မှ တစ်ပါး
by Zay Ya on Saturday, April 7, 2012 at 2:48am
A: "ကျနော် နေရာများ မှားရောက်လာ ပါသလား။ ကျနော် နေချင်တာက သာမန်လူတစ်ယောက်ရဲ့ ဘဝ။ ပျော်ရွှင်တယ်။ ချစ်သူ ရှိမယ်။ အချစ်ခံရမယ်။ ပျော်ပါးနေနိုင်ဖို့ သူငယ်ချင်းတွေ ရှိမယ်။ ကျနော် အဲ့ဒါပဲ လိုချင်ပါတယ်။ အသိဥာဏ် အလင်း ကို မလိုချင်ဘူး။ ကျနော် နေရာ မှားရောက်လာတာ ဟုတ်ပါသလား။"
B: အသိဥာဏ်အလင်း (Enlightenment) ဆိုတဲ့ စကားကို မှားမှား ယွင်းယွင်း ယူဆထားမယ် ဆိုရင် ဒီလို မေးခွန်း ထုတ်လာ တာ မဆန်းပါဘူး။ ခင်ဗျား အတွေးထဲမှာ - အသိဥာဏ်အလင်း ဆိုတဲ့ စကားလုံး က မြေကြီးမနီး နေဘူး မဟုတ်လား။ ဒါ့ကြောင့် ဒီစာလုံးကို အခြား ကမ္ဘာ၊ အခြား လောက၊ အခြားဘဝ မှာ ရှိတဲ့ အမျိုးအမည် မသိ အရာကြီး တစ်ခု လိုလို ထင်နေ မိနိုင်ပါတယ်။ ဒါမှမဟုတ် သေလွန်ပြီးတဲ့ နောက်မှ ရရှိ မယ့် အရာတစ်ခုလိုလို မြင်နေ မိနိုင်တယ်။ အဲ့ အထင်အမြင် ဟာ လုံးဝ မှားယွင်း ပါတယ်။
ခင်ဗျား စင်စစ် ပျော်ရွှင် ချင်တာ ဆိုရင် အသိဥာဏ် အလင်း ကလွဲလို့ အခြား မရှိဘူး။ ခင်ဗျား သာမာန် လူတစ်ယောက် စင်စစ် ဖြစ်ဖို့ ဒီ အသိဥာဏ် အမြင် မရှိဘဲ မရဘူး။ ခင်ဗျား အပြည့်အဝ ချစ်နိုင်ဖို့၊ ခင်ဗျား အပြည့်အဝ အချစ်ခံ နိုင်ဖို့ အသိဥာဏ် အလင်း မရှိဘဲ မဖြစ်ဘူး။ ဒါ့ကြောင့် အသိဥာဏ်အလင်း (Enlightenment) ဆိုတဲ့ စကားကို ကောင်းကောင်း နားလည်ထားဖို့ ရှင်းရပါလိမ့်မယ်။ အသိဥာဏ် အလင်း ဟာ - သာမာန် ဖြစ်ခြင်း၊ ရိုးရိုးသာ ဖြစ်တည်ခြင်း၊ ကျန်းမာခြင်း၊ သိမြင် သတိရှိခြင်း၊ အပြည့်အဝ ဖြစ်ခြင်း စသဖြင့် အနက် အဓိပ္ပာယ် အများ ပါဝင် ပါတယ်။
ခင်ဗျားတို့ ကျနော်တို့ စိတ်ဟာ ခပ်ဆန်းဆန်း အရာတွေ ကိုသာ ရှာဖွေတယ်။ အဲ့ဒါကိုက "အတ္တ" လို့ အမည်တပ်ကြ တယ်။ စိတ်ကူး အတွေးအကြံ တွေကြောင့် - မိမိ ကိုယ်ကိုယ် - မိမိ ရိုးရိုးရှင်းရှင်း မရှိချင် ဘူး။ ဟုတ်တယ်ဟုတ် ? ။ မိမိ ကိုယ်ကိုယ် - တစ်စုံ တစ်ဦး အဖြစ် ထူးခြား ချင်တယ်။ ခင်ဗျား ဟာ ဘာမှ မဟုတ်ဘူး လို့ အမြင် ခံရ မှာ ကြောက်တယ်။ ခင်ဗျား အတွင်း သန္တာန် မှာ ဗလာချည် ဖြစ်နေမှာ ကို စိုးရွံ့တယ်။ အဲ့ဒါနဲ့ နိစ္စဓူဝ ခင်ဗျား ဘဝ မှာ ဘယ် တစ်ခုမှ မလစ်ဟာ သွားအောင် အသစ် အသစ် ရှာဖွေရင်း ထည့်၊ ဖြည့်စွက် ရ တော့တယ်။
ဒါ့ကြောင့် လူတိုင်း ရိုးရိုး ရှင်းရှင်း မရှိကြတာပဲ ဖြစ်ပါတယ်။ တစ်ခု မဟုတ် တစ်ခု ဆန်းပြားမှု ကို ရှာဖွေ တယ်။ ခုံမင်တယ်။ အဲ့သည်က ကို ပဲ - စိတ်ညစ်ရ၊ စိတ်ဆင်းရဲ ရမယ် ။ တိုတို ဆိုရင် - "ဒုက္ခ" ဖြစ်ပါတယ်။ ဘာလို့ဆို - စိတ်လို လက်ရ ခင်ဗျား ရှာဖွေ နေတဲ့ - ဆန်းပြားမှု ဆိုတာ တကယ်စင်စစ် မဖြစ် လာ နိုင်လို့ပဲ။
ခင်ဗျား ဟာ မိမိ ကိုယ်ကိုယ် ဘာလဲ လို့ မေးရင် - ခင်ဗျား က ဘာမှ မဟုတ်ဘူး လို့ ကျနော် ပြန်ဖြေပါမယ်။ ဒါပေမယ့် အဲ့လိုအဖြေကို ခင်ဗျား မကြိုက်ဘူး မဟုတ်လား ။ တကယ့် သဘာဝ ကိုက - ခင်ဗျားဟာ ဘာမှ ဟုတ်မနေပါဘူး။ ဒါပေမယ့် ခင်ဗျား မကြိုက်ဘူး။ ဒီအကြောင်းကြောင့် မိမိ ဘာသာ ဒုက္ခ ခံနေရ ပါတော့တယ် ။ ဘယ်လောက်ပဲ မိမိကိုယ်ကိုယ် ဟုတ်နေအောင် အားကြိုး မာန်တက် ကြိုးပမ်း နေပါစေ - ခင်ဗျား သဘာဝ ကို ခင်ဗျား မကျော်လွန် နိုင်ဘူး ရယ်။ စစ်ဘုရင် အလက်ဇန္ဒား လည်း ဒီလို နည်း နဲ့ပဲ ကျရှုံး ခဲ့တယ်။
ခင်ဗျား ဟာ ခင်ဗျားပဲ ။ အခြားသူ တစ်ယောက် ဘယ်နည်းနဲ့ မှ မဖြစ်ဘူး။ --အဲ့ဒါကို ခင်ဗျား ကျေကျေ လည်လည် လက်ခံ နိုင် ပါသလား။ ခင်ဗျား ဟာ သူပြော ငါပြော ထူးထွေ ဆန်းပြားနေ တဲ့ အရာ မဟုတ်ဘူး။ ခင်ဗျားဟာ ဘာမှ မဟုတ်ဘူး - အဲ့ဒါကိုရော ကျေကျေ နပ်နပ် လက်ခံ သလား။
စင်စစ် ဘာမှ မဟုတ်ခြင်း - သက်သက် ဟာ - ဘာ အမှားအယွင်းမှ မရှိဘူး။ ဘာမှ မဟုတ်တာဟာ မကောင်းတာ မဟုတ်ဘူး။ အဲ့ဒီ ဘာမှ မဟုတ်ခြင်း ဟာ ရိုးရိုးစင်းစင်း ဖြစ်တည်ခြင်း သက်သက် သာ ဖြစ်ပါတယ်။ ဒါကို စိတ်နှလုံး ဘဝင် တကျ လက်ခံနိုင်ဖို့ လိုအပ်တယ်။ အဲ့ဒီ လိုအပ်ချက် ကြောင့် ဘာဝနာ အမှု ပြုရတာ ဖြစ်ပါတယ်။ ဘာဝနာ အားဖြင့် မိမိ ကိုယ်ကိုယ် ရှင်းလင်း မြင်မိတဲ့ အခါ - ကျနော် ပြောတဲ့ "ဘာမှမဟုတ်ဘူး" ဆိုတာကို မိမိ ဘာသာ သဘောပေါက် ပါတယ်။ အဲ့ဒီအခါ ခင်ဗျား အပြည့်အဝ ချမ်းမြေ့မှု ရှိလာ ကြောင်း တွေ့ရပါ လိမ့်မယ်။ ဒီလို အမြင်ဟောင်း မရှိတော့ တာနဲ့ပဲ ဘာလို့ ချမ်းမြေ့ လာပါသလဲ -- အကြောင်းက ခင်ဗျား သန္တာန်မှာ အဲ့ဒီအမြင်ဟောင်း ရဲ့ အစွမ်းကြောင့် ကပ်ညိနေတဲ့ "ဖြစ်ချင်ဇော၊ စိတ်ဆန္ဒ၊ မျှော်လင့်တမ်းတချက်" ဆိုတာတွေ ကို ခင်ဗျား ကိုယ်တိုင် လက်မခံတော့ ၊ ခင်ဗျားသန္တာန်မှာ သူတို့ မရှိတော့ လို့ပဲ။
Notes
- Have I come to wrong place? I just want to be ordinary and happy. I want a woman to love, and to love me; friend to spend time with and enjoy. I don't want Enlightenment. Have I come to the wrong place?
- Centuries of wrong upbringing have completely confused your mind about enlightenment.The very word seems to be unearthly, other-worldly; the very word seems to be something which is after death or for those who are already dead. This is absolutely wrong. If you want to be happy there is no other way than enlightenment. If you want to be ordinary nobody has ever been ordinary without enlightenment. If you want to love and be loved it is impossible without enlightenment. So you will have to understand my concept of enlightenment. It is just to be ordinary, healthy, aware, whole, total.
...................
~ On Ordinariness
...................
April 7th 2012 at 2:10 AM
...................
http://zayya.blog.com/
http://zayya.wordpress.com/
http://zayyablogger.blogspot.com/
...................
0 comments:
Post a Comment