Sunday, October 12, 2014

ကော့တောင်ကျွန်းမြေနိမ့်ရာတွင်စိုက်သည့်လှံ (သို့မဟုတ်) မြန်မာတို့အတွက်အမျိုးသားရေးစိန်ခေါ်သံ။ (ပထမပိုင်း)

ကော့တောင်ကျွန်းမြေနိမ့်ရာတွင်စိုက်သည့်လှံ

(သို့မဟုတ်)

မြန်မာတို့အတွက်အမျိုးသားရေးစိန်ခေါ်သံ။(ပထမပိုင်း)

(မင်းဒင်)

(၁) မြန်မာလူငယ်နှစ်ဦးကျူးလွန်သည်ဟုစွပ်စွဲခံရသည့်ကမ္ဘာကျော်လူသတ်မှု

၂၀၁၄ခုနှစ်၊အောက်တိုဘာလ(၇)ရက်။နံနက်ကိုးနာရီခန့်အချိန်ဖြစ်ပြီး မိုးတဖျောက်ဖျောက်ရွာလျက်ရှိသည်။ ဖူးခက်မြို့၊ဝထစ်နယ်မြေ ရဲစခန်းအတွင်းရှိ ဝန်ထမ်းသက်သာလက်ဖက်ရည်ဆိုင်မှာ ထိုင်းလူမျိုးမိတ်ဆွေ နှစ်ဦး ဖြစ်သော ဖိဥ၊ဖိအေတို့နှင့်  တွေ့ဆုံမိကြသည်။ ကျန်ာတို့သုံးဦးသား လာရင်းကိစ္စကိုမဆွေးနွေးနိုင်သေးပဲ တစ်ယောက်မျက်နှာတယောက်ကြည့်ရင်း အတွေးကိုယ်စီဖြင့်၊နှုတ်ဆိတ် ရှိနေကြသည်။ 

ဖိ အေကား  ရဲအရာရှိ၍ဖိဥမှာ သြစတြေလျနိုင်ငံတွင် အဆင့်မြင့်ဂီတပညာသင်ယူခဲ့သော အရပ်သား ပညာတတ်တစ် ယောက်ဖြစ်သည်။ သုံး ဦးအကြားမှတိတ်ဆိတ်ငြိမ်သက်ခြင်းကိုကျနော်ကပင် စတင်ဖြိုခွဲလိုက်မိသည်။ လာရင်းကိစ္စနှင့်ပတ်သက်၍ ကားမဟုတ်။
“အေးဗျာ။လက်ရှိအခြေအနေမှာတော့ မှန်တယ်၊မှားတယ်ဆိုတာ ပြောဖို့ခက်နေပါသေးတယ်”
“ကျနော်တို့ထိုင်းနိုင်ငံရဲ့အမြင့်ဆုံးရဲအရာရှိကြီးကတော့ သူရှာဖွေဖော်ထုတ်ထားတဲ့ ဒီအမှုရဲ့လက်သည်တရားခံမှန်ကန်ကြောင်း ရာနှုန်း ပြည့် အာမခံသတဲ့ဗျ”

ကျနော်၏ချင့်ချင့်ချိန်ချိန်စကားအဆုံးတွင် အသံထွက်လာသူမှာ ဖိဥဖြစ်ပြီး သူ့နှုတ်ခမ်းသည်ပြုံးယောင်ယောင်အသွင်ဆောင်နေရာ ခနဲ့ တဲ့တဲ့လေသံဟုပင်ထင်ရ၏။ထို့နောက်ခပ်လေးလေးတုန့်ပြန်သံထွက်သူမှာ ရဲအရာရှိဖိအေဖြစ်သည်။

“အေးဗျာ။ကျနော်တော့ဘာပြောရမှန်းတောင်မသိတော့ပါဘူး”
ထိုသို့လျှင် ကျနော်တို့သုံးဦးသား တိုင်ပင်မထားပါပဲလျက် ပြိုင်ကိုယ်စီ သဘောပေါက် နားလည်နေခဲ့ ပြီးဖြစ်နေသည့်အကြောင်းခြင်းရာ သည်ကား ထိုင်းနိုင်ငံစူရတ်ဌာနီခရိုင်ကော့တောင်ကျွန်းဆီလူသတ်မှုဖြစ်လေ၏။မှန်ပါသည်။ ကော့တောင်ကျွန်းလူသတ်မှုကား ဤရက် ပိုင်းများအတွင်း ထိုင်းနိုင်ငံ တဝှမ်းလုံး၌သာမက အမေရိကတိုက်၊ဥရောပတိုက်နိုင်ငံများနှင့်ကမ္ဘာအနှံ့ သို့တိုင်ကျော်လွန်ပျံ့လွင့် လျက်ရှိ သည့် သတင်းထူးဖြစ်လေသည်။ 

လွန်ခဲ့သော စက်တင်ဘာလ(၁၅)ရက်နေ့နံနက်(၁း၀၀)ကျော်အချိန်တွင် ကော့တောင်ကျွန်း၏ ပင်လယ်ကမ်းစပ်၌ ဗြိတိသျှနိုင်ငံသား နှစ်ယောက် ရက်စက်စွာအသတ်ခံခဲ့ရပြီး ထိုင်းရဲတို့၏အမှုလက်သည်တရားခံ ဖော်ထုတ်ပုံအဆင့် ဆင့်သည် တစတစရှုပ်ထွေးပွေလီလာခဲ့ရာမှ ထိုသတင်းသည် ကမ္ဘာကျော်လူသတ်မှုစာရင်းဝင်ခဲ့လေတော့သည်။ ထို့ထက်ပို၍ထူးခြား သည်ကား အဆိုပါလက်သည်တရားခံ အရှာရခက်လှသော ရာဇဝတ်မှုကြီးကိုကျူးလွန်ခဲ့ကြသူများမှာ မြန်မာပြည်ဖွားအသက်နှစ် ဆယ်ကျော်လူငယ်နှစ်ဦးဖြစ်နေခြင်းကြောင့်၊ မြန်မာလူမျိုးအားလုံး အိပ်ယာမှလှုပ်နိုးခံရသကဲ့သို့ရှိခြင်းပေတည်း။

(၂)ကျနော်ရောက်ခဲ့ဖူးသည့်ကော့တောင်ကျွန်း

တိုက်တိုက်ဆိုင်ဆိုင်ဟုပင်ဆိုရမည်လောမသိချေ။အဆိုပါ လူသတ်မှုဖြစ်ပွားရာ၊ထိုင်းနိုင်ငံတောင်ပိုင်းကော့တောင်ကျွန်းသို့ လွန်ခဲ့သော နှစ်နှစ်ခန့်က ကျနော် ကိုယ်တိုင်စာပေဟောပြောပွဲတစ်ခုဖိတ်ကြားသဖြင့်၊ရခိုင်လူမျိုးသမိုင်းပညာရှင် ဒေါက်တာအေးချမ်း၊ ရခိုင်သတင်းစာ အယ်ဒီတာဦးဌေးဝင်းတို့နှင့်တူ သုံးညအိပ်လေး ရက်ခရီး ရောက်ရှိခဲ့ဖူးလေသည်။ကော့တောင်ကျွန်းသည် ပင်လယ်ပြင်အတွင်း အထီး တည်းတည်ရှိပြီးကျနော်နေထိုင်ရာဖူးခက်မြို့မှ ကီလိုမီတာ လေးရာကျော်ခန့်ကွာဝေးသည်။ဖူးခက်မှသည်ချွန်ဖွန်မြို့ဆီသို့ ကားဖြင့်တစ် တန်၊ချွန်ဖွန်မှသည် ကော့တောင်ကျွန်းဆီသို့ ဇက်သင်္ဘောဖြင့်တဖုံ၊စုစုပေါင်း ခြောက်နာရီနီးပါးခရီးနှင်ခဲ့ရသည်။

ကော့ဆိုသည်မှာကျွန်း၊တောင်ဆိုသည်မှာ လိပ်ဖြစ်၍ကော့တောင်ကျွန်းကို လိပ်ကျွန်းဟုမြန်မာဘာသာပြန်ဆိုနိုင်ပါသည်။မှတ်ချက်။ ။(စင်စစ် ထိုင်းဘာသာတွင် တဝမ်းပူအသံထွက်မရှိပါ။တိကျစွာအသံထွက်လျှင် ကော့သောင်ဟုသာဖြစ်ရပါမည်။ထိုင်းမြန်မာနယ်စပ်မြို့ ကော့သောင်နှင့်မရောထွေးစေခြင်းငှာ ကော့တောင်ဟုသာရေးသားဖော်ပါပြပါအံ့။)
၁၉၃၃ခုနှစ်ဝန်းကျင်များက ကော့တောင်ကျွန်းသည် ထိုင်းနိုင်ငံတွင်၊တစ်သက်တစ်ကျွန်းပြစ်ဒဏ်ကျခံရသောနှစ်ကြီးအကျဉ်းသားများအား ချုပ်နှောင် ထိန်းသိမ်းခဲ့သည့် (မြန်မာပြည်မှကိုးကိုးကျွန်းကဲ့သို့သော) အရပ်ဖြစ်သည်ဟုဆိုပါသည်။၁၉၄၇ခုနှစ်နောက်ပိုင်းတွင် ထိုင်းနိုင်ငံ ၌တစ်သက်တစ်ကျွန်းပြစ်ဒဏ်များကို ကျွန်းပို့စီရင်သည့်တရားရေးစနစ်ကိုဖျက်သိမ်းခဲ့ရာ လွတ်ငြိမ်းချမ်းသာခွင့်ရအကျဉ်းသားအချို့ ဆက်လက်အခြေချနေထိုင်ခဲ့သောကြောင့် ကျွန်းရွာကြီးတစ်ရွာအဖြစ်သို့ပြောင်းလဲလာခဲ့သည်။

(၁၉၉၀)ခုနှစ်နောက်ပိုင်းကာလများတွင်မူ ထိုင်းနိုင်ငံတောင်ပိုင်း၊ဖူးခက်ခေါင်လတ်စသည့်ကမ္ဘာကျော်အပန်းဖြေစခန်းများ၊ထင်ရှားစည်ပင် လာသည်၏နောက်ဆက်တွဲအဖြစ်ကော့တောင်ကျွန်းသည်လည်း နိုင်ငံတကာကမ္ဘာလှည့်ခရီးသည်များ အာရုံစားကျက်ကျရာ  နတ်ပြည် တစ်ခုအလား နာမည်ကြီးသည့်ကျွန်းတကျွန်းအဖြစ် စင်ပြိုင်ကျော်ကြားလာခဲ့သည်။

ထိုမှသည် ကော့တောင်ကျွန်းမြေဈေးသည် အဆမတန်ကြောက်ခမန်းလိလိခုန်တက်လာခဲ့ပြန်ရာ “ကျွန်းပေါက်”ဟုခေါ်ဆိုသော ကော့တောင်ကျွန်းရွာခံ၊ဒေသခံတို့မှာနေ့ချင်းညချင်းကြီးပွားချမ်းသာလာကြသည့်နည်းတူ၊ထိုင်းနိုင်ငံဗဟိုအုပ်ချုပ်ရေးအာဏာစက်နှင့်အတန်ငယ်ဝေးကွာ နေသောကြောင့် အစဉ်အဆက်ရွာလူကြီး၊ကျွန်းသူကြီးမျိုးရိုး၏သြဇာအရှိန်အဝါသည်လည်း အထိတ်တလန့်ဖြစ် လောက် အောင်ကြီးမားလာခဲ့ပြန်သည်။
နှစ်အတိအကျမဖော်ပြနိုင်သော်ငြား ကော့တောင်ကျွန်းတွင်တာဝန်ကျသည့် ရဲအရာရှိတစ်ဦးသည် လူအများ၏ရှေ့မှာပင် ကျွန်းသူကြီး ကိုယ်တိုင်သေနတ်ဖြင့် ပစ်သတ်ခံခဲ့ဖူးသည်ဟု ကော့တောင်ကျွန်းရောက်မြန်မာရွေ့ပြောင်းအလုပ်သမားတို့ကဆိုသည်။

ကျနော်ရောက်ခဲ့ စဉ်ကာလက ကော့တောင်ကျွန်းရှိမြန်မာအလုပ်သမားအရေအတွက်မှာ ငါးထောင်ခန့်ရှိသည်ဟု ခန့်မှန်းပြီးယခုလက်ရှိအချိန်တွင် ခုနစ် ထောင်ခန့်ရှိပြီဟု ဤအမှုနှင့်ပတ်သက်သည့်သတင်းများတွင်ဖော်ပြထား၏။

(ဆက်လက်ဖော်ပြပါမည်။)


(၁) မြန်မာလူငယ်နှစ်ဦးကျူးလွန်သည်ဟုစွပ်စွဲခံရသည့်ကမ္ဘာကျော်လူသတ်မှု ၂၀၁၄ ခုနှစ် ၊အောက်တိုဘာလ (၇) ရက်။နံနက်ကိုးနာရီခန့်အချိန်ဖြစ်ပြီး မိုးတဖျောက်ဖျောက်ရွာလျက်ရှိသည်။ ဖူးခက်မြို့၊ဝထစ်နယ်မြေ ရဲစခန်းအတွင်းရှိ ဝန်ထမ်းသက်သာလက်ဖက်ရည်ဆိုင်မှာ ထိုင်းလူမျိုး မိတ်ဆွေ နှစ်ဦး ဖြစ်သော ဖိဥ၊ ဖိအေတို့နှင့် တွေ့ဆုံမိကြသည်။
ကျန်ာတို့သုံးဦးသား လာရင်းကိစ္စကိုမဆွေးနွေးနိုင်သေးပဲ တစ်ယောက်မျက်နှာတယောက်ကြည့်ရင်း အတွေးကိုယ်စီဖြင့်၊နှုတ်ဆိတ် ရှိနေကြသည်။
ဖိ အေကား ရဲအရာရှိ၍ဖိဥမှာ သြစတြေလျနိုင်ငံတွင် အဆင့်မြင့်ဂီတပညာသင်ယူခဲ့သော အရပ်သား ပညာတတ်တစ် ယောက်ဖြစ်သည်။ သုံး ဦးအကြားမှတိတ်ဆိတ်ငြိမ်သက်ခြင်းကိုကျနော်ကပင် စတင်ဖြိုခွဲလိုက်မိသည်။ လာရင်းကိစ္စနှင့်ပတ်သက်၍ ကားမဟုတ်။
“အေးဗျာ။လက်ရှိအခြေအနေမှာတော့ မှန်တယ်၊မှားတယ်ဆိုတာ ပြောဖို့ခက်နေပါသေးတယ်”
“ကျနော်တို့ထိုင်းနိုင်ငံရဲ့အမြင့်ဆုံးရဲအရာရှိကြီးကတော့ သူရှာဖွေဖော်ထုတ်ထားတဲ့ ဒီအမှုရဲ့လက်သည်တရားခံမှန်ကန်ကြောင်း ရာနှုန်း ပြည့် အာမခံသတဲ့ဗျ”
ကျနော်၏ချင့်ချင့်ချိန်ချိန်စကားအဆုံးတွင် အသံထွက်လာသူမှာ ဖိဥဖြစ်ပြီး သူ့နှုတ်ခမ်းသည်ပြုံးယောင်ယောင်အသွင်ဆောင်နေရာ ခနဲ့ တဲ့တဲ့လေသံဟုပင်ထင်ရ၏။ထို့နောက်ခပ်လေးလေးတုန့်ပြန်သံထွက်သူမှာ ရဲအရာရှိဖိအေဖြစ်သည်။
“အေးဗျာ။ကျနော်တော့ဘာပြောရမှန်းတောင်မသိတော့ပါဘူး”
ထိုသို့လျှင် ကျနော်တို့သုံးဦးသား တိုင်ပင်မထားပါပဲလျက် ပြိုင်ကိုယ်စီ သဘောပေါက် နားလည်နေခဲ့ ပြီးဖြစ်နေသည့်အကြောင်းခြင်းရာ သည်ကား ထိုင်းနိုင်ငံစူရတ်ဌာနီခရိုင်ကော့တောင်ကျွန်းဆီလူသတ်မှုဖြစ်လေ၏။မှန်ပါသည်။ ကော့တောင်ကျွန်းလူသတ်မှုကား ဤရက် ပိုင်းများအတွင်း ထိုင်းနိုင်ငံ တဝှမ်းလုံး၌သာမက အမေရိကတိုက်၊ဥရောပတိုက်နိုင်ငံများနှင့်ကမ္ဘာအနှံ့ သို့တိုင်ကျော်လွန်ပျံ့လွင့် လျက်ရှိ သည့် သတင်းထူးဖြစ်လေသည်။
လွန်ခဲ့သော စက်တင်ဘာလ(၁၅)ရက်နေ့နံနက်(၁း၀၀)ကျော်အချိန်တွင် ကော့တောင်ကျွန်း၏ ပင်လယ်ကမ်းစပ်၌ ဗြိတိသျှနိုင်ငံသား နှစ်ယောက် ရက်စက်စွာအသတ်ခံခဲ့ရပြီး ထိုင်းရဲတို့၏အမှုလက်သည်တရားခံ ဖော်ထုတ်ပုံအဆင့် ဆင့်သည် တစတစရှုပ်ထွေးပွေလီလာခဲ့ရာမှ ထိုသတင်းသည် ကမ္ဘာကျော်လူသတ်မှုစာရင်းဝင်ခဲ့လေတော့သည်။ ထို့ထက်ပို၍ထူးခြား သည်ကား အဆိုပါလက်သည်တရားခံ အရှာရခက်လှသော ရာဇဝတ်မှုကြီးကိုကျူးလွန်ခဲ့ကြသူများမှာ မြန်မာပြည်ဖွားအသက်နှစ် ဆယ်ကျော်လူငယ်နှစ်ဦးဖြစ်နေခြင်းကြောင့်၊ မြန်မာလူမျိုးအားလုံး အိပ်ယာမှလှုပ်နိုးခံရသကဲ့သို့ရှိခြင်းပေတည်း။
(၂)ကျနော်ရောက်ခဲ့ဖူးသည့်ကော့တောင်ကျွန်း
တိုက်တိုက်ဆိုင်ဆိုင်ဟုပင်ဆိုရမည်လောမသိချေ။အဆိုပါ လူသတ်မှုဖြစ်ပွားရာ၊ထိုင်းနိုင်ငံတောင်ပိုင်းကော့တောင်ကျွန်းသို့ လွန်ခဲ့သော နှစ်နှစ်ခန့်က ကျနော် ကိုယ်တိုင်စာပေဟောပြောပွဲတစ်ခုဖိတ်ကြားသဖြင့်၊ရခိုင်လူမျိုးသမိုင်းပညာရှင် ဒေါက်တာအေးချမ်း၊ ရခိုင်သတင်းစာ အယ်ဒီတာဦးဌေးဝင်းတို့နှင့်တူ သုံးညအိပ်လေး ရက်ခရီး ရောက်ရှိခဲ့ဖူးလေသည်။ကော့တောင်ကျွန်းသည် ပင်လယ်ပြင်အတွင်း အထီး တည်းတည်ရှိပြီးကျနော်နေထိုင်ရာဖူးခက်မြို့မှ ကီလိုမီတာ လေးရာကျော်ခန့်ကွာဝေးသည်။ဖူးခက်မှသည်ချွန်ဖွန်မြို့ဆီသို့ ကားဖြင့်တစ် တန်၊ချွန်ဖွန်မှသည် ကော့တောင်ကျွန်းဆီသို့ ဇက်သင်္ဘောဖြင့်တဖုံ၊စုစုပေါင်း ခြောက်နာရီနီးပါးခရီးနှင်ခဲ့ရသည်။
ကော့ဆိုသည်မှာကျွန်း၊တောင်ဆိုသည်မှာ လိပ်ဖြစ်၍ကော့တောင်ကျွန်းကို လိပ်ကျွန်းဟုမြန်မာဘာသာပြန်ဆိုနိုင်ပါသည်။မှတ်ချက်။ ။(စင်စစ် ထိုင်းဘာသာတွင် တဝမ်းပူအသံထွက်မရှိပါ။တိကျစွာအသံထွက်လျှင် ကော့သောင်ဟုသာဖြစ်ရပါမည်။ထိုင်းမြန်မာနယ်စပ်မြို့ ကော့သောင်နှင့်မရောထွေးစေခြင်းငှာ ကော့တောင်ဟုသာရေးသားဖော်ပါပြပါအံ့။)
၁၉၃၃ခုနှစ်ဝန်းကျင်များက ကော့တောင်ကျွန်းသည် ထိုင်းနိုင်ငံတွင်၊တစ်သက်တစ်ကျွန်းပြစ်ဒဏ်ကျခံရသောနှစ်ကြီးအကျဉ်းသားများအား ချုပ်နှောင် ထိန်းသိမ်းခဲ့သည့် (မြန်မာပြည်မှကိုးကိုးကျွန်းကဲ့သို့သော) အရပ်ဖြစ်သည်ဟုဆိုပါသည်။၁၉၄၇ခုနှစ်နောက်ပိုင်းတွင် ထိုင်းနိုင်ငံ ၌တစ်သက်တစ်ကျွန်းပြစ်ဒဏ်များကို ကျွန်းပို့စီရင်သည့်တရားရေးစနစ်ကိုဖျက်သိမ်းခဲ့ရာ လွတ်ငြိမ်းချမ်းသာခွင့်ရအကျဉ်းသားအချို့ ဆက်လက်အခြေချနေထိုင်ခဲ့သောကြောင့် ကျွန်းရွာကြီးတစ်ရွာအဖြစ်သို့ပြောင်းလဲလာခဲ့သည်။
(၁၉၉၀)ခုနှစ်နောက်ပိုင်းကာလများတွင်မူ ထိုင်းနိုင်ငံတောင်ပိုင်း၊ဖူးခက်ခေါင်လတ်စသည့်ကမ္ဘာကျော်အပန်းဖြေစခန်းများ၊ထင်ရှားစည်ပင် လာသည်၏နောက်ဆက်တွဲအဖြစ်ကော့တောင်ကျွန်းသည်လည်း နိုင်ငံတကာကမ္ဘာလှည့်ခရီးသည်များ အာရုံစားကျက်ကျရာ နတ်ပြည် တစ်ခုအလား နာမည်ကြီးသည့်ကျွန်းတကျွန်းအဖြစ် စင်ပြိုင်ကျော်ကြားလာခဲ့သည်။
ထိုမှသည် ကော့တောင်ကျွန်းမြေဈေးသည် အဆမတန်ကြောက်ခမန်းလိလိခုန်တက်လာခဲ့ပြန်ရာ “ကျွန်းပေါက်”ဟုခေါ်ဆိုသော ကော့တောင်ကျွန်းရွာခံ၊ဒေသခံတို့မှာနေ့ချင်းညချင်းကြီးပွားချမ်းသာလာကြသည့်နည်းတူ၊ထိုင်းနိုင်ငံဗဟိုအုပ်ချုပ်ရေးအာဏာစက်နှင့်အတန်ငယ်ဝေးကွာ နေသောကြောင့် အစဉ်အဆက်ရွာလူကြီး၊ကျွန်းသူကြီးမျိုးရိုး၏သြဇာအရှိန်အဝါသည်လည်း အထိတ်တလန့်ဖြစ် လောက် အောင်ကြီးမားလာခဲ့ပြန်သည်။
နှစ်အတိအကျမဖော်ပြနိုင်သော်ငြား ကော့တောင်ကျွန်းတွင်တာဝန်ကျသည့် ရဲအရာရှိတစ်ဦးသည် လူအများ၏ရှေ့မှာပင် ကျွန်းသူကြီး ကိုယ်တိုင်သေနတ်ဖြင့် ပစ်သတ်ခံခဲ့ဖူးသည်ဟု ကော့တောင်ကျွန်းရောက်မြန်မာရွေ့ပြောင်းအလုပ်သမားတို့ကဆိုသည်။
ကျနော်ရောက်ခဲ့ စဉ်ကာလက ကော့တောင်ကျွန်းရှိမြန်မာအလုပ်သမားအရေအတွက်မှာ ငါးထောင်ခန့်ရှိသည်ဟု ခန့်မှန်းပြီးယခုလက်ရှိအချိန်တွင် ခုနစ် ထောင်ခန့်ရှိပြီဟု ဤအမှုနှင့်ပတ်သက်သည့်သတင်းများတွင်ဖော်ပြထား၏။
(ဆက်လက်ဖော်ပြပါမည်။)

(မင်းဒင်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...