Friday, April 27, 2012

့သမိုင်းကသက်သေခံနေပေသည်။




မြင်းစီးရုပ်တုများ၏ သင်္ကေတ

သူ့နေရာ သူ့သင်္ကေတနှင့်သူရှိကြသည့်အနက် သမိုင်းဝင် ပုဂ္ဂိုလ်များ အထူးသဖြင့် တိုင်းပြည်နှင့် အမျိုး၊ဘာသာ၊သာသနာ အတွက် အသက်ပေးစွန့်သွားကြသော သူရဲကောင်းများကို ဂုဏ်ပြုကာ နိုင်ငံနှင့် ယဉ်ကျေးမှု အသီးသီးတွင် ရုပ်တုများ ထုလုပ်ကြပါသည်။ မြင်းစီးရုပ်တုများ၏နောက်ကွယ်ရှိ သင်္ကေတနှင့် ပတ်သက်၍ အမှားကြာ အမှန်ဖြစ်မည်စိုးသဖြင့် ရှေးအစဉ်အလာတွင် သတ်မှတ်ယုံကြည်ထားခဲ့ကြပုံကို အကျဉ်းမျှ ရေးသားတင်ပြလိုပါသည်။
မြင်းစီးရုပ်တုထုလုပ်သူများသည် မြင်းစီးသူ၏ ကံကြမ္မာကို နှောင်းလူများသိရှိအောင် ဖော်ညွှန်းရမည့်တာဝန်ရှိသည်။ မြင်းရုပ်လှလျှင် ပြီးရော ဆိုသည့် သဘောဖြင့် အဖြစ်ထုလုပ်၍မရပါ။ မြင်းရုပ်တု၏ ခွာအနေအထားဖြင့် မြင်းစီးသူရဲကောင်း၏ ဘ၀ကံကြမ္မာကို ထင်ဟပ်ဖော်ပြကြရသည်ဟု သမိုင်းအထောက်အထားများတွင် ပြဆိုကြပါသည်။

မြင်းခွာအကြွနှင့် သူရဲကောင်း၏ဘဝ

မြင်းရုပ်တု၏ ရှေ့ခွာတစ်ဖက်ကြွနေလျှင် မြင်းစီးသူရဲကောင်းသည် တိုက်ပွဲတွင် ဒဏ်ရာရခဲ့ပြီး ထိုဒဏ်ရာဖြင့် ကျဆုံးခဲ့သည်ဟု မှတ်ယူရမည်။ မြင်းရုပ်တု၏ ရှေ့ခွာနှစ်ဖက် ကြွနေသည်ကို တွေ့ရပါက မြင်းစီးသူရဲကောင်းသည် တိုက်ပွဲတွင် ကျဆုံးခဲ့သည်ဆိုသော သဘောဟု မှတ်ယူအပ်သည်။ မြင်းရုပ်တု၏ခြေထောက် လေးဖက်စလုံး မြေမှလုံးဝမကြွလျှင်မူ အခြားအကြောင်းကြောင်းကြောင့် တိုက်ပွဲပြင်ပ တစ်နေရာရာတွင် ကွယ်လွန်ခဲ့သည်ဟု အဓိပာယ်ကောက်ယူရမည်ဖြစ်သည်။


သင်္ကေတသတ်မှတ်ချက် အယူအဆနောက်ခံသမိုင်း

ယင်းသင်္ကေတသတ်မှတ်ချက် သုံးမျိုးကို လေ့လာကြည့်သောအခါ အမေရိကန်ပြည်ထောင်စု၏ သမိုင်းနှင့် ဆက်နွယ်ပတ်သက်နေသည်ကို တွေ့ရသည်။ အမေရိကန်ပြည်တွင်းစစ် (၁၈၆၁-၁၈၆၅) ကာလအတွင်း ဂက်တီစဘာ့ဂ်တိုက်ပွဲအပြီးတွင် ထိုတိုက်ပွဲ၌ကျဆုံးခဲ့သော သူရဲကောင်းများကို ဂုဏ်ပြုသော အားဖြင့် မြင်းစီး ရုပ်တုများထုလုပ်ခဲ့သည်။ အမေရိကန်သတင်းစာဆရာ Cecil Adams ဆိုသူက မြင်းစီးရုပ်တုများ၏ ခွာအကြွ သင်္ကေတနှင့် ပတ်သက်သည့် ရှေးအစဉ်အလာကို ဖော်ထုတ်ရေးသားသည်ကို ကိုးကား၍ အစဉ်အလာကို ဆက်လက်ထိန်းသိမ်းကာ သင်္ကေတအမှန်ဖြစ်အောင် ထုလုပ်ခဲ့ကြခြင်းဖြစ်သည်ဟု ဆိုကြသည်။


ထိန်းသိမ်းအပ်သည့် မြင်းစီးရုပ်တုခွာအကြွ သင်္ကေတ

ထိုသမိုင်းဖြစ်စဉ်နောက်ပိုင်းတွင် ကမ္ဘာ တစ်ဝန်းလုံးတွင် မြင်းစီးရုပ်တုများထုလုပ်ကြသောအခါ ထိုသင်္ကေတ အတိုင်းလိုက်နာကျင့်သုံးခဲ့ကြသည်။ မြန်မာနိုင်ငံတွင်လည်း မြင်းစီးရုပ်တုများစွာ တွေ့ဖူးကြပါလိမ့်မည်။ များသောအားဖြင့် စစ်သူကြီး မဟာဗန္ဒုလနှင့် ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးရုပ်တုများ ဖြစ်ကြသည်။ ထိုရုပ်တု များထုလုပ်ရာတွင် ရှေးအစဉ်အလာသင်္ကေတမပျောက်ပျက်စေရန် သတိချပ်သင့်ကြောင်း မှားယွင်းနေသော ရုပ်တုများကိုလည်း အမှန်ဖြစ်အောင်ပြုပြင်သင့်ကြောင်း ထောက်ပြရေးသားလိုက်ပါသည်။


ကိုးကား- http://en.wikipedia.org/wiki/Equestrian_statue
en.wikipedia.org
An equestrian statue is a statue of a rider mounted on a horse, from the Latin "eques", meaning "knight", deriving from "equus", meaning "horse".[1] A statue of a riderless horse is strictly an "equine statue". A full-size equestrian statue is a difficult and expensive object for any culture to prod...

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...