Monday, September 8, 2014

{ မရဏမင်းကို မီးခြစ်ဖြင့်အံတုခြင်း }


တစ်ခါက လူတစ်ရပ်နီးပါးရှည်တဲ့ ရိတ်ပြီးသား
ဂျုံစိုက်ခင်းထဲမှာ လူနှစ်ယောက် လမ်းလျှောက်နေ
တယ်။ထိုသို့ လမ်းလျှောက်နေစဉ်မှာ သူတို့နောက်
ဘက်မှာ ထူးထူးဆန်းဆန်းအသံတစ်မျိုးကို
နှစ်ယောက်လုံးကြားမိလိုက်တယ်။ နှစ်ယောက်သား
နောက်ဘက်ကို လှည့်ကြည့်လိုက်ချိန်မှာ ဂျုံခင်းကို
လောင်မြိုက်နေတဲ့ မီးတောက်မီးလျှံက သူတို့ဆီကို
တဟုန်ထိုး ပြေးလာနေတယ်။

သူတို့နှစ်ယောက်လုံး
လန့်ဖြန့်ကာ သုတ်ချေတင်ပြေးပါတော့တယ်။


မီးကလည်း လေတိုက်နှုန်းနဲ့အတူ သူတို့နောက်ကို
တဟုန်ထိုး လိုက်နေတယ်။မီးရဲ့နောက်မှာတော့
မီးလောင်လို့ကျန်ခဲ့တဲ့ ပြာခင်းမဲမဲသာ ကျန်ရှိတော့
တယ်။
သူတို့နှစ်ယောက်ထဲမှ တစ်ယောက်က
သက်လုံမကောင်းတော့ မပြေးနိုင်ပဲ နောက်မှာ
ကျန်ခဲ့တယ်။မီးကလည်း သူ့နားကို တဖြေးဖြေး
ကပ်လာပြီ။ထိုအချိန်မှာ သူ့ဘောင်းဘီအိတ်ကပ်
ထဲမှာ မီးခြစ်တစ်လုံးရှိနေတာကို သတိရလာ
တယ်။ရှေ့ကတစ်ယောက်ကတော့ ကျယ်ပြန့်တဲ့
ဂျုံခင်းထဲမှာ ပြေးနေဆဲ။
ဇာတ်လမ်းအဆုံးမှာ ရှေ့မှာပြေးနေတဲ့သူ
က မီးလောင်သေဆုံးသွားတယ်။
မပြေးနိုင်တော့ပဲ နောက်မှာ ကျန်ခဲ့သူက
အသက်ရှင် ကျန်ခဲ့တယ်။ သူ့မှာ မီးခြစ်တစ်လုံး
တော့ရှိတယ်။သူဟာ မီးခြစ်တစ်လုံးတည်းနဲ့
မီးဘေးက လွတ်အောင် ဘယ်လိုအသိဉာဏ်မျိုးနဲ့
အားထုတ်ခဲ့တာလဲ.....???
**************
**************
**************
မီးခြစ်တစ်လုံး ဘောင်းဘီအိတ်ကပ်မှာ
ပါလာတာကို သတိရတော့ သူ တစ်ချက်ပြုံး
သည်။ထို့နောက် သူ့ရှေ့မှဂျုံခင်း ပေနှစ်ဆယ်
ခန့်ကို ဘေးတိုက်ရွေ့လျားပြီး မီးရှို့လိုက်သည်။
မီးတို့သည် လေတိုက်ရာ ပါသွားလေပြီ။သူသည်
နောက်မီးနှင့် သူရှို့ထားသော ရှေ့မီးနှစ်ခုကြား
မှာ ရောက်နေပြီ။သို့သော် နောက်မီး သူ့နားကို
ရောက်ခါနီးမှာ သူ့အသိဉာဏ်ဖြင့် လောင်ကျွမ်း
စေခဲ့သော ပေနှစ်ဆယ်ရှိသောမြေကွက်လပ်က
သူ့အား ကယ်တင်ခဲ့လေသည်။
**************
လူသားအများစုဟာ အခက်အခဲအကျပ်
အတည်းများစွာနဲ့ ဘဝကို ရပ်တည်နေကြရ
သည်။ထိုအခက်အခဲအကျပ်အတည်းများကို
လွတ်အောင် ရှောင်ပြေးလို့ မလွတ်နိုင်ပါ။မိမိ၏
အသိဉာဏ်ဖြင့် ထိုအခက်အခဲအကျပ်အတည်း
များကို ရင်ဆိုင်ဖြေရှင်းသင့်သည်။သို့သော်လည်း
သေးငယ်သောအသိဉာဏ်ကျောက်ခဲဖြင့် ကြီးမား
သောခက်အခဲတံတိုင်းကြီးကို ပစ်လျှင် မပြိုနိုင်ဘူး
ဆိုတာကိုတော့ သိထားဖို့လိုအပ်သည်။
ကြီးမားသောအခက်အခဲတံတိုင်းကြီးကို ပြိုစေချင်
လျှင် ကိုယ့်မှာလည်း ထိုတံတိုင်းကြီးကို ပြိုစေနိုင်
လောက်သော အသိဉာဏ်ပညာ ကျောက်တုံးကြီး
ရှိဖို့တော့လိုသည်။ထို့ကြောင့် အသိဉာဏ်ပညာ
ကြီမားလာအောင် မေးမြန်းစူးစမ်းခြင်း၊စာအုပ်စာ
ပေ ဖတ်မှတ်လေ့လာခြင်း၊စာပေဟောပြောပွဲနှင့်
တရားတော်များကို နားထောင်ပေးခြင်းတို့ကို
ပြုလုပ်ပေးရသည်။
ထို့အတူ လူသားတို့သည် မွေးလာကတည်း
က မရဏမီး(သေခြင်းတရား)၏ တဟုန်ထိုး
လိုက်ခြင်းကို ခံနေကြရသည်။ကိုယ်က ဘယ်
လောက်ပြေးပြေး တစ်နေ့နေ့တစ်ချိန်ချိန်မှာ
မရဏမီး၏ လောင်မြိုက်ခြင်းကို ခံကြရမည့်သူ
ချည်းသာဖြစ်သည်။သို့သော် အထက်တွင်ဖော်
ပြခဲ့သည့်အတိုင်း မိမိတို့ထံတွင်အသင့်ရှိနေ
သော ဝိပဿနာမီးခြစ်ကို အသုံးပြု၍ မသေရာ
မြတ်နိဗ္ဗာန်မြေကွက်လပ်လေးကို ကိုယ်စီကိုယ်ငှ
ဖန်တီးနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်ကိုး၍
ရေးသားတင်ပြလိုက်ရပါသည်။
ဦးတိုးအောင်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...