Wednesday, April 25, 2012

ကမ္ဘာကြီးရဲ့  အံ့သြဖွယ် အကောင်းဆုံးအရာ (၇) ခု



ရှီကာဂိုက အထက်တန်းကျောင်းတစ်ခုမှာ ကမ္ဘာ့အံဖွယ် (၇) ခုကို လေ့လာနေကြပါတယ်.... သင်ခန်းစာ အဆုံးမှာ ဆရာက ကျောင်းသားတွေကို သူတို့ စိတ်ထဲမှာ ကမ္ဘာ့အံ့ဖွယ် လို့ထင်တဲ့ အရာ (၇) ခုကို စာရင်းပြုစုခိုင်းပါတယ်....။ အဲဒီမှာ တချို့သော ကွဲပြားမှုတွေ ရှိနေပေမဲ့ ...များသောအားဖြင့်တော့ အောက်ပါ အတိုင်း ရလာပါတယ်.....

1. Egypt's Great Pyramids
2. The Taj Mahal in India
3. The Grand Canyon in Arizona
4. The Panama Canal
5. The Empire State Building
6. St. Peter's Basilica
7. China's Great Wall

ဒီလို အမြင်တွေ ရေးထားတဲ့ စာရွက်တွေကို ဆရာက လိုက်လံ သိမ်းဆည်းနေစဉ်မှာ... ကျောင်းသူတစ်ယောက်ကတော့ တိတ်တိတ်လေး ငြိမ်နေပြီး စာရွက်ကို မပေးပါဘူးတဲ့... ဒါနဲ့ ဆရာက သူမကို ဘာများ စာရင်းပြုစုတာ အခက်အခဲရှိလဲလို့ မေးပါတယ်....။ ကျောင်းသူလေးက ပြန်ဖြေပါတယ်.... "နည်းနည်းတော့ အခက်အခဲရှိပါတယ်... ကျွန်မ မဆုံးဖြတ်နိုင်ဘူးဖြစ်နေတယ်... ရေးစရာတွေ များလွန်းလို့ပါ" လို့ ပြန်ဖြေပါတယ်...။ ဒါနဲ့ ဆရာက "ဒါဆိုရင်လဲ သမီး ဘာတွေ ရေးချင်တာလဲ ဆိုတာ ပြောပြလေ...ဆရာတို့လဲ ၀ိုင်းကူညီလို့ရတာပေါ့" လို့ ပြန်ပြောလိုက်ပါတယ်....

ဒါနဲ့ ကျောင်းသူလေးက တုန်တုန်ယင်ယင်နဲ့ ဖတ်ပြတယ်.... "ကျွန်မ ထင်တဲ့ ကမ္ဘာ့ အံ့ဖွယ် (၇) ခုက တော့ "

၁။ ထိတွေ့ခြင်း.....(To touch)
၂။ အရသာခံစားခြင်း....(To taste)
၃။ ကြည့်မြင်ခြင်း....(To see)
၎။ ကြားရခြင်း....(To hear) (သူမ နဲနဲ တွန့်ဆုတ်နေပါတယ်...ပြီးတော့ ထပ်ပြောတယ်)
၅။ စိတ်ခံစားခြင်း..... ( To feel)
၆။ ရယ်မောခြင်း .....(To laugh)
၇။ ပြီးတော့ ချစ်ခြင်း....(To love) တို့ပါပဲ......

တခန်းလုံး တိတ်ဆိတ်နေတာ ...အပ်ကျသံကိုတောင် ကြားနိုင်ပါတယ်....

ဒီ ဇာတ်လမ်းလေးက ကျွန်တော့်တို့ကို သတိပေးတဲ့ အရာကတော့....များသောအားဖြင့် ကျွန်တော်တို့ဟာ ဒီလို အံ့သြဖွယ် အကောင်းဆုံး ရိုးစင်းတဲ့ အရာတွေ ကို မျက်ကွယ်ပြုတတ်ကြတယ်....ပြီးတော့ ကမ္ဘာပတ်ပြီး အံ့ဖွယ်တွေကို ကြည့်ဖို့ လိုက်ရှာကြတယ်...။ တကယ်တော့ အဲလို တကယ်အဖိုးတန်တဲ့ အံ့သြဖွယ် အရာတွေကို ကိုယ့်နှလုံးသားအတွင်းထဲမှာ ရှာဖို့ ပိုပြီးလိုအပ်လှပါတယ်.........

မူရင်း။ ။ Real Seven wonders of the World
(ဇေယျာ) 26/Apr/2012, Thursday, 09:00 am

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...