Wednesday, October 1, 2014

ရဲဘော်ငဦးနှင့် သူ၏ပါရမီရှင်များ

---ကျွန်တော်ဘ၀မှာ မွေးရာပါ ပါရမီဆိုလို့ ဘာတစ်ခုမှ ပါမလာပါဘူး။
အားကစား၊ အနုပညာ၊ ပညာရေး အကုန်လုံးပါပဲ ပါရမီတစ်ခုမှမရှိပါဘူး လိုချင်တာအကုန်လုံးကို အပျင်းကြီးကြီးနဲ့ ကြိုးပမ်းခဲ့ရပါတယ်။
ဝန်ထမ်းဖြစ်ခါစက မြန်မာ့ရုပ်မြင်သံကြားက အင်ဂျင်နီယာကြီး တစ်ဦးကတော့ သူ့ရဲ့ဘ၀ပါရီမီအကြောင်းကို ခုလိုပြောဖူးပါတယ်။

"ဒီမယ် ငါ့ညီ ကိုယ့်ဘ၀မှာ ကိုယ်တိုင်အားစိုက်ထုတ်မှု မရှိဘဲ ဘာတစ်ခုမှ အလကားမရဖူးဘူးကွ" ကျွန်တော်လည်း သူ့လိုပါပဲ ကိုယ်တိုင်အားစိုက်ထုတ်မှုမရှိဘဲ ဘာတစ်ခုမှ အလကား မရဘူးပါ။ ဥပမာ ဘောပွဲ၊ နှစ်လုံးထီ၊ ချဲ တစ်ခါမှ မနိုင်ဘူး မပေါက်ဘူးပါ။ လိုချင်ရင် အားစိုက်ထုတ်မှု ရှိရပါတယ်။
လူတိုင်းလူတိုင်း ကိုယ်လိုချင်တာ တစ်ခုခုကို အားစိုက်ထုတ်မှု ရှိရပါတယ်။
ဒါပေမဲ့ တစ်ချိုလူတွေကြတော့ မွေးရာပါ ပါရမီ ပါလာပြီး အားစိုက်ထုတ်မှု သိပ်မလိုဘဲ အရမ်းထူးချွန် သွားတဲ့လူတွေရှိလို့ပါ။
ဥပမာ မက်ဆီနဲ့ ဒိုလေးပါ။
မက်ဆီက ဘောလုံးကို မွေးရာပါ ပါရမီပါလာသူပါ။
ဒိုလေးကတော့ ဇွဲ၊ လုံးလ နဲ့အားထုတ်ကြိုးပမ်းသူပါ။
နှစ်ယောက်စလုံး တော်ပေမဲ့ ဒိုလေးက ပင်ပင်ပန်းပန်း အားစိုက်ထုတ်ကြိုးပမ်း အောင်မြင်ခဲ့သူပါ။
.......................................................................................
----ကျွန်တော်ဘ၀မှာ ကျွန်တော်သာ ဘာပါရမီမှ မရှိခဲ့တာ ကျွန်တော့်သူငယ်ချင်း ပါရမီ ရှိသူများကိုတော့ ကြုံခဲ့ဖူးပါတယ်။
ပထမတစ်ယောက်က ကျွန်တော် ရှစ်တန်းကျောင်းသားဘ၀ ၂၀၀၀ ခုနှစ်ကပါ လျှပ်စစ်ဂီတာကို ရှိတဲ့ပစ္စည်းနဲ့ လုပ်တတ်တဲ့ ကိုးတန်းက သူငယ်ချင်း အောင်ကိုဇော် ဆိုသူပါ။ သူလုပ်ခဲ့တဲ့ သစ်သားလျှပ်စစ်ဂီတာနဲ့ ကျွန်တော်တို့ ရွာကတန်ဆောင်တိုင်လပြည့်ညမှာ သီချင်းတွေ လိုက်ဆိုဖူးပါတယ်။ ကိုတန်းကျောင်းသား ဖြစ်ပေမဲ့ လျှပ်စစ်ဂီတာကို ကိုယ်တိုင်လုပ်နိုင်အောင် ပါရမီရှိသူပါ။ အဲဒီအချိန် သူ့ရဲ့မွေးရာပါ အီလက်ထောနစ် ပညာက ခုချိန် အီလက်ထောနစ် အင်ဂျင်နီယာဘွဲ့ရထားတဲ့ ကျွန်တော်ထက် အဆများစွာ သာပါတယ်။ ဒါပေမဲ့ မြန်မာ့ပညာရေးက လူမှုအသိုင်းအ၀ိုင်းက ကျွန်တော့်သူငယ်ချင်း အီလက်ထောနစ်ပညာရှင်ကို ဘယ်သူမှ အားမပေးခဲ့ပါဘူး။ လူငယ်လေး လျှပ်စစ်ဂီတာကို လုပ်နိုင်တယ်ဆိုပြီး ကျောင်းကဆရာ၊ ဆရာမတွေ ရွာက ရပ်မိရပ်ဖတွေက အားမပေးခဲ့ကြပါဘူး။ နိုင်ငံခြားမှဆို ကျွန်တော်သူငယ်ချင်း အောင်ကိုဇော်တစ်ယောက် ကျောင်းတွင်း တီထွင်ကြံဆScience ထူးချွန်ဆုရမှာ သေချာပါတယ်။ တိုင်းပြည်နဲ့လူမျိုးအတွက် အားထားရတဲ့ အီလက်ထောနစ်ပညာရှင် တစ်ယောက်ဖြစ်မှာသေချာပါတယ်။ ဥပမာ Facbook Microsoft apple တို့လိုတီထွင်ထုတ်လုပ်သူ မဟုတ်ရင်တောင် ထိုcompany မှာ ထူးချွန်ပညာရှင် ဖြစ်မှာသေချာပါတယ်။ နိုင်ငံနဲ့လူမျိုးအတွက် ထူးချွန်နိုင်သူတစ်ယောက် ခုတော့ သူအရက်သမား ဖြစ်နေပါတယ်။
................................................................................................
နောက်တစ်ယောက် ကျွန်တော်နဲ့ အထက်တန်းတုန်းက အတန်းတူပါ နာမည်တော့ မမှတ်မိတော့ပါဘူး သူ့ကိုကျွန်တော်တို့ ခပ်ငယ်ငယ်က ဆေးရူးလို့ ခေါ်ကြပါတယ်။ ကိုယ်တိုင် လေ့လာပြီး တိုင်းရင်း ဆေးဖော်စပ်သူပါ ဆေးပညာပါရမီပါသူပါ။ အားလုံးက သူဆေးဖော်စပ်တာကို ၀ါသနာပါမှန်း သိကြပေမဲ့ မြန်မာ့ပညာရေးနဲ့ လူမှုအသိုင်းအ၀ိုင်းက အားမပေးခဲ့ကြပါဘူး။ နိုင်ငံခြားမှာဆို ကျွန်တော်သူငယ်ချင်းတစ်ယောက် ပညာရေး ကောင်းကောင်း နည်းစနစ်မှန်မှန်ကန်ကန်နဲ့ ထိတွေ့ရပြီ အီဘိုလာလို ရောဂါမျိုးကို တားဆီနိုင်တဲ့ ဆေးပညာရှင် ဖြစ်နေမှာ သေချာပေါက်ပါ။ ခုများတော့ သူလည်း ဘာဖြစ်နေမှန်း မသိပါဘူး သေချာတာတော့ ဖိုးသမားလား ဘိန်းစားလား မလွဲဧကန်ပါပဲ။
..............................................................................................
တက္ကသိုလ်တက်တော့ ပန်းချီဝါသနာ ပါတဲ့သူငယ်ချင်းတစ်ယောက်နဲ့ တွေ့ပြန်ရော။ သူ့နာမည်က စောအုန်းကျော်ထွန်း ကျွန်တော်တိုအဖွဲကတော့ ချစ်စနိုးနဲ့ မိအုန်းဆိုပြီး ခေါ်ကြတယ်။ ပန်းချီပညာကို သေသေချာချာ မသင်ကြားဘူးဘဲနဲ့ ပန်းချီကောင်းကောင်း ဆွဲနိုင်သူပါ။ သူ့ရဲ့မွေးရာပါ ပန်းချီပညာကို သူလုပ်ချင်ခဲ့ပေမဲ့ အင်ဂျင်နီယာဖြစ်စေချင်တဲ့ ဖခင်ကြောင့် ခုတော့ ဟိုမရောက် ဒီမရောက်ဖြစ်နေသူပါ။ ယဉ်ကျေးမှုပန်းချီကျောင်းတက်ချင်သူပါ သူသာယဉ်ကျေးမှု တက္ကသိုလ် တက်ခဲ့ပြီး ပန်းချီကို စိတ်လွတ်ကိုယ်လွတ် ဆွဲခွင့်ရမယ်ဆို ကျွန်တော့်တို့ လူအဖွဲ့အစည်းမှာ ပန်းချီထူးချွန်သူ တစ်ယောက် တိုးလာမှာ သေချာပေါက်ပါ။
..............................................................................................
နောက်ဆုံး တစ်ယောက်ကတော့ ပါရမီထူးချွန်ချက်ကတော့ ကျွန်တော်ကိုယ်တိုင် မမေ့နိုင်အောင် အံ့သြရသူပါ။ ကျွန်တော်နဲ့တက္ကသိုလ် တစ်နှစ်ထဲပါ electrical power မေဂျာကပါ။ သူ့ရဲ့ထူးချွန်တဲ့ ပါရမီကတော့ ဖဲဘယ်လိုရိုက်ရိုက် ဘယ်လောင်းကစားလုပ်လုပ် မရှုံးတတ်တဲ့သူပါ။ လောင်းကစားမှာ မွေးရာပါ ပါရမီပါသူပါ။ သူကတော့ ကျွန်တော့လိုပဲ ကချင်ပြည်နယ်ကပါ ငွေမိုးလို့ခေါ်ပါတယ်။ လူနဲ့ နာမည်နဲ့လိုက်ဖက်အောင် ငွေမိုးဆိုသလိုပါပဲ ငွေအမြဲရွင်သူပါ။ လောင်းကစားနဲ့ ပတ်သက်လာရင် ဘယ်တော့မှ မရှုံးဘူးသူပါ။ ကျောင်းသားဘ၀က သူရိုက်တဲ့ဖဲဝိုင်းကို လိုက်သွားကြည့်တယ် တစ်ဝိုင်းလုံး ပိုက်ဆံတစ်ကျပ်မှ မကျန်အောင် ဖဲနိုင်အောင်ကစားတာကို အမြဲတွေ့ရပါတယ်။ သူဖဲကောင်းချက်ကတော့ အားလုံးရဲ့ဖဲက သူ့ထက်ကောင်းနေပါစေအုန်း နောက်ဆုံးသူဆွဲလိုက်တဲ့ ဖဲချပ်က သူ့ဘ၀ကို ပြောင်းအောင် ဖဲဆွဲကောင်းသူပါ။ လိမ်လည်ဖဲရိုက်တတ်သူ မဟုတ်ပါ ရိုးသားတဲ့သူပါ သူကိုယ်တိုင်က လိမ်ညာသူကို မုန်းတတ်သူပါ။ သူကဖဲမှမဟုတ်ဘူး စနူကာ(Snooker)၊ ဘိလိယက် လောင်းကစား ဘာဖြစ်ဖြစ် လုပ်လျှင်လဲ ရှုံးခဲသူပါ။ အမှန်တကယ်လို့ ကျွန်တော်တို့ တိုင်းပြည်မှာ အခွန်မှန်မှန်ကန်ကန်နဲ့ ဘောလုံးပွဲ တရားဝင် လောင်းကြေးရုံလို၊ ကာစီနိုရုံလိုမျိုး တရားဝင် လောင်းကစားတာကို ခွင့်ပြုမယ်ဆိုရင် ကျွန်တော့ သူငယ်ချင်းငွေမိုးလိုကောင်မျိုးက မြန်မာနိုင်ငံမှာ ဘုရင်ဖြစ်မှာ သေချာပေါက်ပါ မိတ်ဆွေအပေါင်းတို့။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...