လွဲချက်က နာ
1.
စင်္ကာပူကို 2007 နှစ်ကုန်ပိုင်းလောက်မှာ စရောက်တော့ မျက်စေ့ကအကောင်း။
စာဖတ်ဖတ် ကွန်ပြူတာကြည့်ကြည့် ဒီအတိုင်းကြည့်လို့ ရတယ်။
ရောက်ပြီး ၅ လလောက်နေတော့ မျက်မှန် စပြီးတပ်ရရော တနေ့ကို ၁၂ နာရီလောက် ကွန်ပြူတာကြီးကြည့်ပြီး အလုပ်လုပ်ရတော့ ဒီမျက်လုံး မကန်း ခံနိုင်ပ့ါမလား။
အဲလိုနဲ့ တနေ့တခြား လစာမတက်ဘဲ မျက်မှန်ပါဝါတွေပဲ တက်လာလိုက်တာ
ခုတော့...
ဘာကြည့်ကြည့် မျက်မှန်မပါလို့ကတော့ ဘာမှ မမြင်။
2.
မနက်က အလုပ်သွားတော့ ရထားပေါ်မှာရှိသေး Viber ကနေ Message တစ်စောင်ဝင်လာတယ်။
ကောင်မလေးတစ်ယောက်ဆီက ပို့လိုက်တာ။
မက်ဆေ့ခ်ျကို ဖွင့်မဖတ်ဘဲ Lock Screen မှာပဲ ဖတ်ကြည့်လိုက်တော့... ...
"အခြေအနေ မကောင်းတော့ဘူး... အဟင့်" တဲ့။
ငင်... ကလေးမ ဘာဖြစ်ပြန်ပြီလဲ မသိ။
သူ့အစ်မက စောင့်ရှောက်လိုက်ပါဆိုပြီး ကိုယ့်အပ်ထားတာ။
တစ်နှစ်ကလည်း အူအတက်ရောင်လို့ဆို ညကြီးသန်းကောင်ဆေးရုံတင်ရတော့ ကိုယ်ပဲ အစအဆုံး လိုက်လုပ်ပေးခဲ့ရတာ။ အိပ်ရေးတွေပျက် ရုံးတွေပျက်နဲ့။
ခုရော ဘာတွေဖြစ်ပြန်ပြီလဲ
မက်ဆေ့ခ်ျကို ပြန်ကြည့်တော့ Photo attached တဲ့
ဓာတ်ပုံပါ ပါသေးသကိုး။
ဒါနဲ့ မက်ဆေ့ခ်ျကို ဖွင့်ကြည့်လိုက်တယ်... ...
အမ်မလေးဗျန့်...
ကိုယ်ဝန်ရှိ/မရှိစစ်တဲ့ စတစ်လေးကို သူ့လက်နဲ့ကိုင်ပြီး ရိုက်ပြထားတာပါလား။
ဘုရား ဘုရား ကိုယ်ကျိုးတော့ နဲကုန်ပြီ...
ဘား ဘယ်နှဘားလဲဆိုတာတော့ သေချာမမြင်ရဘူး
၂ ဘားနေမှာပါ
၂ ဘားမိုလို့ င့ါဆီ အကြောင်းကြားတာပေါ့
၂ ဘားမိုလို့ အခြေအနေ မကောင်းတော့ဘူးလို့ ပြောတာပေါ့
မဟုတ်ရင် သူ့ဟာသူ ငြိမ်နေမှာ
အဲလေ ဟုတ်ပေါင် ဘာတွေ တွေးနေတာပါလိမ့်
ဟင်... မိုက်လိုက်တဲ့ ကလေးမ...
ရည်းစားသနား ရှိတယ်လည်း မကြားမိပါဘူး
အင်း... ဒါမျိုးဆိုတာ ရှိလည်းပြောပါ့မလား...
ဟိုဒင်းပြုတုန်းကတော့ ငြိမ်နေပြီးတော့ ဟိုဒင်းပြုမှ ငါ့လာပြီး ဟိုဒင်းပြုရလား မတာမရဲ့
အင်း...
ဘယ်သူ့လက်ချက်ပါလိမ့်...
ငါ များလား ငင်... ဟုတ်သေးပါဘူး
ဘာဆိုင်လို့တုန်း
သူနဲ့က လဘက်ရည်ဆိုင်လောက် အတူထိုင်ဖူးတာ
လဘက်ရည်ဆိုင် အတူထိုင်ရုံလောက်နဲ့တော့ ဟိုဒင်း မဖြစ်လောက်ပါဘူး။
ကိုယ်ကလည်း လူပျိုကြီးဆိုတော့ သေချာတော့ သိတာ မဟုတ်ဘူး
ဇဝေဇဝါရယ်
3.
ဒါနဲ့ မဖြစ်ချေဘူးဆိုပြီး သူ့ဆီ ဖုန်းခေါ်လိုက်တယ်... ...
"ဝေ့... ကလေးမ"
"ရှင်... လေးသန်"
"ဘယ်လို ဖြစ်ရတာတုန်းဟာ"
"မပြောချင်တော့ပါဘူး လေးသန်ရယ်၊ သမီးအပြစ်တွေပါ"
"ဖြစ်လာမှတော့ ဘယ်တတ်နိုင်မလဲ၊ ကိုယ့်ကိုကိုယ်လည်း သိပ်ပြီးအပြစ်တင်မနေပါနဲ့တော့"
"သမီး အရမ်းနောင်တ ရတာပဲ လေးသန်ရယ်"
"ကဲ... နောင်တရနေရုံနဲ့ မပြီးဘူးလေ ဒီပြသနာ ဘယ်လိုလုပ်ကြမလဲ"
"ပြတ်တော့မယ့် အတူတူတော့ ဖြတ်ပလိုက်မယ် လေးသန်"
"ဟာ... ဒီအခြေအနေထိ ရောက်ပြီးမှ ပြတ်လို့ မဖြစ်ဘူးလေ၊ အဲလို မလုပ်ကြပါနဲ့"
"အာ... လေးသန်ကလည်း တည်းတည်းလေး ကျန်တော့တာကို"
"မဟုတ်ဘူး... ငါကြည့်စီစဉ်ပေးပါမယ်"
"အလုပ်ရှုပ်ပါတယ် လေးသန်ရယ်၊ သမီး စွန့်ပစ်လိုက်တော့မယ် သံသရာရှည်လို့"
"ဟဲ့... ညည်းက မိန်းကလေး အဲလိုလုပ် ညည်းနစ်နာမှာပေါ့"
"ရွှမ်... လေးသန် ဘာတွေ ပြောနေတာတုန်း၊ ခုကိစ္စ သမီးက မိန်းကလေးဖြစ်တာနဲ့ ဘာဆိုင်လို့နစ်နာရမှာတုန်း လေးသန်ရဲ့"
"ကိုယ်ဝန်ရှိတာ မိန်းကလေး နစ်နာတာပေါ့ ဟ"
"ငင်... လေးးးးးး သန်...... ဘယ်သူတုန်း ကိုယ်ဝန်ရှိဒါ.. ဟမ်"
"ညည်းလေ... ခုနက ဓာတ်ပုံကြီး ပို့ပြီး ငါ့ကို ပြောပြီးတော့"
"ဘာ ဓာတ်ပုံကြီးတုန်း"
"ကိုယ်ဝန်ရှိ/မရှိ စစ်တဲ့ စတစ်လေးလေ"
"ငမ်... ဘယ်ကလာ လေးသန်ရယ်၊ လေးသန် ဝယ်ပေးထားတဲ့ ဖုန်း ချာဂျင်သွင်းတဲ့ ကြိုးခေါင်းပါ၊ အာ့ ပြတ်တော့မှာ မလို့ လေးသန်ကို ပြတာ၊ ဘယ်က ကိုယ်ဝန်တွေက ပါလာတာတုန်း၊ လေတာပေါ့"
"ငင်... ဟုတ်ရား... အဲ သေချာကြည့်အုံးမှ"....
... ဆိုပြီး ကြည့်လိုက်တော့မှ ... ..
ဟား... ဟုတ်တား...
ဖုန်းချာဂျင်ကြိုးခေါင်းလေးကို သူ့လက်နဲ့ ကိုင်ထားတာ
ငီး ငီး...
ကိုယ်ကလည်း ဂိုက်ပေးက တအားကြမ်းပြီး ရထားပေါ်မှာကို POLICE မျက်မှန်ကြီး စွတ်ထားတာလေ
နေ့ခင်းကြောင်တောင် မိုးတောင် အတော်ချုပ်တယ် ထင်ရတယ်။
ပါဝါမျက်မှန် မပါရတဲ့ အထဲ မျက်မှန်မဲကြီးနဲ့ တပ်ကြည့်တော့ မှားဘီပေါ့...
4.
ကံကောင်းလို့
ကလေးမက ကိုယ်နဲ့ အရမ်းခင်နေလို့
တခြားသူသာဆို...
ငါ့ အောင်မင်း လုပ်သွားလောက်ပြီ
လေတာပေါ့... ...
သန်၎ကို - ပေါက်ကရရေးတာပါ။
https://www.facebook.com/thanlayko

0 comments:
Post a Comment