှု ၃ ချက်၊ ညီမျှမှု ၃ ချက်ကို အကျယ်တဝင့် ရှင်းပြထားပြီး လောကပါလတရား များနှင့်အညီ ဖွဲ့စည်းအုပ်ချုပ်ဖို့ သင့်ကြောင်းတင်ပြကြပါတယ်။ ပြီး တော့ သင့်တော်တဲ့အချိန်မှာ ပါတီ စုံစနစ်ကို ကူးပြောင်းဖို့ အကြံပြု ထားတာ တွေ့ရပါတယ်။ ဦးနုက သီးခြားအကြံပြုချက် တင်သွင်းပါ တယ်။ ၁၁ ဦးအဖွဲ့က ဆိုရှယ်လစ် ဒီမိုကရေစီ ကျင့်စဉ်ကို သုံးစွဲလိုတဲ့ လက်ဝဲဆန်သူတွေ ဖြစ်ပါတယ်။

၂ဝဝ၈ ခု ဖွဲ့စည်းပုံအခြေခံဥပဒေ

ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂ဝဝ၈ ခုနှစ်၊ အခန်း ၁ နိုင်ငံတော် အခြေခံမှုများ အခန်းမှာBasic Principles အခြေခံမှုများ ပုဒ်မ ၆၊ ပုဒ်မခွဲ (င) မှာလည်း နိုင်ငံတော်၌ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်းဟူသော လောက ပါလတရားများ ပိုမိုထွန်းကားရေး ဆိုတဲ့ ပုဒ်မခွဲတစ်ရပ်လည်း ထည့် သွင်းထားပါတယ်။ နိုင်ငံသစ်တစ်ရပ် ကို တည်ဆောက်တဲ့နေရာမှာ လောကပါလတရား ၃ ပါးဖြစ်တဲ့ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းဆိုတာဟာ ဘယ်လောက် အရေးပါသလဲဆိုတာ ထင်ရှားပြီး ဖြစ်ပါတယ်။ အထူးသဖြင့် ပါတီစုံ စနစ်နဲ့ နိုင်ငံရေးအခင်းအကျင်းဟာ လောကပါလတရားများနဲ့ ထုံမွှန်း နေမှသာပြီး ပြည့်စုံတဲ့၊ သာယာ ဝပြောတဲ့ နိုင်ငံ တော်ကြီးတစ်ရပ်ကို ဦးတည်သွားမှာ ဖြစ်ပါတယ်။


မိုးမြင့်ဝင်း(သိပ္ပံ/နည်းပညာ)

စာကိုး-
(၁) မြန်မာ့ရက်စဉ်သမိုင်း ၁၉၄၅-၂ဝဝ၈ ဒုတိယတွဲ၊ သမိုင်း သုတေ သနအဖွဲ့။
(၂) မြန်မာ့အောင်ဆန်း (မောင် မြတ်မိုး-ဘာသာပြန်)၊  (Aung San of  Burma, Dr. Maung  Maung)
(၃) ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂ဝဝ၈ ခုနှစ်၊ ပုံနှိပ်ရေးနှင့် စာအုပ် ထုတ်ဝေရေးလုပ်ငန်း၊  ပြန်ကြားရေး ဝန်ကြီးဌာန။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...