Sunday, April 29, 2012

About Me


by Kyaw Lwin San on Sunday, April 29, 2012 at 12:42pm 


တစ်နေ့သောအခါက...မိခင် တစ်ဦးသည် သူမ ၏ သား ကို
 အထပ်ခြောက်ထပ်ရှိသော..နေ့ကလေးထိန်းကျောင်းကြီး တစ်ကျောင်း သို့.
...သွားရောက် အပ်နှံသည်။
မြေညီ ထပ် ရုံးခန်းတွင် စာရင်းသွင်း အပ်နှံပြီး သူမ ၏ ကလေးကို ထားခဲ့သည်။
ညနေ ကျောင်းဆင်းချိန် ရောက်သော အခါ...သွားရောက်ကြိုဆိုပါသည်။
တာဝန်ခံ ဆရာမ က မိခင်အား သူမ ၏ ကလေးကို.. ကလေးများ ထားသော အပေါ်ထပ်
များတွင် သွားကြို ရန် လမ်းညွှန်လိုက်သည်။


ပထမ ထပ် တွင်.. အလွန် လိမ္မာသော ကလေးများ... ဟု
စာတမ်း ချိတ်ထားသောအခန်း..တစ်ခု တွေ့သဖြင့်  ၀မ်းသာ အားရ ၀င် ရှာရာ
 အခြား ကလေးများကြားတွင် သူမ ၏ ကလေးကို မတွေ့ရပေ။
ဆက်လက်ပြီး  ဒုတိယ ထပ်သို့ သွားရောက် ကြိုဆိုရာ...လိမ္မာသော ကလေးများ... ဟု
စာတမ်း ချိတ်ထားသောအခန်း တစ်ခု တွေ့ ၍ ၀င်ရှာ ရာ.. သူမ ၏ ကလေးကို မတွေ့ရပေ။

စိတ်မပျက်ပဲ တတိယ ထပ်သို့ သွားရောက် ကြိုဆိုရာတွင် ...ဆိုး သော ကလေးများ... ဟု
စာတမ်း ချိတ်ထားသောအခန်း တစ်ခု တွေ့ ၍ ၀င်ရှာ ရာတွင်လည်း..
သူမ ၏ ကလေးကို မတွေ့ရပေ။
မိခင်မှာ စိတ်ပျက်စွာဖြင့် စတုတ္ထ ထပ်သို့ သွားရောက် ကြိုဆိုရာတွင်လည်း
...အလွန် ဆိုး သော ကလေးများ... ဟု စာတမ်း ချိတ်ထားသောအခန်း တစ်ခု တွေ့ ၍
ဝင်ရှာ ရာတွင်လည်း.. သူမ ၏ ကလေးကို မတွေ့ရပေ။

မိခင်မှာ ပူပင်သောက ဖြင့် ပဉ္စမ ထပ် (နောက်ဆုံး အထပ်) သို့ သွားရောက်ကြိုဆိုရာတွင်မူ
အခန်း တစ်ခု အတွင်း ကလေးထိန်း ဆရာမ နှစ်ယောက်ကြားတွင် တစ်ယောက်တည်း
ထိုင်နေသော သူမ ၏ သားကို တွေ့ရ ၍ ၀မ်းသာအားရ ကြိုဆိုလာခဲ့သည်။

အောက်ထပ်များ သို့ ပြန် ဆင်းကာနီး သူမ ၏ သား တစ်ယောက်တည်း ထားသောအခန်းကို
မည်သို့ နာမည် တပ်ထားပါသလဲ ဟူသောအတွေးဖြင့် မော်ကြည့်လိုက်ရာ
Kyaw Lwin San   ဟူသော သူ့သား၏ နာမည်ကို သီးခြား ရေးကာ သီးသန့် ဆရာမများနှင့်
ထိမ်းသိမ်းထားရကြောင်း အံ့သြ ဘွယ်ရာ တွေ့လိုက်ရပါတော့သည်။ ။  ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...