" ဥုံဒေ၀ါသွားဟ "
တစ်ခါက ရပ်ကွက်တစ်ခုမှာ အငြိမ့်တစ်ငြိမ့်ငှားပါတယ် . ..
အဲဒီညနေပိုင်းမှာပဲ မိုးတွေအုပ်မှိုင်းလာပါရော
အဲဒီမှာပွဲရှင်ကစိုးရိမ်ပြီး အငြိမ့်ထဲမှာ မိုးလွဲတတ်တဲ့ပုဂ္ဂိုလ်များပါမလာဘူးလားဆိုတော့
အသက်အကြီးဆုံးလူရွှင်တော်ကြီးက သူလွှဲတတ်တယ်ဆိုပြီးလိုက်သွားသတဲ့.....
ဟိုရောက်တော့
ပွဲငှားက ဘာလိုသလဲဆရာလို့မေးတော့ လူရွှင်တော်ကြီးက
ကန်တော့ပွဲသုံးပွဲ ၊ ဖယောင်းတိုင်သုံးထုပ် ရတာသုံးပါးကန်တော့ဖို့
ပွဲငှားကချက်ခြင်းရအောင်လုပ်ပေးရော
ကန်တော့ပွဲပြင် ဖယောင်းတိုင်ထွန်းပြီ ဘုရားရှစ်ခိုးနေတုံး
မိုးလေးတဖွဲဖွဲကျလာသတဲ့....
အဲဒီမှာ ဘုရားရှစ်ခိုးတာရပ်ပြီး
လူရွှင်တော်ကြီးက
ဟိုဒီကြည့်နေတော့ ပွဲငှားက . . . . .
ဘာလိုသလဲဆရာ
ငှက်ပျောဖတ်နဲပေါက်ပေါက်ပွင့် သကြားမင်းရှစ်ခိုးကန်တော့ဖို့
ပွဲငှားကချက်ခြင်းယူပေးပြန်ရော
လူရွင်တော်ကြီးကလဲ ငှက်ပျောဖတ်နဲပေါက်ပေါက်ပွင့်တွေထုပ်
သီကြားမင်း ပသဟန်ပြုနေတုံး
ဝုန်းဝုန်းဒိုင်းဒိုင်းနဲသဲကြီးမဲကြီးရွာချပါလေရော . . .
အဲဒီမှာတစ်ခါထပ်ပြန်ကြည့်ပြန်ရော
ပွဲငှားကလည်း ဘာလိုသလဲဆရာဆိုတော့
ခမောက်တစ်လုံးနဲစံပယ်သုံးကုံး
ဓါတ်ဆင်ဖို့တဲ့ ပွဲငှားကလဲမဆိုင်းမတွလုပ်ပေးပြန်ရော
အဲဒီခမောက်ကိုပက်လက်လှန် စံပယ်ကုံးတွေကိုနံဘေးကရံပြီး ရွတ်ဖတ်နေတုံး လျှပ်စီးတွေ
ဝင်းခနဲ ၀င်းခနဲ မိုးကြိုးတွေကလဲ ဒင်းခနဲ ဒင်းခနဲဆော်ပြီး
မိုးပုဆိန်ကြီးကိုရွာတော့သာပဲ အဲဒီမှာလူရွှင်တော်ကြီးက ပြုံးလိုက် ၊
ခေါင်းငြိမ့်လိုက်နဲ
ပွဲငှားကိုလှမ်းအကြည့် ပွဲငှားကလဲထုံးစံအတိုင်း
ဘာလိုသလဲဆရာ
မိုးကာအင်ကျီကြီးကြီးနဲ ဆိုက်ကားတောင့်တောင့်တစ်စီးချက်ချင်းရအောင်ရှာစမ်း
ပွဲငှားကအံသြော်သွားပြီး အဲဒါတွေကဘာလုပ်ဖို့တုံးဆရာဆိုတော့
လူရွှင်တော်ကြီးက ခပ်အေးအေးပြန်ပြောလိုက်တယ်
ကျုပ်ပြန်ဖို့ . . . .
ပျော်ရွင်ချင်းဖြင့် စိတ်သောကများဖြေဖျောက်နိုင်ပါစေ . . . . . . .. (ပျင်းလို့ )
Shwe Eaim Si

0 comments:
Post a Comment