တရုတ် မြန်မာနယ်စပ်က အရေးပါတဲ့ တံတိုင်းများ
by Shwe Eaim Si on Friday, April 6, 2012 at 1:47pm
Sandra Lwin
မန်းင(Meng'a) ဆိုတဲ့ ရွာထဲက နယ်စပ်ဂိတ် အသစ်နားမှာရှိတဲ့ မြေကွက်ဟာ သဲဂန္တာရပြင် သပ်သပ်ပါပဲ။ လေးထပ်တိုက် တတိုက်ကို ကျော်၊ နမ်ကာမြစ်ပေါ် ဖြတ်ဆောက်ထားတဲ့ တံတား ဖြတ်လိုက်တာနဲ့ မြန်မာပြည်ကို ရောက်ပါတယ်။ တဘက်ကမ်းမှာ တိုက်ပွဲတွေဖြစ်ကုန်မှာ စိုးရိမ်တဲ့ တရုတ်အစိုးရက တံတားဖြတ်ကျော်ရေးမှာ တားမြစ်ချက်တွေ ထားထားပါတယ်။ တရုတ်အတွက်က စစ်ဟာ အိပ်မက်စိုးတခုလိုပါပဲ။
မန်းငဟာ တရုတ်ပြည်ကနေ မြန်မာပြည်ထဲကို ၀င်တဲ့ အဓိက အပေါက်တွေထဲက တခုပါပဲ။ မြစ်တဘက်ကမ်းမှာ မြန်မာပြည်ရဲ့အထူး နယ်မြေ အမှတ် ၂ရဲ့ မြို့တော် ဘန်ကောင်း(Bangkang) ရှိပါတယ်။ တရုတ်ပြည်ကြီး သက်သက်သာသာ ရှိတဲ့အချိန်တွေမှာ တရုတ် ခရီးသွားဧည့်သည်တွေက သူတို့ တိုင်းပြည်မှာ တားမြစ်ထားတဲ့ လောင်းကစား လုပ်နိုင်ဖို့ ဘန်ကောင်းရဲ့ ကာစီနို လောင်းကစားဝိုင်းကို အလည်သွား ကစားကြပါတယ်။ ဒါပေမဲ့ အခု လပိုင်းတွေမှာတော့ အဲဒီ နယ်စပ်နားတ၀ိုက်မှာ နေထိုင်သူတွေကိုပဲ တံတားဖြတ်ခွင့်ပေးထားပါတယ်။ အထူးနယ်မြေ အမှတ် ၂ ကို မြန်မာပြည်ရဲ့ အကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်တဲ့ ၀ တပ်ဖွဲ့ က ထိန်းချုပ်ထားတာပါ။
တရုတ်ကြောက်တာက စစ်အစိုးရရဲ့ နိုဝင်ဘာ ၇ ရက်နေ့မှာ နှစ် ၂၀ဆယ် အတွင်း ပထမဆုံးကြိမ် ကျင်းပလိုက်တဲ့ ရွေးကောက်ပွဲကြောင့် တော်တော်ကြာ ရပ်စဲထားတဲ့ ပစ်ခတ်ရေးကြီး ပျက်စီးသွားပြီး၊ ၀တပ်ဖွဲ့နဲ့ တခြား လက်နက်ကိုင် တပ်ဖွဲ့တို့ တောက်လျှောက် တိုက်ပွဲတွေ ဖြစ်လာကြမှာကိုပါပဲ။
ပြီးခဲ့တဲံ နှစ် သြဂုတ်လမှာ ၀ နယ်မြေရဲ့မြောက်ဘက် ကိုးကန့်က တရုတ် တိုင်းရင်းသား လက်နက်ကိုင် တဖွဲ့ကို မြန်မာစစ်အစိုးရက တိုက်ခိုက်ခဲ့ပြီး၊ ၃၇၀၀၀ ဒုက္ခသည်တွေဟာ တရုတ်ပြည်ရဲ့ယူနယ်နယ်မြေဘက်ကို ခိုလှုံဖို့ ရောက်သွားကြပါတယ်။ အရာရှိတွေက သူတို့ကို အစားအသောက်တွေ ပေးတာတို့ နေရေးထိုင်ရေး စီစဉ်ပေးတို့ လုပ်ပေးပါတယ်။ ဒါပေမဲ့ ၀ တပ်ဖွဲ့ကတော့ ပြဿနာကို ဒီထက်ပိုအောင် လုပ်နိုင်ပြီး သွေးထွက်သံယိုတွေဖြစ်ကြမှာပါ။ စစ်အစိုးရကတော့ လက်နက်ကိုင် တပ်ဖွဲ့တွေကို သူ့ရဲ့ နယ်စပ်စောင့်တပ်တွေထဲ အဖွဲ့ဝင်ဖို့ လိုလားပေမဲ့ တချို့ အဖွဲ့တွေက ထိုင်းနဲ့ တရုတ် နယ်စပ်တလျှောက် စစ်အစိုးရ ထိန်းချုပ်ထားတဲ့ မူးယစ်ဆေး မှောင်ခို ပူးပေါင်းနယ်မြေနဲ့ အပစ်အခတ် ရပ်စဲဖို့ စိတ်ဝင်စားကြပါတယ်။
ပြဿနာကတော့ စတင်နေပါပြီ။ ပြီးခဲ့တဲ့လမှာ မြန်မာ အစိုးရပိုင် သတင်းဌာနက ကချင် လွတ်မြောက်ရေး တပ်ဖွဲ့ကို သောင်းကျန်းသူတွေလို့ နာမည်တပ်ခေါ်ခဲ့ပါတယ်။ ၁၉၉ ၄ခုနှစ် အပစ်အခတ် ရပ်စဲပြီးကတည်းက ကချင်တပ်ဖွဲ့ကို သောင်းကျန်းသူများလို့ မခေါ်တာ ကြာခဲ့ပါပြီ။ ကိုးကန့်ကိစ္စဖြစ်ပြီးကတည်းက ကေအိုင်အေ တပ်ဖွဲ့က ရွာသားတွေကို တိုက်ပွဲအတွက် ပြင်ဆင်နိုင်ဖို့ လက်နက်တွေ တပ်ဆင်ပေးထားပါတယ်။ NDAA အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစု တပ်ဖွဲ့ကလည်း နယ်စပ်တဘက်ကမ်း က တရုတ် နယ်လည့်ခရီးသွား လုပ်ငန်းတွင်ကျယ်နေတဲ့ ဒေသဖြစ်တဲ့ ဇီရူန်ဘန်းနာ Xishuangbanna ပြင်ဆင်နေပါပြီ။ ၀ တပ်ဖွဲ့ဟာ မြင်းဆေးနဲ့ ဘိန်းဖြူတွေကို ပိုထုတ်နေပြီး လက်နက်တွေ ၀ယ်ဖို့ လုပ်နေပါတယ်လို့ ပြည်ပရောက်မြန်မာများက သတင်းပို့ပါတယ်။
ဒါသတင်းဟာ တရုတ်အတွက် သတင်းဆိုးပါတယ်။ မူးယစ်ဆေးဝါးတွေကိုမြန်မာပြည်ဘက်မှာပဲ ရှိစေဖို့ တရုတ်က ကြိုးပမ်းနေတာပါ။ လတ်တလော နှစ်တွေမှာ ရာဘာ တို့ ကော်ဖီတို့ကို ဘိန်းပင်တွေ နေရာမှာ အစားထိုး စိုက်နိုင်ဖို့ ၀လူမျိုး လယ်သမားတွေကို တရုတ်အစိုးရက ကူညီပေးဖို့ ကြိုးစားနေခဲ့တာပါ။ မန်းငရဲ့ နေထိုင်သူ တဦးက ၀ နယ်မြေထဲမှာ ရာဘာပင် စိုက်ပျိုးဖို့ အကြံအစည် ဘယ်လို ပျက်ခဲ့ရသလဲကို ရှင်းပြပါတယ်။ သူထင်တာက မြန်မာအစိုးရတပ်က လူ တဦး သူ့ရဲ့ယာကို ဖျက်ဆီးလိုက်ပြီးကတည်းက လို့ ဆိုပါတယ်။
တရုတ်ပြည်ဟာ အကျပ်ရိုက်နေပါတယ်။ မြန်မာ စစ်အစိုးရကို ထောက်ခံအားပေးသူဖြစ်ပါတယ်။ မြန်မာပြည်ဟာ ဘင်္ဂလား ပင်လယ်တလျှောက် ပိုက်လိုင်းနဲ့ ရေနံနဲ့ ဓာတ်ငွေတွေ သယ်ပို့ရာ လမ်းကြောင်း တခု ဖြစ်လာမယ့် သဘော ရှိပါတယ်။ တဘက်မှာလည်း လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့လည်း အဆက်အသွယ် ရှိပါတယ်။ ၀ တပ်ဖွဲ့နဲ့ အမျိုးသား တပ်ပေါင်းစု တပ်ဖွဲ့တွေဟာ မြန်မာပြည် ကွန်မြူနစ်ပါတီကနေ ထွက်ပေါ်လာတဲ့ တပ်ဖွဲ့တွေဖြစ်ပြီး၊ တရုတ်အစိုးရစီကနေ လက်နက် အကူအညီ ရဖူးခဲ့ပါတယ်။ တရုတ်နိုင်ငံက လက်နက်ကိုင်တပ်တွေရဲ့ မူယစ်ဆေး လုပ်ငန်းတွေကို မကြိုက်ပေမဲ့ သူတို့တွေရဲ့ နယ်မြေတွေဟာ တရုတ်အတွက် နယ်စပ်မှာ ကြားခံပေးထားတဲ့ သဘော ရှိပါတယ်။ မြန်မာအစိုးရကလည်း တရုတ်ရဲ့ ကုလသမဂ္ဂမှာ ထောက်ခံပေးထားတာကို သဘောကျပါတယ်။ တဘက်မှာလည်း တရုတ်ရဲ့ ပြိုင်ဘက်ဖြစ်တဲ့ အိန္ဒိယစီကနေ အကူအညီကို ရယူပါတယ်။ တရုတ်အစိုးရကတော့ တိုက်ပွဲတွေကို သေချာပေါက် မကြိုက်ပါဘူး။ ဘရပ်စဲလ် အခြေစိုက် အကြံပေးအဖွဲ့ဖြစ်တဲ့ နိုင်ငံတကာ အကျပ်အတည်း အဖွဲ့က ၀နဲ့ စစ်အစိုးရ တို့ရဲ့ ဖေဖေါ်ဝါရီ စကားဝိုင်မှာ ကူညီပေးနိုင်ခဲ့တယ်လို့ ဆိုပေမဲ့လည်း နိဂုန်းမချုပ်နိုင်ခဲ့ပါဘူး။
ယူနန်မှာရှိတဲ့ အရာရှိများကတော့ နယ်စပ်တ၀ိုက် ငြိမ်းချမ်းရေးအတွက် အင်မတန်ကို အထူးဂရုပြုကြပါတယ်။ မိုင်းတွင်းတွေ၊ ရာဘာ လုပ်ငန်းတွေနဲ့ တခြား လက်နက်ကိုင် အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေက လုပ်ငန်းတွေမှာ ယူနန် ကုမ္ဗဏီတွေက ရင်းနှီးမြုပ်နှံပြီး လုပ်ငန်း လုပ်ကိုင်နေကြတာပါ။ ဘန်ကောင်းမြို့ရဲ့ လူနေမှု အဆင့်အဆန်းက တခြား တရုတ် နယ်စပ်တွေက မြို့တွေနဲ့ နှိုင်းယှဉ်ရင် နိမ့်ကျနေပေမဲ့လည်း အဲဒီ မြို့ ပတ်ဝန်းကျင်မှာ နေထိုင်သူများက တရုတ် လုပ်ငန်းရှင်တွေကို ကျေးဇူးတင်ကြပါတယ်။ အဲဒီမှာ ရှိတဲ့ ဆိုင်းဘုတ်တွေဟာ တရုတ်လို ရေးသားထားပါတယ်။ တရုတ်ငွေ ယွမ် ကိုလည်း ကျယ်ကျယ်ပြန့်ပြန့် သုံး နေကြပါတယ်။ တရုတ် ဘက်ခြမ်းမှာတော့ ၀ ပြည်နယ် လိုင်စင် နံပါတ်ပြား တပ်ဆင်ထားတဲ့ မီးထိန်ထိန်းလင်း ပြိုင်ကားတွေကို တွေ့ရမှာပါ။ ကြားရတဲ့ သတင်းတခုမှာဆိုရင် တရုတ်ပြည်နဲ့ ဖြတ်ကျော်သွားလာနေတဲ့ တရုတ် ကားမောင်းသမား တဦးဟာ ငွေတွေ အပြည့်တင်ထားတဲ့ ကုန်တင်ကားနဲ့ ဘန်ကောင်းမြို့ကနေ တရုတ်နိုင်ငံထဲကို ခိုးဝင်လာတယ်လို့ ဆိုပါတယ်။ “ ဒါကို ကြည့်ရင် တချို့သူတွေဟာ ဘယ်လောက်ချမ်းသားသလဲဆိုတာ သိနိုင်တယ်” ရွားသားတဦးက ရှင်းပြပါတယ်။
ပြီးခဲ့တဲ့ နှစ်က ကိုးကန်မှာ တိုက်ပွဲဖြစ်တော့ တရုတ်ပြည်ဘက်ကို ကျည်ခွံ ၃ ခု ကျခဲ့ပြီး၊ လူတဦး သေဆုံး၊ ၂ ဦး ဒဏ်ရာ ရခဲ့ပါတယ်။ မြန်မာပြည်ဘက်က ထွက်ပြေးလာတဲ့သူ အများစုဟာ တရုတ်နိုင်ငံသား လုပ်ငန်း လုပ်ကိုင်သူတွေပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အလားတူ တိုက်ပွဲတွေကြောင့် တရုတ်ပြည်ရဲ့ နယ်စပ်ဖြတ်ကျော်ရေး တားမြစ်ချက်တွေကို ကွေ့ဝိုက်သွားမယ့် သူများကိုတော့ ထိန်းချုပ်ထားနိုင်မယ့် သဘော မရှိပါဘူး။ မန်းင ဂိတ်မှာ ရှိတဲ့ ပွဲစားတွေက မြစ်ကို တရားမ၀င် ဖြတ်ကျော်ရေးမှာ စီးစဉ်ပေးနိုင်ကြပါတယ်။ ကားဘီးပေါ် ခရီးသည်တွေ တင်သွားပေးမယ်၊ လုံခြုံရေးအတွက် စိတ်ချရမယ်လို့ ဂတိပေးကြပါတယ်။ လူ အများ နေ့စဉ် အသက်စွန့် သွားနေကြတာပဲလို့ ရွာသားတွေက ဆိုပါတယ်။
(The Economist ရဲ့ သတင်းဆောင်းပါးကို ဘာသာပြန်ထားတာပါ။)
0 comments:
Post a Comment