Wednesday, April 25, 2012

ဆဋ္ဌသံဂါယနာ မဟာဓမ္မသဘင်

By Thant Ko Ko Maung (Albums




(က) တင်ရသော အကြောင်းရင်း - 

(၁) မြတ်စွာဘုရား ဟောကြားတော်မူအပ်သော နိကာယ်ငါးရပ်တို့ကို အထပ်ထပ်အဆင့်ဆင့် ရေးကူးရာ၌ သတိချွတ်ယွင်း ရေးမှားမိခြင်းဟု ဆိုအပ်သော ပမာဒ လေခ (ပါဠိပျက်) များကို အထူးသန့်ရှင်း စင်ကြယ် စေလိုသောကြောင့်၎င်း။ 

(၂) ထိုစင်ကြယ်သော ပိဋကတော်များကို စက်တင်ပုံနိုပ်၍ ကမ္ဘာအရပ်ရပ်သို့ ပျံ့နှံ့စေခြင်းအားဖြင့် အဓွန့်ရှည်စွာ တည်စေလိုသောကြောင့်၎င်း။ 

(၃) လွတ်လပ်သော မြန်မာနိုင်ငံတော်နှင့်တကွ ဗုဒ္ဓဘာသာနိုင်ငံ အားလုံးတို့က သာသနာတော်ကို စုပေါင်းအားပေး ချီးမြှောက်လိုသောကြောင့်၎င်း။ ဆဋ္ဌသံဂါယနာ တင်တော်မူကြသည်။ 

(ခ) ဦးစီး ပုဂ္ဂိုလ် - 

မြန်မာနိုင်ငံတော် ဆဋ္ဌသံဂါယနာ သြဝါဒါစရိယ သံဃနာယက အဖွဲ့ကြီးနှင့် ဆဋ္ဌသံဂါယနာ ဝန်ဆောင်သံဃ အဖွဲ့ကြီးများ၏ ဥက္ကဋ္ဌ အဘိဓဇ မဟာရဋ္ဌဂုရု ဘွဲ့တော်ရ ညောင်ရမ်း ဆရာတော်ဘုရားကြီး။ 


(ဂ) သံဃာတော်ဦးရေ - 

ပထမဦးဆုံး ဖွင့်ပွဲကြီး ၃-ရက် အတွင်း ပြည်တွင်းမှ သံဃာတော်ပေါင်း ၂၄၇၃-ပါး၊ ပြည်ပမှ ၁၄၄-ပါး ပါဝင်တော်မူကြကုန်၏။ 


(ဃ) တင်ရာဌာန -

မြန်မာနိုင်ငံတော် ရန်ကုန်မြို့အနီး၊ ရေကူးရပ်၊ သီရိမင်္ဂလာ ကုန်းမြေအတွင်း ရာဇဂြိုဟ်ပြည်တွင် ပထမသံဂါယနာတင်စဉ်က စရည်းပင်ပေါက်ရာ လိုဏ်ဂူကြီးကို ရည်ရွယ် ဆောက်လုပ်သည့် ဆဋ္ဌသံဂီတိ မဟာပါသာဏဂုဟာ ခေါ် လိုဏ်ဂူတော်ကြီး။ 


(င) အမှီပြုရသော ဒါယကာများ -

ပြည်ထောင်စု မြန်မာနိုင်ငံတော် သမတကြီး အဂ္ဂမဟာ သီရိသုဓမ္မ ဒေါက်တာဘဦးက ဗုဒ္ဓဘာသာဝင် နိုင်ငံတော် အပေါင်းတို့၏ ကိုယ်စား ဆဋ္ဌသံဂါယနာ ဒါယကာတော် အဖြစ်ဖြင့်၎င်း၊ နိုင်ငံတော် ဝန်ကြီးချုပ် ဦးနု အမှူးပြုသော ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ၏ အထောက်အပံ့ခံ နိုင်ငံတော် ဗုဒ္ဓသာသနာအဖွဲ့ ဥက္ကဋ္ဌကြီး သတိုးသီရိသုဓမ္မ သူဌေးကြီး ဦးသွင်က ဆဋ္ဌသံဂါယနာ သဗ္ဗဘာရာဝဟ ဒါယကာ အဖြစ်ဖြင့်၎င်း ခံယူကြသည်။ 


(စ) တင်သော ကာလအကြာ - 

သာသနာတော် ၂၄၉၈။ မြန်မာဂေါစာ ၁၃၁၆ ခု၊ အင်္ဂလိပ် ၁၉၅၄ ခု၊ ကဆုန်လပြည့်နေ့မှစ၍ ပထမသန္နိပါတ၊ ဒုတိယသန္နိပါတ၊ တတိယသန္နိပါတ၊ စတုတ္ထသန္နိပါတ၊ ပဉ္စမသန္နိပါတဟု သန္နိပါတ ၅ မျိုး ခွဲခြားသတ်မှတ်ကာ သန္နိပါတတချိန်လျှင် ၂ လမျှကြာအောင် သံဃာတော် ၅၀၀ စီတို့က သံဂါယနာ တင်တော်မူကြသည်။ 


(ဆ) တင်ပုံတင်နည်း - 

(၁) မြန်မာနိုင်ငံတော် (၂) သီဟိုဠ်နိုင်ငံတော် (၃) ယိုးဒယားနိုင်ငံတော် (၄) ကမ္ဗောဒီးယားနိုင်ငံတော် (၅) လောနိုင်ငံတော်တို့မှ ကမ္ဘာပေါ်ရှိ ပိဋက မူအမျိုးမျိုးတို့ကို ညှိနှိုင်း၍ အဆင့်ဆင့် သုတ်သင်တည်းဖြတ်ပြီး ပိဋကတော်များကို တဖန် ငါးနိုင်ငံစုပေါင်း၍ အဆင့်ဆင့် တည်းဖြတ်တော် မူကြပြန်ပြီးလျှင် နှုတ်ဖြင့် ရွတ်ဆို၍လည်း တင်တော်မူကြသည်။ စက္ကူစာအုပ်များ အဖြစ်လည်း ရိုက်နှိပ် တင်ဆောင်ကြသည်။ 


မှတ်ချက်။ ဓာတ်ပုံအောက်ခြေပါ စာသားများသည် မူရင်း ဆဋ္ဌသံဂါယနာ မှတ်တမ်းလွှာပါ စာသားများအတိုင်း ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။


http://www.facebook.com/media/set/?set=a.366783636700822.82978.100001075673904&type=3 တွင် ပုံများကို စုံစုံလင်လင်ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...