Wednesday, October 15, 2014

ကော့တောင်ကျွန်းမြေနိမ့်ရာ၌စိုက်သည့်လှံ။ (သို့မဟုတ်) မြန်မာ့တို့အတွက် အမျိုးသားရေးစိန်ခေါ်သံ။ (နိဂုံးပိုင်း)

ကော့တောင်ကျွန်းမြေနိမ့်ရာ၌စိုက်သည့်လှံ။(သို့မဟုတ်)
မြန်မာ့တို့အတွက် အမျိုးသားရေးစိန်ခေါ်သံ။ (နိဂုံးပိုင်း)

(မင်းဒင်)

(၉)ထိုင်းရဲတို့၏စိန်ပြာအမှုပုံရိပ်ဆိုး။

ထိုင်းရဲတို့၏ပုံရိပ်ဆိုးကိုဖော်ပြသည့် ကမ္ဘာကျော်ဇာတ်လမ်းတပုဒ်ရှိခဲ့ဖူးသည်။(၁၉၈၉)ခုနှစ်တွင်ဆော်ဒီအာရေဗျနိုင်ငံမှ တော်ဝင်မင်းသား တစ်ပါးထံတွင်အလုပ်လုပ်နေသောထိုင်းလူမျိုးတစ်ဦးသည် ဒေါ်လာသန်းနှစ်ဆယ်ခန့်တန်သော နန်းစဉ်ရတနာတို့ကိုခိုးယူကာ ထိုင်းနိုင်ငံ သို့ပြန်လာခဲ့ရာ တန်ဖိုးမဖြတ်နိုင်သော စိန်ပြာကြီးတစ်လုံးလည်းပါဝင်ခဲ့သည်။

ဆော်ဒီမင်းသား၏တိုင်ကြားချက်ကြောင့် ထိုင်းရဲတို့စုံစမ်းစစ်ဆေးမှုများပြုလုပ်ပြီး၊ထိုင်းအလုပ်သမားကိုဖမ်းဆီး၍ နန်းစဉ်ရတနာများကို ပြန်လည်သိမ်းဆည်းကာ ဆော်ဒီနိုင်ငံသို့ပြန်လည်ပို့ဆောင်ခဲ့ရာ ပစ္စည်းတဝက်ကျော်မှာအတုများဖြစ်နေခဲ့သည်။တန်ဖိုးမဖြတ်နိုင်သည့် စိန်ပြာကြီးသည်လည်း ပါမလာတော့ချေ။

ထိုင်းသတင်းစာများတွင် ထိုင်းအရာရှိကြီးများပွဲတက်အခန်းအနားဓာတ်ပုံများ၌ ယခင်ကမတွေ့ဖူးသော စိန်လည်ဆွဲများဝတ်ဆင် ထားသည်ကိုတွေ့ရှိရသည့်အခါ ဆော်ဒီအစိုးရက ဆော်ဒီမင်းမျိုးမင်းနွယ်တစ်ယောက်ကို ဘန်ကောက်သို့စေလွှတ်စုံစမ်းခဲ့ရာ အဆိုပါပုဂ္ဂိုလ်မှာ ပြန်ပေးဆွဲအစဖျောက်ခံခဲ့ရသည်။ထိုအမှုကိုစုံစမ်းနေသော ဆော်ဒီသံရုံးအရာရှိလေးယောက်သည်လည်း ဘန်ကောက်တွင်ပင်သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသည်။

ထို့ပြင်လက်ဝတ်ရတနာများကိုအတုလုပ်ပေးသော ရတနာဆိုင်ရှင်၊၎င်း၏ဇနီး၊သူ၏သားတို့လည်း အသတ်ခံရသည်။ထိုင်းရဲဗိုလ်ချုပ်ကြီး တစ်ဦးရတနာဆိုင်ပိုင်ရှင်သတ်မှုဖြင့် တရားရုံးအတင်ခံရပြီး သေဒဏ်ချမှတ်ခံရသည်။နောက်ပိုင်းတွင်ထောင်ဒဏ်အနှစ်ငါးဆယ်သို့ ပြောင်းလဲပေးခဲ့သည်။တရားသူကြီးနှစ်ယောက်အလုပ်ထုတ်ခံရပြီး ထိုင်းရဲအရာရှိငါးယောက်ရုံးတင်စစ်ဆေးခံခဲ့ရသော်လည်း (၂၀၀၄) ခုနှစ်တွင်အမှုကိုပလပ်ပေးခဲ့သည်။အဆိုပါအမှုမှာ ယခုတိုင်အဖြေမှန်မပေါ်သေးချေ။

(၁၀) ဆက်ရန်ရှိသေးသည်
နောက်ဆုံးကြားသိရသောသတင်းများအရ င် ၎င်းအမှုအတွက် သံသယ တရားခံ မြန်မာရွှေ့ပြောင်း လုပ်သားနှစ်ဦးအမှုကို  လာမည့် အောက်တိုဘာ ၁၅ ရက်တွင် တရားရုံးတင် နိုင်ရန်အတွက် ထိုင်းနိုင်ငံ၏ တိုင်း ဒေသအမှတ် (၈) အစိုးရဥပဒေ ဌာနက ကြိုးစားနေသည် ဟုဆိုသည်။ထို့ထက်ပို၍ စိတ်ဝင်စားဖွယ်ကောင်းသည်ကား လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်၍ တရားခံဟုသံသယရှိခံရသော၊ မြန်မာ လူမျိုး တရားမ၀င်ရွေ့ပြောင်း အလုပ်သမား နှစ်ဦးကို ချုပ်နှောင်ထားသည့် ကော့စမွေကျွန်း အကျဉ်းထောင် ထောင်ပိုင်ကြီး (ညွှန်ကြား ရေးမှူး) ဆူနင်းလင်စူဝမ်၏ပြောဆိုချက်ဖြစ်၏။

 “တရားခံနှစ်ယောက်ဟာ သူတို့ပြုထားတဲ့ အမှုကိစ္စအတွက် ကြီးစွာနောင်တ ရနေပုံရှိပြီး ဒီနောင်တကြောင့် သူတို့မှာဖိအားတွေ ခံစားနေရပုံရတယ်၊ ဒါကြောင့် သူတို့ကိုယ်သူတို့ သတ်မသေနိုင်အောင် ထောင်အမှုထမ်းတွေက စနစ်တကျနဲ့ ဂရုတစိုက် စောင့်ကြည့် နေရတယ်။ ဒီမြန်မာရွေ့ပြောင်းလုပ်သား နှစ်ဦးရဲ့ အကျဉ်းထောင် အိပ်ခန်းတွေကို စီစီတီဗွီတွေနဲ့ (၂၄) နာရီ မနားတမ်းစောင့်ကြည့် နေရတယ်လို့ သိရပါတယ်”

ဟု သူကပြောဆိုသည်။အဆိုပါမှတ်ချက်ကြောင့် မြန်မာလူငယ်နှစ်ဦးအကျဉ်းထောင်ထဲတွင် မိမိကိုယ်မိမိ သတ်သေသွားကြသည်ဟူသော သတင်းဆိုးကိုမကြားရပါစေနှင့်၊မြန်မာပြည်မှသွားရောက်တွေ့ဆုံကြမည့်မိဘများနှင့်ချောမောစွာ တွေ့ ဆုံနိုင်ပါစေ ဟုထိုင်းနိုင်ငံ၏အားနည်းများအား၊အထိုက်အလျောက်သိနေသူ၊ စာရေး သူ အနေဖြင့်ဆုတောင်းသည်။

(၁၁)လူမျိုးတိုင်းသည်မိမိတို့၏သမိုင်းခြေရာကိုကောက်ကြစမြဲဖြစ်၏။
အံ့သြဖွယ်ရာကောင်းသည်ကား ကော့တောင်ကျွန်းလူသတ်မှုအရှုပ်တော်ပုံသည် မြန်မာလူထုအတွက် အမျိုးသားရေးစိန်ခေါ်သံတစ်ခု အသွင်ဆောင်ခဲ့ခြင်းဖြစ်၏။ခေတ်အဆက်ဆက်မြန်မာအစိုးရတို့၏ ကိုယ်ကျိုးရှာမှု၊တိုင်းပြည်ဘဏ္ဍအလွဲသုံးစားလုပ်မှု၊စီမံခန့်ခွဲမှုအမှား၊တို့ ကြောင့် လူဦးရေသန်းနှင့်ချီ၍၊ဇာတိမြေကိုစွန့်ခွာကာ၊ထမင်းတစ်လုတ်၊တုတ်တစ်ချက် ကျီးလန့်စာစားရှာဖွေစားသောက်ကြရ သည့်အဖြစ် တို့ကို လူထုအနေဖြင့်ရှေးကထက် ဆင်ခြင်ခံစားလာမိကြသည်။ 

ထိုင်းနိုင်ငံသည်ရာဇဝင်ထဲတွင်ရန်ဖက်နိုင်ငံဖြစ်ခဲ့သည်ဟူ သမိုင်း ခြေရာကိုပြန်ကောက် လာမိကြသည်။မြန်မာနိုင်ငံ၏သယံဇာတကို မှီခိုယူငင်သုံးစွဲနေသည့် ထိုင်းနိုင်ငံအပေါ်အမြင်မကြည်မလင်ဖြစ် လာကြ၏။
မြန်မာအချို့သည်ဆိုရှယ်နက်ဝပ်မီဒီယာများတွင် ဘုရင့်နောင်နှင့်အလောင်းဘုရားပုံများကိုလွှင့်တင်ကာ၊၎င်းတို့၏မျိုးချစ် စိတ်ကို အဆာဖြေ လာကြသည်။ ဂျပန်နိုင်ငံရောက် မြန်မာများက ဆန္ဒပြကြသည်။ပြည်တွင်းလူ့အခွင့်အရေးလှုပ်ရှားတက်ကြွသူများက ထိုင်း ဝန်ကြီးချုပ်၏ ခရီးစဉ်တွင် ဆန္ဒပြကြသည်။အဖြေ မှန် မထုတ်နိုင် သေးမီစပ်ကြား၊အမှားနှင့်အမှန်ကို ပညာဥာဏ်ဖြင့် မယှဉ်နိုင်သည့်အခါ အမျိုးသားရေး စိတ်ဓာတ်သည် ခုတ်ရာတလွဲ၊ ရှရာတခြား ဖြစ်ကာအန္တရာယ်ကြီးတတ်သည်ကို သတိမူကြစေချင်သည်။

မြန်မာရာဇဝင်ထဲတွင် ထိုင်းနိုင်ငံသည် စစ်ရှုံးနိုင်ငံဖြစ်၏။အကြိမ်ပေါင်းများစွာစစ်အောင်နိုင်ခဲ့သော မြန်မာတို့ လက်ရှိအခြေအနေတွင် ထိုင်းနိုင်ငံဖက်သို့ စားဝတ်နေရေးချို့တဲ့မှုကြောင့်၊သန်းနှင့်ချီ၍ရောက်ရှိလာကြခြင်းအပေါ် ထိုင်းလူမျိုးတို့၊ဝမ်းပန်းတသာ လက်ကမ်း၍ မကြိုသည်မှာ အလွန်သဘာဝကျလှသည်။ဝမ်းနည်းကြေကွဲဒေါသထွက်နေရုံဖြင့်မပြီး၊အကောင်းဆုံးနည်းလမ်းကား၊၊ ကိုယ့်နိုင်ငံကို ရာဇဝင်ထဲမှာထဲကအတိုင်း၊သူ့နိုင်ငံထက် ပိုမိုကောင်းမွန်သာလွန်သောတိုင်းပြည်၊ပြန်ဖြစ်လာအောင် အားလုံးဝိုင်းဝန်းအား ထုတ်ကြ ခြင်းသာ အကောင်းဆုံးထွက်ပေါက်ဖြစ်ပေလိမ့်မည်။

မိမိတိုင်းပြည် ဖွတ်ဘိုးအေဘဝကနေ မတက်နိုင်သေးပဲ ၊တဇောက်ကန်းမျိုးချစ်ပုံစံ ထင်ရာစိုင်းနေပါမူ မိအေးနှစ်ခါ နာရုံပဲ ရှိပါလိမ့်မည်။ ကျနော့်ပတ်ဝန်းကျင်တွင် သမိုင်းအမြင် မကြည်လင်သောထိုင်းလူမျိုးများစွာရှိသလို အမြင်ကျယ်သည့်ထိုင်းလူမျိုး များတပုံတပင်ရှိနေသည်။ လူမျိုးရေးအစွဲအမုန်း တရားမထားစေချင်ပဲ၊အမှန်တရားနှင့်တရားမျှတမှု ကိုမြတ်နိုး၊အလေးထားတတ်စေချင်ပါသည်။မည်သို့ပင်ဆိုစေ ဤအမှုသည် မြန်မာနိုင်ငံသားတို့အား အမှန်တရားစာမျက်နှာဘက်သို့ တစိတ်တဝမ်း၊ တစု တစည်းတည်းရှိစေရန် တွန်းပို့လိုက်သကဲ့သို့ ရှိခြင်းကြောင့် အဆိုးထဲကအကောင်းအဖြစ်မှတ်ယူချင်သည်။

နိဂုံးချုပ်အားဖြင့်ဆိုရပါမူ မြေနိမ့်ရာလှံစိုက်သကဲ့သို့ဖြစ်နေသော၊ကော့တောင်ကျွန်းလူသတ်မှုသည် ပြည်ပရောက်မြန်မာအလုပ်သမား များအား ကာကွယ်စောင့်ရှောက်သည့် ဥပဒေပြဌာန်းရန် အပူတပြင်းလိုအပ်လျက်ရှိကြောင်း ဖော်ညွှန်းလျက်ရှိသည်။ ထို့အတူမြန်မာ အစိုးရသစ်၏ဒီမိုကရေစီအကူးအပြောင်းသည် မြန်မာအမျိုးသားတို့၏ဂုဏ်သိက္ခာကို ပြန်လည်ဆယ်တင်ပေးနိုင်ခြင်းရှိမရှိ ကျယ်လောင် စွာမြည်ဟည်းထွက်ပေါ်လာသည့် အမျိုးသားရေးစိန်ခေါ်သံတစ်ရပ် ဟူ၍လည်းမှတ်ယူနိုင်သည်။

ရုပ်ပုံ။ ။ဂူဂဲလ်

(၉) ထိုင်းရဲတို့၏ စိန်ပြာအမှုပုံရိပ်ဆိုး။
ထိုင်းရဲတို့၏ပုံရိပ်ဆိုးကိုဖော်ပြသည့် ကမ္ဘာကျော်ဇာတ်လမ်းတပုဒ်ရှိခဲ့ဖူးသည်။(၁၉၈၉)ခုနှစ်တွင်ဆော်ဒီအာရေဗျနိုင်ငံမှ တော်ဝင်မင်းသား တစ်ပါးထံတွင်အလုပ်လုပ်နေသောထိုင်းလူမျိုးတစ်ဦးသည် ဒေါ်လာသန်းနှစ်ဆယ်ခန့်တန်သော နန်းစဉ် ရတနာတို့ကိုခိုးယူကာ ထိုင်းနိုင်ငံ သို့ပြန်လာခဲ့ရာ တန်ဖိုးမဖြတ်နိုင်သော စိန်ပြာကြီးတစ်လုံးလည်း ပါဝင်ခဲ့သည်။

ဆော်ဒီမင်းသား၏တိုင်ကြားချက်ကြောင့် ထိုင်းရဲတို့စုံစမ်းစစ်ဆေးမှုများပြုလုပ်ပြီး၊ ထိုင်းအလုပ်သမားကို ဖမ်းဆီး၍ နန်းစဉ်ရတနာများကို ပြန်လည်သိမ်းဆည်းကာ ဆော်ဒီနိုင်ငံသို့ပြန်လည်ပို့ဆောင်ခဲ့ရာ ပစ္စည်းတဝက်ကျော်မှာအတုများဖြစ်နေခဲ့သည်။တန်ဖိုးမဖြတ်နိုင်သည့် စိန်ပြာကြီးသည်လည်း ပါမလာတော့ချေ။
ထိုင်းသတင်းစာများတွင် ထိုင်းအရာရှိကြီးများပွဲတက်အခန်းအနားဓာတ်ပုံများ၌ ယခင်ကမတွေ့ဖူးသော စိန်လည်ဆွဲများဝတ်ဆင်ထားသည်ကိုတွေ့ရှိရသည့်အခါ ဆော်ဒီအစိုးရက ဆော်ဒီမင်းမျိုးမင်းနွယ်တစ်ယောက်ကို ဘန်ကောက်သို့စေလွှတ်စုံစမ်းခဲ့ရာ အဆိုပါပုဂ္ဂိုလ်မှာ ပြန်ပေးဆွဲအစဖျောက်ခံခဲ့ရသည်။ ထိုအမှုကို စုံစမ်းနေသော ဆော်ဒီသံရုံးအရာရှိလေးယောက်သည်လည်း ဘန်ကောက်တွင် ပင်သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။
ထို့ပြင်လက်ဝတ်ရတနာများကိုအတုလုပ်ပေးသော ရတနာဆိုင်ရှင်၊ ၎င်း၏ဇနီး၊ သူ၏သားတို့လည်း အသတ်ခံရသည်။ထိုင်းရဲဗိုလ်ချုပ်ကြီး တစ်ဦးရတနာဆိုင်ပိုင်ရှင်သတ်မှုဖြင့် တရားရုံးအတင်ခံရပြီး သေဒဏ်ချမှတ်ခံရသည်။နောက်ပိုင်းတွင်ထောင်ဒဏ်အနှစ်ငါးဆယ်သို့ ပြောင်းလဲပေးခဲ့သည်။တရားသူကြီးနှစ်ယောက်အလုပ်ထုတ်ခံရပြီး ထိုင်းရဲအရာရှိငါးယောက်ရုံးတင်စစ်ဆေးခံခဲ့ရသော်လည်း (၂၀၀၄) ခုနှစ်တွင်အမှုကိုပလပ်ပေးခဲ့သည်။အဆိုပါအမှုမှာ ယခုတိုင်အဖြေမှန်မပေါ်သေးချေ။

(၁၀) ဆက်ရန်ရှိသေးသည်
နောက်ဆုံးကြားသိရသောသတင်းများအရ င် ၎င်းအမှုအတွက် သံသယ တရားခံ မြန်မာရွှေ့ပြောင်း လုပ်သားနှစ်ဦးအမှုကို လာမည့် အောက်တိုဘာ ၁၅ ရက်တွင် တရားရုံးတင် နိုင်ရန်အတွက် ထိုင်းနိုင်ငံ၏ တိုင်း ဒေသအမှတ် (၈) အစိုးရဥပဒေ ဌာနက ကြိုးစားနေသည် ဟုဆိုသည်။ထို့ထက်ပို၍ စိတ်ဝင်စားဖွယ်ကောင်းသည်ကား လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်၍ တရားခံဟုသံသယရှိခံရသော၊ မြန်မာ လူမျိုး တရားမ၀င်ရွေ့ပြောင်း အလုပ်သမား နှစ်ဦးကို ချုပ်နှောင်ထားသည့် ကော့စမွေကျွန်း အကျဉ်းထောင် ထောင်ပိုင်ကြီး (ညွှန်ကြား ရေးမှူး) ဆူနင်းလင်စူဝမ်၏ပြောဆိုချက်ဖြစ်၏။
“တရားခံနှစ်ယောက်ဟာ သူတို့ပြုထားတဲ့ အမှုကိစ္စအတွက် ကြီးစွာနောင်တ ရနေပုံရှိပြီး ဒီနောင်တကြောင့် သူတို့မှာဖိအားတွေ ခံစားနေရပုံရတယ်၊ ဒါကြောင့် သူတို့ကိုယ်သူတို့ သတ်မသေနိုင်အောင် ထောင်အမှုထမ်းတွေက စနစ်တကျနဲ့ ဂရုတစိုက် စောင့်ကြည့် နေရတယ်။ ဒီမြန်မာရွေ့ပြောင်းလုပ်သား နှစ်ဦးရဲ့ အကျဉ်းထောင် အိပ်ခန်းတွေကို စီစီတီဗွီတွေနဲ့ (၂၄) နာရီ မနားတမ်းစောင့်ကြည့် နေရတယ်လို့ သိရပါတယ်”
ဟု သူကပြောဆိုသည်။အဆိုပါမှတ်ချက်ကြောင့် မြန်မာလူငယ်နှစ်ဦးအကျဉ်းထောင်ထဲတွင် မိမိကိုယ်မိမိ သတ်သေသွားကြသည်ဟူသော သတင်းဆိုးကိုမကြားရပါစေနှင့်၊မြန်မာပြည်မှသွားရောက်တွေ့ဆုံကြမည့်မိဘများနှင့်ချောမောစွာ တွေ့ ဆုံနိုင်ပါစေ ဟုထိုင်းနိုင်ငံ၏အားနည်းများအား၊အထိုက်အလျောက်သိနေသူ၊ စာရေး သူ အနေဖြင့်ဆုတောင်းသည်။

(၁၁) လူမျိုးတိုင်းသည်မိမိတို့၏သမိုင်းခြေရာကိုကောက်ကြစမြဲဖြစ်၏။
အံ့သြဖွယ်ရာကောင်းသည်ကား ကော့တောင်ကျွန်းလူသတ်မှုအရှုပ်တော်ပုံသည် မြန်မာလူထုအတွက် အမျိုးသားရေးစိန်ခေါ်သံတစ်ခု အသွင်ဆောင်ခဲ့ခြင်းဖြစ်၏။ခေတ်အဆက်ဆက်မြန်မာအစိုးရတို့၏ ကိုယ်ကျိုးရှာမှု၊တိုင်းပြည်ဘဏ္ဍအလွဲသုံးစားလုပ်မှု၊စီမံခန့်ခွဲမှုအမှား၊တို့ ကြောင့် လူဦးရေသန်းနှင့်ချီ၍၊ဇာတိမြေကိုစွန့်ခွာကာ၊ထမင်းတစ်လုတ်၊တုတ်တစ်ချက် ကျီးလန့်စာစားရှာဖွေစားသောက်ကြရ သည့်အဖြစ် တို့ကို လူထုအနေဖြင့်ရှေးကထက် ဆင်ခြင်ခံစားလာမိကြသည်။
ထိုင်းနိုင်ငံသည်ရာဇဝင်ထဲတွင်ရန်ဖက်နိုင်ငံဖြစ်ခဲ့သည်ဟူ သမိုင်း ခြေရာကိုပြန်ကောက် လာမိကြသည်။မြန်မာနိုင်ငံ၏သယံဇာတကို မှီခိုယူငင်သုံးစွဲနေသည့် ထိုင်းနိုင်ငံအပေါ်အမြင်မကြည်မလင်ဖြစ် လာကြ၏။
မြန်မာအချို့သည်ဆိုရှယ်နက်ဝပ်မီဒီယာများတွင် ဘုရင့်နောင်နှင့်အလောင်းဘုရားပုံများကိုလွှင့်တင်ကာ၊၎င်းတို့၏မျိုးချစ် စိတ်ကို အဆာဖြေ လာကြသည်။ ဂျပန်နိုင်ငံရောက် မြန်မာများက ဆန္ဒပြကြသည်။ပြည်တွင်းလူ့အခွင့်အရေးလှုပ်ရှားတက်ကြွသူများက ထိုင်း ဝန်ကြီးချုပ်၏ ခရီးစဉ်တွင် ဆန္ဒပြကြသည်။အဖြေ မှန် မထုတ်နိုင် သေးမီစပ်ကြား၊အမှားနှင့်အမှန်ကို ပညာဥာဏ်ဖြင့် မယှဉ်နိုင်သည့်အခါ အမျိုးသားရေး စိတ်ဓာတ်သည် ခုတ်ရာတလွဲ၊ ရှရာတခြား ဖြစ်ကာအန္တရာယ်ကြီးတတ်သည်ကို သတိမူကြစေချင်သည်။
မြန်မာရာဇဝင်ထဲတွင် ထိုင်းနိုင်ငံသည် စစ်ရှုံးနိုင်ငံဖြစ်၏။အကြိမ်ပေါင်းများစွာစစ်အောင်နိုင်ခဲ့သော မြန်မာတို့ လက်ရှိအခြေအနေတွင် ထိုင်းနိုင်ငံဖက်သို့ စားဝတ်နေရေးချို့တဲ့မှုကြောင့်၊သန်းနှင့်ချီ၍ရောက်ရှိလာကြခြင်းအပေါ် ထိုင်းလူမျိုးတို့၊ဝမ်းပန်းတသာ လက်ကမ်း၍ မကြိုသည်မှာ အလွန်သဘာဝကျလှသည်။ဝမ်းနည်းကြေကွဲဒေါသထွက်နေရုံဖြင့်မပြီး၊အကောင်းဆုံးနည်းလမ်းကား၊၊ ကိုယ့်နိုင်ငံကို ရာဇဝင်ထဲမှာထဲကအတိုင်း၊သူ့နိုင်ငံထက် ပိုမိုကောင်းမွန်သာလွန်သောတိုင်းပြည်၊ပြန်ဖြစ်လာအောင် အားလုံးဝိုင်းဝန်းအား ထုတ်ကြ ခြင်းသာ အကောင်းဆုံးထွက်ပေါက်ဖြစ်ပေလိမ့်မည်။
မိမိတိုင်းပြည် ဖွတ်ဘိုးအေဘဝကနေ မတက်နိုင်သေးပဲ ၊တဇောက်ကန်းမျိုးချစ်ပုံစံ ထင်ရာစိုင်းနေပါမူ မိအေးနှစ်ခါ နာရုံပဲ ရှိပါလိမ့်မည်။ ကျနော့်ပတ်ဝန်းကျင်တွင် သမိုင်းအမြင် မကြည်လင်သောထိုင်းလူမျိုးများစွာရှိသလို အမြင်ကျယ်သည့်ထိုင်းလူမျိုး များတပုံတပင်ရှိနေသည်။ လူမျိုးရေးအစွဲအမုန်း တရားမထားစေချင်ပဲ၊အမှန်တရားနှင့်တရားမျှတမှု ကိုမြတ်နိုး၊အလေးထားတတ်စေချင်ပါသည်။မည်သို့ပင်ဆိုစေ ဤအမှုသည် မြန်မာနိုင်ငံသားတို့အား အမှန်တရားစာမျက်နှာဘက်သို့ တစိတ်တဝမ်း၊ တစု တစည်းတည်းရှိစေရန် တွန်းပို့လိုက်သကဲ့သို့ ရှိခြင်းကြောင့် အဆိုးထဲကအကောင်းအဖြစ်မှတ်ယူချင်သည်။
နိဂုံးချုပ်အားဖြင့်ဆိုရပါမူ မြေနိမ့်ရာလှံစိုက်သကဲ့သို့ဖြစ်နေသော၊ကော့တောင်ကျွန်းလူသတ်မှုသည် ပြည်ပရောက်မြန်မာအလုပ်သမား များအား ကာကွယ်စောင့်ရှောက်သည့် ဥပဒေပြဌာန်းရန် အပူတပြင်းလိုအပ်လျက်ရှိကြောင်း ဖော်ညွှန်းလျက်ရှိသည်။ ထို့အတူမြန်မာ အစိုးရသစ်၏ဒီမိုကရေစီအကူးအပြောင်းသည် မြန်မာအမျိုးသားတို့၏ဂုဏ်သိက္ခာကို ပြန်လည်ဆယ်တင်ပေးနိုင်ခြင်းရှိမရှိ ကျယ်လောင် စွာမြည်ဟည်းထွက်ပေါ်လာသည့် အမျိုးသားရေးစိန်ခေါ်သံတစ်ရပ် ဟူ၍လည်းမှတ်ယူနိုင်သည်။
ရုပ်ပုံ။ ။ဂူဂဲလ်

(မင်းဒင်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...