Sunday, April 22, 2012

ဒီကဗျာမှာ ယဉ်ကျေးမှုအားလုံးနဲ့ အယူအဆ/၀ါဒ အားလုံးကို သုတ်သင်ပစ်ထားတယ်


by Sat Paing on Monday, April 23, 2012 at 12:56pm 


ဝိဥာဉ်တစ်ကောင်ရဲ့ခြေရာကိုကောက်ဖို့ကြိုးစားနေတာလောက် အစိမ်းဆန်တာရှိဦးမလား
ဘုရားသခင်သည် တစ်ခါတစ်ရံဘ၀များအားရသမြောက်ဖို့ရန်အတွက်ညစ်ထေးမှုများအား
လူသားများထံသို့ပို့ဆောင်ပေးတတ်တယ် သူ့နာမည်ကရေနာတို လွတ်လပ်မှုကိုဘုရားသခင်ထက် ပိုမြတ်နိုးသူ
ဆုတောင်းတိုင်း မပြည့်နိုင်ပေမယ့် ဘုရားသခင်ကို မျက်စိစုံမှိတ် ယုံပစ်လိုက်တယ်
မင်းရဲ့လှည့်စားမှုကပြောင်မြောက်လွန်းတယ် တားရော့ အဖြူရောင်ဟာ လူ့စိတ်အပေါ် ဘယ်လို လွှမ်းမိုးတတ်သလဲ
သံသယတွေနဲ့ လူသတ္တ၀ါတစ်ကောင်ရဲ့ အတ္ထုပတ္တိသံသရာထဲ မြုပ်ချည် ပေါ်ချည် လွတ်လပ်လို့ (တင်းကြပ်လို့)
ပါးလျလာတဲ့ ခန္ဒာကိုယ်တစ်ခု အသိကို သတိနဲ့ ကပ်လွတ်မြောက်မှုဆိုတာရှိတယ်

ကိုယ့်ကောင်းကင်ကို ကိုယ်တိုင်မော့သောက်ရဲပြီလား ငါချစ်မြတ်သမျှ အရာအားလုံးဟာ ဒီနံရံပေါ် ကပ်သတ်ခွရံပြီး
 တည်ဆောက်ထားကြတာမျိုး ... ကြေ ကွဲတယ် အာရုံခံစားမှု ရေပြင်ညီ၏ သုညအောက်အမှတ်တစ်နေရာ...
မိုးခြိမ်းသံတွေကိုအံတုဖို့လောက်ထိ မင်းရဲ့အလှတရားတွေကခြောက်ခြားဖို့ကောင်းတယ်
နာကျင်မှုတွေကိုအံကျိတ်ခံနိုင်ဖို့ထိ မင်းရဲ့အလှတရားတွေကသိမ်မွေ့လွန်းတယ်
ကိုယ့်ကိုယ်ကိုယ်သတိမရတော့တဲ့အထိ မင်းရဲ့အလှတရားတွေကသွေးပျက်ဖို့ကောင်းတယ်
အမှန်တော့ လူတွေက တစ်ယောက်ကို အမှီပြုပြီး တစ်ယောက်ကို ခုတုံးလုပ်ပြီးတစ်ခြား တစ်ယောက်ယောက်ကို ယှဉ်ပြိုင်ဖို့  တိုက်ခိုက်ဖို့အတွက်လှူပ်ရှားနေကြတာပဲ  လောကကြီးကဆေးဆိုးပန်းရိုက်မျက်နှာတစ်ခုဆို
အဲဒီမျက်နှာကိုပါးရေနားရေတွေတွန့်ရွဲသွားတဲ့အထိထိုင်ကြည့်နေချင်တယ် တိကျတဲ့အဖြေတစ်ခုများရမလားလို့ပါ
အဓိက လူတွေက ဆင်ခြေဆင်လက်တွေ ပေးတာကနေစပြီး သဘောထားကွဲလွဲမှုတွေဖြစ်ပေါ်လာတယ်
ငါဟာ မြေခွေးရေ ခြုံထားတဲ့ မြေခွေးတစ်ကောင်မျှသာမို့ ဘယ်သူ့ကိုမှလည်း ဘယ်သူလို့ မထင်ချင်တော့ဘူး
အရောင်အသွေးမကျွမ်းတဲ့သူတွေအတွက်တံဆိပ်ကပ်ထားလည်းမထူးခြားဘူး တံဆိပ်မကပ်ထားလည်းမထူးခြားဘူး
ကဲ .. မင်းတို့ဘုရားသခင်ကိုပုန်ကန်ဖို့ငါ့တစ်ကိုယ်လုံးအမဲေ၇ာက်ခြယ်ထားလိုက်ပြီ
ဘယ်လိုအရောင်မျိုးရဲ့လွမ်းမိုးမှုကိုမှမခံရအောင် ငါ့စိတ်ဝိဥာဉ်များအဝေးသို့သွားပါ
 အေးအေးဆေးဆေးလေးလွတ်မြောက်ခွင့်ရသောအခါ တစ်ဘ၀လုံးအဆုံးသတ်လိုက်တော့မယ်
ငါ့အသက်ရှူသံက ငါ့ကိုလုပ်ကြံသတ်ဖြတ်ဖို့ကြိုးစားနေတဲ့အခါ ငါကြောက်တာ ငါလိုလူစားမျိုးပဲဆိုတာလုံးဝကိုသေချာသွားခဲ့တယ်
ဘယ်တစ်ပြန် ညာတစ်ပြန် ကြည့်လိုက်တိုင်း အ၀င်တိုက် အထွက်တိုက် ညှာတာမှုကိုမရှိဘူး
ငါကိုယ်တိုင်ငေးမောလို့မ၀လောက်အောင်အလိုလိုနေရင်း သွေးလန့်လာတယ်...သွေးတွေ စုပ်ထုတ်ခံထားရသလို
မြူပိန်းပိတ်အောင် ဝေနေတဲ့လမ်း ... မီးတောက်ဟာ ကိုယ့်ကိုကိုယ်မှန်းမသိအောင် ၀ါးမျိုပစ်ကြ
သမုဒ္ဒရာအကျယ်အ၀န်းတစ်လျှောက် လောင်ကျွမ်းနေကြ မော့မကြည့်ပါနဲ့ ကျေးဇူးပြုပြီးမော့မကြည့်လိုက်ပါနဲ့
 မောသွားမဲ့ အရာတွေကြားမြောသွားနိုင်လို့ပါ အကယ်၍ တစ်ခုခုနဲ့ ပက်သက်ပြီး ယုံကြည်သင့်တယ်
ကိုးကွယ်သင့်တယ်လို့ လာပြောတဲ့သူကို ရိုက်ပုတ်မောင်းထုတ်မိမှာပါ ဘာတွေဖြစ်နိုင်သလဲဆိုတော့
ဘာမှမဖြစ်လာသေးတာကိုက ဖြစ်ပျက်နေတဲ့အဖြစ်အပျက်တစ်ခုပဲမလား အမှန်ဆို ဘယ်သူကမှ ဘာအတွက်နဲ့မှ
ထူးခြားတဲ့သူတွေမဟုတ်ဘူး တစ်ခုခုကို တစ်ယောက်ယောက်ကို ထူးခြားတယ်လို့ ထင်ထားတာတွေဟာ
 အမှန်တော့ ကိုယ့်ရဲ့ ယူဆချက်တစ်ခုသာ ဖြစ်လိမ့်မယ်အဲ့ဒါတွေဟာ ဘယ်တော့မှ တကယ့်ဖြည်တည်မှုတွေ ဖြစ်မလာနိုင်ဘူး
ဖြစ်နိုင်မယ်ဆိုရင် မနေ့က အချိန်အပိုင်းအစတွေကို delete လုပ်ပစ်လိုက်ချင်တယ် လူတွေက ပြောကြတာပဲ
 ရိုးရှင်းနေတယ် အရမ်းကို ပေါ့ပါးနေတယ်လို့ တကယ့်လက်တွေ့ဘ၀မှာ လူတွေအတွက် အဲ့ဒါတွေက လိမ်ညာမှုတွေပဲ
သတ်မှတ်ထားတဲ့အရာတွေနဲ့ သတ်မှတ်ခံထားရတဲ့အခြေအနေတွေကို လူတွေ မလွန်ဆန်နိုင်ဘူး
အထူးသဖြင့် ဘယ်လိုလူတန်းစားဆိုတာတွေပေါ့ တံဆိပ်ကပ်ထားတဲ့အမှန်တရား တံဆိပ်မကပ်ထားတဲ့အမှန်တရား
သူ့ဘာသာနဲ့သူသံတူကြောင်းကွဲတွေထဲက အကြီးစားလိမ်ညာမှုတွေဖောက်ထုတ်ပစ်ဖို့သူလည်းငဖြူ သူလည်းငနီ
သူ့အရောင်နဲ့သူအားလုံးကလူပီသနေတာ တစ်ခုခုကို ၀န်ခံမှ အမှန်ဖြစ်မှာလား အဲ့ဒါဆို အဲ့ဒီအပြုအမူမှာ
မမှန်ကန်နိုင်တော့ဘူးလို့ထင်တယ် ယုတ်မာရိုင်းစိုင်းခြင်း အသိတရား အရာအားလုံး မျောလွင့်နေကြောင်း
ရူးသွပ်မိသော မိမိဦးနှောက်အရှင်များ သင်သိအောင် အတိအလင်းကြေငြာလိုက်ပါတယ်
အမှန်တရားကိုပဲအလိုရှိနေကြရင် မှားယွင်းမှုတွေဘယ်သိနိုင်ပါတော့မလဲမှန်နေတာကိုက မှားနေတာ
ယုံကြည်မှုတွေအလိုက် ခြေပြတ် လက်ပြတ် ခေါင်းပြတ် ယုတ်စွအဆုံး လိင်အင်္ဂါပါပျက်ယွင်းနေ
ဖြစ်ချင်တိုင်း ဖြစ်နေတော့ သူတို့က အရာရာကို မေ့ချင်တိုင်း မေ့နေ
မလိုတမာမှုတွေကို မခံစားနိုင်တော့တဲ့အဆုံး ဘုရားသခင် ကိုယ့်ကိုကိုယ် လုပ်ကြံသတ်ဖြတ်ပစ်လိုက်တယ်
ဘုရားပွဲက ရှူပ်ပွနေတဲ့ ကုသိုလ်အထပ်လိုက်တွေဘုရားသခင်ထက် ဆာလောင်မှုကို ပိုမြတ်နိုးကြတယ်
လွတ်လပ်မှုကို ဘုရားသခင်ထက် ပိုမြတ်နိုးကြတယ်ဘုရားသခင်ထက် ငြိမ်းချမ်းကို ပိုမြတ်နိုးကြတယ်
စစ်ပွဲတွေကို ဘုရားသခင်ထက် ပိုမြတ်နိုးကြတယ်
ဒီကဗျာမှာ ယဉ်ကျေးမှုအားလုံးနဲ့ အယူအဆ/၀ါဒ အားလုံးကို သုတ်သင်ပစ်ထားတယ်။



မှတ်ချက် -

ကျနော့် ၏ ကဗျာမိတ်ဆွေ သူငယ်ချင်းတစ်ချို့ထံတွင် ခွင့်ပြုချက် ရယူ၍သော်လည်းကောင်
ကျန်နှစ်ယောက်တွင် ယခုမှသာ ခွင့်ပြုချက်တောင်းခံမည်ဖြစ်ကြောင်း (အွန်လိုင်းတွင် မတွေ့ရသေး၍)
ကျနော် သဘောကျသော စာများအားဖန်တီးရေးထားသူများ၏ ကဗျာ/စာများအားလုံးကို စုပေါင်းထားသည်။

ဒီကဗျာမှာ ယဉ်ကျေးမှုအားလုံးနဲ့ အယူအဆ/၀ါဒ အားလုံးကို သုတ်သင်ပစ်ထားတယ်။


ဇာတိ(ဖျာပုံ) - ခင်ပြည့် - ချီရွန် - Juno - မြ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...