Monday, April 30, 2012

ချစ်ဇနီး နှင့် ကျွန်တော်


by Kyaw Lwin San on Monday, April 30, 2012 at 2:06pm

ချစ်ဇနီး ။ ။.......ဟိတ်..လူကြီး..
ချစ်ဇနီး ။ ။.......ဟိတ်..လူကြီး..
ကျွန်တော် ။ ။...ဟေ...ဘာတုန်း..ဟ...
ချစ်ဇနီး ။ ။ ခေါ်နေတာ  မကြားဘူးလား..
ကျွန်တော် ။ ။ ကိုယ့် ..ခေါ်မှန်းမှ ..မသိတာ...ကွာ..
ချစ်ဇနီး ။ ။..အံမယ်...ရှင့် ကို ကျုပ် က ဘယ်လိုခေါ် ရ မှာ တုန်း...
ကျွန်တော် ။ ။ မန္တလာသား ညီလေး ကတော့...ကိုကြီးခန့်...တဲ့....
ချစ်ဇနီး ။ မန္တလာသား..ဆိုတာ..သင်္ကြန်တုံးက..လာမယ်ပြောပြီး..မ..လာတဲ့..တစ်ယောက်လား..
ကျွန်တော် ။ ။ သူ့ ခင်မျာ..တကယ်လာ မ လို့ ပါကွာ..လေတိုက်ပြီး ဘန်ပါ ပြုတ် သွား လို့ပါကွ..
ချစ်ဇနီး ။ ။ လေ တိုက်တယ် ဆိုတာ သူ့ အပြောလေ.. တကယ် ကော ဟုတ်လို့ လား...ရှင်
ကျွန်တော် ။ ။ တကယ်ပါကွ.ဟိုနေ့က..မန္တလေးက ရှိုး ပွဲ လာသွားတော့ လေတိုက်တာ..ပြသေးတာပဲ.
ချစ်ဇနီး ။ ။ အင်း....အဲဒီ အဆိုတော် မြင်မှ  ဟို.... အကြောင်း ပြန်သတိရသေးတယ်..

ကျွန်တော် ။ ။ တော်ပါကွာ..တို့...တစ်မြို့တည်း ပဲ သိပါစေ..မင်းလျှောက်ပြော မနေပါနဲ့....
ချစ်ဇနီး ။ ။ ရှင့် ကို ဦးကြီးကျော်လို့ ခေါ်တဲ့  မိတ်ဆွေမလေး..က..ငယ်ငယ် ချောချော လေးဆို..
ကျွန်တော် ။ ။ ဓါတ်ပုံထဲမှာတော့ ချောတယ် ကွ. ဒါပေမဲ့ ..သိတ်မငယ်ပါဘူးကွာ..ခွန်နှစ် နှစ် ထဲပါ
ချစ်ဇနီး ။ ။ ဒီလောက်လေး ငယ်တာ လေး နဲ့ များ..သူက..အစ်ကို .မ ခေါ် ဘူးလား...
ကျွန်တော် ။ ။လေးစား တဲ့ သဘောပါကွာ..အဲလိုခေါ်တော့...ဘာဖြစ်လည်း....
ချစ်ဇနီး ။ ။ ရှင့်မလဲ တစ်နေ့ တစ်နေ့ အင်တာနက်နဲ့ အချိန်ကုန်နေ ...အလကား အရည်မရ အဖတ်မရ
ကျွန်တော် ။ ။ ဒီလောက် အချိန်ပေးနေလို့ ကိုယ့် ကို ချီးမွန်း နေကြတာပေါ့ ကွ..မင်းကလည်း..
ချစ်ဇနီး ။ ။ ရှင့် ကို ဘယ်သူက ချီးမွန်း နေလို့ လည်း...အချင်းချင်း ကြွားနေပြန်ပါပြီ..ယောင်္ကျားရယ်
ကျွန်တော် ။ ။ ဖုန်းနံပါတ် ပါ ထည့် ထည့် ရေးတဲ့ အစ်ကိုတစ်ယောက်လေ..တိုးတက်လာတယ်တဲ့...
ချစ်ဇနီး ။ သူ့ကို.. သွားမတုနဲ့ .. သူ့ သားသမီးတွေ မိန်းမတွေက.. ဆိုင် တွေ ကနား တွေ နဲ့
ကျွန်တော် ။ ။ မင်း လည်း ဆိုင်ထွက်နေတာပဲလေ.....
ချစ်ဇနီး ။ ။ ကျုပ်က မုန့်ဟင်းခါး ဆိုင်ထွက် ရ တာရှင့် ...ကလေးတွေကလည်း ကျောင်းတက်တုန်း...
ကျွန်တော် ။ ။အားမငယ်ပါနဲ့ကွာ မိတ်ဆွေ.စမ်းချောင်းသူလေးက မင်းပြောတဲ့ မုန့်ဟင်းခါးချက်နည်းကို
...ဂျပန်ကနေတောင် လှမ်းမေးပြီး သူ့ စာစောင်မှာတောင် ကြော်ငြာပေးတယ်.. မဟုတ်လား.....
ချစ်ဇနီး ။ ။ အေးတော့..ဟုတ်ပါရဲ့...သူက ဒီပြင့် ပညာတွေလည်း ကျွန်မ ဆီမှာ..လာသင်ဦးမလို့ တဲ့...
ကျွန်တော် ။ ။ မလုပ်ပါနဲ့ ကွာ..သူ့.ရဲ့.. မီချီဂန်သား လေး ကိုယ့်လို..မယက...ဖြစ်နေပါဦးမယ်..နော်
ချစ်ဇနီး ။ ။ရှင့် မိတ်ဆွေ ဆိတ်သားတွေ ချက် ချက်စားတဲ့ ထမင်းချက်လေးရော ဘယ်ပျောက်နေလဲ..
ကျွန်တော် ။ ။ထမင်းချက်မဟုတ်ပါဘူးကွ တစ်ယောက်ထဲနေတော့ သူ့ဘာသာသူ ချက်စားနေရတာ..
ချစ်ဇနီး ။ ။ သူက ဆရာဝန် အဆိုတော်မလေး ကို ယူမလို့ ဆို....ဘယ်တော့လည်း..
ကျွန်တော် ။ ။သူ့ဘက်ကတော့ သေချာနေပါပြီ ဒါပေမဲ့ ကောင်မလေးက သူ့ကို သိတောင်မသိဘူး..
ချစ်ဇနီး ။ ။ဟင်...ရှင်တို့ ဟာကလည်း တကယ်မှတ်လို့ ၀မ်းသာနေတာ....တဖက်သတ်ကြီး...
ကျွန်တော် ။ ။စာရေးဆရာ ဆိုတော့ လည်း ကုန်ကြမ်း ရှာတယ် ထင်ပါရဲ့ ကွာ...ထားလိုက်ပါ..
ချစ်ဇနီး ။ ။စာရေးဆရာဆို မှ သတိရတယ်.. ဟို စာရေးဆရာ သတင်းရော..ဘာထူးသေးလည်း....
ကျွန်တော် ။ ။ရှုး..ရပ်ကွက်ထဲ လျှောက်မပြောနဲ့ကွာ..တို့က လိုင်းပေါ်မှာ နာမည်ဝှက်နဲ့.. ပြောတာ..
ချစ်ဇနီး ။ ။ဒါနဲ...့ ရှင်တောင် အဘ..လို့.. ခေါ်ရတဲ့ သူက အင်တာနက်သုံးတုန်းလား.. မကြီးမငယ်နဲ့
ကျွန်တော် ။ ။ကိုယ့် ထက် မကြီးပါဘူးကွာ...ငယ်ပါတယ်...နာမည် ကို က အဘ မို့လို့ပါကွာ...
ချစ်ဇနီး ။ ။ရှင့် မိတ်ဆွေ ထဲမှာ စကားမပီတဲ့ ကလေးတွေ လည်း ရှိတယ်နော်...
ကျွန်တော် ။ ။အော်..ပီပါတယ်ကွ...တက်တက်..နပီအောင် ကျောနေဒါ...ဒါက.အွန်လိုင်း ချတိုင်လေ..
ဟာ.ကွာ...မင်းလုပ်တာနဲ့ ကိုယ်တောင် စကားမပီသလို ဖြစ်သွားပြီ......တော်...တော်...
ချစ်ဇနီး ။ ။ဟို ဓါတ်ပုံ နေ့တိုင်း တင် တင် နေတဲ့ ကလေးမ လေးက မော်ဒယ်မလေးလား.
ကျွန်တော် ။ ။မော်ဒယ်မဟုတ်ပါဘူးကွာ..ဓါတ်ပုံအရိုက်ခံရတာ ၀ါသနာပါတဲ့ ကျူံပျော်သူလေးပါ....
ချစ်ဇနီး ။ ။သူကတော့ လုံလုံခြုံခြုံ လေးပါ ဒါပေမဲ့ .သင်္ကြန်တုံးက...ပုံတွေ.က.ဆိုးလိုက်တာ..နော်...
ကျွန်တော် ။ ။ကဲပါကွာ.တော်ပါတော့...ဟိုမှာ..မုန့်ဟင်းခါး လာဝယ်နေပြီ..သွား..ရောင်း..လိုက်..ဦး..။။ 

...........................................လွန်တာ ရှိက........၀န္တာမိပါ.................................................
 ·  · Share

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...