Thursday, October 2, 2014

ကော့တောင်ကျွန်း လူသတ်မှုအရှုပ်တော်ပုံ။ ။

ကော့တောင်ကျွန်းလူသတ်မှုအရှုပ်တော်ပုံ။ ။
၁။ လွန်ခဲ့သောနှစ်နှစ်ခန့်က၊ထိုင်းနိုင်ငံတောင်ပိုင်းတောင်ပိုင်းကော့တောင်ကျွန်း(ခိုတောင်ဟုအသံမထွက်ပါ)ဆီသို့ စာပေဟောပြောပွဲ ကိစ္စ ဖြင့် ကျနော်ရောက်ခဲ့ဖူးသည်။ဆူရတ်ဌာနီမှသည် ၎င်းကျွန်းသို့တစ်နာရီခွဲဝန်းကျင် ဇက်ဖြင့်ကူးရသည်။ ကြီးမားကျယ်ပြန့်လှသော ကျွန်း မဟုတ်။ကမ္ဘာလှည့်ခရီးသည်လုပ်ငန်းမြှင့်တင်နေဆဲကာလဖြစ်၍ မြေနီလမ်းတို့ပင်မပျောက်သေး။ကျွန်းရိုင်းသာသာအဆင့်သာရှိ၏။ မြန်မာရွေ့ပြောင်းအလုပ်သမားအများစုကို
တွေ့မြင်ရသည်။

၂။ပြီးခဲ့သည့်စက်တင်ဘာလ(၁၅)ရက်နေ့တွင် အဆိုပါကျွန်း၌ အင်္ဂလိပ်လူမျိုးစုံတွဲအသတ်ခံရသည့်သတင်းကြောင့် စိတ်ဝင်တစားနားစွင့် ခဲ့မိသည်။ရှေးဦးစွာထွက်ပေါ်လာသည့်ရဲသတင်းထုတ်ပြန်ချက်တွင် လူသတ်တရားခံကို မြန်မာများဟုဖော်ပြ၏။ထို့နောက် အဆိုပါလူ သတ်မှုအတွက် သံသယတရားခံအင်္ဂလိပ်လူမျိုးတစ်ဦးကို သုဝဏ္ဏဘူမိလေဆိပ်တွင်ဖမ်းဆီးနိုင်ခဲ့ကြောင်းဖော်ပြပြန်သည်။ယင်းကာလ အတွင်း မြန်မာရွေ့ပြောင်းအလုပ်သမားများကို ရိုက်နှက်စစ်မေးသည့်သတင်းများပလူပျံလာပြန်ခဲ့၏။

၃။ ထို့နောက် ပြင်သစ်လူမျိုးတစ်ဦး၏ဓာတ်ပုံအထောက်အထားအရ၊ထိုင်းလူမျိုးကလပ်ပိုင်ရှင်နှင့် မန်နေဂျာတို့ကို သံသယတရား ခံစာရင်းတွင်ဖော်ပြခဲ့ပြန်သည်။ယင်းအမှုအပေါ် ဗြိတိန်အစိုးရ ၏ဖိအားပေးမှုပြင်းထန်လာခဲ့ခြင်း၊ထိုင်းမာဖီးယားများကြီးစိုး ရာနေရာ ဖြစ်ခြင်း၊နယ်မြေခံရဲတပ်ဖွဲ့ဟောင်းကိုဖယ်ရှားကာ အသစ်ပြန်လည် အစားထိုးစုံစမ်းစေခြင်း၊ဒီအန်အေစစ်ဆေးမှုကြိမ်ဖန် များစွာပြုလုပ်ရခြင်းစသည့် တို့ကိုထောက်ရှု၍ အမှုသွားအမှုလာရှုပ်ထွေးပွေလီကြောင်းမြင်သာသည်။

၎။ များမြောင်လှသော သံသယစာရင်းဝင်သူတို့၏ဒီအန်အေကို ထိုင်းရဲတပ်ဖွဲ့တာဝန်ရှိသူတို့ အတည်မပြုနိုင်ကြချေ။  နောက်ဆုံးတွင်ကား မြန်မာရွေ့ ပြောင်းအလုပ်သမားတစ်ဦးက သူကိုယ် တိုင်သတ်ပါသည်ဟု ဝန်ခံကြောင်း ထိုင်းသတင်းများ ကဖော်ပြလာသည်။

၅။ တရားစီရင်ရေးလောကတွင် “အပြစ်ရှိသူတရားခံတစ်ရာလွတ်မြောက်သည်ထက်အပြစ်မရှိသူတစ်ဦးပြစ်ဒဏ်ကျခံရသည်က ပို၍ဆိုးဝါးသည်” ဟူသော ဆိုရိုးကို မြန်မာအစိုးရနှင့်ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးတို့ သတိပြုစေချင်ပါသည်။ ထိထိရောက် ရောက်ဆက်သွယ်စစ် ဆေးရန်၊ ဝန်ခံထားသော မြန်မာအလုပ်သမားတရားခံကို သွားရောက်တွေ့ဆုံရန်အပူတပြင်းလိုအပ်နေပြီဟုယူဆပါသည်။

၆။ ကျနော်မေးလိုသောမွေးခွန်းများရှိနေပါသည်။ဤမျှ လျှို့ဝှက်ရှုပ်ထွေးနက်နဲလှသော ကမ္ဘာသိလူသတ်မှုကြီးကို အခြေခံပညာ နည်းပါးလှသော၊အဘယ်သူကောင့်သား မြန်မာရွေ့ပြောင်းအလုပ်သမားဥာဏ်ကြီးရှင်သည်၊ဤကာလအထိ ကျွမ်းကျင်လိမ္မာပါးနပ်စွာ ပုန်းရှောင်တိမ်းရှောင်နိုင်ခဲ့ပါသနည်း။ ထိုင်းမာဖီးယားနှင့်ထိုင်းရဲတို့၊မြန်မာအလုပ်သမားကိုတရားခံအဖြစ် လူစားထိုးရန်ကြံစည်နေလေ သလော။

၁။ လွန်ခဲ့သောနှစ်နှစ်ခန့်က၊ထိုင်းနိုင်ငံတောင်ပိုင်းတောင်ပိုင်းကော့တောင်ကျွန်း(ခိုတောင်ဟုအသံမထွက်ပါ)ဆီသို့ စာပေဟောပြောပွဲ ကိစ္စ ဖြင့် ကျနော်ရောက်ခဲ့ဖူးသည်။ဆူရတ်ဌာနီမှသည် ၎င်းကျွန်းသို့တစ်နာရီခွဲဝန်းကျင် ဇက်ဖြင့်ကူးရသည်။ ကြီးမားကျယ်ပြန့်လှသော ကျွန်း မဟုတ်။ကမ္ဘာလှည့်ခရီးသည်လုပ်ငန်းမြှင့်တင်နေဆဲ ကာလဖြစ်၍ မြေနီလမ်းတို့ပင်မပျောက်သေး။ကျွန်းရိုင်းသာသာအဆင့်သာရှိ၏။ မြန်မာရွေ့ပြောင်းအလုပ်သမားအများစုကို
တွေ့မြင်ရသည်။

၂။ပြီးခဲ့သည့်စက်တင်ဘာလ(၁၅)ရက်နေ့တွင် အဆိုပါကျွန်း၌ အင်္ဂလိပ်လူမျိုးစုံတွဲအသတ်ခံရသည့်သတင်းကြောင့် စိတ်ဝင်တစားနားစွင့် ခဲ့မိသည်။ရှေးဦးစွာထွက်ပေါ်လာသည့်ရဲသတင်းထုတ်ပြန်ချက်တွင် လူသတ်တရားခံကို မြန်မာများဟုဖော်ပြ၏။ထို့နောက် အဆိုပါလူ သတ်မှုအတွက် သံသယတရားခံအင်္ဂလိပ်လူမျိုးတစ်ဦးကို သုဝဏ္ဏဘူမိလေဆိပ်တွင်ဖမ်းဆီးနိုင်ခဲ့ကြောင်းဖော်ပြပြန်သည်။ယင်းကာလ အတွင်း မြန်မာရွေ့ပြောင်းအလုပ်သမားများကို ရိုက်နှက်စစ်မေးသည့်သတင်းများပလူပျံလာပြန်ခဲ့၏။
၃။ ထို့နောက် ပြင်သစ်လူမျိုးတစ်ဦး၏ဓာတ်ပုံအထောက်အထားအရ၊ထိုင်းလူမျိုးကလပ်ပိုင်ရှင်နှင့် မန်နေဂျာတို့ကို သံသယတရား ခံစာရင်းတွင်ဖော်ပြခဲ့ပြန်သည်။ယင်းအမှုအပေါ် ဗြိတိန်အစိုးရ ၏ဖိအားပေးမှုပြင်းထန်လာခဲ့ခြင်း၊ထိုင်းမာဖီးယားများကြီးစိုး ရာနေရာ ဖြစ်ခြင်း၊နယ်မြေခံရဲတပ်ဖွဲ့ဟောင်းကိုဖယ်ရှားကာ အသစ်ပြန်လည် အစားထိုးစုံစမ်းစေခြင်း၊ဒီအန်အေစစ်ဆေးမှုကြိမ်ဖန် များစွာပြုလုပ်ရခြင်းစသည့် တို့ကိုထောက်ရှု၍ အမှုသွားအမှုလာရှုပ်ထွေးပွေလီကြောင်းမြင်သာသည်။
၎။ များမြောင်လှသော သံသယစာရင်းဝင်သူတို့၏ဒီအန်အေကို ထိုင်းရဲတပ်ဖွဲ့တာဝန်ရှိသူတို့ အတည်မပြုနိုင်ကြချေ။ နောက်ဆုံးတွင်ကား မြန်မာရွေ့ ပြောင်းအလုပ်သမားတစ်ဦးက သူကိုယ် တိုင်သတ်ပါသည်ဟု ဝန်ခံကြောင်း ထိုင်းသတင်းများ ကဖော်ပြလာသည်။
၅။ တရားစီရင်ရေးလောကတွင် “အပြစ်ရှိသူတရားခံတစ်ရာလွတ်မြောက်သည်ထက်အပြစ်မရှိသူတစ်ဦးပြစ်ဒဏ်ကျခံရသည်က ပို၍ဆိုးဝါးသည်” ဟူသော ဆိုရိုးကို မြန်မာအစိုးရနှင့်ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးတို့ သတိပြုစေချင်ပါသည်။ ထိထိရောက် ရောက်ဆက်သွယ်စစ် ဆေးရန်၊ ဝန်ခံထားသော မြန်မာအလုပ်သမားတရားခံကို သွားရောက်တွေ့ဆုံရန်အပူတပြင်းလိုအပ်နေပြီဟုယူဆပါသည်။
၆။ ကျနော်မေးလိုသောမွေးခွန်းများရှိနေပါသည်။ဤမျှ လျှို့ဝှက်ရှုပ်ထွေးနက်နဲလှသော ကမ္ဘာသိလူသတ်မှုကြီးကို အခြေခံပညာ နည်းပါးလှသော၊အဘယ်သူကောင့်သား မြန်မာရွေ့ပြောင်းအလုပ်သမားဥာဏ်ကြီးရှင်သည်၊ဤကာလအထိ ကျွမ်းကျင်လိမ္မာပါးနပ်စွာ ပုန်းရှောင်တိမ်းရှောင်နိုင်ခဲ့ပါသနည်း။ ထိုင်းမာဖီးယားနှင့်ထိုင်းရဲတို့၊မြန်မာအလုပ်သမားကိုတရားခံအဖြစ် လူစားထိုးရန်ကြံစည်နေလေ သလော။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...