Sunday, October 12, 2014

"လည်ပတ်စရာ နေရာသစ်"

ငယ်သူငယ်ချင်းတစ်ယောက် အလည်ရောက်နေတာနဲ့ ကိုယ်ရုံးအားတဲ့တစ်ရက် သူ့ကို အလည်လိုက်ပို့ဖို့ ကြိုးစားတယ်။
သူရောက်နေတာတော့ ကြာပြီ၊ တခြားသူငယ်ချင်းတစ်ယောက်က တာဝန်ယူပြီး လိုက်ပို့နေတော့ ကိုယ်ပို့စရာ မလိုဘူး ဖြစ်နေတာ။ ကိုယ့်သူငယ်ချင်းလည်း ဖြစ်နေတော့ ကိုယ်လည်း တာဝန်ကျေမှ ကောင်းမှာကိုး။

ဒါနဲ့ သူ့ကို မေးကြည့်တယ်... ...

"မင်း ဘယ်တွေ ရောက်ပြီးပြီလဲ"
"အစုံပဲကွ... ဆန်တိုဆာ၊ မရီနာဘေး၊ ဘုတ်ကွေး၊ Bird park၊ ရုက္ခဗေဒ ဥယျာဉ်"
"အော်... တော်တော် စုံနေပြီပဲ၊ ဒါဆို ဘယ်လိုက်ပို့ရပ့ါ"
"ဟို တစ်နေရာတော့ မရောက်ဖူးသေးဘူး"

"ဘယ်နေရာတုန်း ပြော၊ ငါလိုက်ပို့မယ်"
"Guardian into the beach"
"ငင်... ဘယ်နေပါလိမ့်၊ နေရာအသစ်များလား၊ ငါ မကြားဖူးဘူး"
"မင်းကလည်း စလုံးမှာ နေတာကြာပြီ၊ ဒီလောက်လေးတောင် မသိဘူးလား"
"တကယ် မသိတာပါကွာ၊ ခဏလေး ငါစဉ်းစားကြည့်ပါအုံးမယ်"
သူပြောတာကို စဉ်းစားကြည့်တယ်
အဲဒီ Guardian ဆိုတာကြီးက ဘာကြီးပါလိမ့်။
အဲဒါကြီးက Beach ထဲ ဝင်သွားတာဆိုတော့ ငါးကြီးများလား၊ သင်္ဘောကြီးလား
မြန်မာလိုတော့Guardian ဆိုတာ ကာကွယ်သူ၊ အုပ်ထိန်းသူ လို့ အဓိပ္ပယ် ထွက်တာပဲ
အင်း... Beach လည်း ပါတယ်
စလုံးမှာ ရှိတဲ့ Beach တော်တော်များများ ငါသိပါတယ်...
သူပြောတာ ဘာဘိကြီးလဲ မသိ
ပြီးတော့... အဲဒီ အုပ်ထိန်းသူကြီးက ပင်လယ်ထဲ ဘာဆင်းလုပ်တာပါ လိမ့်?
အား.... ခေါင်းပူတယ် စိတ်ရှုပ်တယ်
ဘယ်လို့မှ စဉ်းစားမရတာနဲ့ သူကိုပဲ မေးရတယ်... ...
"နေပါအုံး အဲဒီမှာ ဘာတွေ ရှိလဲ"
"ငါလည်း မသိဘူးကွ၊ ဟိုကောင် အောင်ကြီး ပြောတာပဲ၊ သွားစရာဆိုလို့ အဲဒီတစ်ခု ကျန်တော့တာတဲ့"
"အင်း... အောင်ကြီး ဆီကို ဖုန်းဆက်မေးတာပဲ ကောင်းမယ်ထင်တယ်"
"မေးလေ"
ဒါနဲ့...
အောင်ကြီးဆီ ဖုန်းဆက်မေးရတာပေါ့... ...
"ဟလို... အောင်ကြီး၊ ငါပါကွ သန်၎ကို"
".... .... ..."
"အေး... ဒီမှာ မိုးကြီးကို လိုက်ပို့မလို့၊ မင်း မပို့ရသေးတာ တစ်နေရာပဲ ကျန်ဆို"
"............."
"အင်း... သူပြောတဲ့ Guardian into the beach ဆိုတာက ဘယ်မှာ ရှိတာလဲ"
"............."
"ငင်... အဲဒါကြီးလား၊ ကတောက်စ် မအေပေး မိုးကြီး၊ ငါ့မှာတော့ စဉ်းစားလိုက်ရတာ တွေ့မယ်"
"............."
ဖုန်းချပြီးတာနဲ့ ဟိုကောင့်ကို မျက်ထောင့်နီကြီးနဲ့ ကြည့်ပလိုက်တယ်
တခုခု မှားနေပြီဆိုတာ သူကလည်း ရိပ်မိတော့... မျက်နှာငယ်လေးနဲ့... ....
"ဟမ်... ဒမှာ ဟျောင့်... မိုးဂျီး"
"ငင်... ပြောလေကွာ..."
"မင်းပြောတာက ဘာကွ"
"Guardian into the beach လေ၊ မဟုတ်လို့လားလို့၊ ငါ သေချာမှတ်ထားတာကြီးကို"
"နင့်ဂျီးဒေါ်ကြီးသာ into the beach တာ၊ တောက်တလွဲ ကောင်"
"ဒါဆို ဘာတုန်း.. "
"Garden By The Bay... ကွ"
"ငီး ငီး... မင်းကလည်း... ဆင်ဆင်လေးတော့ တူပါတယ်ဟ"
"တေလိုက်..."
လေတာပေါ့... ....
သန်၎ကို - ပေါက်ကရရေးသည်။
https://www.facebook.com/thanlayko

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...