Tuesday, September 9, 2014

ငယ်စဉ်က အမြဲတစေကုန်းပိုးခေါ်သွားတတ်သောအဘွားကို အလုပ်သို့နေ့စဉ်ကုန်းပိုးခေါ်သွား၍ကျေးဇူးဆပ်သောအမျိုးသမီး

Min Burma's photo.

တရုတ်နိုင်ငံတွင် အမျိုးသမီးငယ်တစ်ဦးသည် အဘွားဖြစ်သူအား သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဂေဟာသို့ ပို့ဆောင်ရန် စရိတ်စကမတတ်နိုင်သောကြောင့် အလုပ်သို့နေ့စဉ်ကုန်းပိုး၍ခေါ်ဆောင်သွားလေ့ရှိသည်ဟု သိရသည်။
အသက် ၂၄ နှစ်အရွယ် ဟွမ်လီဟွာက ၄င်းအသက်နှစ်နှစ်အရွယ်တွင် မြို့၌နေထိုင်သောမိဘများက နှစ်ဦးစလုံးအလုပ်သွားရသောကြောင့် ၄င်းကို တောရွာလေးရှိအဘွားဖြစ်သူထံပို့ထားခဲ့သည်။

လူအများက ဟွမ်အား တောသို့သွားရပြီး မိဘများနှင့်ခွဲရသည့်အပြင် ပတ်ဝန်းကျင်အသစ်၌ သူငယ်ချင်းများလည်း မရှိသောကြောင့် ခက်ခဲမည်ဟု ထင်မှတ်ခဲ့သော်လည်း
လက်တွေ့တွင်မူ အဘွားဖြစ်သူက ဟွမ်ကိုအိမ်တွင်တစ်ယောက်တည်းသော့ခတ်၍ ထားခဲ့လေ့မရှိဘဲ ဈေးသွားခြင်း၊ အလည်သွားခြင်း၊ကောက်စိုက်သွားခြင်းစသဖြင့်မည်သည့်နေရာသို့ သွားသွားကုန်းပိုး၍ခေါ်ဆောင်သွားလေ့ရှိသောကြောင့် ဟွမ်သည် အဘွား၏မေတ္တာများဖြင့် တစ်ယောက်တည်းအထီးကျန်ရသည်ဟုပင်မရှိဘဲ ငယ်ဘ၀ကိုပျော်ရွှင်စွာဖြတ်သန်းခဲ့ရသည်။ ဟွမ်သည် မိဘများကပြန်ခေါ်ကာကျောင်းထားပေးသည့်အချိန်တွင် မြို့သို့ပြန်ခဲ့ရပြီး နောက်ပိုင်းတွင် ကျောင်းထွက်၍ ကွမ်တုံပြည်နယ်ထဲ၌တစ်ဦးတည်းပိုက်ဆံရှာကာ နောက်ဆုံး၌ကိုယ်ပိုင်စားသောက်ဆိုင်ငယ်လေးတစ်ခုကိုဖွင့်လှစ်နိုင်ခဲ့သ
ည်။မိဘများကိုလည်းပိုက်ဆံပြန်ပို့ပေးနေသောဟွမ်ကတောရွာရှိအဘွားဖြစ်သူကိုမြို့သို့ခေါ်ဆောင်ကာ တဖန်ပြန်လည်စောင့်ရှောက်ခဲ့သော်လည်း၎င်းငယ်စဉ်ကအဘွားသည် ဟွမ်အားအိမ်တွင် တစ်ယောက်တည်းမထားခဲ့သကဲ့သို့ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဂေဟာသို့လည်းမပို့ဆောင်နိုင်သော ဟွမ်က အဘွားအား နေ့စဉ် ၄င်း၏စားသောက်ဆိုင်သို့သွားရာ တစ်မိုင်နီးပါးရှိသည့်ခရီးကို ကုန်းပိုးခေါ်ဆောင်သွားခဲ့သည်။ ဟွမ်က'အဘွားကတောရွာလေးကဆိုတော့ မြို့နဲ့သိပ်အထာမကျသေးဘူးလေ အဲဒါကြောင့် အဘွား အထီးကျန်နေမှာစိုးလို့ အလုပ်ကိုခေါ်သွားတာပါ'ဟု ဆိုသည်။ ရာသီဥတုသာယာသည့်နေ့များတွင် တုတ်ကောက်နှင့်လမ်းလျှောက်လိုက်သည်ဟုဆိုသောအဘွားက'ကျွန်မက ဂေဟာမှာ ကျွန်မကို လာကြည့်မယ့်ဆွေမျိုးကို စောင့်မျှော်နေစရာမလိုဘူး'ဟုလည်း ဆိုသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...