Tuesday, October 7, 2014

"တွေးမိတွေးရာ၊ ရေးမိရေးရာ"

"တွေးမိတွေးရာ၊ ရေးမိရေးရာ"

1. နိုင်ငံရေးအုပ်စု
============
နိုင်ငံရေးနဲ့ ပတ်သက်ပြီး အုပ်စုခွဲကြည့်မယ်။
လူ့ခန္ဓာကိုယ်မှာ လည်ပတ်နေတဲ့ သွေးအုပ်စုအတိုင်း ဥပမာပေးခွဲရရင်...
A အုပ်စု၊ B အုပ်စု၊ AB အုပ်စု နဲ့ O အုပ်စု ဆိုပြီး ၄ မျိုးရမယ်။
(ဒီစာထဲမှာ နှစ်ဖက်ခွ သာကူး AB အုပ်စုအကြောင်း မဆွေးနွေးဘူး)
.
2. မဲပေးခွင့် အုတ်တစ်ချပ် သဲတစ်ပွင့်
========================
ကျနော်က O အုပ်စုက။
ခပ်ရင့်ရင့် ပြောချင်ရင် 'ဟိုမရောက် ဒီမရောက် အကောင်' ပေါ့။
ခပ်လှလှလေး ပြောချင်ရင် ' မဇ္ဇျိမပဋိပဋာ အကောင်' ပေါ့။

O အုပ်စုရဲ့ ဟိုမရောက် ဒီမရောက်လမ်းကို လိုက်နေတဲ့ လူအင်အားလည်း နည်းဟန် မတူဘူး။
ဒီ O တွေက A နဲ့ B ကို စောင့်ကြည့်ပြီး   နိုင်ငံရေးသရဖူ ရွေးချယ်ပွဲမှာ ထိုက်တန်တဲ့သူကို အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ်နဲ့ မဲပေးမယ့်သူတွေ ဖြစ်တယ်။
O တွေ မဲပေးမှ ငါတို့ နိုင်ရတော့မှာလားလို့ မေးရင် အဲလိုတော့ မဟုတ်ဘူး။
အထိုက်အလိုက်သော ထောက်ခံမဲ အရေအတွက်ကိုတော့ ရနိုင်ပါလိမ့်မယ်။
.
.
3. ဒီမိုကရေစီ နဲ့ ယုံကြည်ခွင့်
===================
ဒီမိုကရေစီကို ချစ်မြတ်နိုးပါတယ်ဆိုတဲ့ တချို့သော မိတ်ဆွေတွေကို ကျနော်မေးချင်တဲ့ မေးခွန်းလေးတွေ ရှိတယ်။
ကျနော်တို့လို ဘယ်အုပ်စုဘက်ကမှ မဟုတ်တဲ့ သာမာန်ပြည်သူတစ်ယောက်ဟာ...
-လက်ရှိအစိုးရကိုပဲဖြစ်ဖြစ်၊ 
-အစိုးရ ခေါင်းဆောင်ကိုပဲ ဖြစ်ဖြစ်
-အတိုက်အခံဘက်ကိုပဲ ဖြစ်ဖြစ် 
-အတိုက်အခံခေါင်းဆောင်ကိုပဲ ဖြစ်ဖြစ်
...ယုံကြည်ရင် ယုံကြည်ခွင့် 
...မယုံကြည်ရင် မယုံကြည်ခွင့် မရှိတော့ဘူးလား?
...ကိုယ်ယုံကြည်ရင် ယုံကြည်တဲ့အကြောင်း၊ 
...မယုံကြည်ရင် မယုံကြည်တဲ့အကြောင်း ပြောခွင့် မရှိတော့ဘူးလား?

အဲဒီ ယုံကြည်ခြင်း မယုံကြည်ခြင်တွေအတွက် အကြောင်းပြချက် ရှိချင်လည်း ရှိမယ်၊ ရှိချင်မှလည်း ရှိမယ်။

ကျနော် ငယ်ငယ်ထဲက ဒူးရင်းသီးမစားဘူး။ ကြိုက်ကိုမကြိုက်တာ။
ဘာကြောင့် မကြိုက်လည်းမေးရင် ဘာ့ကြောင့်မှန်း ကိုယ်ကိုယ်တိုင်ကို မသိ။
ကျနော် အမဲသားမကြိုက်ဘူး၊ ဘာ့ကြောင့်လဲလို့မေးရင် ညှီလို့။
ဒီတော့ ကြိုက်ခြင်း မကြိုက်ခြင်းမှာ အကြောင်းပြချက် ရှိကောင်းရှိမယ်၊ မရှိဘဲလည်း ဖြစ်နေနိုင်တယ်။
.
.
4. ဝေဖန်ခြင်း နှင့် ရှုတ်ချခြင်း
==================
'ဝေဖန်ထောက်ပြတာ' နဲ့ 'ပြစ်တင်ရှုတ်ချတာ' မတူဘူးဆိုတာ လူတိုင်းသိတယ်။
တွေ့တွေ့နေပါတယ်... 
တချို့က တစ်ဖက်လူရဲ့ အားနည်းချက် နည်းနည်းတွေ့တာနဲ့ အခွင့်အရေးရတုန်း မတန်တဆ ရစရာမရှိအောင် ပြစ်တင်ရှုတ်ချကြတယ်။
နင်ပဲငဆ ဆဲဆိုယုတ်ကန်းကြတယ်။

ကျနော်တော့ ကိုယ့်ကိုကိုယ် အတတ်နိုင်ဆုံး ဆင်ခြင်တယ်... ...
ပြစ်တင်ရှုတ်ချတာမျိုး မဖြစ်ပဲ ဝေဖန်ထောက်ပြတာမျိုး ဖြစ်အောင်။

မင်းကဘယ်လောက်သိလို့ တတ်လို့ ဝေဖန်တာလဲ.. လို့ မေးလို့ရပါတယ်။
ကိုယ့်အမြင် ကိုယ့်အတွေးအရ ကိုယ်တတ်သိသလောက် ဥာဏ်ပညာနဲ့ ချင့်ချိန်ပြီး ဝေဖန်တာမျိုးပါ။
ကျနော့်ရဲ့ ဝေဖန်မှုဟာ မှားချင်လည်း မှားမယ်၊ မှန်ချင်လည်း မှန်မယ်။
.
.

5. နိုင်ငံရေးစင်မြင့်နဲ့ အဝေဖန်ခံနိုင်စွမ်းရည်
============================
ကျနော်ထင်ပါတယ်...
မည်သည့်နိုင်ငံမှာမဆို နိုင်ငံရေးသမားဆိုတာ အနည်းနဲ့အများတော့ အဝေဖန် ခံကြရမယ်ဆိုတာ။
သူ့လုပ်ရပ်ကို တစ်ယောက်က ကောင်းတယ်ထင်ပေမယ့်၊ နောက်တစ်ယောက် ကောင်းတယ် ထင်ချင်မှ ထင်မှာ...
ဒါ လူ့သဘာဝလေ... အမြင်မတူတော့ ယုံကြည်မှုလည်း မတူတော့ဘူး။
ဒီတော့...
နိုင်ငံရေးလုပ်ချင်ရင် အဝေဖန်ခံရမယ်။
အဝေဖန် မခံနိုင်ရင် နိုင်ငံရေးမလုပ်နဲ့။ 
ဒါပဲ ရှိတာ မဟုတ်လား။

ထပ်ပြောပါမယ်...
ကျနော်ပြောတဲ့ 'ဝေဖန်တယ်' ဆိုတာက ပုဂ္ဂိုလ်ရေး တိုက်ခိုက်တာ၊ ဆဲဆိုယုတ်ကန်းတာ၊ ပြစ်တင်ရှုတ်ချတာမျိုး မပါတဲ့၊ ကိုယ့်အမြင် ကိုယ့်အတွေးနဲ့ ထောက်ပြတာမျိုးကို ဆိုလိုတာ။
.
.
6. ရန်သူ နဲ့ မိတ်ဆွေ
==============
ဆရာဦးဝင်တင် ပြောခဲ့တာလို့ ထင်ပါတယ်...
(မိတ်ဆွေတစ်ယောက်က ဆရာဒဂုန်တာရာလို့ ပြောပါတယ်)
"နိုင်ငံရေးဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်တာ"... လို့။
အဲဒီစကားကို ကျနော်အကြွင်းမဲ့ ထောက်ခံပါတယ်။

ဒါ့ကြောင့် ကိုယ့်ကိုကိုယ်...
-နိုင်ငံရေးသမားပါလို့ ခံယူရင်၊ 
-နိုင်ငံရေး သိပ်ကျွမ်းကျင်ပါတယ်လို့ မှတ်ထင်နေရင်၊
-နိုင်ငံရေးနဲ့ ပတ်သက်ပြီး သိပ်နှံ့စပ်နေပါတယ်လို့ ယုံကြည်ရင်
... ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်ပါ။

ခု ကျနော် တွေ့နေတာကတော့ မိတ်ဆွေတွေကိုတောင် ရန်သူဖြစ်အောင် လုပ်နေကြတယ်။
.
.
7. စန်းစန်းတင့် Sensitive
=================
နိုင်ငံရေးနယ်ပယ်မှာ နတ်နေကိုင်းတစ်ခု ရှိတယ်။
တို့လို့ ထိလို့ မရပါ။
ဝေဖန်လို့ မရပါ။ 
ထောက်ပြလို့ မရပါ။ 
မတို့နဲ့ မထိနဲ့
ထိတာနဲ့ မီးပွင့်သွားမယ်။
မအေနှမ ကိုင်တုတ်တာ ခံရမယ်။
ပုဒ်မအကြီးကြီးတွေတပ်ပြီး ပြစ်တင်ကြိမ်းမောင်း ခံရမယ်။
ကံမကောင်းရင် လူခြင်းယှဉ်သတ်ဖို့ စိန်ခေါ်တာ ခံရမယ်။

ပြန်စဉ်းစားကြစေချင်ပါတယ်။
လောကမှာဘုရား ရဟန်းတာကလွဲလို့ အလုံးစုံ ပြီးပြည်စုံသော၊ ချွင်းချက်မရှိသောသူ၊ မရှိပါ။
အနည်းအများသာ ကွာပါမယ်၊ အားနည်းချက် ချို့ယွင်းချက်ကတော့ ရှိနေမှာပါပဲ။
မရှိပါဘူး ဆိုရင်တောင် လောကလူ့သဘာဝ မတူညီနဲ့ ပတ်ဝန်းကျင်တွေ၊ မတူညီတဲ့ ပညာအရည်အချင်းတွေ၊ မတူညီတဲ့ ဖြတ်သန်းခဲ့ရာ ဘဝလမ်းကြောင်းတွေ ကြောင့် ဆန့်ကျင်ဖက်တွေအမြင်တွေ၊ ရှိကောင်းရှိပါမယ်...

အဲလို ရှိလာတဲ့အခါ...
တစ်ယောက်နဲ့တစ်ယောက် ရန်သူလို သဘောမထားဘဲ အေးအေးချမ်းချမ်း ဆွေးနွေးတတ်တဲ့ လူ့အသိုင်းအဝိုင်းလေးတစ်ခု ဖြစ်စေ ရှိစေချင်တယ်။

ထစ်ခနဲရှိ ကြက်ခေါင်းဆိတ်မခံ Sensitive တွေ အဖြစ်လွန်ပြီး 
-ရန်သတ္တုပြုနေရင်...
-ဆဲဆိုကြိမ်းမောင်းနေရင်
-နင်ပဲငဆ တုန့်ပြန်ရုန့်ရင်းနေရင်
သတိထားပါ.... ကိုယ့်အဖွဲ့စည်းကို၊ ကိုယ့်လူကို ကိုယ်ကိုယ်တိုင် နိမ့်ကျအောင် လုပ်နေပြီး ဆိုတာပါပဲ။

ကိုယ့်အဖွဲ့ကို၊ ကိုယ့်အုပ်စုကို၊ ကိုယ့်လူကို တစ်ယောက်ယောက်က အမြင်မှားနေရင်တောင်မှ အမြင်မှန်ရအောင် ရှင်းပြ၊ စည်းရုံးကြမယ် မရှိဘဲ... ဝုန်းဒိုင်းကြဲလို့ တုန့်ပြန်နေရင် ရန်သူတွေ များလာတာပဲ အဖတ်တင်မယ်။ 
ဘယ်သူ ဘာလဲ ဘယ်လဲလို့ စောင့်ကြည့်နေတဲ့သူတွေ ရှိတယ်ဆိုတာ မမေ့နဲ့

အဲဒါတွေက ဘယ်ဘက်မှ မပါတဲ့ O တွေ။
.
.
8. ပြန်လည် ဆွေးနွေးပါ
================
ခု ကျနော်ရေးခဲ့တာတွေဟာ နိုင်ငံရေးမှန်ကန်ချက်တွေ သီအိုရီတွေ မဟုတ်ပါ။
ကိုယ်ဥာဏ်မှီသလောက်နဲ့ တွေးခေါ်မျှော်မြင်ပြီး ကိုယ့်အမြင် ကိုယ့်အတွေးကို ရေးတာပါ။
မိတ်ဆွေအနေနဲ့လည်း ကိုယ့်အမြင် ကိုယ့်အတွေးကို ဆွေးနွေးနိုင်ပါတယ်။
-မဆဲရင် ပြီးတာပါပဲ
-ဆရာကြီးလုပ်ပြီး အထက်စီးက မပြောရင် ပြီးတာပါပဲ
-ပုဒ်မအကြီးကြီးတွေ မဆီမဆိုင် လျှောက် မတပ်ရင်ပြီးတာပါပဲ

အားလုံးကို လေးစားပါတယ် - သန်၎ကို
https://www.facebook.com/thanlayko

1. နိုင်ငံရေးအုပ်စု
============
နိုင်ငံရေးနဲ့ ပတ်သက်ပြီး အုပ်စုခွဲကြည့်မယ်။
လူ့ခန္ဓာကိုယ်မှာ လည်ပတ်နေတဲ့ သွေးအုပ်စုအတိုင်း ဥပမာပေးခွဲရရင်...
A အုပ်စု၊ B အုပ်စု၊ AB အုပ်စု နဲ့ O အုပ်စု ဆိုပြီး ၄ မျိုးရမယ်။
(ဒီစာထဲမှာ နှစ်ဖက်ခွ သာကူး AB အုပ်စုအကြောင်း မဆွေးနွေးဘူး)
.
2. မဲပေးခွင့် အုတ်တစ်ချပ် သဲတစ်ပွင့်

========================
ကျနော်က O အုပ်စုက။
ခပ်ရင့်ရင့် ပြောချင်ရင် 'ဟိုမရောက် ဒီမရောက် အကောင်' ပေါ့။
ခပ်လှလှလေး ပြောချင်ရင် ' မဇ္ဇျိမပဋိပဋာ အကောင်' ပေါ့။ O အုပ်စုရဲ့ ဟိုမရောက် ဒီမရောက်လမ်းကို လိုက်နေတဲ့ လူအင်အားလည်း နည်းဟန် မတူဘူး။
ဒီ O တွေက A နဲ့ B ကို စောင့်ကြည့်ပြီး နိုင်ငံရေးသရဖူ ရွေးချယ်ပွဲမှာ ထိုက်တန်တဲ့သူကို အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ်နဲ့ မဲပေးမယ့်သူတွေ ဖြစ်တယ်။
O တွေ မဲပေးမှ ငါတို့ နိုင်ရတော့မှာလားလို့ မေးရင် အဲလိုတော့ မဟုတ်ဘူး။
အထိုက်အလိုက်သော ထောက်ခံမဲ အရေအတွက်ကိုတော့ ရနိုင်ပါလိမ့်မယ်။
.
.
3. ဒီမိုကရေစီ နဲ့ ယုံကြည်ခွင့်
===================
ဒီမိုကရေစီကို ချစ်မြတ်နိုးပါတယ်ဆိုတဲ့ တချို့သော မိတ်ဆွေတွေကို ကျနော်မေးချင်တဲ့ မေးခွန်းလေးတွေ ရှိတယ်။
ကျနော်တို့လို ဘယ်အုပ်စုဘက်ကမှ မဟုတ်တဲ့ သာမာန်ပြည်သူတစ်ယောက်ဟာ...
-လက်ရှိအစိုးရကိုပဲဖြစ်ဖြစ်၊
-အစိုးရ ခေါင်းဆောင်ကိုပဲ ဖြစ်ဖြစ်
-အတိုက်အခံဘက်ကိုပဲ ဖြစ်ဖြစ်
-အတိုက်အခံခေါင်းဆောင်ကိုပဲ ဖြစ်ဖြစ်
...ယုံကြည်ရင် ယုံကြည်ခွင့်
...မယုံကြည်ရင် မယုံကြည်ခွင့် မရှိတော့ဘူးလား?
...ကိုယ်ယုံကြည်ရင် ယုံကြည်တဲ့အကြောင်း၊
...မယုံကြည်ရင် မယုံကြည်တဲ့အကြောင်း ပြောခွင့် မရှိတော့ဘူးလား?
အဲဒီ ယုံကြည်ခြင်း မယုံကြည်ခြင်တွေအတွက် အကြောင်းပြချက် ရှိချင်လည်း ရှိမယ်၊ ရှိချင်မှလည်း ရှိမယ်။
ကျနော် ငယ်ငယ်ထဲက ဒူးရင်းသီးမစားဘူး။ ကြိုက်ကိုမကြိုက်တာ။
ဘာကြောင့် မကြိုက်လည်းမေးရင် ဘာ့ကြောင့်မှန်း ကိုယ်ကိုယ်တိုင်ကို မသိ။
ကျနော် အမဲသားမကြိုက်ဘူး၊ ဘာ့ကြောင့်လဲလို့မေးရင် ညှီလို့။
ဒီတော့ ကြိုက်ခြင်း မကြိုက်ခြင်းမှာ အကြောင်းပြချက် ရှိကောင်းရှိမယ်၊ မရှိဘဲလည်း ဖြစ်နေနိုင်တယ်။
.
.
4. ဝေဖန်ခြင်း နှင့် ရှုတ်ချခြင်း
==================
'ဝေဖန်ထောက်ပြတာ' နဲ့ 'ပြစ်တင်ရှုတ်ချတာ' မတူဘူးဆိုတာ လူတိုင်းသိတယ်။
တွေ့တွေ့နေပါတယ်...
တချို့က တစ်ဖက်လူရဲ့ အားနည်းချက် နည်းနည်းတွေ့တာနဲ့ အခွင့်အရေးရတုန်း မတန်တဆ ရစရာမရှိအောင် ပြစ်တင်ရှုတ်ချကြတယ်။
နင်ပဲငဆ ဆဲဆိုယုတ်ကန်းကြတယ်။
ကျနော်တော့ ကိုယ့်ကိုကိုယ် အတတ်နိုင်ဆုံး ဆင်ခြင်တယ်... ...
ပြစ်တင်ရှုတ်ချတာမျိုး မဖြစ်ပဲ ဝေဖန်ထောက်ပြတာမျိုး ဖြစ်အောင်။
မင်းကဘယ်လောက်သိလို့ တတ်လို့ ဝေဖန်တာလဲ.. လို့ မေးလို့ရပါတယ်။
ကိုယ့်အမြင် ကိုယ့်အတွေးအရ ကိုယ်တတ်သိသလောက် ဥာဏ်ပညာနဲ့ ချင့်ချိန်ပြီး ဝေဖန်တာမျိုးပါ။
ကျနော့်ရဲ့ ဝေဖန်မှုဟာ မှားချင်လည်း မှားမယ်၊ မှန်ချင်လည်း မှန်မယ်။
.
.
5. နိုင်ငံရေးစင်မြင့်နဲ့ အဝေဖန်ခံနိုင်စွမ်းရည်
============================
ကျနော်ထင်ပါတယ်...
မည်သည့်နိုင်ငံမှာမဆို နိုင်ငံရေးသမားဆိုတာ အနည်းနဲ့အများတော့ အဝေဖန် ခံကြရမယ်ဆိုတာ။
သူ့လုပ်ရပ်ကို တစ်ယောက်က ကောင်းတယ်ထင်ပေမယ့်၊ နောက်တစ်ယောက် ကောင်းတယ် ထင်ချင်မှ ထင်မှာ...
ဒါ လူ့သဘာဝလေ... အမြင်မတူတော့ ယုံကြည်မှုလည်း မတူတော့ဘူး။
ဒီတော့...
နိုင်ငံရေးလုပ်ချင်ရင် အဝေဖန်ခံရမယ်။
အဝေဖန် မခံနိုင်ရင် နိုင်ငံရေးမလုပ်နဲ့။
ဒါပဲ ရှိတာ မဟုတ်လား။
ထပ်ပြောပါမယ်...
ကျနော်ပြောတဲ့ 'ဝေဖန်တယ်' ဆိုတာက ပုဂ္ဂိုလ်ရေး တိုက်ခိုက်တာ၊ ဆဲဆိုယုတ်ကန်းတာ၊ ပြစ်တင်ရှုတ်ချတာမျိုး မပါတဲ့၊ ကိုယ့်အမြင် ကိုယ့်အတွေးနဲ့ ထောက်ပြတာမျိုးကို ဆိုလိုတာ။
.
.
6. ရန်သူ နဲ့ မိတ်ဆွေ
==============
ဆရာဦးဝင်တင် ပြောခဲ့တာလို့ ထင်ပါတယ်...
(မိတ်ဆွေတစ်ယောက်က ဆရာဒဂုန်တာရာလို့ ပြောပါတယ်)
"နိုင်ငံရေးဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်တာ"... လို့။
အဲဒီစကားကို ကျနော်အကြွင်းမဲ့ ထောက်ခံပါတယ်။
ဒါ့ကြောင့် ကိုယ့်ကိုကိုယ်...
-နိုင်ငံရေးသမားပါလို့ ခံယူရင်၊
-နိုင်ငံရေး သိပ်ကျွမ်းကျင်ပါတယ်လို့ မှတ်ထင်နေရင်၊
-နိုင်ငံရေးနဲ့ ပတ်သက်ပြီး သိပ်နှံ့စပ်နေပါတယ်လို့ ယုံကြည်ရင်
... ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်ပါ။
ခု ကျနော် တွေ့နေတာကတော့ မိတ်ဆွေတွေကိုတောင် ရန်သူဖြစ်အောင် လုပ်နေကြတယ်။
.
.
7. စန်းစန်းတင့် Sensitive
=================
နိုင်ငံရေးနယ်ပယ်မှာ နတ်နေကိုင်းတစ်ခု ရှိတယ်။
တို့လို့ ထိလို့ မရပါ။
ဝေဖန်လို့ မရပါ။
ထောက်ပြလို့ မရပါ။
မတို့နဲ့ မထိနဲ့
ထိတာနဲ့ မီးပွင့်သွားမယ်။
မအေနှမ ကိုင်တုတ်တာ ခံရမယ်။
ပုဒ်မအကြီးကြီးတွေတပ်ပြီး ပြစ်တင်ကြိမ်းမောင်း ခံရမယ်။
ကံမကောင်းရင် လူခြင်းယှဉ်သတ်ဖို့ စိန်ခေါ်တာ ခံရမယ်။
ပြန်စဉ်းစားကြစေချင်ပါတယ်။
လောကမှာဘုရား ရဟန်းတာကလွဲလို့ အလုံးစုံ ပြီးပြည်စုံသော၊ ချွင်းချက်မရှိသောသူ၊ မရှိပါ။
အနည်းအများသာ ကွာပါမယ်၊ အားနည်းချက် ချို့ယွင်းချက်ကတော့ ရှိနေမှာပါပဲ။
မရှိပါဘူး ဆိုရင်တောင် လောကလူ့သဘာဝ မတူညီနဲ့ ပတ်ဝန်းကျင်တွေ၊ မတူညီတဲ့ ပညာအရည်အချင်းတွေ၊ မတူညီတဲ့ ဖြတ်သန်းခဲ့ရာ ဘဝလမ်းကြောင်းတွေ ကြောင့် ဆန့်ကျင်ဖက်တွေအမြင်တွေ၊ ရှိကောင်းရှိပါမယ်...
အဲလို ရှိလာတဲ့အခါ...
တစ်ယောက်နဲ့တစ်ယောက် ရန်သူလို သဘောမထားဘဲ အေးအေးချမ်းချမ်း ဆွေးနွေးတတ်တဲ့ လူ့အသိုင်းအဝိုင်းလေးတစ်ခု ဖြစ်စေ ရှိစေချင်တယ်။
ထစ်ခနဲရှိ ကြက်ခေါင်းဆိတ်မခံ Sensitive တွေ အဖြစ်လွန်ပြီး
-ရန်သတ္တုပြုနေရင်...
-ဆဲဆိုကြိမ်းမောင်းနေရင်
-နင်ပဲငဆ တုန့်ပြန်ရုန့်ရင်းနေရင်
သတိထားပါ.... ကိုယ့်အဖွဲ့စည်းကို၊ ကိုယ့်လူကို ကိုယ်ကိုယ်တိုင် နိမ့်ကျအောင် လုပ်နေပြီး ဆိုတာပါပဲ။
ကိုယ့်အဖွဲ့ကို၊ ကိုယ့်အုပ်စုကို၊ ကိုယ့်လူကို တစ်ယောက်ယောက်က အမြင်မှားနေရင်တောင်မှ အမြင်မှန်ရအောင် ရှင်းပြ၊ စည်းရုံးကြမယ် မရှိဘဲ... ဝုန်းဒိုင်းကြဲလို့ တုန့်ပြန်နေရင် ရန်သူတွေ များလာတာပဲ အဖတ်တင်မယ်။
ဘယ်သူ ဘာလဲ ဘယ်လဲလို့ စောင့်ကြည့်နေတဲ့သူတွေ ရှိတယ်ဆိုတာ မမေ့နဲ့
အဲဒါတွေက ဘယ်ဘက်မှ မပါတဲ့ O တွေ။
.
.
8. ပြန်လည် ဆွေးနွေးပါ
================
ခု ကျနော်ရေးခဲ့တာတွေဟာ နိုင်ငံရေးမှန်ကန်ချက်တွေ သီအိုရီတွေ မဟုတ်ပါ။
ကိုယ်ဥာဏ်မှီသလောက်နဲ့ တွေးခေါ်မျှော်မြင်ပြီး ကိုယ့်အမြင် ကိုယ့်အတွေးကို ရေးတာပါ။
မိတ်ဆွေအနေနဲ့လည်း ကိုယ့်အမြင် ကိုယ့်အတွေးကို ဆွေးနွေးနိုင်ပါတယ်။
-မဆဲရင် ပြီးတာပါပဲ
-ဆရာကြီးလုပ်ပြီး အထက်စီးက မပြောရင် ပြီးတာပါပဲ
-ပုဒ်မအကြီးကြီးတွေ မဆီမဆိုင် လျှောက် မတပ်ရင်ပြီးတာပါပဲ
အားလုံးကို လေးစားပါတယ် - သန်၎ကို
https://www.facebook.com/thanlayko

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...