Saturday, April 14, 2012

အရှက်တရား ရှိစေလို

simple views 
တကယ်တော့ သင်္ကြန်ဆိုတာ အင်မတန် ပျော်စရာကောင်းတဲ့ အချိန်ကာလ တစ်ခုပါ ။ 
ဘယ်လောက် ရေတွေရွှဲရွဲ ၊ နေပူပူ ၊ တနေကုန် ကဲကဲ ဘယ်တော့မှ ဖျားနာတယ်ဆိုတာ မရှိပါဘူး ။
ဧပြီလ ရောက်ပြီဆိုတာနဲ. အလိုလိုကိုပျော်ရွှင်နေမိတာပါ ။ 
သင်္ကြန်သီချင်းတွေထဲကတော့ သင်္ကြန်မိုးကားထဲက သီချင်းတွေ ၊ ဆရာမြို.မငြိမ်းရေးတဲ့ သီချင်းတွေ ကို မှီတဲ့  ၊ ဘယ်တော့မှ မရိုးနိုင်တဲ့ သီချင်းမျိုး ဘယ်သူမှ မရေးစပ်နိုင်တာတော့ ဝမ်းနည်းစရာပါ ။ 

ခေတ်တွေ စနစ်တွေ ပြောင်းလာလို. ကျင်းပတဲ့ အပြင်အဆင် ဘယ်လိုပြောင်းပြောင်း ၊ ရေကစားပုံ ဘယ်လိုပြောင်းပြောင်း ငါ မြန်မာ ဆိုတာကိုတော့ စိတ်ထဲမှာ မြဲမြဲ မှတ်ထားစေချင်ပါတယ် ။ 
ခေတ်ကာလရွေ.လျော လာတာနဲ.အမျှ သင်္ကြန်တွင်း ရေကစားသူ ၊ ရေပက်ခံသူတွေ ရဲ့ ဝတ်စားဆင်ယင်မှု.တွေကလည်း ပြောင်းလဲ လာတာ အဆန်းတော့ မဟုတ်ပါဘူး။ 
ဒါပေမယ့် ဘာက ဆန်းနေသလဲ ဆိုရင် အရှက်တရား ၊ ဂုဏ်သိက္ခာ တို.ဆိုတာ မြောင်းထဲ ရောက်ကုန်တာပါပဲ ။ 
မိန်းကလေးများ အင်မတန် ဆိုးရွားပါတယ် ။ ဒါဟာ တိုးတက်လာတာ မဟုတ်ပါဘူး ၊ ပွင့်လင်းလာတာ မဟုတ်ပါဘူး ။ ဆုတ်ယုတ်လာတာပါ ။ 
တိရိစ္ဆာန် နီးနီးဖြစ်လာကြတာပါ ။ တိရိစ္ဆာန် ဆိုတာ ရှက်ရမှန်း မသိပါဘူး ။ အရှက်တရား ရှိခြင်း ၊ သိက္ခာကို တန်ဖိုးထားခြင်း ဆိုတာ လူနဲ. တိရိစ္ဆာန် ရဲ့ ကွာခြားချက် တခုပါ ။ 
အခုတော့ လူမြင်ကွင်းမှာ ဘီယာသောက်တာ မပြောလိုပါ ။ သို.သော် ဘီယာသောက်ပြီး လူစိတ်ပျောက်ကာ ဖြစ်ပျက်နေတာတွေက ပြောကိုပြောမှ ဖြစ်မှာပါ ။ 
လူ.သဘာဝအရ မိန်းကလေးဆိုတာ သူများလုပ် လိုက်တုလုပ်တတ်ကြတယ် ။သရုပ်ဆောင်တွေ အတုခိုးတတ်ကြတယ် ။ ဥပမာ တင်ဇာဝင့်ကျော် ဖော်လို. လိုက်မဖော်နဲ.။ သူက ဝါသနာအရ ဖော်ပြနေတာ ။ အနံ့မကောင်းတဲ့သူ ။ သူနဲ. လိုက်တုရင် မှားသွားမှာပေါ့ ။ 
မြန်မာပြည်တွင်းမှာ အပြိုင်အဆိုင် တိုပြတ် ဖော်ပြနေတာ အဟုတ်ထင်နေကြပေမယ့် ပြည်ပရောက် မြန်မာတွေမှာတော့ မျက်နှာငယ်ရပါတယ် ။ 
မြန်မာအကြောင်း သိတဲ့ နိုင်ငံခြားသားတွေက မြန်မာမ တွေ စရိုက်ပျက် ၊ ယဉ်ကျေးမှု.ပျက်လာနေကြတာ ဝမ်းနည်းစရာပဲ လို. အပြောခံရတာ ဘယ်လောက် ရှက်စရာကောင်းသလဲ ။ ကျမလဲ မိန်းမပါပဲ ။ တခါတလေကျတော့ အဲ့လို မိန်းမမျိုးတွေကို ပြစ်ပြစ် နှစ်နှစ်ပြောပြစ်လိုက်ချင်တဲ့ စိတ်ကို မထိန်းနိုင်ပါဘူး ။
ဒီလောက်တောင် ဖော်ချွတ် ပြချင်နေရင် နေရာ တနေရာကိုပဲ သွားပါလို.။ ပိုက်ဆံလိုလို.ပဲ ဖြစ်ဖြစ် ၊ ဝါသနာပါလို.ပဲ ဖြစ်ဖြစ် အဲ့နေရာကိုပဲ သွားပါ ။ 
မြန်မာ့ရိုးရာ သင်္ကြန်ပွဲကို နေရာမှား ရောက်မလာစေချင်ပါ ။ မထိုက်တန်လို.ပါ ။  ကျမ ပြောတာ လွန် မလွန် အောက်က ပုံတွေကို ပဲ ကြည့်ပါ ။ 

Inline images 2

Inline images 3

Inline images 4


Inline images 6





အပေါ်က မြန်မာမ များ အတွက် ဒီမေးလ်ကို ရည်ရွယ်ရေးသားခြင်းဖြစ်ပါသည် ။ 

အောက်က ပုံထဲက မိန်းကလေးများကဲ့သို. ဝတ်စားဆင်ယင်ခြင်းကိုမူ လက်ခံနိုင်ပါသည် ။ မြန်မာမဆန်သော်လည်း အမြင်မရိုင်းပါ ။ လူ.အသိုင်းအဝိုင်း လက်ခံနိုင်လောက်ပါသည် ။ 

Inline images 7


အရှက်သိက္ခာတရား နှင့် တန်ဖိုးရှိသော မြန်မာမများ ဖြစ်နိုင်ကြပါစေ ။

  2 comments:

  1. ဒါမျိုးကစိတ်ရောဂါ တမျိုးဘဲလေ လူထူထူမှာမှချွတ်ပြချင်တာ ချွတ်ပြရဲတယ်လို့ ဂုဏ်ယူချင်တာ အကြည့်ခံချင်တာ ဒီနိုင်ငံမှာလဲရှိပါတယ် အဆင့်အတန်းရှိတဲ့သူတွေ အဆင့်အတန်းရှိရှိဝတ်စားပြီး သူ့ အဆင့်အတန်းနဲ့ ထိုက်တန်တဲ့ အခန်းအနားတွေကိုဘဲ သင့်ရာဝတ်စားပြီး သွားကြတာ ဘယ်သူမှ ကလေကဝလိုဝတ်စားမသွားကြပါဘူး အဲလိုဝတ်ရင်လဲ အဲဒါမျိုးဝတ်သွားသင့်တဲ့နေရာကိုသွားကြလို့ ဝတ်ကြတာပါ
    ဟိုမင်းသားလိုမူးပြီး လူပုံအလည်လမ်းလည်ခေါင် မှာ ပုဆိုးမပါလို့ ကတော့ ရဲဖမ်းခံရမယ်မှတ် ဒီလောက်နဲ့ ပြီးမယ်မထင်နဲ့ ဒီအမှု့ ကသူ့ နောက်သူသေတဲ့ အထိပါမှာလေ
    ဟိုမင်းသမီးကတော့ စိတ်ရောဂါရှိပုံရပါတယ် အရမ်းကို ပြချင်နေတယ် နေရာမရွေးဘူးဘဲ ဒါမျိုးနဲ့ ဒီနေရာရောက်လာတော့ ဒီလိုဘဲ ဆက်လုပ်နေတာပေါ့
    သူ တို့ လေးတွေရဲ့မိဘတွေကိုဘဲအားနာပြီးသနားပါတယ် သိရင်ရှက်ရှာကြမှာဘဲ

    ReplyDelete
  2. အခုခေတ်မိန်းကလေးတွေရဲ့ ထင်ပေါ်ကျော်ကြားချင်တဲ့ စိတ်ကြောင့်လေ သူတို့ မှာအရှက်တရားမ့ရှိတော့ဘူး
    အထူးသဖြင့်မင်းသမီးတွေပဲ သူတို့ တွေအနေအထိုင်ဆင်ခြင်ရင်ကောင်းမယ် ပြည်သူတွေကအများအားဖြင့်သူတို့ ကိုအတုယူကြတာလေနော်
    အခုခေတ်မင်းသမီးတွေကသူတို့ ကိုယ်သူတို့ ကုန်ပစ်စည်းလိုသဘောထားပြီးမဖော်ပြသင့်တဲ့ bodyအစိတ်အပိုင်းတွေကိုဖော်ပြပြီးဓါတ်ပုံအရိုက်ခံ ပြီးတော့ အင်တာနက်ပေါ်တင် ယောကျာ်းတွေကိုဖိတ်ခေါ်ပြီးစပွန်ဆာရှာနေကြတာလေ
    တချို့ မင်းသမီးတွေဆိုသူများယော်ကျာ်းလဲနားမလည်ဘူး သူတို့ ပိုက်ဆံရဖို့ ပဲကြည့်တာ တော်တော်ကိုဆိုးနေကြပီ

    ReplyDelete

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...