Monday, September 15, 2014

အောင်မြင်သူများနှင့် တွေ့ဆုံခြင်း (၁)


အောင်မြင်သူများနှင့် တွေ့ဆုံခြင်း (၁)

အခုလို မထင်မှတ်ပဲ ဆုံရတာ တကယ်ကို ၀မ်းသာပါတယ်။ အချိန်အေးအေးဆေးဆေး ပေးတဲ့အတွက်ရောပေါ့။
- ရပါတယ်။ ကိုယ်တို့က အားလုံးအတွက် အချိန်ပေးထားပါတယ်။ အများနဲ့အလုပ်လုပ်ရတာဆိုတော့ တယောက်ချင်းခံစားချက်ကို ဦးစားပေးနိုင်အောင် အတတ်နိုင်ဆုံး လုပ်ဆောင်နေပါတယ်။

ဒီအဖွဲ့လေး ဖွဲ့ဖြစ်ခဲ့ပုံကို ပြောပါဦး။
- အဖွဲ့ဆိုတာထက် ကွန်ယက်တခုလို့ ပြောရမယ်ထင်ပါတယ်။ ဗဟိုချုပ်ကိုင်မှုနည်းပြီး တဦးချင်းဆီက ကိုယ်သန်ရာကို လွတ်လွတ်လပ်လပ် လုပ်နိုင်အောင် ခွင့်ပြုပေးထားပါတယ်။ မြန်မာပြည်သားတွေ အင်တာနက်ကို တွင်တွင်ကျယ်ကျယ်သုံးနိုင်တဲ့ အချိန်ကတည်းက ဒီလိုလုပ်ဖို့ စိတ်ကူးရပါတယ်။ နောက်ပိုင်း ဒီ ဖေ့စ်ဘွက်တို့ ဘာတို့ ပေါ်လာတော့ ကိုယ်တို့ လုပ်ငန်းတွေကို အကောင်အထည်ဖော်ရမှာ ပိုလွယ်ကူလာပါတယ်။ တခြားဆိုဒ်တော်တော်များများကလည်း လူမှုကွန်ယက်တွေနဲ့ ချိတ်ဆက်လာတော့ အတော်လေး အဆင်ပြေပါတယ်။

အဖွဲ့ဝင် အင်အားက ဘယ်လောက်ရှိမလဲ။
- ကိုယ်တို့ လူမျိုးတွေရဲ့ ပင်ကိုယ်စိတ်အခံကြောင့်ထင်တယ်။ တော်တော်လေး ပါဝင်ဆောက်ရွက်လာကြပါတယ်။ နောက်လူတွေရဲ့ အချိန်ကို ဘယ်လို အသုံးချရမလဲဆိုတာ သိလာတော့ အခုဆိုရင် အဖွဲ့ဝင်တွေကို နေရာတိုင်းမှာ တွေ့နေရပါတယ်။

 အောင်မြင်မှု အနေနဲ့ရော။
- အတော်လေး အောင်မြင်ပါတယ်။ ကိုယ်တို့ လုပ်ဆောင်ချက်တိုင်းကို တုန့်ပြန်မှု ရှိနေပေမယ့် အယ် တုန့်ပြန်တယ်ဆိုကတည်းက ကိုယ်တို့ရဲ့ အောင်မြင်မှု အသီးအပွင့်ပါ။ ဒါတွေကို ဆက်လက်ထိန်းသိမ်းသွားနိုင်လိမ့်မယ် ထင်ပါတယ်။

လုပ်ငန်းကျယ်ပြန့်မှုကို ပြောပြပါဦး။
- အတော်လေး ကျယ်ပြန့်ပါတယ်။ နိုင်ငံရေးဘက်မှာဆိုရင် အစိုးရ၊ အတိုက်အခံနှစ်ဘက်လုံး အပြင် ကြားနေအဖွဲ့တွေကိုရော ကိုယ်တို့ ပါဝင်ဆောင်ရွက်ပါတယ်။ ဘာသာရေးလုပ်ငန်းတွေမှာလည်း ပါဝင်တယ်။ နောက် အနုပညာ၊ အားကစား နေရာစုံမှာ ပါနိုင်အောင် ပြင်းပြင်းထန်ထန်လေ့ကျင့်နေပါတယ်။

အနာဂတ်အတွက် ပြင်ဆင်မှုလေး။
- အခု ကိုယ်တို့ အင်္ဂလိပ်လိုပါ ပြင်ဆင်နေပါတယ်။ မြန်မာနိုင်ငံတခုတည်း လုပ်ရတာ အားမရလို့ အဖွဲ့ဝင်တွေကို အင်္ဂလိပ်စာ သင်ကြားပေးပြီး နောက်ပိုင်း အင်္ဂလိပ်စာမျက်နှာတွေမှာပါ ပါဝင်နိုင်အောင် အားကြိုးမာန်တက် ဖြစ်ဆင်နေပြီဖြစ်ပါတယ်။

အဖွဲ့ဝင်တွေကို မှာချင်တာများရှိလား။
- များများဆဲကြပါလို့။ နိုင်ငံရေးစာတွေအောက်မှာဆဲပါ၊ ဘာသာရေးစာတွေအောက်မှာဆဲပါ၊ အနုပညာသတင်းတွေအောက်မှာဆဲပါ။ ဘောလုံးပွဲသတင်းတွေအောက်မှာ ဆဲကြပါ။ ဆဲစရာမရှိရင် ကိုယ့်ကိုယ်ကို ဆဲပါ။ နောက်ဆို အနာဂတ်လုပ်ငန်းစဉ်အရ ဘိုလိုဆဲတတ်အောင် သင်ပြီး နိုင်ငံတကာမှာ ထွက်ဆဲကြပါလို့ မှာချင်ပါတယ်။ ဆဲခြင်းဖြင့် နိုင်ငံဂုဏ်ကို မြင့်တင်ကြပါလို့ ပြောချင်ပါတယ်။

ဆဲနိုင်သူများအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူဖြစ်ပါတယ်ခင်ဗျာ။
အခုလို မထင်မှတ်ပဲ ဆုံရတာ တကယ်ကို ၀မ်းသာပါတယ်။ အချိန်အေးအေးဆေးဆေး ပေးတဲ့အတွက်ရောပေါ့။
- ရပါတယ်။ ကိုယ်တို့က အားလုံးအတွက် အချိန်ပေးထားပါတယ်။ အများနဲ့အလုပ်လုပ်ရတာဆိုတော့ တယောက်ချင်းခံစားချက်ကို ဦးစားပေးနိုင်အောင် အတတ်နိုင်ဆုံး လုပ်ဆောင်နေပါတယ်။
ဒီအဖွဲ့လေး ဖွဲ့ဖြစ်ခဲ့ပုံကို ပြောပါဦး။
- အဖွဲ့ဆိုတာထက် ကွန်ယက်တခုလို့ ပြောရမယ်ထင်ပါတယ်။
ဗဟိုချုပ်ကိုင်မှုနည်းပြီး တဦးချင်းဆီက ကိုယ်သန်ရာကို လွတ်လွတ်လပ်လပ် လုပ်နိုင်အောင် ခွင့်ပြုပေးထားပါတယ်။ မြန်မာပြည်သားတွေ အင်တာနက်ကို တွင်တွင်ကျယ်ကျယ်သုံးနိုင်တဲ့ အချိန်ကတည်းက ဒီလိုလုပ်ဖို့ စိတ်ကူးရပါတယ်။ နောက်ပိုင်း ဒီ ဖေ့စ်ဘွက်တို့ ဘာတို့ ပေါ်လာတော့ ကိုယ်တို့ လုပ်ငန်းတွေကို အကောင်အထည်ဖော်ရမှာ ပိုလွယ်ကူလာပါတယ်။ တခြားဆိုဒ်တော်တော်များများကလည်း လူမှုကွန်ယက်တွေနဲ့ ချိတ်ဆက်လာတော့ အတော်လေး အဆင်ပြေပါတယ်။
အဖွဲ့ဝင် အင်အားက ဘယ်လောက်ရှိမလဲ။
- ကိုယ်တို့ လူမျိုးတွေရဲ့ ပင်ကိုယ်စိတ်အခံကြောင့်ထင်တယ်။ တော်တော်လေး ပါဝင်ဆောက်ရွက်လာကြပါတယ်။ နောက်လူတွေရဲ့ အချိန်ကို ဘယ်လို အသုံးချရမလဲဆိုတာ သိလာတော့ အခုဆိုရင် အဖွဲ့ဝင်တွေကို နေရာတိုင်းမှာ တွေ့နေရပါတယ်။
အောင်မြင်မှု အနေနဲ့ရော။
- အတော်လေး အောင်မြင်ပါတယ်။ ကိုယ်တို့ လုပ်ဆောင်ချက်တိုင်းကို တုန့်ပြန်မှု ရှိနေပေမယ့် အယ် တုန့်ပြန်တယ်ဆိုကတည်းက ကိုယ်တို့ရဲ့ အောင်မြင်မှု အသီးအပွင့်ပါ။ ဒါတွေကို ဆက်လက်ထိန်းသိမ်းသွားနိုင်လိမ့်မယ် ထင်ပါတယ်။
လုပ်ငန်းကျယ်ပြန့်မှုကို ပြောပြပါဦး။
- အတော်လေး ကျယ်ပြန့်ပါတယ်။ နိုင်ငံရေးဘက်မှာဆိုရင် အစိုးရ၊ အတိုက်အခံနှစ်ဘက်လုံး အပြင် ကြားနေအဖွဲ့တွေကိုရော ကိုယ်တို့ ပါဝင်ဆောင်ရွက်ပါတယ်။ ဘာသာရေးလုပ်ငန်းတွေမှာလည်း ပါဝင်တယ်။ နောက် အနုပညာ၊ အားကစား နေရာစုံမှာ ပါနိုင်အောင် ပြင်းပြင်းထန်ထန်လေ့ကျင့်နေပါတယ်။
အနာဂတ်အတွက် ပြင်ဆင်မှုလေး။
- အခု ကိုယ်တို့ အင်္ဂလိပ်လိုပါ ပြင်ဆင်နေပါတယ်။ မြန်မာနိုင်ငံတခုတည်း လုပ်ရတာ အားမရလို့ အဖွဲ့ဝင်တွေကို အင်္ဂလိပ်စာ သင်ကြားပေးပြီး နောက်ပိုင်း အင်္ဂလိပ်စာမျက်နှာတွေမှာပါ ပါဝင်နိုင်အောင် အားကြိုးမာန်တက် ဖြစ်ဆင်နေပြီဖြစ်ပါတယ်။
အဖွဲ့ဝင်တွေကို မှာချင်တာများရှိလား။
- များများဆဲကြပါလို့။ နိုင်ငံရေးစာတွေအောက်မှာဆဲပါ၊ ဘာသာရေးစာတွေအောက်မှာဆဲပါ၊ အနုပညာသတင်းတွေအောက်မှာဆဲပါ။ ဘောလုံးပွဲသတင်းတွေအောက်မှာ ဆဲကြပါ။ ဆဲစရာမရှိရင် ကိုယ့်ကိုယ်ကို ဆဲပါ။ နောက်ဆို အနာဂတ်လုပ်ငန်းစဉ်အရ ဘိုလိုဆဲတတ်အောင် သင်ပြီး နိုင်ငံတကာမှာ ထွက်ဆဲကြပါလို့ မှာချင်ပါတယ်။ ဆဲခြင်းဖြင့် နိုင်ငံဂုဏ်ကို မြင့်တင်ကြပါလို့ ပြောချင်ပါတယ်။
ဆဲနိုင်သူများအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူဖြစ်ပါတယ်ခင်ဗျာ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...