(ခေတ်နဲ့ ပညာ) U Aung Than
True Man
တစ်ခါက တွေးမိတာလေး တစ်ခုရှိတယ်။ ကျွန်တော်တို့ ခေတ်ကပေါ့ဗျာ။
ကျွန်တော်တို့ ခေတ်ဆိုလို့ အရမ်းတော့ မလှမ်းသေးပါဘူး။ လွန်ခဲ့တဲ့ နှစ် ၂၀
လောက်။ သူဌေးတွေ ပေါ်လာတယ်။ ဟိုသူဌေး ကြည့်လိုက် ဘွဲ့မရသေး၊ ဒီသူဌေး
ကြည့်လိုက် ၁၀တန်း မအောင်သေး။ ဒီတော့ တွေးမိတာက ပညာသင်မိတာ မှားသလားပေါ့။
ဒီလိုတွေးတာဗျ။ နောက် ကိုယ်တိုင် ဆရာဖြစ်လာတော့ တပည့်တွေထဲ စာကို
စိတ်မ၀င်စားတာ တွေ့ရင် ကျောင်းထွက် စီးပွားရေးလုပ်ဖို့ တိုက်တွန်းဖူးတယ်။
ဒီအမြင် ပြောင်းလာတာ သိပ်တော့ မကြာသေးဘူး။
တပည့်တွေကလဲ မေးတာရှိတယ်။
ဆရာတဲ့ ဘွဲ့ရရင် ဘာလုပ်ရမလဲ။ ကိုယ့်မှာလဲ အဖြေကမရှိ။ နောင်တော့ နိုင်ငံရဲ့
အနေအထားကို ကြည့်ပြီး မျှော်လင့်လာတယ်။ မင်းတို့ ၀မ်းစာ ပြည့်အောင်
ဖြည့်ထားလို့။ နောက်ပြီး ကျွန်တော် အတန်းဝင်ချိန်တွေမှာ တပည့်တွေကို
မေးကြည့် တယ်။ ကျောင်းပြီးရင် ဘာဖြစ်ချင်တာလဲ။ ရည်မှန်းချက်ပေါ့။ ရှိတဲ့သူ
အတော်ရှားတယ်။ နိုင်ငံအတွက် စိုးရိမ်စရာနော်။ လူမျိုးအတွက်လဲ
စိုးရိမ်စရာပဲ။
ကဲ ဘာဖြစ်လို့လဲ။ စဉ်းစားကြည့်လေ။ ခေတ်က ပညာ ခေတ်တဲ့။
မျိုးဆက်က ပညာ စိတ်မ၀င်စားရင် ဒီနိုင်ငံ ဘာဖြစ်မလဲ။
တိုးတက်ချင်သော်ငြားလည်း အခွင့်အလမ်းကို ဖမ်းဆုပ်နိုင်မှာ မဟုတ်ဘူး။
အဲဒီမျိုးဆက်လဲ အမျိုးယုတ်ပဲ ဖြစ်မှာပဲ။ ဆဲတာမဟုတ်ပါဘူး။ အမျိုးကို
ယုတ်လျော့စေလို့ အမျိုးယုတ်လို့ ဆိုချင်တာပါ။ စကားပုံရှိတယ်။ ဆရာထက် တပည့်
လက်စောင်းထက်တဲ့။ လက်စောင်းထက်မှ generation တစ်ခုပြီး တစ်ခု evolution
ဖြစ်မှာလေ။ ကျွန်တော် ပြောတဲ့ အမျိုးယုတ်က devolution ပေါ့ဗျာ။
ကျွန်တော်က လူဦးရေပညာ အထူးပြု။ တာဝန်ကျတဲ့ ဌာနက စာရင်းအင်းပညာ။ Statistics
သင်တယ်။ Demography သင်တယ်။ Human resource development သင်တယ်။ HRD
သင်တော့ သင်စရာ စာအုပ်က မရှိဘူး။ ကိုယ့်ဘာသာ text book ရေးရတယ်။
အထင်မကြီးပါနဲ့။ သင်ရိုးနဲ့ ကိုက်မယ့် စာတွေ internet က ရှာပြီး သင်ရတယ်။
ဘာသွားတွေ့လဲဆိုတော့ အရင်က တိုင်းပြည် ဖွံ့ဖြိုးမှုကို တိုင်းတာ GDP
တစ်နည်းပြောရရင် စီးပွားရေးတိုးတက်မှု economic growth နဲ့ တိုင်းတယ်။ နောက်
ဘာတွေဖြစ်လာသလဲဆိုတော့ စီးပွားရေး တိုးလာ ပေမယ့် တိုင်းပြည်က
ဖွံဖြိုးမလာဘူး။ ဖွံ့ဖြိုးမလာဘူး ဆိုတာက ပညာရေး၊ ကျန်းမာရေး၊
လူနေမှုအဆင့်အတန်း ဆိုတာတွေ တက်မလာဘူး။ GDP per capita တော့ တက်လာတယ်။
ဒီတော့ economic development ကို ပြောင်းသွားတယ်။ ဒါပေမယ့်
စီးပွားရေးတစ်ခုတည်း ဖြစ်ထွန်းရုံနဲ့ မရသေးဘူးဗျ။ အဲဒီ စီးပွားရေးအဆောက်
အဦကို ထိန်းသိမ်းကွပ်ကဲဖို့ human resource လိုလာပြန်ရော။ ဒီတော့မှ
လူ့အရင်းအမြစ် ဖွံဖြိုးမှသာ တိုင်းပြည် ဖွံ့ဖြိုးမယ်ဆိုတဲ့ အယူအဆက
ခိုင်မာလာတယ်။
Singapore ပေါ့ဗျာ။ သူ့နိုင်ငံရဲ့ vision က ဘာလဲဆိုတော့
knowledge economy တဲ့။ စကားလုံးက ၂ လုံးတည်း။ သူ့အစိုးရက အောင်မြင်အောင်
အကောင်အထည်ဖော် နိုင်တယ်။ ဘာကြောင့်ပြောလဲဆိုတော့ စင်္ကာပူနိုင်ငံသား တွေ
အမှိုက်ကျုံးတာမြင်ဖူးလား၊ သန့်ရှင်းရေးလုပ်တာ မြင်ဖူးလား။ ကျွန်တော်တော့
မမြင်ဖူးဘူး။ စင်္ကာပူမှာ blue collar ဆို အိမ်နီးနားချင်း နိုင်ငံက
လူတွေချည်းပဲ။ သူတို့က managerial role မှာ ယူထားတာဗျ။ ပညာကို အသုံးချ
နိုင်တယ် ပြောရမယ်။ လီကွမ်ယူကို အင်တာဗျူးထားတဲ့ From Third World to First
World မှာ ဖတ်ကြည့်။ သူတို့ စဉ်းစားတာ ရှင်းတယ်။ လွတ်လပ်ရေးရတော့ ၀ိုင်း
စဉ်းစားကြတယ်။ တိုင်းပြည်ရှေ့ရေးအတွက်။ ဘာ သယံဇာတမှ မရှိ။ ထွက်ကုန်ဆိုလို
မှန်မှန်ထွက်တာ လူပဲရှိတော့ လူကို အထက်တန်းစား ပညာတတ် လူဖြစ်အောင်
မွေးထုတ်ခဲ့တာ။ ဒီလူကို သုံးပြီး လူညွန့် ခူးစားတာ အာရှကျားဖြစ်ရော။
Singaporean တွေကို သဘောကျတာက လူငယ်တွေကို နေရာပေးတာပဲ။ ဒီမှာ
အစည်းအဝေးလာတက်တဲ့ သူတွေကိုကြည့်ရင် စင်္ကာပူက လူငယ်အချိုးအစား ပိုများတယ်။
နောက်ပြီး ငယ်ပေမယ့် ယုံကြည်မှု ရှိကြတယ်။ ကျွန်တော်တွေ့ဖူးတဲ့
ညွှန်ချုပ်တစ်ယောက်ဆို ကိုယ်နဲ့မှ ရွယ်တူ။ ဘာဖြစ်လို့လဲဆိုတော့
ကျွန်တော်တို့ နိုင်ငံက လူကြီးတွေ ခဏ ခဏ ပြောကြတယ်။ ဘာတဲ့ မင်းတို့
ငယ်ပါသေးတယ်ကွာ ဆိုတာရယ်၊ ငါတို့က ငယ်ရာက ကြီးလာတာဆိုတာရယ်လေ။ ဒီစကား
၂ခွန်းနဲ့ နေရာယူလာတာ အတော်ကြာပေါ့။ စော်ကားတာတော့ မဟုတ်ပါဘူး။
အသက်ကြီးပြီး အချိန်စီးရင် လေးစားပါတယ်။ ငယ်ရာကပဲ ကြီးရတာ ဓမ္မတာလေ။
ထည့်ပြောစရာ လိုလို့လား။ မွေးကတည်းက ချိုပါရင် ဘယ်မွေးလို့ ရမလဲနော့။
တစ်ခါကျတော့ မင်းတို့က ငယ်ပါသေးတယ်ကွာလို့ ပြောတဲ့သူတွေကို ပြန်ပြောချင်တာက
ခင်ဗျားတို့လဲ ပြန်မငယ်နိုင်တော့ဘူးလို့။ နောက်တစ်ခုက ခင်ဗျားတို့
ငယ်ဘ၀နဲ့ ကျွန်တော်တို့ ငယ်ဘ၀နဲ့ တူရဲ့လား။ ကျွန်တော် တို့လို ခေတ်မျိုးမှာ
နေဖူးသလားလို့ မေးချင်တယ်။ ၁၀ တန်းအောင်ရုံလောက် ပညာတတ်ရင် အလုပ်မရှား
တဲ့ခေတ်နဲ့ ပါရဂူတွေ နေ့စားလုပ်နေတဲ့ ခေတ်နဲ့ ယှဉ်မပြောကြပါနဲ့။ လူကြီးနဲ့
လူငယ် ကွာဟမှုက အမြဲ ဖြစ်နေမှာပဲ။ လူငယ်ကတော့ သူသွားရမယ့် သူ့
ရေစီးကြောင်းအတိုင်း သွားမှာပဲ။ လူကြီးတွေကို နားလည်ဖို့ ကြိုးစားမှာ
မဟုတ်ဘူး။ ဒီတော့ လူကြီးတွေက လူငယ်တွေကို နားလည်ပေးရမယ်၊ နေရာပေးရမယ်။
ဒီနေရာမှာ လူငယ်ကလဲ ကိုယ့်ဘ၀ကို နားလည်အောင် ကိုယ့်ခေတ်ကို နားလည်အောင်
ကြိုးစားဖို့ လိုတာပေါ့။ လူကြီးဆိုတာ လူငယ်ကို နေရာပေးရမှာ။ မပေးလဲ
တစ်ချိန်ကျ ၀င်ယူမှာပဲ။ ဒါကို အလေးမမူပဲ နေရာလေး အတင်းယူထားရင်
ဝိရောဓိဆိုတာဖြစ်လာမှာပဲ။ ဒီနေရာမှာ သို့သော် ဆိုတာလေးရှိတယ်။ ဘာလဲဆိုတော့
လူကြီးက လူငယ်ကို တွဲခေါ်ရမှာ ဖြစ်သလို လူငယ်ကလဲ ပညာပြည့်အောင်
ကြိုးစားဖို့တော့ လိုတာပေါ့။
ဆိုတော့က ကျွန်တော် စာသင်ရင် သိတာ တတ်တာ
ရှင်းပြချင်တယ်။ သင်ပေးချင်တယ်။ မလိုချင်တော့ ဘာတတ်နိုင်မလဲ။
အမျိုးယုတ်လေးတွေ ဖြစ်သွားတာပဲ ကြည့်နေရတာပေါ့။ တစ်ခါတစ်လေကျ ကျွန်တော်
ပြောတယ်။ မင်းတို့တွေ ဖျင်းလိုက်တာလို့။ နောက် ပြန်စဉ်းစားမိတယ်။ ဒီစကား
ကိုယ်လဲ အပြောခံရဖူးတာပဲ။ ကိုယ့်ဆရာတွေလဲ အပြောခံ၇ဖူးမှာပဲလို့ တွေးမိတော့
သိပ်မပြောတော့ဘူးပေါ့။
နိုင်ငံတစ်ခုမှာ ကျွန်တော်ထင်ပါတယ်။ အသိပညာဆိုတာ
တိုင်းပြည် ဖွံဖြိုးတဲ့ အချိန်မှ နေရာရတာ။ တိုင်းပြည် မဖွံဖြိုးသေးရင်
နေရာရဖို့ မလွယ်ဘူး။ ဒါကြောင့်တော့ ပညာ သင်ရမှာ စိတ်ဓာတ်မကျစေချင်ဘူး။
ခေတ်မီ ဖွံ့ဖြိုး တိုးတက်တဲ့ ဒီမိုကရေစီ နိုင်ငံဖြစ်လာရင် နေရာမရှားပါဘူး။
စိတ်ရှည်ဖို့တော့ လိုတာပေါ့။
ပညာမတတ်ရင် ဘာဖြစ်လဲ။ နိုင်ငံနဲ့ ချီပြီး
ဒုက္ခရောက် တတ်တယ်။ သမိုင်း ပြန်ကြည့်လေ။ မြန်မာတွေ ထီးနန်း ပျောက်တာ
စည်းကမ်းဖောက်လို့ မဟုတ်ဘူး။ ပညာ မတတ်လို့ဗျ။ လက်ရုံးအားကိုးလို့ဗျ။
လက်ရုံးရည် စစ်ပညာ ပေါ့ဗျာ။ အင်္ဂလိပ်က မဟာဗန္ဓုလ ရခိုင်မှာဆိုပြီး ရန်ကုန်
တိုက်မလို့ ကြံတော့ မဟာဗန္ဓုလက ရန်ကုန်ရောက်နေပြီ။ လမ်းမရှိတဲ့ ရခိုင်ကနေ
ရန်ကုန်အထိ ရက်ပိုင်းနဲ့ တပ်ကြီး တစ်ခုလုံး ရွေ့လာတာ လွယ်တာ မှတ်လို့။
ဟန်နီဘောပြီးရင် ဒုတိယအတော်ဆုံးလို့တောင် ဆိုကြတယ်။ ဒါပေမယ့် ခေတ်ရယ်
နည်းပညာရယ် မသိတော့ ရွှေထီးဆောင်းပြီး စစ်တိုက်တာ အင်္ဂလိပ်ကလဲ
ပြောင်ပြောင်မြင်တဲ့ နေရာ အမြောက်နဲ့ထုတော့ ဗန္ဓုလလဲ ကျဆုံး မြန်မာလဲ
တိုင်းပြည် တစ်ခြမ်းပါသွားရော။ နောက်ဆုံး သီပေါမင်းလက်ထက်မှာ လက်ရုံးသမား
တိုင်တားမင်းကြီးတို့ နေရာရတယ်၊ ယောမင်းကြီးတို့ နောက်ရောက်သွားတော့
ကျွန်ကို ဖြစ်ရော။
ဒါကြောင့် မျိုးဆက်သစ်တွေ ပညာသင်ကြပါ။ ခေတ်ကို
အမီလိုက်ကြပါ။ ပညာက ဒီအချိန်မှာတော့ ရှေ့မရောက် နိုင်သေးဘူး။
ဘာဖြစ်လို့လဲဆိုတော့ တိုင်းပြည်ကမှ မတည်ငြိမ် သေးတာကိုး။ ရမ်းပြောတာ
မဟုတ်ဘူးနော်။ နိုင်ငံရေးဦးတည်ချက်မှာ ထိပ်ဆုံးကပါတယ်။ နိုင်ငံတော်
တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးတဲ့။ ဒါတွေ
မရသေးလို့ အစိုးရ ကိုယ်တိုင်တောင် objective လုပ်ထားရတာကိုး။
ဒီဦးတည်ချက်တွေ မရှိတော့ရင် ပညာခေတ် ရောက်ပြီသာ မှတ်။
နောက်တစ်ခုက
ကျွန်တော် CESR မှာ ပထမဆင့်မှာ အရေအတွက်ဆိုင်ရာ လေ့လာရေးလုပ်တယ်။ ဒုတိယဆင့်
ကျတော့ အဆင့်မြင့်ပညာရေး ရောက်သွားတယ်။ ကျွန်တော် ဘာလုပ်ချင်သလဲ ဆိုရင်
labor market study လုပ်ချင်တာ။ ဘာကြောင့်လဲ။ ကျွန်တော်တို့နိုင်ငံမှာ
ဘွဲ့ရ အလုပ်လက်မဲ့တွေပေါလို့။ တစ်နှစ် တစ်နှစ် ဆရာဝန် ဘယ်နှယောက်
အင်ဂျင်နီယာ ဘယ်နှယောက် စီးပွားရေးတက္ကသိုလ် ဘယ်နှယောက်ဆိုပြီး သတ်မှတ်တာ
ဘာနဲ့ သတ်မှတ်သလဲ။
တက္ကသိုလ်တစ်ခု ဖွဲ့စည်းပုံကို ကျောင်းသား အင်အားနဲ့
သတ်မှတ်တာဗျ။ ကျောင်းသားအင်အား သတ်မှတ်ပြီးမှ အဆောက်အဦ ဆရာ
ဝန်ထမ်းအင်အားတွေ သတ်မှတ်တာ။ တက္ကသိုလ်ထဲ ကျောင်းသား
မပြည့်ပြည့်အောင်ထည့်တော့ ထွက်လာတဲ့ ဘွဲ့ရတွေက အလုပ်လက်မဲ့တွေ ဖြစ်ကုန်ရော။
ပါရဂူတွေ နေ့စားလုပ်ရကုန်ရောပေါ့။ တချို့ ပုဂ္ဂိုလ်များက ပြောတယ်။ မြန်မာ
PhD သုံးစားမရဘူးတဲ့။ အခု ပညာရေးမှာ ပါမောက္ခတွေ ပါမောက္ခချုပ်တွေထဲ Local
Doctorate တွေ အများကြီးပဲ။ သူတို့စကားအတိုင်းဆို မြန်မာပြည် ပညာရေး
ဖွတ်သထက် ညစ်ရုံ ရှိတော့မပေါ့။
ပညာကို ကြိုးစားစေချင်တဲ့ နောက်ထပ်
အကြောင်းက ပညာက အပျော့ လက်ရုံးက အမာဖြစ်လို့ပဲ။ ဒီနေ့ခေတ်မှာ hard power
ထက် soft power ကို ပိုသုံးလာကြပြီလေ။ နောက် သမိုင်းကို ပြန်ကြည့်ရင်
နယ်ချဲ့စနစ်မှာ M ၃ လုံးရှိတယ်။ Merchant, Missionary ရယ် Military
ရယ်ပေါ့။ လွပ်လပ်ရေးရတဲ့ နောက်ပိုင်း ဘယ် M ကျန်ခဲ့သလဲ တွေးကြည့်ပါ။
လက်ရုံးရည်ဟာ ထိုက်သင့်တဲ့ အကျိုးရှိတယ်ဆိုပေမယ့် ရေရှည်ကို ကြည့်ရင်တော့
နှလုံးရည်ကို သုံးနီုင်စွမ်းရှိမှသာ အောင်မြင်မှုဟာ အဓွန့်ရှည်နိုင်ပါမယ်။
နောက်ပြီး ခေတ်ကြောင့် ဥစ္စာဓနသမားက ရှေ့ရောက်နေတာကို အမြဲဖြစ်နေမယ်လို့
မယူဆစေချင်ဘူး။ တို့ဗမာသီချင်းထဲကလို တို့ခေတ်ကိုတော့
ရောက်ရမည်မှာမလွဲပါဆိုပြီး ကြိုးစားစေချင်တယ်။မလွဲပါဆိုပြီး
ကြိုးစားစေချင်တယ်။
U Aung Than
တစ်ခါက တွေးမိတာလေး တစ်ခုရှိတယ်။ ကျွန်တော်တို့ ခေတ်ကပေါ့ဗျာ။ ကျွန်တော်တို့ ခေတ်ဆိုလို့ အရမ်းတော့ မလှမ်းသေးပါဘူး။ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်။ သူဌေးတွေ ပေါ်လာတယ်။ ဟိုသူဌေး ကြည့်လိုက် ဘွဲ့မရသေး၊ ဒီသူဌေး ကြည့်လိုက် ၁၀တန်း မအောင်သေး။ ဒီတော့ တွေးမိတာက ပညာသင်မိတာ မှားသလားပေါ့။
ဒီလိုတွေးတာဗျ။ နောက် ကိုယ်တိုင် ဆရာဖြစ်လာတော့ တပည့်တွေထဲ စာကို စိတ်မ၀င်စားတာ တွေ့ရင် ကျောင်းထွက် စီးပွားရေးလုပ်ဖို့ တိုက်တွန်းဖူးတယ်။ ဒီအမြင် ပြောင်းလာတာ သိပ်တော့ မကြာသေးဘူး။
တပည့်တွေကလဲ မေးတာရှိတယ်။ ဆရာတဲ့ ဘွဲ့ရရင် ဘာလုပ်ရမလဲ။ ကိုယ့်မှာလဲ အဖြေကမရှိ။ နောင်တော့ နိုင်ငံရဲ့ အနေအထားကို ကြည့်ပြီး မျှော်လင့်လာတယ်။ မင်းတို့ ၀မ်းစာ ပြည့်အောင် ဖြည့်ထားလို့။ နောက်ပြီး ကျွန်တော် အတန်းဝင်ချိန်တွေမှာ တပည့်တွေကို မေးကြည့် တယ်။ ကျောင်းပြီးရင် ဘာဖြစ်ချင်တာလဲ။ ရည်မှန်းချက်ပေါ့။ ရှိတဲ့သူ အတော်ရှားတယ်။ နိုင်ငံအတွက် စိုးရိမ်စရာနော်။ လူမျိုးအတွက်လဲ စိုးရိမ်စရာပဲ။
ကဲ ဘာဖြစ်လို့လဲ။ စဉ်းစားကြည့်လေ။ ခေတ်က ပညာ ခေတ်တဲ့။ မျိုးဆက်က ပညာ စိတ်မ၀င်စားရင် ဒီနိုင်ငံ ဘာဖြစ်မလဲ။ တိုးတက်ချင်သော်ငြားလည်း အခွင့်အလမ်းကို ဖမ်းဆုပ်နိုင်မှာ မဟုတ်ဘူး။ အဲဒီမျိုးဆက်လဲ အမျိုးယုတ်ပဲ ဖြစ်မှာပဲ။ ဆဲတာမဟုတ်ပါဘူး။ အမျိုးကို ယုတ်လျော့စေလို့ အမျိုးယုတ်လို့ ဆိုချင်တာပါ။ စကားပုံရှိတယ်။ ဆရာထက် တပည့် လက်စောင်းထက်တဲ့။ လက်စောင်းထက်မှ generation တစ်ခုပြီး တစ်ခု evolution ဖြစ်မှာလေ။ ကျွန်တော် ပြောတဲ့ အမျိုးယုတ်က devolution ပေါ့ဗျာ။
ကျွန်တော်က လူဦးရေပညာ အထူးပြု။ တာဝန်ကျတဲ့ ဌာနက စာရင်းအင်းပညာ။ Statistics သင်တယ်။ Demography သင်တယ်။ Human resource development သင်တယ်။ HRD သင်တော့ သင်စရာ စာအုပ်က မရှိဘူး။ ကိုယ့်ဘာသာ text book ရေးရတယ်။ အထင်မကြီးပါနဲ့။ သင်ရိုးနဲ့ ကိုက်မယ့် စာတွေ internet က ရှာပြီး သင်ရတယ်။ ဘာသွားတွေ့လဲဆိုတော့ အရင်က တိုင်းပြည် ဖွံ့ဖြိုးမှုကို တိုင်းတာ GDP တစ်နည်းပြောရရင် စီးပွားရေးတိုးတက်မှု economic growth နဲ့ တိုင်းတယ်။ နောက် ဘာတွေဖြစ်လာသလဲဆိုတော့ စီးပွားရေး တိုးလာ ပေမယ့် တိုင်းပြည်က ဖွံဖြိုးမလာဘူး။ ဖွံ့ဖြိုးမလာဘူး ဆိုတာက ပညာရေး၊ ကျန်းမာရေး၊ လူနေမှုအဆင့်အတန်း ဆိုတာတွေ တက်မလာဘူး။ GDP per capita တော့ တက်လာတယ်။ ဒီတော့ economic development ကို ပြောင်းသွားတယ်။ ဒါပေမယ့် စီးပွားရေးတစ်ခုတည်း ဖြစ်ထွန်းရုံနဲ့ မရသေးဘူးဗျ။ အဲဒီ စီးပွားရေးအဆောက် အဦကို ထိန်းသိမ်းကွပ်ကဲဖို့ human resource လိုလာပြန်ရော။ ဒီတော့မှ လူ့အရင်းအမြစ် ဖွံဖြိုးမှသာ တိုင်းပြည် ဖွံ့ဖြိုးမယ်ဆိုတဲ့ အယူအဆက ခိုင်မာလာတယ်။
Singapore ပေါ့ဗျာ။ သူ့နိုင်ငံရဲ့ vision က ဘာလဲဆိုတော့ knowledge economy တဲ့။ စကားလုံးက ၂ လုံးတည်း။ သူ့အစိုးရက အောင်မြင်အောင် အကောင်အထည်ဖော် နိုင်တယ်။ ဘာကြောင့်ပြောလဲဆိုတော့ စင်္ကာပူနိုင်ငံသား တွေ အမှိုက်ကျုံးတာမြင်ဖူးလား၊ သန့်ရှင်းရေးလုပ်တာ မြင်ဖူးလား။ ကျွန်တော်တော့ မမြင်ဖူးဘူး။ စင်္ကာပူမှာ blue collar ဆို အိမ်နီးနားချင်း နိုင်ငံက လူတွေချည်းပဲ။ သူတို့က managerial role မှာ ယူထားတာဗျ။ ပညာကို အသုံးချ နိုင်တယ် ပြောရမယ်။ လီကွမ်ယူကို အင်တာဗျူးထားတဲ့ From Third World to First World မှာ ဖတ်ကြည့်။ သူတို့ စဉ်းစားတာ ရှင်းတယ်။ လွတ်လပ်ရေးရတော့ ၀ိုင်း စဉ်းစားကြတယ်။ တိုင်းပြည်ရှေ့ရေးအတွက်။ ဘာ သယံဇာတမှ မရှိ။ ထွက်ကုန်ဆိုလို မှန်မှန်ထွက်တာ လူပဲရှိတော့ လူကို အထက်တန်းစား ပညာတတ် လူဖြစ်အောင် မွေးထုတ်ခဲ့တာ။ ဒီလူကို သုံးပြီး လူညွန့် ခူးစားတာ အာရှကျားဖြစ်ရော။
Singaporean တွေကို သဘောကျတာက လူငယ်တွေကို နေရာပေးတာပဲ။ ဒီမှာ အစည်းအဝေးလာတက်တဲ့ သူတွေကိုကြည့်ရင် စင်္ကာပူက လူငယ်အချိုးအစား ပိုများတယ်။ နောက်ပြီး ငယ်ပေမယ့် ယုံကြည်မှု ရှိကြတယ်။ ကျွန်တော်တွေ့ဖူးတဲ့ ညွှန်ချုပ်တစ်ယောက်ဆို ကိုယ်နဲ့မှ ရွယ်တူ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ နိုင်ငံက လူကြီးတွေ ခဏ ခဏ ပြောကြတယ်။ ဘာတဲ့ မင်းတို့ ငယ်ပါသေးတယ်ကွာ ဆိုတာရယ်၊ ငါတို့က ငယ်ရာက ကြီးလာတာဆိုတာရယ်လေ။ ဒီစကား ၂ခွန်းနဲ့ နေရာယူလာတာ အတော်ကြာပေါ့။ စော်ကားတာတော့ မဟုတ်ပါဘူး။ အသက်ကြီးပြီး အချိန်စီးရင် လေးစားပါတယ်။ ငယ်ရာကပဲ ကြီးရတာ ဓမ္မတာလေ။ ထည့်ပြောစရာ လိုလို့လား။ မွေးကတည်းက ချိုပါရင် ဘယ်မွေးလို့ ရမလဲနော့။
တစ်ခါကျတော့ မင်းတို့က ငယ်ပါသေးတယ်ကွာလို့ ပြောတဲ့သူတွေကို ပြန်ပြောချင်တာက ခင်ဗျားတို့လဲ ပြန်မငယ်နိုင်တော့ဘူးလို့။ နောက်တစ်ခုက ခင်ဗျားတို့ ငယ်ဘ၀နဲ့ ကျွန်တော်တို့ ငယ်ဘ၀နဲ့ တူရဲ့လား။ ကျွန်တော် တို့လို ခေတ်မျိုးမှာ နေဖူးသလားလို့ မေးချင်တယ်။ ၁၀ တန်းအောင်ရုံလောက် ပညာတတ်ရင် အလုပ်မရှား တဲ့ခေတ်နဲ့ ပါရဂူတွေ နေ့စားလုပ်နေတဲ့ ခေတ်နဲ့ ယှဉ်မပြောကြပါနဲ့။ လူကြီးနဲ့ လူငယ် ကွာဟမှုက အမြဲ ဖြစ်နေမှာပဲ။ လူငယ်ကတော့ သူသွားရမယ့် သူ့ ရေစီးကြောင်းအတိုင်း သွားမှာပဲ။ လူကြီးတွေကို နားလည်ဖို့ ကြိုးစားမှာ မဟုတ်ဘူး။ ဒီတော့ လူကြီးတွေက လူငယ်တွေကို နားလည်ပေးရမယ်၊ နေရာပေးရမယ်။ ဒီနေရာမှာ လူငယ်ကလဲ ကိုယ့်ဘ၀ကို နားလည်အောင် ကိုယ့်ခေတ်ကို နားလည်အောင် ကြိုးစားဖို့ လိုတာပေါ့။ လူကြီးဆိုတာ လူငယ်ကို နေရာပေးရမှာ။ မပေးလဲ တစ်ချိန်ကျ ၀င်ယူမှာပဲ။ ဒါကို အလေးမမူပဲ နေရာလေး အတင်းယူထားရင် ၀ိရောဓိဆိုတာဖြစ်လာမှာပဲ။ ဒီနေရာမှာ သို့သော် ဆိုတာလေးရှိတယ်။ ဘာလဲဆိုတော့ လူကြီးက လူငယ်ကို တွဲခေါ်ရမှာ ဖြစ်သလို လူငယ်ကလဲ ပညာပြည့်အောင် ကြိုးစားဖို့တော့ လိုတာပေါ့။
ဆိုတော့က ကျွန်တော် စာသင်ရင် သိတာ တတ်တာ ရှင်းပြချင်တယ်။ သင်ပေးချင်တယ်။ မလိုချင်တော့ ဘာတတ်နိုင်မလဲ။ အမျိုးယုတ်လေးတွေ ဖြစ်သွားတာပဲ ကြည့်နေရတာပေါ့။ တစ်ခါတစ်လေကျ ကျွန်တော် ပြောတယ်။ မင်းတို့တွေ ဖျင်းလိုက်တာလို့။ နောက် ပြန်စဉ်းစားမိတယ်။ ဒီစကား ကိုယ်လဲ အပြောခံရဖူးတာပဲ။ ကိုယ့်ဆရာတွေလဲ အပြောခံ၇ဖူးမှာပဲလို့ တွေးမိတော့ သိပ်မပြောတော့ဘူးပေါ့။
နိုင်ငံတစ်ခုမှာ ကျွန်တော်ထင်ပါတယ်။ အသိပညာဆိုတာ တိုင်းပြည် ဖွံဖြိုးတဲ့ အချိန်မှ နေရာရတာ။ တိုင်းပြည် မဖွံဖြိုးသေးရင် နေရာရဖို့ မလွယ်ဘူး။ ဒါကြောင့်တော့ ပညာ သင်ရမှာ စိတ်ဓာတ်မကျစေချင်ဘူး။ ခေတ်မီ ဖွံ့ဖြိုး တိုးတက်တဲ့ ဒီမိုကရေစီ နိုင်ငံဖြစ်လာရင် နေရာမရှားပါဘူး။ စိတ်ရှည်ဖို့တော့ လိုတာပေါ့။
ပညာမတတ်ရင် ဘာဖြစ်လဲ။ နိုင်ငံနဲ့ ချီပြီး ဒုက္ခရောက် တတ်တယ်။ သမိုင်း ပြန်ကြည့်လေ။ မြန်မာတွေ ထီးနန်း ပျောက်တာ စည်းကမ်းဖောက်လို့ မဟုတ်ဘူး။ ပညာ မတတ်လို့ဗျ။ လက်ရုံးအားကိုးလို့ဗျ။ လက်ရုံးရည် စစ်ပညာ ပေါ့ဗျာ။ အင်္ဂလိပ်က မဟာဗန္ဓုလ ရခိုင်မှာဆိုပြီး ရန်ကုန် တိုက်မလို့ ကြံတော့ မဟာဗန္ဓုလက ရန်ကုန်ရောက်နေပြီ။ လမ်းမရှိတဲ့ ရခိုင်ကနေ ရန်ကုန်အထိ ရက်ပိုင်းနဲ့ တပ်ကြီး တစ်ခုလုံး ရွေ့လာတာ လွယ်တာ မှတ်လို့။ ဟန်နီဘောပြီးရင် ဒုတိယအတော်ဆုံးလို့တောင် ဆိုကြတယ်။ ဒါပေမယ့် ခေတ်ရယ် နည်းပညာရယ် မသိတော့ ရွှေထီးဆောင်းပြီး စစ်တိုက်တာ အင်္ဂလိပ်ကလဲ ပြောင်ပြောင်မြင်တဲ့ နေရာ အမြောက်နဲ့ထုတော့ ဗန္ဓုလလဲ ကျဆုံး မြန်မာလဲ တိုင်းပြည် တစ်ခြမ်းပါသွားရော။ နောက်ဆုံး သီပေါမင်းလက်ထက်မှာ လက်ရုံးသမား တိုင်တားမင်းကြီးတို့ နေရာရတယ်၊ ယောမင်းကြီးတို့ နောက်ရောက်သွားတော့ ကျွန်ကို ဖြစ်ရော။
ဒါကြောင့် မျိုးဆက်သစ်တွေ ပညာသင်ကြပါ။ ခေတ်ကို အမီလိုက်ကြပါ။ ပညာက ဒီအချိန်မှာတော့ ရှေ့မရောက် နိုင်သေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ တိုင်းပြည်ကမှ မတည်ငြိမ် သေးတာကိုး။ ရမ်းပြောတာ မဟုတ်ဘူးနော်။ နိုင်ငံရေးဦးတည်ချက်မှာ ထိပ်ဆုံးကပါတယ်။ နိုင်ငံတော် တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးတဲ့။ ဒါတွေ မရသေးလို့ အစိုးရ ကိုယ်တိုင်တောင် objective လုပ်ထားရတာကိုး။ ဒီဦးတည်ချက်တွေ မရှိတော့ရင် ပညာခေတ် ရောက်ပြီသာ မှတ်။
နောက်တစ်ခုက ကျွန်တော် CESR မှာ ပထမဆင့်မှာ အရေအတွက်ဆိုင်ရာ လေ့လာရေးလုပ်တယ်။ ဒုတိယဆင့် ကျတော့ အဆင့်မြင့်ပညာရေး ရောက်သွားတယ်။ ကျွန်တော် ဘာလုပ်ချင်သလဲ ဆိုရင် labor market study လုပ်ချင်တာ။ ဘာကြောင့်လဲ။ ကျွန်တော်တို့နိုင်ငံမှာ ဘွဲ့ရ အလုပ်လက်မဲ့တွေပေါလို့။ တစ်နှစ် တစ်နှစ် ဆရာဝန် ဘယ်နှယောက် အင်ဂျင်နီယာ ဘယ်နှယောက် စီးပွားရေးတက္ကသိုလ် ဘယ်နှယောက်ဆိုပြီး သတ်မှတ်တာ ဘာနဲ့ သတ်မှတ်သလဲ။
တက္ကသိုလ်တစ်ခု ဖွဲ့စည်းပုံကို ကျောင်းသား အင်အားနဲ့ သတ်မှတ်တာဗျ။ ကျောင်းသားအင်အား သတ်မှတ်ပြီးမှ အဆောက်အဦ ဆရာ ၀န်ထမ်းအင်အားတွေ သတ်မှတ်တာ။ တက္ကသိုလ်ထဲ ကျောင်းသား မပြည့်ပြည့်အောင်ထည့်တော့ ထွက်လာတဲ့ ဘွဲ့ရတွေက အလုပ်လက်မဲ့တွေ ဖြစ်ကုန်ရော။ ပါရဂူတွေ နေ့စားလုပ်ရကုန်ရောပေါ့။ တချို့ ပုဂ္ဂိုလ်များက ပြောတယ်။ မြန်မာ PhD သုံးစားမရဘူးတဲ့။ အခု ပညာရေးမှာ ပါမောက္ခတွေ ပါမောက္ခချုပ်တွေထဲ Local Doctorate တွေ အများကြီးပဲ။ သူတို့စကားအတိုင်းဆို မြန်မာပြည် ပညာရေး ဖွတ်သထက် ညစ်ရုံ ရှိတော့မပေါ့။
ပညာကို ကြိုးစားစေချင်တဲ့ နောက်ထပ် အကြောင်းက ပညာက အပျော့ လက်ရုံးက အမာဖြစ်လို့ပဲ။ ဒီနေ့ခေတ်မှာ hard power ထက် soft power ကို ပိုသုံးလာကြပြီလေ။ နောက် သမိုင်းကို ပြန်ကြည့်ရင် နယ်ချဲ့စနစ်မှာ M ၃ လုံးရှိတယ်။ Merchant, Missionary ရယ် Military ရယ်ပေါ့။ လွပ်လပ်ရေးရတဲ့ နောက်ပိုင်း ဘယ် M ကျန်ခဲ့သလဲ တွေးကြည့်ပါ။ လက်ရုံးရည်ဟာ ထိုက်သင့်တဲ့ အကျိုးရှိတယ်ဆိုပေမယ့် ရေရှည်ကို ကြည့်ရင်တော့ နှလုံးရည်ကို သုံးနီုင်စွမ်းရှိမှသာ အောင်မြင်မှုဟာ အဓွန့်ရှည်နိုင်ပါမယ်။
နောက်ပြီး ခေတ်ကြောင့် ဥစ္စာဓနသမားက ရှေ့ရောက်နေတာကို အမြဲဖြစ်နေမယ်လို့ မယူဆစေချင်ဘူး။ တို့ဗမာသီချင်းထဲကလို တို့ခေတ်ကိုတော့ ရောက်ရမည်မှာမလွဲပါဆိုပြီး ကြိုးစားစေချင်တယ်။မလွဲပါဆိုပြီး ကြိုးစားစေချင်တယ်။
U Aung Than
0 comments:
Post a Comment